အချစ်သင်္ကေတ
Vol. 14 Ch. 243
လူတစ်ယောက်ကို ရှာရန်မှာ လွယ်ကူတာကြောင့် ကျောက်ရွှမ်ကျင်းသည် တွေဝေးနေခြင်းမရှိဘဲ သဘောတူလိုက်၏။
ရှဲ့ချောင်သည် ဤနေရာသို့ သူ့ကို ကျေးဇူးတင်ရန်အတွက် အဓိကလာခဲ့ခြင်းဖြစ်သည်။
ကံကောင်းစွာဖြင့်၊ မနေ့က ကျောက်ရွှမ်ကျင်း ကြားဝင်ဖြေရှင်းပေးခဲ့၍သာ၊ သို့မဟုတ်ပါက သူမခန္ဓာကိုယ်ထဲတွင် မကောင်းဆိုးဝါးဝိဉာဉ်အနည်းငယ် ပိုပြီး ရှိနေလိမ့်မည်ဖြစ်သည်။သူမ၏ ခန္ဓာကိုယ်မှာ အားနည်းပြီး၊ မကောင်းဆိုးဝါးဝိဉာဉ်များက ဝင်ပူးသောအခါ ထိခိုက်ပျက်စီးသွားနိုင်သည်။သူမသာ တစ်ညလုံး နှိပ်စက် ညှင်းပန်းခံရမည်ဆိုပါက၊ နောက်တစ်နေ့နံနက် အိပ်ရာထချိန်တွင် လူသေတစ်ပိုင်းလိုဖြစ်နေလောက်ပေမည်။
အခုတော့ ထိုသို့ မဖြစ်ခဲ့၊ သူမတွင် အင်အားတချို့ ကျန်ရှိနေသေးသည်။
" မနေ့က အရှင့်သားက ဘေးကင်းစေတဲ့ အဆောင်လက်ဖွဲ့တွေကို သုံးခဲ့ပေမဲ့၊ အခု ကျွန်မမှာတော့ အရှင့်သားကို ပြန်ပေးနိုင်တဲ့အရာ တစ်ခုမှ မရှိဘူး။ ကျွန်မမှာ ကျန်ရှိတဲ့ တစ်ခုတည်းသောပစ္စည်းကဒီ…..သစ်သားဓားငယ်လေးပဲဖြစ်လို့၊ ကျွန်မရဲ့ ကျေးဇူးတင်မှုကို ဖော်ပြတဲ့ အနေနဲ့ ဒါလေးကို အရှင့်သားအတွက် အထူးတလည် ယူလာခဲ့တာ၊ ဘာကိစ္စမှ မရှိတော့ဘူးဆိုရင် ကျွန်မ ပြန်လိုက်ပါဦးမယ်" ရှဲ့ချောင်သည် ကောင်းကောင်းမွန်မွန် ပြုမူနေခဲ့သည်။
ကျောက်ရွှမ်ကျင်းသည် သစ်သားဓားငယ်လေးကို အေးစက် မာကြောသော အကြည့်နှင့် ငေးစိုက်ကြည့်နေခဲ့၏။
ဤ သစ်သားဓားပေါ်ရှိ ပန်းပုလက်ရာများမှာ ပိုပြီး ရင့်ကျက်ပုံပေါ်သည်။
သူ့အသက် ဆယ်တစ်နှစ်၊ ဆယ့်နှစ်နှစ် အရွယ်တုန်းက လက်ဆောင်ရခဲ့တဲ့ နှုတ်ဆက်လက်ဆောင်နှင့် ယှဉ်လျှင် သူ့ရှေ့မှာ ရှိနေတဲ့ မက်မွန်သစ်သား ဓားက…..
ပန်းပုထွင်းထုထားတဲ့ လက်ရာအရည်အချင်းက လွဲလျှင် ပစ္စည်းနှင့် ပုံစံမှာ ဘာကွာခြားချက်မှ ရှိမနေပေ။
ကျောက်ရွှမ်ကျင်းသည် သူရဲ့ အကြည့်ကို လျှော့လိုက်ကာ၊ မျက်ခုံးများအနည်းငယ်တွန့်ကွေးလျက် သူ၏လက်ဖြင့် ကြမ်းတမ်းသောမျက်နှာပြင်ကို အသားကျအောင် ကြိုးစားကြည့်လိုက်သည်။
သူသည် သူရဲ့ လက်ချောင်းများကို ဖွဖွလေး ပွတ်လိုက်ပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်လေသည်။
တစ်ဖက်တွင်လည်း ရှဲ့ချောင်မှာ တခြားကမ္ဘာက အမတတယောက်ပမာ သူ့အား အလေးအနက်ဖြစ်စေခဲ့သည်။ သူ့ကို ပြိုင်ဘက်ကင်းသည့် ရတနာတစ်ခု ပေးခဲ့သလိုပင်။
တစ်အောင့်မျှကြာပြီးနောက်၊ ကျောက်ရွှမ်ကျင်း ရုတ်တရက် မေးလိုက်၏။
" ဒါက အချစ်သင်္ကေတလား"
"...."
