နစ်နာတယ်
Vol. 13 Ch. 239
ထို မကောင်းဆိုးဝါးဝိဉာဉ်များမှာ ဆူညံကျယ်လောင်သည် ဟု ရှဲ့ချောင်တွေးမိရာ သူမ ခေါင်းပင် နာကျင်နေရလေပြီ။
သူမ၏ မျက်နှာမှာ နီရဲနေကာ၊ သူမ၏ ခန္ဓာကိုယ်ထဲတွင် ပြည့်နေသည့် အရက်များကြောင့် မူးနောက်နောက်ခံစားနေရသည်။ သူမ ဘယ်လောက်တောင် သောက်ခဲ့မိသလဲဆိုတာ … သိချင်မိသွားသည်။
အခု၊ သူမ သည် စကားမပြောနိုင်၊ ခွန်အားလည်း နည်းနည်းပဲ ရှိတာကြောင့် မျက်လုံးကို မှိတ်ပြီး အနားယူရန်သာ တွေးလိုက်တော့သည်။ သို့သော်လည်း ထို စကားစမြည်ပြောနေကြသူများမှာ ကျယ်လောင်လွန်းတာကြောင့် သူမ၏ ခေါင်း ပေါက်ကွဲထွက်တော့ မလိုပင် ခံစားနေရလေသည်။
တစ်နာရီမျှ သည်းခံပြီးသည့်နောက်၊ သူမ၏ ပါးစပ် ပြေလျော့သွားတာကို ခံစားလိုက်ရ၏။
နူးညံ့သော အဝတ်စမှာ ဖယ်ရှားခံလိုက်ရလေပြီ။
ကျောက်ရွှမ်ကျင်းသည် အဝတ်ကို ဘေးတွင် ချထားကာ ဘာမှ မပြောခဲ့ပေ။
သူမပါးစပ်ကို တစ်ညလုံး ဖုံးအုပ်ထားမည်ဆိုလျှင် ရက်စက်ရာ ကျပေလိမ့်မည်။ သူမသည် လှုပ်ရှားဖို့ လို၏၊ မဟုတ်လျှင် နောက်တစ်နေ့၌ သူမ မျက်နှာ ရောင်ကိုင်းနေပေလိမ့်မည်။
" ကျွန်မကို ကြိုးဖြေ ပေးလို့ ရမလား၊အရှင့်သား။" ရှဲ့ချောင်၏ အသံများ ကွဲအက်ကာ အားနည်းနေသည်။ သူမ စကားပြောလိုက်
သည်နှင့် သူမ မျက်နှာထက်က နာကျင်မှုကို ခံစားလိုက်ရသည်။ သူမ ဆိုးဆိုးရွားရွား ခံစားနေခဲ့ရသည်။
ကျောက်ရွှမ်ကျင်းမှာ ကြက်သေသေသွားခဲ့သည်။ သူမကို ကြည့်ရန်အတွက် လှည့်လိုက်လေသည်။
ရှဲ့ချောင်သည် တည်ငြိမ်စွာဖြင့် သူနှင့် အကြည့်ချင်းဆုံလိုက်သည်။ သူမသည် အနည်းငယ်ပင်ပန်းနွယ်နေကာ ကူကယ်ရာမဲ့နေသည့် ပုံပေါ်နေသည်။ သူမသည် ဖြူဖျော့နေသော်လည်း နဂိုပုံစံ အတိုင်းပင်ဖြစ်နေသည်။
"ငါမင်းကို ကြိုးဖြေ ပေးလိုက်မယ်ဆိုရင်၊ တန်းပြီး တခြားလူတစ်ယောက်ဖြစ်သွားမှာပေါ့" ကျောက်ရွှမ်ကျင်းသည် ထိုအကြောင်းကို စဉ်းစားပြီး၊ တည်ငြိမ်စွာနှင့် ပြောလိုက်သည်။
ရှဲ့ချောင် သက်ပြင်းချလိုက်၏။
အိမ်ရှေ့စံမင်းသားပြောလိုက်သော စကားမှာ ယုတ္တိရှိပေသည်။
