← Chapters

ခရီးသွားခြင်း

Vol. 14 Ch. 242

ခရီးသွားခြင်း

Vol. 14 Ch. 242

ထိုစကားကို ကြားလိုက်ရသောအခါ ရှဲ့ချောင်သဘောပေါက်သွားခဲ့၏။

ကျောက်ရွှမ်ကျင်းမှာ ယခင် အိမ်ရှေ့စံမင်းသားနှင့် မတူပေ။သူသည် အိမ်ရှေ့စံမင်းသားတစ်ယောက်အနေနှင့် နန်းမြို့တော်တွင် နေသော်လည်း အမြဲတမ်း စံအိမ် သို့မဟုတ် အဝေးတွင်သာ ရောက်နေတတ်သည်။ ကျောင်းတော်ထဲတွင် သူရဲ့ နေရာထိုင်ခင်းတစ်ခုတောင် ရှိနေသေးသည်ဖြစ်ရာ လူတွေ သူ့အကြောင်းကို ညည်းညူတိုင်တန်းကြသည်မှာ အံဩစရာတော့ မဟုတ်ပေ။

သို့သော် ၊ သူသည် အလွန်ချစ်မြတ်နိုးခံရပြီး၊

ဘုရင်မင်းမြတ်ကလည်း ထိုအရာအပေါ် ဂရုမစိုက်တာကြောင့် ဘယ်သူကမှ သူ့ကို မေးခွန်းထုတ်ရန် အရည်အချင်း မရှိခဲ့ကြပေ။ ထို့ပြင် ချန်ယွမ်မင်းဆက် ၌ ကျောင်းတော်များစွာရှိရာ ၊မင်းသား၊မင်းသမီးများ အတွက် အပြင်ဘက်တွင် စာပေလေ့လာဆည်းပူကြသည်မှာ သာမန်သာဖြစ်သည်။ သို့ဖြစ်ရာ၊ သူ၏ အမူအကျင့်များမှာ လက်ခံနိုင်ဖွယ် ဖြစ်လေသည်။

သူ လက်ထပ်ပြီးလျှင်၊ သူ၏ ကြင်ယာတော်နှင့် ဤနေရာ၌ပင် နေဖြစ်ပေလိမ့်မည်။

အမှောင်စွမ်းအင်မှာ အသုံးဝင်လောက်သည်။

ရှဲ့ချောင်သူ့ကို ဂရုဏာ သက်စွာနှင့် ကြည့်လိုက်၏။

" ဒီနေရာက အမှောင်စွမ်းအင်တွေကို လွယ်လွယ်ဆွဲဆောင်နိုင်တာလား" ကျောက်ရွှမ်ကျင်းက မျက်မှောင်ကြုတ်ကာ နောက်တစ်ဖန် ထပ်မေးလိုက်သည်။

ကျောက်ရွှမ်ကျင်း၏ သဘောထားမှာ တော်ရုံသင့်ရုံဖြစ်နေတာကို မြင်သောအခါ၊ ရှဲ့ချောင်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။

" သေချာပေါက် မဟုတ်ဘူးပေါ့၊ ဒီနေရာမှာ ရှိတဲ့ ဖုန်းရွှေကို ကျွန်မ ပြောင်းလဲခဲ့ပြီးပြီ။ ဒီ အခြေခံ အကြောင်းလောက်နဲ့တော့ အမှောင်စွမ်းအင်တွေကို မဆွဲဆောင်နိုင်ဘူး။ ဒီ နေရာနှစ်ခုက အားနည်းနေပေမယ့် အကျိုးသက်ရောက်မှုကြီးကြီးမားတော့မရှိပါဘူး"

" အိမ်တော် နဲ့ အရှေ့နန်းဆောင်ဘက်ကို လည်း ကြည့်ကြည့်ပေးလို့ရမလား။ အမှောင်စွမ်းအင်က ဒီနေရာမှာပဲ ရှိနေတာမဟုတ်မှာကို စိုးရိမ်တယ်။"

ကျောက်ရွှမ်ကျင်းက ထပ်ပြောဖို့ကိုလည်း မမေ့ခဲ့ " ဆုလာဘ်ချီးမြှင့်မှာပါ"

ရှဲ့ချောင်သည် တစ်ခဏတော့ ချီတုံချတုံ ဖြစ်နေခဲ့သေးသည်။

" ကျွန်မရဲ့ အဆင့်အတန်းနဲ့ ဆိုရင် အရှေ့နန်းဆောင်ကို မသွားသင့်ဘူး၊ မဟုတ်လား" ရှဲ့ချောင် ဂရုတစိုက်နှင့် မေးလိုက်၏။

