← Chapters

စိုးမိုး ခြယ်လှယ်ခြင်း

Vol. 14 Ch. 245

စိုးမိုး ခြယ်လှယ်ခြင်း

Vol. 14 Ch. 245

သိုသော်လည်း တိတ်ဆိတ်မှုက ကြာရှည်မခံခဲ့။

လုသခင်မ ရှဲ့ချောင်၏ခြံဝန်းထဲသို့ အတင်းကာရော ဝင်ရောက်လာချိန်တွင်၊ ရှဲ့ချောင်တစ်ယောက် မျက်လုံးများကို မှိတ်ထားလျက် ထိုင်ခုံပေါ်တွင် လှဲနေတာကို မြင်တွေ့လိုက်ရသည်။

နေရောင်အောက်တွင်၊ သူမ၏အသားမှာ ဝင်းလတ်နေကာ တောက်ပနေသလိုပင်။ သူမသည် မည်သည့်အချိန်မဆို မသေမျိုးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားနိုင်သည့် ပုံပေါက်နေလေ၏။

လုသခင်မမှာ အလွန်ကို မသက်မသာ ခံစားလိုက်ရလေသည်။

အစောပိုင်းက ရှဲ့ချောင်က နေမကောင်းလို့ဆိုပြီး သူမကို ပြောထားတာ၊ အခု သူမပုံက မကောင်းနေတဲ့ပုံ ပေါ်လို့လား။!

နေပူဆာလှုံဖို့တော့ အချိန်ရှိပြီး၊ အမေဖြစ်သူကို လာတွေ့ဖို့ အချိန်မရှိဘူးပေါ့၊

"ချောင်အာ!" လုသခင်မက သူမ၏ အသံကို မြှင့်ကာခေါ်လိုက်သည်။

အထိန်းတော် ဝမ်သည် ချက်ချင်းဆိုသလို သူမ၏ အရှေ့တွင် မတ်တပ်ရပ်ကာ "သခင်မ၊ သခင်မလေးက အနားယူနေပါတယ်။ ပြောစရာတစ်ခုခု ရှိတယ်ဆိုရင်၊ နောက်မှ ပြောလို့ရပါတယ်"

"ရိုင်းလိုက်တာ၊ နင် စည်းကမ်းတွေကို နားမလည်ဘူးလား။ သခင်မက နင်တားလို့ရနိုင်တဲ့ သူတစ်ယောက်မလို့လား" အိမ်တော်ထိန်းယွမ်က သူမကို ဒေါသ ဖြင့် ဝေဖန်ပြောဆိုလိုက်သည်။ " မြန်မြန်ထွက်သွားစမ်း၊ မဟုတ်လို့ကတော့ နင့်ကို

ချက်ချင်း ရောင်းစားပစ်မယ်"

လုသခင်မသည်လည်း ဤအမျိုးသမီးကြီးကို မုန်းတီးလေသည်။ အခု အိမ်တော်ထိန်းယွမ်က ပြောဆိုလိုက်ပြီဖြစ်တာကြောင့် ၊ သူမ စိတ်သက်သာရာရသွားကာ နေလို့ထိုင်လို့ ပိုကောင်းသွားခဲ့သည်။

အထိန်းတော်ဝမ်က ရယ်လိုက်၏ " ကျွန်မကို ရောင်းစားဖို့ စာချုပ်ရှိတယ်ဆိုပေမယ့် ၊အဲဒါက သခင်မလေးရဲ့ လက်ထဲမှာ။ တခြားဘယ်သူကမှ ကျွန်မကို ရောင်းစားပိုင်ခွင့် မရှိဘူး"

သူမသည် အစေခံတစ်ယောက်ဆိုသော်လည်း ရှဲ့ချောင်၏ အစေခံသာဖြစ်သည်။

အထိန်းတော်ဝမ်နှင့် ချွင်းအာတို့ နှစ်ယောက်

ဒုက္ခရောက်နေစဉ်က၊ ရှဲ့ချောင်သူမတို့ကို ဝယ်ယူချိန် ပြောခဲ့သည်မှာ သူတို့ လုပ်ရန်မှာ သူမ၏ အမိန့်ကို နာခံရန်သာဖြစ်သည်ဟုပင်။

အခြားသူတွေ၊ အထူးသဖြင့် သခင်မလေး သဘောမကျတဲ့ သူတွေကို သူတို့ လစ်လျူရှုထားနိုင်တယ်!

