ဖုန်းရွှေ ပြောင်းသွားပြီ။
Vol. 14 Ch. 241
နန်းတွင်းသက်တော်စောင့်ကျို့ခမျာ ကိုးရိုးကားယားနိုင်စွာနှင့် အဝေးသို့အကြည့်လွှဲလိုက်ရသည်။
ကျောက်ရွှမ်ကျင်းက မျက်မှောင်ကြုတ်သည်အား ဖြေလျှော့လိုက်ကာ
" အပြန်ထွက်စောင့်"
နန်းတွင်းသက်တော်စောင့်ကျို့မှာ အချိန်ဆွဲနေခဲ့သည်။ သူသည် ချီတုံချတုံဖြစ်နေခဲ့သော်လည်း နောက်ဆုံးတွင် နာနာခံခံဖြင့်သာ တံခါးပေါက်ဆီ ပြန်ဆုတ်ခွာသွားလိုက်တော့သည်။ သူ ထိုနေရာတွင် ရပ်နေရင်း မနေနိုင်ဘဲ လှည့်ကြည့်လိုက်မိရာ ရုတ်တရက်ကြီး ခင်ပွန်းသည်ဆီက ချစ်ခြင်းကို ဆုံးရှုံးလိုက်ရတဲ့ ဇနီးတစ်ယောက်လိုမျိုး ခံစားလိုက်ရသည်။
သို့ရာတွင် အိမ်ရှေ့စံမင်းသားရဲ့ ဤအချစ်သစ်ကလေးကတော့ မတုန်မလှုပ်ပင်။ အရှင့်သားရဲ့ ညာဘက်လက်က မသန်မစွမ်းဖြစ်နေတယ်ဆိုတာ ဘယ်သူ မသိလို့လဲ။ သူမက တကယ်ကို ကိုယ်ချင်းစာစိတ်မရှိတဲ့ သူပဲ။
ရှဲ့ချောင်၏ ခန္ဓာကိုယ်မှာ လက်ဖက်ရည် သောက်ပြီးတာတောင် လေးလံမှုကို ခံစားနေရသေးသည်။
မကြာလိုက်ပါပဲ၊ သူမ အိပ်မောကျသွားခဲ့တော့သည်။
နောက်တစ်နေ့ နံနက် ကောင်းကင်ယံမှာ တောက်ပလာသည်နှင့် ဆူညံနေကြသည့် မကောင်းဆိုးဝါးဝိဉာဉ်များ ထွက်သွားကြတော့သည်။
ကျောင်းတော်ထဲ၌ နေရောင်သည် တောက်ပနေခဲ့၏။သူမကို ချည်နှောင်ထားခဲ့သော ကြိုးမှာ ဖြည်ပြီးသွားပြီဖြစ်ကာ၊ သူမပေါ်တွင် စောင်တစ်ထည် လွှမ်းခြုံထားလေသည်။ အိမ်ရှေ့စံမင်းသားကို ဘယ်နေရာတွင်မှ မမြင်မိတာကြောင့် သူဘယ်ချိန်ထွက်သွားခဲ့သလဲဆိုတာကို သူမ သိချင်သွားသည်။
ကိုယ်လက်သန့်စင်ပြီးနောက်၊ အရှေ့ဘက်ခြံဝန်းဆီသို့ ရှဲ့ချောင် လျှောက်သွားလိုက်သည်။
သူမကို ဖြတ်လျှောက်သွားသော ကြီးကြပ်ရေးမှူးမှာတော့ သူမအား အထူးတဆန်း ကြည့်နေခဲ့၏။
အရှေ့ဘက် ခြံဝန်း၏ ရှုခင်းမှာ ပြောင်းလဲသွားခဲ့လေပြီ- ယခုဆိုလျှင် အပြင်တွင် မည်သည့် ဝါးပင်မျှ ရှိမနေတော့ပေ။ ၎င်းနေရာကို အတော်
လေး ကြီးမားပြီး လေးထောင့်ကျသည့် ပန်းခြံတစ်ခုဖြင့် အစားထိုးထားလေပြီ။
အချို့သော ပန်းများနှင့် သစ်ပင်များမှာ နေရောင်အောက်တွင် ခိုလှုံနေကြသည်။ ၎င်းသည် အမှောင်စွမ်းအင် နည်းနည်းသာ ရှိပြီး နွေးထွေးကာ ငြိမ်းချမ်းဖွယ်ကောင်းနေပေသည်။