သို့ရာတွင်လည်း၊ သူမ၏ ပုံမှာ အခိုးခံလိုက်ရသည့် ဖြူဖြူစင်စင် မိန်းမပျိုလေးတစ်ယောက် သဖွယ်ဖြင့်။ သနားစရာလေးပင်။
ထို့ပြင်၊ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုသည်အား မမေးရဲခဲ့ပေ။
အိမ်ရှေ့စံမင်းသားဆိုသည်မှာ အကျင့်စာရိတ္တကောင်းမွန်သူတစ်ဦးဖြစ်၏။ သူသည် လွယ်လွယ်ကူကူ နှင့် ဖြားယောင်းသွေးဆောင်ခံရ
လိမ့်မည် မဟုတ်။ သို့ဖြစ်ရာ၊ မကောင်းဆိုးဝါးဝိဉာဉ်များပြောသည့် စကားကို သူမ လုံးဝ မယုံခဲ့ပေ။ တစ်ဖက်တွင်လည်း၊ သူမ ခန္ဓာကိုယ်ကို မကောင်းဆိုးဝါးဝိဉာဉ်တွေ ဘာအတွက် အသုံးပြုခဲ့ကြသလဲဆိုတာ စဉ်းတောင် မစဉ်းစားကြည့်ရဲ။
ရှဲ့ချောင်တစ်ယောက် ကျောက်ရွှမ်ကျင်းကို တိတ်တဆိတ်စစ်ဆေးကြည့်လိုက်၏။
သူသည် အေးဆေးတည်ငြိမ်ပြီး၊ ခံ့ညားထည်ဝါကာ လျှို့ဝှက်နက်နဲသူတစ်ယောက်ဖြစ်သည်။ ပြတင်းပေါက်မှ လရောင်မှာ သူ့အပေါ်သို့ ဖြာကျနေသည်။ သူသည် တင့်တယ်ကာ သိမ်မွေ့တည်ငြိမ်သူ ဖြစ်ပြီး၊ သူ့ရဲ့ ပုံပန်းသွင်ပြင်မှာ ထင်ရှားပေါ်လွင်နေခဲ့သည်။
သူ့တွင် အကျင့်ပျက်နေသည့် ပုံမျိုး သူမ မမြင်ခဲ့…..
သို့သော်၊ ၎င်းတို့သည် သူမနှင့် မသက်ဆိုင်။ သူမ သူ့အပေါ် ဘာလုပ်ခဲ့မိလဲဆိုတာကို သူမ တကယ် ပြောနိုင်လိမ့်မည် မဟုတ်ပေ။
သူမ အခက်တွေ့နေရလေပြီ။
ယခုလိုမျိုး အခွင့်အရေးကြီးတစ်ခု ရှိနေတာတောင် သူမအနေနှင့် အသာစီး မရဘူးဆိုတာကို သူမ မယုံနိင်သေးပေ။
ရှဲ့ချောင်၏ ခေါင်းထဲတွင် အတွေးများစွာ ပျံ့လွင့်နေစဉ်၊ ရုတ်တရက် တစ်စုံတစ်ရာကို သဘောပေါက်သွားခဲ့သည်။ သူမသည် အကဲစမ်းလိုသော ဟန်နှင့် ဂရုတစိုက်မေးလိုက်သည်။ "အရှင့်သား၊… ကျွန်မ အသောက်လွန်သွားပြီးတော့ မလျော်မကန်ပြုမူမိတယ်၊ အဲ့ဒါကို
အရှင့်သား အတွေးလွန် သွားလားဆိုတာ"
" မင်းက မကောင်းဆိုးဝါးဝိဉာဉ် နှစ်ဆယ် သုံးဆယ်လောက်ကို ပြောနေတာလား" ကျောက်ရွှမ်ကျင်းကာ လှောင်ရယ်ကာ ပြုံးလိုက်၏။
ရှဲ့ချောင်က တခစ်ခစ်ရယ်လိုက်ပြီး သူမ နှုတ်ခမ်းများကို စုဝိုင်းထားလိုက်သည်။
