← Chapters

လက်ဖက်ရည်တိုက်ပေးပါလား အရှင့်သား။

Vol. 13 Ch. 240

လက်ဖက်ရည်တိုက်ပေးပါလား အရှင့်သား။

Vol. 13 Ch. 240

စင်စစ်၊ ရှဲ့ချောင်မှာ အိမ်ရှေ့စံမင်းသား ဘာလို့ မကောင်းဆိုးဝါးဝိဉာဉ်တွေကို ဆွဲဆောင်နိုင်တာလဲ ဆိုတာကို နားမလည်နိုင်ပေ။

တိုင်းပြည်သည် စည်းစိမ်နှင့် အင်အားကြွယ်ဝချမ်းသာနေသောအခါ တော်ဝင်မင်းမျိုးမင်းနွယ်များတွင် နဂါးစွမ်းအင်ရှိနေမည်ဖြစ်သည်။ အနီးနားရှိ မကောင်းဆိုးဝါးဝိဉာဉ်များမှာ သူတို့ထံ မချဉ်းကပ်နိုင်ပေ။

တော်ဝင်မိသားစုသည် အိမ်ရှေ့စံမင်းသားကို ကုသပေးရန်အတွက် ဆရာတစ်ယောက်ငှားရမ်းလိမ့်မည်ဖြစ်တာကြောင့် ထိုပြဿနာမျိုး ပေါ်မလာသင့်ပေ။ သို့ဖြစ်ရာ အိမ်ရှေ့စံမင်းသား၏ ပြဿနာဇာစ်မြစ်ကို သိရန်မှာ ခက်ခဲပေသည်။

အခု သူမ သူ့ကို ဘယ်လို ကုသဖြေရှင်းရမလဲဆိုတာ မသိတော့ပေ။

ဖြေရှင်းရခက်သည်မှာ မှန်သော်လည်း အနာဂတ်တွင် သူမ အဖြေရှာတွေ့ရန် ကြိုးစားကြည့်နိုင်သေးသည်။

သူမ သူ၏ မွေးနေ့၊ မွေးချိန်နှင့် တစ်စုံတစ်ယောက်က မကောင်းတာလုပ်နေသလားဆိုတာကို သိရန် မင်းမျိုးမင်းနွယ်တို့၏ ဂူသင်္ချိုင်းတို့ကို စစ်ဆေးကြည့်နိုင်သည်။ သူမ အားစိုက်ထုတ်သရွေ့ ဖြစ်ရင်းအကြောင်းတရားကို ကျိန်းသေ ရှာတွေ့နိုင်လိမ့်မည်။

သို့သော်၊ ၎င်းသည် အင်အားများများ စိုက်ထုတ်ရလိမ့်မည်။ ထို့ကြောင့်ပင် သူမ အိမ်ရှေ့စံမင်းသား၏ မျက်နှာကို သဘောကျသော်လည်း အရင်က သူ့ကို တစ်ခါမှ ထုတ်မပြောပြခဲ့ဖူးချေ။

"မလိုပါဘူး။ ရှဲ့သခင်မလေးက အားနည်းသူတစ်ယောက်လေ။ ကိုယ် ဘယ်လိုလုပ်ပြီး မင်းကို ဒုက္ခပေးရက်မှာလဲ"

ကျောက်ရွှမ်ကျင်းသည် ထိုင်နေရင်း ညင်သာ

တည်ငြိမ်စွာနှင့် ပြောလိုက်၏။

ရှဲ့ချောင်မှာ ရှက်သွားသော်လည်း သူမလဲလျောင်းနေတာကြောင့် လှုပ်ရှား၍ မရခဲ့ပေ။ " တာအိုဆရာတစ်ယောက်အတွက်၊ ကူညီပေးတယ်ဆိုတာက ကျွန်မတို့ရဲ့ အလုပ်ပါ။ကျွန်မတို့တွေ ကောင်းတဲ့ ကုသိုလ်ကံတွေကိုလည်း စုဆောင်းနိုင်တယ်လေ"

သူမ တိတ်တခိုး သက်ပြင်းချလိုက်၏။

အိမ်ရှေ့စံမင်းသားသည် ကြီးမားသော ရေစည်ပိုင်းတစ်ခု နှင့်တူသည်။ ကြည့်လိုက်လျှင်တော့ လုံးဝန်း ပြည့်လျှံနေသည် ဟုထင်ရသော်လည်း အောက်ခြေတွင်တော့ အပေါက်ကြီးရှိနေလေသည်။