ရှဲ့ချောင်သည် ကြက်သေသေသွားရကာ သူ့ကို ကြည့်လိုက်လေသည်။
" သစ်သားဓားတွေကို လူဘယ်လောက်များများ မင်းပေးပစ်ခဲ့ ပြီးပြီလဲ" ကျောက်ရွှမ်ကျင်း အတည်ကြီးဖြစ်စွာ မေးလေ၏။
သူဘာကို ဆိုလိုချင်သလဲဆိုတာ ရှဲ့ချောင် နားမလည်ခဲ့ပေ။
ဒါသည် သစ်သားဓားငယ်တစ်ခုသက်သက်သာ။ မက်မွန်သားသည် မကောင်းဆိုးဝါးများရန်မှ တားဆီးကာကွယ်နိုင်ကာ အလွန် အသုံးဝင်လေသည်။
ကျောက်ရွှမ်ကျင်းသည် အရင်က သူရဲ့ ကလိမ်ကကျစ်ကျသည့် ဆရာတူအစ်ကိုရှောင်းဆီမှ ရှဲ့ချောင်ပေးထားသည့် ဓားကို ခိုးယူရန် တွေးခဲ့ဖူးသည်။သို့သော် ရှဲ့ချောင်၏ တုံ့ပြန်ပုံကို ကြည့်ရသည်မှာ သူ့ရဲ့ဆရာတူအစ်ကို အပြင် တခြားသူများကို လည်း သစ်သားဓားကို ပေးခဲ့ဖူးသည့် ပုံပင်။
သူ အကောင်းဆုံးကြိုးစားလျှင်တောင် လူအများကြီးကြား သူမပေးခဲ့ဖူးသည့် ပျောက်ဆုံးနေသော
သင်္ကေတများ အားလုံးကို ရှာမတွေ့နိုင်မှာ သူစိုးရိမ်နေခဲ့လေသည်။
" ဒီ သစ်သားဓားက ကိုယ့်အတွက် မသင့်တော်ဘူး" ကျောက်ရွှမ်ကျင်း၏ အသံမှာ တိုးတိုးနှင့် ခပ်အောအော ဖြစ်နေပြီး၊ သူသည်နီးကပ်လွန်းနေတာကြောင့် လူတစ်ယောက်ကို တုန်ယင်သွားစေနိုင်သည်။
ရှဲ့ချောင်သည် သူမ၏နားကို ပွတ်လိုက်ကာ "ကျွန်မမှာ အခု တခြားပစ္စည်း မရှိဘူး။ မနေ့က အကုန်လုံးကို သုံးပစ်လိုက်ပြီ။ ကျွန်မကို အဆောင်အချို့ ရေးဆွဲဖို့ ရက်နည်းနည်းလောက် ထပ်ပေးပါလား"
တစ်ခုတည်းနှင့်မလုံလောက်သည်မှာ သေချာသလောက်ပင်။ သူမ အတွက် သူလုပ်ပေးခဲ့သည်မှာ အကူအညီကြီးတစ်ခု ဖြစ်လို့နေ၏။
" သစ်သားက ဟောင်းနွမ်းလွန်းနေတာ မဟုတ်ပေမဲ့၊ ပန်းပုလက်ရာက ဆန်းသစ်မနေဘူး။ ရှဲ့သခင်မလေးက ဒါကို ကိုယ့်အတွက် အဆင်တန်ဆာတစ်ခု အနေနဲ့ပေးချင်တယ်ဆိုမှတော့၊ ပန်းပုလက်ရာက တစ်ခုခု ထူးခြားနေရမယ်လေ" ကျောက်ရွှမ်ကျင်းက ခေတ္တမျှတွေးလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။ " ဉပမာ၊ တွန်ကျူးနေတဲ့ ဇာမဏီငှက်၊ ရေကန်ငယ်ထဲမှာ ကစားနေတဲ့ မန်ဒရင်းဘဲမောင်နှံ၊ အတူဖူးပွင့်နေကြတဲ့ ကြာပန်းတွေ၊ အကုန်လုံး အဆင်ပြေပါတယ်။ ကိုယ်က ဇီဇာကြောင်တတ်တဲ့သူတစ်ယောက် မဟုတ်ပါဘူး"
[TN/ သူပြောသွားတာအကုန်က တရုတ်ပြည်မှာ ချစ်သူဇနီးမောင်နှံတွေကြား ပေးလေ့ရှိကြတဲ့ ပုံတွေပါ ]
ရှဲ့ချောင်တစ်ယောက် ပြောစရာစကားများပျောက်ဆုံးသွားရကာ မျက်ခုံးများ တွန့်သွားတော့သည်။
'ဧကရာဇ်က သူ့အတွက် မင်္ဂလာပွဲတစ်ခု စီစဉ်ပေးထားတာ၊ ဟုတ်တယ်မလား၊ သူက ဒါကို ဘယ်သူမှ မသိမှာ စိုးလို့လား။'
