← Chapters

မကောင်းဆိုးဝါး

Vol. 13 Ch. 238

မကောင်းဆိုးဝါး

Vol. 13 Ch. 238

ကျောက်ရွှမ်ကျင်းသည် အတော်အတန်ထူသည့် စောင်တစ်ထည်နှင့် ရှဲ့ချောင်ကို ပတ်လိုက်ကာ ကြိုးတစ်ချောင်းနှင့် ချည်နှောင်ထားလိုက်၏။

မကြာခင်၊ သူမသည် ဖက်ထုပ်တစ်ထုပ် ပမာ အထုပ်ခံလိုက်ရတော့သည်။

မကောင်းဆိုးဝါးဝိဉာဉ်အနည်းငယ်မှာ အထိတ်တလန့်ဖြစ်ကာ မျက်လုံးပြူးမျက်ဆံပြူးနှင့် စောင့်ကြည့်နေခဲ့ကြသည်။

" အဲ့ဒါ အိမ်ရှေ့စံမင်းသားလား။ ဘယ်လိုတောင်လဲ။ သူမကို ထုပ်ထားတယ်။ အဲဒါဆိုရင်၊ ငါတို့ သူမကို ဝင်ပူးရတာ ဘာအကျိုးရှိတော့မှာလဲ"

"ဒီအရူးကတော့ အစတည်းက သူ့အနားက ထွက်ပြေးမသွားလိုက်ဘူး။ အခုတော့ အိမ်ရှေ့စံမင်းသားက သူလိုချင်တာ ရသွားပြီ"

"ငါတို့ အခု ဘာလုပ်ကြမလဲ။ သူမကို ဆက်ပြီး

ဝင်ပူးဦးမှာလား။ ဒီအခွင့်အရေးက ရှားတယ်လေ။ ငါ အဲ့ဒီ ပင်လုံးကြိုင်ပန်းကိတ်ကို စားချင်သေးတယ်။"

မကောင်းဆိုးဝါးဝိဉာဉ်များမှာ မတရားသဖြင့် ခံစားနေကြရလေသည်။

သူတို့သည် စိတ်ဆိုးဒေါသထွက်နေကြကာ ကူကယ်ရာလည်းမဲ့နေကြသည်။

"ငါတို့တွေ သူမကို ဝင်ပူးသင့်တယ်။ ဒီကောင်က မိန်းမတွေကို မြတ်နိုးပုံပဲ။(ရှဲ့ချောင်ကိုဂရုစိုက်နေလို့ပါ) ငါတို့တွေ တစ်ညလုံး သူ့ကို ဆူပူကြိမ်းမောင်းကြတာပေါ့၊ ငါပြောရဲတယ် သူငါတို့ကို ဘာတစ်ခုမှ လုပ်ရဲမှာ မဟုတ်ဘူး" မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်က စိတ်ဆိုးစွာနှင့် ပြောလိုက်၏။

တခြားသော မကောင်းဆိုးဝါးဝိဉာဉ်များက လည်း အဓိပ္ပာယ်ရှိသည် ဟု တွေးလိုက်ကြသည်။

ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင်အား အခန်းထဲသို့ သယ်လာခဲ့ကာ ခုတင်ပေါ်တွင် လဲလျောင်းစေခဲ့သည်။ ထိုစဉ်၊ သူကတော့ ပြတင်းပေါက်နားက စားပွဲတစ်ခုတွင် ထိုင်နေခဲ့ကာ သူ့အတွက် စာအုပ်တစ်အုပ် ယူလာပေးရန် တစ်ယောက်ကို စေခိုင်းလိုက်သည်။

" ခွေးကောင်, ငါ့ကို လွှတ်ပေး" ရှဲ့ချောင်၏ ကိုယ်သည် စတင်အော်ဟစ်လာခဲ့သည် "မင်းငါ့ကို မလွှတ်ပေးရင်၊ မနက်ဖြန်ကစပြီးတော့ ငါတို့အကုန် မင်းနောက်ကိုပဲ လိုက်ပြီးတော့ မင်းရဲ့ သနားစရာ နဂါးစွမ်းအင် ကုန်ခမ်းသွားအောင် စုပ်ယူပစ်မှာ"

ကျောက်ရွှမ်ကျင်းမှာ မျက်မှောင်ကြုတ်သွားခဲ့၏။

သနားစရာ နဂါးစွမ်းအင်တဲ့လား။

'ငါ့မှာ ရှိတဲ့ နဂါးစွမ်းအင်က အရမ်းနည်းနေတာများ ဖြစ်နေမလား၊ ဒါမှမဟုတ် သွေးလိုင်းအား အရမ်းနည်းနေလို့လား'