သူသည် သူဆီသို့ ပို့နေသော အဆုံးမရှိသည့် နဂါး

စွမ်းအင်ကို အနည်းငယ်လောက်သာ ထိန်းထားနိုင်သည်။ ကျန်သည့်ဟာ များကတော့ ဆုံးရှုံးသွားပေလိမ့်မည်။ ထို အပေါက်ကြောင့်၊ သူရဲ့ ဘဝကို ခြိမ်းခြောက်နေသော မကောင်းဆိုးဝါးဝိဉာဉ်များက သူ့ကို ချဉ်းကပ်လာနိုင်ကြခြင်းသာ။

သူသည် တကယ်တမ်းတွင် သနားစရာ ကောင်းပေသည်။

ရှဲ့ချောင် မှာ သူ့ကို ကရုဏာသက်စွာနှင့် ချောင်းကြည့်လိုက်၏။

သူမ ဘယ်လောက်တောင် သောက်ခဲ့မိသလဲဆိုတာကို သူမ မသိ။ သူမ၏ မျက်လုံးများမှာ တစ်ဝက်သာ ပွင့်တော့သည်။ သူမ၏ ထိုပုံစံမှာ ပရော်ပရည် လုပ်ပြီး ဖြားယောင်းသွေးဆောင်တတ်သည့် ပုံစံ ဖြစ်နေခဲ့သည်။

" နောက်ကျနေပြီ၊ အရှင့်သား အရှေ့ဘက် ခြံဝန်းဆီ မပြန်သေးဘူးလား။ ရှဲ့ချောင်က ဖြေးဖြေးချင်းမေးလိုက်သည်။

ကျောက်ရွှမ်ကျင်းက နေမြဲနေနေကာ " မင်း ကျောင်းတော်ကို ပြာကျအောင် လုပ်လိုက်မှာ ကိုယ်စိတ်ပူလို့"

ရှဲ့ချောင်စဉ်းစားကြည့်လိုက်၏။ သူ ဒီမှာရှိနေတာ ကောင်းသည်၊ သူမ စကားပြောဖို့ လူတစ်ယောက်ရသည်လေ။

" ကျွန်မကို လက်ဖက်ရည် တိုက်ဖို့ အရှင့်သားကိုပဲ ခိုင်းပါရစေ" ရှဲ့ချောင်မှာ အရှက်အကြောက် မရှိပြောလိုက်၏။

ကျောက်ရွှမ်ကျင်းသည် ဘာတစ်ခုမှ ပြန်မပြောဘဲ လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်သည်။ သူမထံ လျှောက်သွားသော အခါ ၊ သူ့၏ လက်ဖဝါးမှာ ပတ်တီးစည်းထားတာကို သူမ သတိထားမိလိုက်သည်။ သူ လက်ဖက်ရည်ခွက်ကို ကိုင်မထားသင့်ဘူး။

သူ့ရဲ့ ညာဘက်လက်ကို အသုံးပြုခဲ ပေသည်။

ကျို့ဝေ့ကျုံးမှာ တံခါးကို စောင့်ကြပ်နေခဲ့၏။ ရှဲ့ချောင်ဆီသို့ ကျောက်ရွှမ်ကျင်းသွားနေတာကို မြင်လိုက်ရသော အခါ၊ သူချက်ချင်းပဲ ပြေးသွားလိုက်သည် "ကျွန်တော် လုပ်လိုက်ပါမယ်၊ အရှင့်သား"

ကျောက်ရွှမ်ကျင်း၏ မျက်နှာမှာ ခက်ထန်သွား၏။ ထို့နောက် သာမာန်ကာလျှံကာနှင့်ပင် ကျို့ဝေ့ကျုံးလက်ထဲသို့ လက်ဖက်ရည်ခွက်ကို ထည့်ပေးလိုက်တော့သည်။

ရှဲ့ချောင်သည် လက်ဖက်ရည်ကိုသာ သောက်ချင်နေခဲ့သည်၊ ဘယ်သူတိုက်သလဲဆိုတာက အရေးမကြီးပေ။ သို့သော်၊ ကျောက်ရွှမ်ကျင်းသည် အမည်အရဆိုလျှင် သူမ၏ ဆရာတူမောင်လေးတစ်ယောက်ဖြစ်သည်။ သူမ၏ ဆရာတူမောင်လေးဆီမှ ကြင်နာမှုကို လက်ခံရရှိသည်မှာ ဝမ်းမြောက်စရာပင်။