"အဲ့လောက်များတယ်ဆိုတာ… ကျွန်မ မသိခဲ့ဘူး"
" ဟန်ဆောင်နေတာ ရပ်လိုက်တော့၊ ကိုယ် သိသင့်တဲ့အရာတိုင်း အကုန် မေးပြီးသွားပြီ။" ကျောက်ရွှမ်ကျင်းသည် စာအုပ်ကို ပိတ်လိုက်၏။
" ရှဲ့သခင်မလေး၊ ကိုယ်ထင်တာက မင်းက အမတအရှင်တစ်ယောက် ဖြစ်ရုံပဲလို့။ မင်းရဲ့ မျက်လုံးက မကောင်းဆိုးဝါးဝိဉာဉ်တွေကို မြင်နိုင်တယ်ဆို
တာ မသိခဲ့ဘူး။"
သူမ ခွဲခြမ်းစိတ်ဖြာတာ၊ ရောင်ဝါလက္ခဏာကို ရှာဖွေနိုင်တာ၊ ဖုန်းရွှေ ဖတ်တာတွေကို သူမြင်ဖူးခဲ့သည်။ သို့ရာတွင်၊ သူမသည် ထက်မြက် ပါးနပ်သူတစ်ယောက်ဖြစ်ရုံသာဟု သူထင်ခဲ့သည်။
သူတို့မျက်လုံးနှင့် မမြင်နိုင်သည့် အရာများကို သူမမျက်လုံးဖြင့် မြင်နိုင်နေလိမ့်မည်ဟုတော့ သူတစ်ခါမှ မစဉ်းစားမိခဲ့ပေ။
ရှဲ့ချောင်သည် အဝေးဆီသို့ ကြည့်လိုက်သည်။
" ကျွန်မက တာအိုပညာမှာ ကျွမ်းကျင်တယ်။ကျွန်မရဲ့ တတိယမျက်လုံးက ငယ်ငယ်ကတည်းက ပွင့်ခဲ့တာဆိုတော့ အဲဒီလိုအရာတွေကို မြင်နိုင်နေတာ အဓိပ္ပာယ်ရှိပါတယ်" ရှဲ့ချောင်
သည် သူမကိုယ်သူမ ဆင်ခြေတစ်ခု ပေးလိုက်လေသည်။
" ဒါက ကိုယ် အင်အားကြီးတဲ့ တာအိုဆရာတွေ မတွေ့ဘူးလို့ မဟုတ်ဘူး။ သူတို့က မင်းလောက် စွမ်းဆောင်ရည် မရှိကြလို့ပဲ" ကျောက်ရွှမ်ကျင်းသည် သူမကို ကြည့်နေ၏၊ သူပြုံးနေတာလားဆိုတာကိုတော့ အတပ်မပြောနိုင်ပေ။
ရှဲ့ချောင် ရှက်သွားခဲ့သည်။
" အရှင့်သား ကျွန်မကို သတ်တော့မလို့လား" သူမသည် ဖော်ထုတ်ခံလိုက်ရပြီဖြစ်ရာ ဝန်ခံလိုက်ရုံသာတတ်နိုင်တော့သည်။ "အရှင့်သား၊ သိပြီးပြီဆိုမှတော့ အရှင့်သားဆီမှာ ဘာဖြစ်နေလဲဆိုတာ သတိထားမိလိမ့်မယ်လို့ ကျွန်မထင်တယ်။ အရှင့်သားက အားကောင်းတဲ့ အမှောင်စွမ်းအင် ဖုံးလွှမ်းတာခံနေရတယ်။ အဲ့ဒါက အချိန်ကြာလာ
တာနဲ့ အမျှ အရှင့်သားကို ပိုပြီး လွှမ်းမိုးလာလိမ့်မယ်။ အရှင့်သားသာ ကျွန်မရဲ့ လျှို့ဝှက်ချက်ကို ထိန်းပေးမယ်ဆိုရင်၊ ဒီပြဿနာကို ကျွန်မဖြေရှင်းပေးပါ့မယ်။ သဘောတူပါရဲ့လား"
အိမ်ရှေ့စံမင်းသားရဲ့ ပြဿနာက ဖြေရှင်းဖို့ ခက်တယ်! သူမက နစ်နာတာပါနော်!
•••••