သို့သော် ၊ရှဲ့ချောင်သည် ခြေလှမ်းအနည်းငယ် လှမ်းဝင်ပြီးကာမှ နောက်ပြန်ဆုတ်သွားခဲ့၏။
သူမ ပန်းခြံထဲသို့ ခြေချလိုက်ပြီး ထောင့်တစ်နေရာသို့ စိုက်ကြည့်လိုက်ချိန်တွင် သူမ အနည်းငယ် မူးဝေသွားခဲ့သည်။
တစ်ခဏ အကြာတွင်၊ တံခါး၌ စောင့်ကြပ်နေသည့် လူတစ်ယောက်ကို လက်ဝေ့ယမ်းပြလိုက်ကာ အိမ်ရှေ့စံမင်းသားကို ခေါ်ဆောင်ပေးဖို့
တောင်းဆို လိုက်သည်။
သူ အမြန်ပင် ရောက်လာခဲ့၏။
" ဒီပန်းခြံကို ကျွန်မပေးခဲ့တဲ့ အစီအစဉ်ပုံစံအတိုင်း အရှင့်သား မဆောက်ခဲ့ဘူးပဲ" ရှဲ့ချောင်က ပြောလိုက်သည်။
သူမ၏ အသံမှာ ညင်သာနေသော်လည်း ၎င်းမှာ အလွန် ပြတ်သားလေသည်။
" ဘာမှားနေလို့လဲ" ကျောက်ရွှမ်ကျင်းက ချက်ချင်းမေးလိုက်၏။
"အပင်တွေက ပြဿနာပဲ။ ပုံစံငယ် စာရွက်ထဲအတိုင်းဆိုရင်၊ ဒီနေရာမှာ သာမန် ဂန္ဓမာပန်းရိုင်း
တွေပဲ ရှိသင့်တာ။ ဒီ အရွက်နီ အပင်တွေ မဟုတ်ဘူး။ ဒီ ခရမ်းနီရောင် ပန်းတွေက လှတယ်ဆိုတော့ ဒီနေရာမှာ ထားတာက အဆင်ပြေပြီးတော့ ကောင်းတောင်ကောင်းသေးတယ်။ ဒါပေမဲ့ နေရာတစ်ခုလုံးက ရိုးရိုးရှင်းရှင်းကြီးဖြစ်နေပြီးတော့ အဲဒါတွေပဲ ထင်းထွက်နေတာ။နေ့တိုင်း ဝင်ထွက်သွားလာမှာဆိုရင်၊ အဲဒီပန်းတွေကို ကြည့်လိုက်တဲ့ အချိန်မှာ စိတ်ဖိစီးစရာတစ်ခု ဖြစ်လာလိမ့်မယ်။ အချိန်တွေ ကုန်လာတာနဲ့ အမျှ အိပ်မက်ဆိုးမက်စေမယ့် အလားအလာတွေလည်း ရှိလာလိမ့်မယ်။နောက်ပြီး၊ ဒီ တောင်ကုန်းအတုရဲ့ ပုံသဏ္ဍန်ကလည်း ဒီနေရာနဲ့ မလိုက်ဖက်ဘူး……"
ရှဲ့ချောင်က ညွှန်ပြရင်း စကားကို ဆက်လိုက်၏။
" အဲဒီ တောင်ကုန်းအတုထဲက ဂူကိုကြည့်ကြည့်ပါဦး။ကျောက်တုံးကြီးတစ်ခု ပိတ်ဆို့နေတာ မဟုတ်လား။ တောင်ကုန်း အတုက အရှေ့ဘက်မှာ ရှိပြီးတော့၊ ကျောက်တုံးက လှိုင်ဂူထဲက ခုတင်တစ်ခုလိုပဲ၊ တောင်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ဒါက အရှင့်သား ရဲ့ ကြင်ယာတော်နဲ့ လိုက်လျောညီထွေ
မဖြစ်တဲ့ ဘဝကို ရစေမယ့် ကံဆိုးမှုတစ်ခုလို့ ယူဆလို့ရတယ်"
အိမ်ရှေ့စံမင်းသားမှာ အခုထိ ကြင်ယာတော်တစ်ယောက် မတင်မြှောက်ရသေးတာကြောင့် ကိုယ်လုပ်တော်များလည်း ပါဝင်ပေသည်။
ကျောက်ရွှမ်ကျင်းက မနေနိုင်ဘဲ ပြောလိုက်တော့၏ " အဲဒီလိုလား။ ရှဲ့သခင်မလေး၊ ဒါတွေက ပန်းတချို့၊ တောင်ကုန်းအတု တစ်ခုနဲ့ ကျောက်တုံးတစ်ခု သက်သက်ပဲလေ….."