ထို့ပြင်၊ အိမ်ရှေ့စံမင်းသား၏ တုံ့ပြန်ပုံမှာ ထူးဆန်းနေခဲ့သည်။။

"သူက ဇွန်းတစ်ချောင်းတောင် မကိုင်နိုင်ဘူးလား" ရှဲ့ချောင်က သံသယနှင့် မေးလိုက်သည်။

" အမတအရှင်ရှဲ့၊ အရှင့်သားက သူ့လက်ကို မသုံး

သင့်ဘူး။ အစောတုန်းက ဓားနဲ့ လက်ကို ဖြတ်ထားမိတယ်၊ အရှင့်သားရဲ့ လက်က အသုံးမပြုတာပိုကောင်းလိမ့်မယ်" ကျို့ဝေ့ကျုံးက ချက်ချင်းဆိုသလို ရှင်းပြလိုက်သည်။

" ပြတ်သွားတာလား၊ အဲဒါဆို သူရဲ့ လက်ချောင်းတွေရော လှုပ်ရှားလို့ရလား။" ရှဲ့ချောင်က မေးလိုက်၏။

"လှုပ်လို့ရတယ်လို့ ထင်ပါတယ်၊"

ကျို့ဝေ့ကျုံး ထိုအကြောင်းကို စဉ်းစားလိုက်၏။

အရှင့်သားက သူ့လက်ဖဝါးကို ဖြတ်မိပြီးတော့ သွေးအများကြီးထွက်သွားတာဆိုပေမဲ့ ဇွန်းတစ်ချောင်းကိုင်တာလောက်တော့ သက်ရောက်မှု မရှိလောက်ပါဘူး။

ဒဏ်ရာသည် အဓိက အချက်မဟုတ်။ သူ၏ ညာလက်မှာ မသန်မစွမ်းဖြစ်နေဖြစ်ပြီး၊ ထို

လက်သည် လေးလေးပင်ပင်ပစ္စည်းများ မသယ်သင့်ပေ။

" အရှင့်သားရဲ့လက်ချောင်းတွေက လှုပ်ရှားလို့ရတယ်ဆိုရင်၊ ကျွန်မကို ကျေးဇူးပြုပြီး တိုက် လို့ရမလား၊ အရှင့်သား။" ရှဲ့ချောင်သည် အကဲစမ်းလိုသောပုံစံနှင့် မေးလိုက်၏။

ဤနေရာတွင် အပြင်လူရှိမနေ။ သူမ သူ့အပေါ် အမြတ်ထုတ်လို့ရနိုင်သေးသည်။

ကျောက်ရွှမ်ကျင်းသည် အနည်းငယ် လှောင်ပြုံးပြုံးလိုက်သော်လည်း သူရဲ့ အေးစက်သော မျက်နှာထက်တွင် မည်သည့် အမူအရာမှ ရှိမနေခဲ့ပေ။ သူသည် လက်ဖက်ရည်ခွက်အား တည့်တည့်မတ်မတ် ယူလာလိုက်သည်။ လက်တစ်ဖက်သည် လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး ကျန်တစ်ဖက်ကတော့ ဇွန်းတစ်ချောင်းကိုကိုင်ထား

ကာ၊ ရှဲ့ချောင်၏ နှုတ်ခမ်းဆီသို့ လက်ဖက်ရည်တစ်ဇွန်းစာ ခွံ့တိုက်လိုက်လေသည်။

ကျို့ဝေ့ကျုံးသည် ကျောက်ရွှမ်ကျင်းအား ဂရုတစိုက်နှင့်ကြည့်နေခဲ့ရာ။ သူသည် အိမ်ရှေ့စံမင်းသား၏ လက်အား အလိုလို စိုက်ကြည့်မိသွားခဲ့သည်။

ရှဲ့ချောင်သည် တစ်ငုံသောက်လိုက်ပြီး "နန်းတွင်းသက်တော်စောင့်ကျို့၊ အိမ်ရှေ့စံမင်းသားက အရူးတစ်ယောက်မှ မဟုတ်ပဲ။ သူရဲ့ လက်က မခံနိုင်ဘူးဆိုရင် ရှင့်ကို သေချာပေါက် ပြောပြမှာပေါ့။ အခု၊ ရှင် အဝေးကို ကြည့်နေပေးလို့ ရမလား"

•••••

All Chapters