← Chapters

သူတို့ကို မောင်းထုတ်လိုက်

Vol. 14 Ch. 244

သူတို့ကို မောင်းထုတ်လိုက်

Vol. 14 Ch. 244

ရှဲ့ချောင်မှာ မတရားသဖြင့်ခံစားလိုက်ရ၏။ သူမ အတတ်နိုင်ဆုံး ရက်ရောတတ်သည့် ပုံစံပေါက်အောင် ကြိုးစာခဲ့သည်။

မနေ့က သူမ သုံးစွဲခဲ့သော ငွေပဲစေ့အားလုံးမှာ စာရင်းထည့်တွက်ပြီးသွားပြီဖြစ်သည်။ နောက်တစ်ကြိမ်၊ သူမ ကျောင်းတော်သို့ ပြန်သွားသည့်အခါ ငွေစာရင်း ဆီသို့ ငွေပေးချေရန် သွားရပေ

လိမ့်မည်။

မြင်းငှားရမ်းခ အတွက် ငွေပဲစေ့ နှစ်ဆယ်၊ ဟင်းပွဲတစ်ဝိုင်းစာ အတွက် …. ငွေပဲစေ့ ရှစ်ဆယ်၊ ဆရာရှောင်းကို ငှားရမ်းဖို့အတွက်..

နေပါဦး၊ ဘာကြီး!!

ရှဲ့ချောင်သည် ကျသင့်ငွေစာရွက်ပေါ်ရှိ အမျိုးအမည်များကို ကြည့်နေရင်း၊ သူမ နားမလည်နိုင်တော့ပေ။

ဆရာရှောင်းကို သူမ ဘယ်ချိန်က ငှားလိုက်တာလဲ!!?

ရှဲ့ချောင်၏ အမူအရာ မှာ ပိုပြီး ထူးဆန်းလာခဲ့လေသည်။

အိမ်ရှေ့စံမင်းသားအပြင်….. မနေ့က ဆရာရှောင်းလည်း အဲဒီမှာ ရှိခဲ့တာလား။

'ငှား–ငှားတယ်..'

သူမ ထို အကြောင်းကို စဉ်းစားလေလေ၊ အဓိပ္ပာယ်မရှိသည့် အရာများတွေးမိလေလေဖြစ်လာသည်။

နောက်ဆုံးတွင် သူမ ဆက်ပြီးသည်းမခံနိုင်တော့ပေ။

သူမသည် ခေါင်းကို မြင်လှည်းဘက်သို့ မှီထား

ကာ၊ မျက်နှာအမူအရာမှာတော့ တည်ကြည်လေးနက်နေခဲ့လေသည်။

ဆောင်းရာသီ အဝတ်အထည်ပွဲတော် ပြီးဆုံးသွားသည်နှင့် မကောင်းဆိုးဝါးဝိဉာဉ်များမှာ အောက်ဘုံလောကသို့ ပြန်သွားကြပြီဖြစ်သည်။ အခု၊ သူတို့ သူမကို ဝင်ပူးလို့မရတော့သလို၊ မနေ့က မကောင်းဆိုးဝါးဝိဉာဉ်များသည်လည်း သူမအနား တဝဲဝဲလုပ်နေကြတာ ရပ်တန့် သွားပြီဖြစ်သည်။ သူမကို အကျိုးသင့် အကြောင်းသင့် ပြောပြစရာ တစ်ယောက်တောင် ရှိမနေခဲ့ဘူး။!

မနေ့က မကောင်းဆိုးဝါးဝိဉာဉ်များ သူမ အနားတွင် မရှိကြတော့သော်လည်း၊ တခြားဝိဉာဉ်များတော့ ရှိနေဆဲ ဖြစ်၏။

သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အကာအကွယ်ပေးနိုင်သည့် ပစ္စည်းမှာ အနည်းငယ်သာ ရှိတော့ကာ

အဆောင်တစ်ခုမှ ကျန်မနေတော့ပေ။

မနေ့က ထိတ်လန့်သွားမှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့သည် သူမကို အသက်ရှူရ ခက်စေပြီး ၊ အထူးသဖြင့် လှုပ်ယမ်းနေသည့် မြင်းလှည်းကြောင့် … သက်တောင့်သက်သာ မရှိလှပေ။

ကံကောင်းစွာဖြင့်၊ သူတို့ ရှဲ့အိမ်တော်သို့ သိပ်မကြာလိုက်ဘဲ ရောက်သွားကြသည်။ ရှဲ့ချောင်သည် ဘေးတံခါးမှ ဖြတ်ပြီးဝင်သွားကာ၊သူမ၏ခြံဝန်းဆီ ပြန်သွားခဲ့သည်။