တခြားလူတွေမှာလည်း ဒီလို ပုံစံတူ အရာတွေ ရှိတယ် မဟုတ်လား။ ဒါက ဘယ်လိုလုပ်ပြီး ကံဆိုးနိုင်မှာလဲ။
"ဒီ အရာတွေက သာမန်ပဲ ဆိုပေမယ့် ကျွန်မက ဒီ
နားတစ်ဝိုက်က ဖုန်းရွှေကို ပြောင်းလဲခဲ့တယ်။ အကြောင်းက၊ ဒီ အရှေ့ဘက် ခြံဝန်းမှာ ကနဦးတုန်းက အားကောင်းတဲ့ အမှောင်စွမ်းအင် ရှိနေတာမလို့၊ ပြောင်းလဲဖို့ အတွက် ကျွန်မ အားနည်းနည်း စိုက်ထုတ်ခဲ့တာ။ ဒီ အရာ နှစ်ခုက ဖုန်းရွှေကို လုံးဝပြောင်းလဲသွားစေခဲ့တယ်" ရှဲ့ချောင်က ဖြေးဖြေးချင်းသာ ပြန်ပြောလိုက်သည်။
သူမပြောသွားခဲ့သည်မှာ ရိုးရိုးရှင်းရှင်းဖြစ်သည် ဟု မှတ်ယူနိုင်သည်။
ပန်းအိုးတစ်အိုးက လူတစ်ယောက် အတွက် အိပ်မက်ဆိုးများကို ဖန်တီးစေနိုင်တယ်။ ဒါပေါ့၊ ပန်းအိုးကို ကြည့်ရုံနဲ့တော့ ဖြစ်လာလိမ့်မည် မဟုတ်။
စွမ်းအားသည် ပြဿနာ ဖြစ်သည်။
အပင်များပြောင်းသွားသောအခါ၊ စွမ်းအားသည်လည်း လိုက်ပြောင်းသွားပေမည်။
သူသည် ဤနေရာကို မကြာခဏ ဖြတ်သွားရုံသာမက ဤခြံဝန်းထဲတွင်ပင် နေသောအခါ ဤစွမ်းအင်က သူ့အပေါ် ရစ်ဝဲနေလိမ့်မည်မှာ အလိုလိုပင်ဖြစ်လေသည်။
ကျို့ဝေ့ကျုံးမှာ အပိုတန်ဆာဆက်ထားသည်များကို ငေးစိုက်ကြည့်နေရင်း ကသိကအောက်ဖြစ်သလို ခံစားလာရလေသည်။ တကယ်တော့ တစ်ခုက အတော်လေး တသီးတသန့်ကြီးဖြစ်နေပြီး တစ်ခုကတော့ …. အတော်လေး ကြမ်းတမ်းဆိုးရွားနေတာ။သို့သော်လည်း ထိုအရာများက လူတစ်ယောက်ရဲ့ ကျန်းမာရေးနှင့် ကံကြမ္မာအပေါ် အကျိုးသက်ရောက်မှုရှိလိမ့်မည်ဟုတော့ သူ မထင်ပေ။
ရှဲ့ချောင်မှာ ယနေ့တွင်လည်း ပင်ပန်းနေဆဲသာ။
သူမ စကားပြောမလို့ လုပ်နေတုန်းမှာပင်၊ ကျောက်ရွှမ်ကျင်းက အရင် ပြောလိုက်သည် "ခြံဝန်းကို ပြန်လည်မွမ်းမံပြင်ဆင်တဲ့ လက်သမားတွေနဲ့ ပတ်သက်ပြီး တစ်ခုခုဖြစ်သလားဆိုတာ စုံစမ်းကြည့်လိုက်၊ တိုးတိုးတိတ်တိတ်တော့လုပ်"
"ဟုတ်ကဲ့ပါ" ကျို့ဝေ့ကျုံးက ချက်ချင်းပြန်တုံပြန်လိုက်သည်။
" ခမည်းတော်က ကိုယ် နန်းမြို့တော်ကို ပြန်ရောက်ကတည်းက လက်ထပ်ပေးမလို့ စီစဉ်နေတာ။ ကိုယ်က မှုခင်းစီရင်ရေးဌာနခွဲမှာပဲ အချိန်ကုန်နေတော့ သူ့ကို မငြင်းရသေးဘူး" ကျောက်ရွှမ်ကျင်းက ရှင်းပြလိုက်သည်။
••••••