" ခမည်းတော်က ကိုယ့်အတွက် မင်္ဂလာပွဲတစ်ခု လုပ်ပေးချင်နေတာ။ ကိုယ် နန်းတော်ကို ပြန်သွားတဲ့ အခါကျရင်၊ သူ့ကို အရှေ့နန်းဆောင်မှာ စားသောက်ပွဲ တစ်ခု ကျင်းပခွင့်ပြုလိုက်မယ်။ အဲဒီ အချိန်ကျရင်၊ အသက်ပြည့်တဲ့ အမျိုးသမီးတွေ အားလုံး လာရောက်လည်ပတ်ကြမှာပဲ။ အဲလိုဆို မင်းအတွက် လွတ်လွတ်လပ်လပ်သွားလာဖို့ ဖြစ်နိုင်တယ် မလား။ " သူသည် ခဏမျှ တွေးဆ

နေရင်း ရှဲ့ချောင်၏ တုံ့ပြန်မှုကို အကဲခတ်နေခဲ့သည်။

ရှဲ့ချောင် ခေါင်းညိတ်လိုက်၏ "အဲ့ဒီ အကြံကောင်းတယ်"

နှမြောစရာပင်။

ရှဲ့ချောင်၏ အမူအရာမှာပြောင်းလဲသွားတာကို မမြင်လိုက်ရတာကြောင့် ကျောက်ရွှမ်ကျင်း အနည်းငယ် စိတ်ပျက်သွားခဲ့ကာ ထပ်ပြောလိုက်သည် " ကိုယ်က မသန်မစွမ်းတစ်ယောက်ဆိုတော့ လက်ထပ်ဖို့ ကို တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ အဲဒါကြောင့် ကြင်ယာတော်နဲ့ ကိုယ်လုပ်တော် မပြောနဲ့၊ စုံတွဲအခန်းတစ်ခန်းတောင်မရှိဘူး။ဒီလို တောင်ကုန်းအတုကို ဖန်တီးဖို့ အတွက် အလုပ်သမားတွေက သူတို့ရဲ့ အင်အားတွေကို ဖြုန်းတီးပစ်ခဲ့တာပဲ။ "

ရှဲ့ချောင် အံ့ဩစွာဖြင့် သူ့အားကြည့်လိုက်ကာ

"ဒီမှာ စုံတွဲခန်းတောင် မရှိဘူးလား။"

ကျောက်ရွှမ်ကျင်း၏ အမူအရာမှာ အနည်းငယ် ပို၍ တက်တက်ကြွကြွ ဖြစ်သွားသော်လည်း တည်ငြိမ်စွာနှင့်သာ ပြောလိုက်သည်။

" ကိုယ့်မှာ ဆရာတစ်ယောက်ရှိတယ်။ သူခရီး မထွက်သွားခင်က၊ သူချစ်ရတဲ့ တပည့်တစ်ယောက် ဖြစ်တဲ့ ဆရာတူအစ်မကို ကိုယ့်ဆီကို အပ်ခဲ့ပြီးတော့ သူမူးတဲ့ အခါတိုင်းလည်း ထပ်တလဲလဲ သတိပေးခဲ့တာ။ကိုယ် စဉ်းစားကြည့်ပြီး နောက်ကျ သဘောတူခဲ့တယ်"

ရှဲ့ချောင်မှာတော့ ကြက်သေသေသွားခဲ့လေသည်။

'မဟုတ်ဘူး၊ ဒါ အမှန် မဖြစ်နိုင်ဘူး'

သူမရဲ့ ဆရာက မလှည့်စားသင့်ဘူးလေ၊ ဟုတ်

တယ်မလား၊ အဲဒါ မော့လင်းကျစ်မဟုတ်ဘူး၊ မသိနားမလည်တဲ့ အဘိုးကြီး!!!

သို့သော်လည်း အိမ်ရှေ့စံမင်းသား၏ အလေးအနက်ဖြစ်နေသော မျက်နှာကို မြင်နေရသည်မှာ လိမ်နေသည့် ပုံနှင့်လည်း မတူပေ။

ရှဲ့ချောင် မျက်မှောင်ကြုတ်လျက် မသိမသာဖြင့် ကောင်းကျိုးနှင့် ဆိုးကျိုး ကို တွက်ကြည့်လိုက်သည်။

အိမ်ရှေ့စံမင်းသားသည် သိပ်တော့ မဆိုးလှ။သူမ သူ့ကို နည်းနည်းတော့ သဘောကျသည်။သူသည် ကြည့်ကောင်းသူတစ်ယောက်ဖြစ်ကာ သူမ၏ ဆရာတူမောင်လေးလည်း ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူ သူမဆီကနေ မလွတ်မြောက်နိုင်ပေ။