အထိန်းတော် ဝမ်နှင့် ချွင်းအားတို့ကို အကြောင်းကြားပြီးသည့်နောက်တွင်တော့ အိပ်ရာပေါ်သို့ ပစ်လှဲလိုက်တော့သည်။

ရှဲ့ချောင်၏ ခြံဝန်းမှာ အလွန်အင်မတန် တိတ်ဆိတ်လှသည်။

ရှဲ့ချောင် ကြိုတင်ပြီး ပြောထားတာကြောင့် နှစ်ယောက်သားမှာ အလွန်ဆူဆူညံညံ မလုပ်ရဲခဲ့ကြပေ။သူတို့သည် ရှဲ့ချောင်နိုးလာချိန် ကိုသာ စိုးရိမ်တကြီးစောင့်နေခဲ့ကြလေသည်။

ရှဲ့ချောင်မှာ တစ်ရက်နှင့် တစ်ညကြာ အိပ်နေခဲ့၏။

သူမ နိုးလာချိန်တွင်၊ သူမ၏ မျက်နှာမှာ အလွန်အမင်းကို ဖြူဖပ်ဖြူရော်ဖြစ်နေခဲ့လေရာ

အထိန်းတော်ဝမ်နှင့် ချွင်းအာတို့မှာ ထိတ်လန့်သွားကြရသည်။

" သခင်မလေး၊ ကျွန်မတို့ သမားတော်ပင့်ပြီး၊ စစ်ဆေးကြည့်ခိုင်းရအောင်လား။ သခင်မလေးကို ကြည့်ရတာ နေမကောင်းသလိုပဲ၊ ပြီးတော့ အ

ကြာကြီး အိပ်ပျော်နေခဲ့တာ…" အထိန်းတော် ဝမ်မှာ ရှဲ့ချောင်ကို သူမရဲ့ သမီး အရင်းတစ်ယောက်ကို ကြည့်သလိုမျိုး ကြည့်နေခဲ့၏။

ရှဲ့ချောင်သာ အိပ်ရာမဝင်ခင် သူမတို့ကို သတိမပေးခဲ့ပါက၊ သူမ အခုချိန်ထိ ထိုင်မြဲထိုင်နေနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

ထိုမျှမက၊ ရှဲ့ချောင်သတိလစ်နေချိန်တွင်၊ သူမသည် ရှဲ့ချောင်အနားတွင်သာ နေခဲ့သည်။ သူမ သတိလစ်နေသော်လည်း အဖျားမရှိတာကို သူမ သိသလို သူမ၏ အသက်ရှူနှုန်းမှာ လည်း တည်ငြိမ်နေခဲ့သည်။ ထိုအကြောင်းကြောင့်သာ သူမကိုယ်သူမ ထိတ်ထိတ်ပျာပျာ ဖြစ်နေခြင်းမှချုပ်ထိန်းထားနိုင်ခဲ့ပြီး၊ စောင့်နေခဲ့ခြင်းဖြစ်သည်။

"ကျွန်မ ဗိုက်ဆာတယ်" ရှဲ့ချောင်က သနားစရာ ကောင်းစွာနှင့် ပြောလိုက်သည်။

" ဒီမှာပါ စားစရာ တွေ၊ ကျွန်မ ဒါတွေကို မီးဖိုပေါ်မှာတင်ပြီးနွေးထားတာ" အထိန်းတော်ဝမ်က ချက်ချင်းပဲ တုံပြန်လိုက်သည်။ ချွင်းအာက ချက်ချင်းဆိုသလို မီးဖိုချောင်ထဲသို့ ပြေးသွားလိုက်၏။ မျက်စိတစ်မှိတ်စာ အတွင်းတွင်

စားစရာ အားလုံး ရှဲ့ချောင်ရှေ့၌ ခင်းကျင်းထားပြီးဖြစ်၏။

ဆေးကြောသန့်စင်ပြီးသည့် နောက်တွင် ရှဲ့ချောင်က ဖြေးဖြေးချင်းစားလို့နေသည်။

" ယန်စွမ်းအင် တော်တော်ကြီးလျော့နည်း သွားရုံပါ၊ လွန်ခဲ့တဲ့ နှစ်ရက်မှာ ရာသီဉတုက ကောင်းနေခဲ့တယ်လို့ ကျွန်မထင်တယ်။ ကျွန်မ ပိုပြီး နေပူဆာလှုံလိုက်ရင် ကောင်းသွားမှာပါ" ရှဲ့ချောင်