ရှဲ့ချောင် တိတ်တဆိတ် နှာမှုတ်လိုက်သည်။
သူမ မနေ့က အိမ်ရှေ့စံမင်းသားကို အခွင့်အရေးယူမိတယ်ဆိုပေမဲ့၊ ဒါက အဲလောက်ကြီး အလေးအနက်ထားနေစရာမှ မလိုပဲ။ သူရဲ့ လက်ကို ထိတာ ဒါမှမဟုတ် သူ့ကို နမ်းရင်တောင် သူမ စိတ်ထဲမထားသော်လည်း၊ အိမ်ရှေ့စံမင်းသားက တကယ် သူမနဲ့ အကွာအဝေးတစ်ခုခြား နေလိုပြီး၊ သူမ မနာလိုဝန်တို ဖြစ်အောင် တမင်သက်သက်လုပ်နေသည်လေ။
သူက နဖူးထိပ်မှာ လက်ထပ်ခြင်း ဆိုတဲ့ စကားလုံး
ကို မထွင်းထားရုံတမယ်။
ရှဲ့ချောင်မှာ အတော်လေး မသက်မသာ ခံစားရလိုက်ရ၏။
"ကောင်းပါပြီ၊ ကျွန်မ အရှင့်သားအတွက် တစ်စုံ ထွင်းပေးပါမယ်" ရှဲ့ချောင်က စိတ်ပါလက်ပါနှင့် အလေးအနက်ထားပြောလိုက်သည်။
သူမ သဘောတူပြီးသည်နှင့်၊ ရှဲ့ချောင်မှာ နေလို့ မကောင်းတာကြောင့် ချက်ချင်းပဲ ထွက်သွားတော့သည်။
သူမကို ရှဲ့အိမ်တော်သို့ တန်းပြီး ပြန်ပို့ပေးနိုင်ရန် မြင်းလှည်းတစ်စီး စီစဉ်ပေးဖို့ အထိန်းတော်ကို တောင်းဆိုလိုက်၏။
သို့သော်လည်း၊ အထိန်းတော်ကို သူမအတွက် လုပ်စရာများ လုပ်ခိုင်းရန်မှာ ငွေပဲစေ့များလိုအပ်လေသည်။
ရှဲ့ချောင်မှာ မြင်းလှည်းထဲတွင် ထိုင်ကာ၊ မတတ်သာဘဲ စတင်တွက်ချက်ရတော့သည်။
သူမ မနေ့က ငှားရမ်းခဲ့တဲ့ ခြံဝန်းက ငွေပဲစေ့ ရာကျော်တောင် ကုန်ကျတယ်!!
၎င်းသည် ထိုမျှ ဈေးမကြီးသင့်၊ သို့သော် မနေ့က နားရက်တစ်ရက်ဖြစ်နေပြီး၊ သူမသည် အချိန်တို တစ်ခုသာ ငှားရမ်းခဲ့တာကြောင့် ဈေးမှာ နှစ်ဆနီးပါးဖြစ်သွားခဲ့ခြင်းပင်။ ထိုမျှမက၊ ဆူဆူညံညံဖြစ်ခြင်းကို ရှောင်ရန်အတွက် သူမသည့် ကြီးမားကျယ်ဝန်းသော ခြံဝန်းကို ငှားရမ်းခဲ့သေးသည်။ ခြံဝန်းထဲတွင် အခြေခံထောက်ပံ့ပေးသည့် အရာ
များပါဝင်တာကြော်င့ ဈေးနှုန်းမှာ မြင့်လေသည်။
ခြံဝန်းငှားရမ်းကြေး အပြင်၊ စားစရာများ ၊ သောက်စရာများနှင့်…
ရှဲ့ချောင်သည် မနက်ခင်း နိုးလာချိန်က သူမကို အိအထိန်းတော်ပေးခဲ့သည် ကျသင့်ငွေ စာရင်းကို ကိုင်ထားလေသည်။
သူမ စိတ်မကောင်းဖြစ်နေလေ၏။
သူမ တကယ်ကို မြင်းစီးခဲ့သေးတာပဲ။
ထို မကောင်းဆိုးဝါးဝိဉာဉ်သည် တကယ် ရက်စက်လှသည်။ ယနေ့ သူမ၏ ပေါင်များ နာကျင်နေရသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။
ကုန်ကျငွေစာရင်းကြောင့်သာ မဟုတ်ပါက၊ သူမ မနေ့က အိမ်ရှေ့စံမင်းသားကို ထိခိုက်စေခဲ့မိသည်ဟု တွေးမိကောင်းတွေးမိသွားနိုင်သည်။
•••••