' ခမည်းတော်ရဲ့ သွေးတချို့ ယူဖို့အတွက် နန်းတော်ထဲကို သွားတာက ပိုပြီးတော့ အကျိုးရှိမလား'

သူသည် အလေးအနက်တွေးခဲ့သော်လည်း သွေးကို ငှားယူဖို့အတွက် ဖြစ်နိုင်ချေ နည်းတာကို မှန်းဆမိသည်။ သူ၏ ခမည်းတော်မှာ အသက်ကြီးလာလေလေ၊ သေခြင်းတရားကို ပိုပြီး ကြောက်လာလေလေဖြစ်သည်။ အဆောင်ကို သွေးထဲ နှစ်မြုပ်ဖို့ မဆိုထားနှင့်၊ သွေးတစ်စက်လေးပဲ ယူလျှင်တောင် သူ့ခမည်းတော်မှာ နာကျင်မှုကို ခံစားနေရလိမ့်မည်ဖြစ်သည်။

" ခွေးကောင်, မင်းက အိမ်ရှေ့စံမင်းသားတစ်ယောက်ဖြစ်နေတယ်ဆိုရင်တောင်၊ ငါတို့ မင်းကို မကြောက်ဘူးကွ။ မင်း အနာဂတ်မှာ ညဘက်တွေ ကောင်းကောင်းအိပ်မပျော်မှာ မကြောက်ဘူးလား"

"အရှင့်သား၊ ဒီသခင်မလေးကို စိတ်ဝင်စားနေတာ ထင်တယ်၊ ဟုတ်တယ်မလား။ အရှင့်သား သူမကို တိတ်တိတ်လေး ထိကိုင်ကြည့်ရင်ရော ဘယ်လိုလဲ။ ငါတို့တွေ ဘယ်သူ့ကိုမှ မပြောပါဘူး၊ လုပ်မလား"

" ဒီသခင်မလေးက ပြန်နိုးလာတဲ့ အချိန်ကျရင်၊ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ မှတ်မိမှာ မဟုတ်ဘူး။ ငါတို့တွေ သူမကို ကျိန်းသေ ပြန်မပြောဘူး။ အရှင့်သား၊ အရှင့်သား?!"

ကျောက်ရွှမ်ကျင်းမှာ မျက်ခုံးနှစ်ဖက်ကြားကို ပွတ်လိုက်လေသည်။ သူသည် ကူကယ်ရာမဲ့စွာနှင့် ထရပ်လိုက်ပြီး နူးညံ့သော အဝတ်စတစ်ခုကို ရှာကာ ရှဲ့ချောင်၏ ပါးစပ်ထဲသို့ ထိုးထည့်ထားလိုက်တော့၏။

နောက်တစ်စက္ကန့်အတွင်း လောကကြီးမှာ တိတ်ဆိတ်သွားလေတော့သည်။

ကျောက်ရွှမ်ကျင်းသည် သူမကို ကြည့်မနေခဲ့။ နောက်ပြီး ရှဲ့ချောင်၏ မျက်နှာမှာ အလွန် စွဲမက်စရာကောင်းလွန်းနေသည်။ ထို မကောင်းဆိုးဝါးဝိဉာဉ်များသာ ငိုချင်ယောင်ဆောင်ခဲ့ပါက သူ သူ့ အစောင့်တွေကို လျှော့ချပစ်နိုင်လောက်သည် မဟုတ်လား။

ကျောက်ရွှမ်ကျင်းမှာ ရက်စက်လွန်းသည်။ မကောင်းဆိုးဝါးဝိဉာဉ်များသည် သူတို့ အခုချိန်

ရှဲ့ချောင်ကိုဝင်ပူးလျှင် တောင် အဓိပ္ပာယ်မရှိတော့ ဟု ခံစားလိုက်ကြရလေသည်။

တစ်ခဏအကြာတွင်၊ မကောင်းဆိုးဝါးဝိဉာဉ်အားလုံး ကျောက်ရွှမ်ကျင်းကို မလိုလားစွာနှင့် ဝန်းရံလာကြလေသည်။

သူတို့သည် သူ့အား မာန်ဖီနေကြကာ၊ ကြောက်စရာကောင်းနေကြလေသည်။

ကံဆိုးစွာနှင့် ကျောက်ရွှမ်ကျင်းကတော့ ဘာတစ်ခုမှ မြင်နိုင်ခဲ့ခြင်းမရှိပေ။

မကောင်းဆိုးဝါးဝိဉာဉ်များက ဝင်ရောက်စီးပူးထားခြင်း မရှိချိန်တွင် ရှဲ့ချောင်မှာ အချိန်ခဏ ကြာ အိပ်ပျော်နေခဲ့လေသည်။ သူမ တဖြည်းဖြည်းနှင့် အသိပြန်ဝင်လာသောအခါ…..