က စားနေရင်း ပြောလိုက်ကာ "ဒီနှစိရက်အတွင်းမှာ ပင်မခြံဝန်းက လူတွေ ကျွန်မဆီကို လာမကြည့်ခဲ့ဘူးမလား"

" သခင်မ ကသခင်မလေးကို ရှာခိုင်းဖို့ဆိုပြီး လူတစ်ယောက်လွှတ်လိုက်သေးတယ်။ သခင်မလေးက နေလို့မကောင်းဘူးလို့ ပြောလိုက်တာ အလုပ်ဖြစ်သွားတယ်"

အထိန်းတော်ဝမ် ကပြန်ဖြေလိုက်၏။

အစေခံတစ်ယောက် အနေဖြင့်၊ အချို့သော အရာများကို သူမ မပြောနိုင်ပေ။

ရှဲ့မိသားစု၏ သခင်မမှာ တကယ်ကို မခံစားတတ်သည့် သူတစ်ယောက်ဖြစ်၏။

ဥပမာအားဖြင့်၊သခင်မလေး တစ်ယောက်က နေမကောင်းဖြစ်နေသည်ဟု သူမပြောသောအခါ၊ အာရုံစိုက်တတ်သော သခင်မတစ်ယောက်သာ ထိုအကြောင်းကို ကြားလျှင် ထို အကြောင်းကို မေးမြန်းဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်လိမ့်မည်ဖြစ်သည်။သူမ သည် သမားတော်တစ်ယောက်ကို တောင် ပို့ပေးပေလိမ့်မည်။ သို့သော်လည်း၊ လုသခင်မကတော့ ထိုသို့ မလုပ်ခဲ့ပေ။ သခင်မလေး ပြန်သက်သာလာလျှင်သာ သူမကို လာတွေ့ဖို့ လူလွှတ်ပြီးပြောခိုင်းလိုက်လေသည်။

လုသခင်မသည် သူမက ရှဲ့မိသားစုထဲတွင် အရေးပါပြီး အာဏာရှိတယ်လို့ ထင်နေခဲ့သည်။

သို့သော်၊ သူမက အမေတစ်ယောက်ဖြစ်ပြီး၊ သခင်မလေးက သမီးတစ်ယောက်ဖြစ်နေတာကြောင့် အထိန်းတော်ဝမ်မှာ သူမကို ဝေဖန်ပြောဆိုလို့ မရနိုင်ပေ။

ရှဲ့ချောင်ကတော့ လုသခင်မကို စိတ်ထဲထည့်မနေခဲ့ပေ။

အစောပိုင်း သူမ တာအို ဘုရားကျောင်းတွင် ရှိခဲ့စဉ်က၊ လုသခင်မကို ရိုသေလေးစားရန်ရည်ရွယ်ခဲ့သေးသည်။

သို့ရာတွင်လည်း၊ အချိန်တစ်ခုကြာ အတူတူနေထိုင်ကုန်ဆုံးသွားပြီးနောက်၊ လုသခင်မ၏ ပင်ကိုစရိုက်မှာ သူမနှင့် ကိုက်ညီမနေတာကြောင့် သူမ၏ အားထုတ်မှုကို ဖြုန်းတီးပစ်ရန် အပင်ပန်းခံမနေတော့ပေ။

"သူတို့ လူတွေ ထပ်လွှတ်နေရင် မောင်းသာ ထုတ်လိုက်ပါ" ရှဲ့ချောင်က ထပ်ပြောလိုက်သည်။

သူမ ဗိုက်ထဲတွင် အစာရှိသွားပြီဖြစ်တာကြောင့်၊ ပိုပြီး နေလို့ ထိုင်လို့ ကောင်းသွားခဲ့ပြီဖြစ်သည်။

သူမ၏ ကိုယ်မှာလည်း နွေးလာတာကို ခံစားလိုက်ရသည်။

စားသောက်ပြီးသွားသည့်နောက် ရှဲ့ချောင်သည် နေပူဆာလှုံရန် ထွက်သွားလိုက်၏။ ပူနွေးသော နေရောင်ခြည်နှင့် ထိတွေ့လိုက်ရသောအခါ၊ သူမ ပိုပြီး ခွန်အားပြည့်လာတာကို ခံစားလိုက်ရတော့သည်။

•••••••

All Chapters