သို့သော်လည်း ဤပုဂ္ဂိုလ်မှာ အိမ်ရှေ့စံမင်းသားတစ်ယောက်ဖြစ်နေ၏။ သူ့နေရာကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ သူသာ ရှဲ့မိသားစုတစ်ခုလုံးနှင့် ပတ်သက်ခဲ့မယ်ဆိုလျှင်၊ တန် မည်မဟုတ်ပေ။

ထိုမျှမက၊ သူမက သက်တမ်းတိုသည့် လူတစ်ယောက်ဖြစ်နေသေးသည်။ အိမ်ရှေ့စံမင်းသား အနားမှာက မရေမတွက်နိုင်သည့် မကောင်းဆိုးဝါးဝိဉာဉ်များစွာ ရှိနေသေးသည်။သူမသာ သူနှင့်အတူနေခဲ့ပါက၊ နေ့တိုင်း သူမ အိပ်ရာမဝင်ခင် နောက်တစ်နေ့နံနက် နေရောင်ကို မြင်နိုင်ပါ့မလားဆိုသည်အား သူမပူပန်နေရပေလိမ့်မည်။

သူမသာ တကယ် စေ့စပ်ခဲ့ရမယ်ဆိုလျှင်…..

အဲ့ဒီလိုဆို၊….. မော့ချူးရှန်းက လောကတစ်ခွင် ခရီးပတ်သွားနေသင့်တယ်။…

(TN/ဆိုလိုတာက သူတို့စေ့စပ်ပြီးရင်တောင် မော့

ချူးရှန်းက တာအိုဆရာမို့ ခရီးပတ်ထွက်လို့ရတယ် ပြောတာ ထင်ပါတယ်)

ဤ အချက်ကို စဉ်းစားမိလိုက်ချိန်တွင် ရှဲ့ချောင်သည် မည်သည့် စိတ်ဖိအားကို မှ မခံစားရတော့ပေ။ သူမ အိမ်ရှေ့စံမင်းသားကို ညင်ညင်သာသာ ပြုံးပြလိုက်ကာ " ဂုဏ်ယူပါတယ်၊ အရှင့်သား"

ကျောက်ရွှမ်ကျင်း မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်စုံတစ်ယောက်အတွက် သူ သူမကို အပြစ်လုပ်မိထားတာများလား။ မဖြစ်နိုင်တာ။

"အို၊ ကျွန်မ အရှင့်သားရဲ့ တောင်းဆိုမှုကို သဘောတူပါတယ်။ ကျွန်မမှာ အရှင့်သားကို အကူအညီတောင်းစရာ တစ်ခု ရှိတယ်" ရှဲ့ချောင် က ဆက်ပြောလိုက်သည်။ " အရှင့်သားရဲ့ မျိုးနွယ် အဆင့်အတန်းနဲ့ ဆိုရင် နန်းတော်ထဲမှာ တစ်စုံတစ်ယောက်ကို ရှာလို့ရနိုင်တယ်၊ ဟုတ်တယ်မလား"

အစောတုန်းက၊ သူမ နန်းတွင်းဝတ်စုံနဲ့ အမျိုးသမီးမကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်ကိုတောင် ဖမ်းမိခဲ့တယ်!!

ထို အမျိုးသမီးဝိဉာဉ်သည် အိမ်ကိုသွားဖို့ရန်သာ မရမကတောင်းဆိုနေခဲ့သော်လည်း ရှဲ့ချောင်မှာ ထိုအမျိုးသမီး၏နာမည်ကိုတောင် မသိခဲ့ပေ။

သူမ ပြန်ရင် အမျိုးသမီးဝိဉာဉ်ရဲ့ ပုံပန်းသွင်ပြင်ကို ပုံကြမ်းဆွဲပြီး အိမ်ရှေ့စံမင်းသားကို သူမ အတွက် စုံစမ်းပေးဖို့ အကူအညီတောင်းရမယ်… ဒါက ပြီးပြည့်စုံတဲ့ အစီအစဉ်တစ်ခုပဲ။

ထို အခိုက်အတန့်တွင်၊ အိမ်ရှေ့စံမင်းသားနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုရှိသည်မှာ အလွန်ကောင်းမွန်လှသည်ဟု ရှဲ့ချောင် ခံစားလိုက်

ရသည်။

မြိုတော်ထဲတွင် မကောင်းဆိုးဝါးဝိဉာဉ်များစွာရှိပြီး၊ အများစုမှာ နန်းတော်ထဲတွင် သေဆုံးခဲ့ကြသည် ဟု ခန့်မှန်း တွက်ကြည့်နိုင်သည်။ နောင် အနာဂတ်တွင် သူမ ဒီနယ်ပယ်မှာ လုပ်ငန်း လုပ်ရမည်ဆိုလျှင် သူမ ကို ကူညီဖို့ တစ်စုံတစ်ယောက်ရှိနေပေလိမ့်မည် ဖြစ်သည်။

••••••••

All Chapters