သူမ၏ ပါးစပ်ထဲတွင် တစ်စုံတစ်ခုရှိနေခဲ့ပြီး၊ သူမ၏ ခန္ဓာကိုယ်ကလည်း စည်းနှောင်ထားခြင်းခံထားရသည်ဆိုတာကို သိလိုက်ရသည်။ သူမ တုန်လှုပ်သွားခဲ့သည်။

သူမ လှည့်ပတ်ကြည့်လိုက်သောအခါ ပြတင်းပေါက်နားတွင် ရှိနေသည့် ရင်းနှီးနေသည့် ပုံပန်းသဏ္ဍာန်တစ်ခုနှင့် မကျေမချမ်းဖြစ်နေကြသည့် ဝိဉာဉ်များကို မြင်လိုက်ရသည်။

သူမ မျက်လုံးပွင့်လာသည်ကို တွေ့လိုက်ရသည်နှင့် မကောင်းဆိုးဝါးဝိဉာဉ်များမှာ စတင် ညည်းညူ တိုင်တန်းကြတော့သည်။

" သခင်မလေး၊ ငါတို့တွေ သဘောတူညီချက် တစ်ခုလုပ်ခဲ့တယ်လေ။ အခု ဘယ်ကမှန်းမသိတဲ့

ရက်စက်တဲ့ လူကြီးတစ်ယောက် ပေါ်လာတော့၊ ငါတို့ မင်းကို ဝင်ပူးရင်တောင် ဘာတစ်ခု မှ လုပ်လို့ မရတော့ဘူးမလား။ "

" မင်း ဘာလို့ သူကို မပြောလိုက်လဲ။ ငါတို့က ဘာမှ မလုပ်ဘူး၊ အနားယူချင်ရုံပဲဆိုတာ ပြောပြလိုက်လေ။ငါတို့ တစ်ယောက်ကို ၁၅မိနစ်ဆီလောက်ပဲ လိုတာ၊ မင်း လုပ်ပေးနိုင်မလား"

ရှဲ့ချောင်မှာ စကားပြောချင်ခဲ့သော်လည်း သူမ၏ လျှာမှာ ထိန်းချုပ်ခံထားရသည်။ သူမ လုံးဝ မပြောနိုင်ခဲ့ပေ။

သူမသည် ပင်ပန်းနွမ်းနယ်စွာနှင့် မျက်တောင်ခတ်လိုက်၏။

"သခင်မလေး၊ဒီယောကျာ်း ဘယ်လောက်

ရက်စက်လဲဆိုတာ မြင်လား။ မင်းက အင်မတန် ငယ်ရွယ်၊ လှပပြီးတော့ သူက မင်းကို ဒီလို လုပ်ခဲ့တယ်။ ဒါကို ကြည့်ပြီး သူက ယုတ်မာတဲ့သူတစ်ယောက် ဆိုတာ မင်းသိမှာပဲ။ မင်း သူနဲ့ ဝေးဝေးနေရမယ်။ "

" ဟုတ်တယ်၊အမှန်ပဲ။ သူက မကောင်းတဲ့သူတစ်ယောက်ပဲ၊ ငါနင့်ကို ဝင်ပူးထားတုန်းက ငါ့လက်ကိုတောင် ထိခဲ့သေးတယ်" လှပသော ဝိဉာဉ်က လေးလေးနက်နက်နှင့် ပြောလိုက်သည်။။

တခြားသော မကောင်းဆိုးဝါးဝိဉာဉ် များကလည်း စကားပြောရန် ရောက်လာခဲ့ကြလေသည်။

" ငါတို့သာ တတ်နိုင်သလောက်၊ သူ့ကို မတားခဲ့ဘူးဆိုရင်၊ သခင်မလေး၊ မင်းရဲ့ ဂုဏ်သိက္ခာကတော့ သွားပြီပဲ"

" မြင်လား၊ ညည့်နက်သန်းခေါင်တောင် ရောက်တော့မယ်၊၊ သူက ဒီမှာ ရှိနေတုန်းပဲ။

မင်းက မိန်းမပျိုလေးတစ်ယောက်။ မင်းတို့နှစ်ယောက်က အခန်းထဲမှာအတူ ရှိနေကြတာ၊ ဒါသာ ပျံ့သွားမယ်ဆိုရင်၊ မင်းရဲ့ ဂုဏ်သတင်းက စွန်းထင်းသွားတော့မှာ"

••••••

All Chapters