လုသခင်မ၏ မျက်နှာထားမှာ အေးစက်သွားကာ

" ချောင်အာ၊ အမေ သမီးကို ပြောစရာရှိတယ်၊ အစေခံတစ်ယောက်က အမေ့ကို ဒီလို ဆက်ဆံနေတာကို ခွင့်ပြုထားတော့မှာလား"

ရှဲ့ချောင်သည် မျက်လုံးကို ရေးရေးသာ ဖွင့်လျက် ပျင်းရိစွာနှင့် ပြောလိုက်သည် "အမေ ဒီရောက်နေတာလား၊ သမီး နေလို့ မကောင်းဘူး၊ နောက်မှ ပြောကြတာပေါ့"

သူမ၏ သဘောထားမှာလည်း အထိန်းတော်ဝမ်နှင့် အတူတူပင် ဖြစ်သည်။

လုသခင်မ ရှက်သွားတော့၏။

ဒါက သူမ ဒီခြံဝန်းထဲကို ပထမဆုံးအကြိမ်လာတဲ့ဟာကို ဒီလိုမျိူး ဆက်ဆံခံရတယ်တဲ့လား။

သူတို့က သူမကို လက်ဖက်ရည်တစ်ခွက် ဧည့်မခံရုံတင်မကဘူး မောင်းပါထုတ်သေးတယ်!

အရင်က သူမကို ဒီလိုဆက်ဆံဖူးတဲ့သူ ဘယ်သူများရှိလို့လဲ။

ကံကောင်းစွာနှင့် ဤကလေးကို မွေးခဲ့သည်မှာ သူမ မဟုတ်၍သာ။သူမ ကလေးသာဆိုပါက၊

ကလေးဘဝထဲက လည်ပင်းညှစ်သတ်နေပြီးလောက်လေပြီ။

ပြောစရာမလိုအောင်ပင်၊ လုသခင်မသည် ထွက်သွားဖို့ကို ငြင်းဆန်ခဲ့ကာ၊ သူမ ရပ်နေသည့် နေရာကပင် တန်းပြောလိုက်သည် "ဖင်းကန်းက လင်းမိသားစုကို ခေါ်ဖို့ လူတွေလွှတ်လိုက်တယ်လို့ကြားတယ်။ သမီး ဒီအကြောင်းကို မသိဘူးလား။ အမေက ဟွိုက်အာနဲ့ ရှီအာတို့ကို နှစ်တွေ အကြာကြီး ပျိုးထောင်လာပေးခဲ့တာ။ အမေက အများကြီးမပံ့ပိုးပေးနိုင်ဘူးဆိုပေမဲ့ ကြိုးကြိုးစားစားလုပ်ခဲ့တယ်။ သူတို့က လင်းမိသားစုကို ခေါ်လိုက်ရင် အမေကဘာဖြစ်သွားမလဲ။ နောင်တစ်ချိန်ကျရင် ဒီကလေးနှစ်ယောက်က အမေ့ကို ဘယ်လိုထင်ကြမလဲ"

" အထိန်းတော်ဝမ်၊ မှုခင်းဌာနကို သွားဖို့ လူတစ်ယောက်လွှတ်ပြီး၊ အစ်ကိုကြီးကို အိမ်ပြန်ခေါ်လာခိုင်းလိုက်ပါ။" ရှဲ့ချောင်က ဂရုမစိုက်ဟန်ဖြင့် ပြော

လိုက်သည်။

လုသခင်မသည် ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်း ဒေါသထွက်သွားတော့သည် " နင် သွားရဲလား"

သူမသည် ပြောရင်းနှင့် တံခါးကို ပိတ်ဆို့ထားခိုင်းလိုက်သည်။

ရှဲ့ချောင်က မတ်မတ်ထိုင်လိုက်ကာ သူမကို အေးစက်စွာနှင့် ကြည့်လိုက်သည် " အမေက သမီးရဲ့ ခြံဝန်းထဲလာပြီး စိုးမိုးခြယ်လှယ်ချင်နေတာလား။ အမေ ဘာကို လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာကို အဖေ မပြောပြထားဘူးလား"

သူမသည် ကြွေရုပ်တစ်ရုပ်လိုပင်။ သူမ၏ ဖြူနုနေသော မျက်နှာနှင့် စူးရှသော အကြည့်တို့မှာ

သူမကို လမ်းလျှောက်နေသည့် ဝိဉာဉ်မဲ့ အလောင်းကောင်တစ်ကောင်နှယ် ဖြစ်သွားစေသည်။

သူမ၏ လေသံမှာ ထိတ်လန့်ခြောက်ခြားစရာကောင်းနေလေ၏။

" ဘယ်သူက အဲဒီလို ပြောတာလဲ၊ ငါက ဒီအိမ်ရဲ့သခင်မတစ်ယောက်ပဲ။ ဘာကိစ္စ လာလို့ မရရမှာလဲ။" လုသခင်မသည် ပိုပြီး ဒေါသထွက်လာကာ " ချောင်အာ၊ အမေ ဘယ်တုန်းက သမီး ကို စိတ်ပျက်စေခဲ့ဖူးလို့လဲ။ သမီး ဒီကို ရောက်လာကတည်းက၊ အမေ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တယ်။ အရင် ရက်တုန်းကပဲ သမီးကို အဝတ်အစား အသစ်တွေ ဝယ်ပေးခဲ့သေးတယ်။ သမီး တော်ဝင်ကျောင်းတော်ကို သွားချင်တယ်လို့ ပြောတာကို လည်း အမေ မတားခဲ့ဘူး။ အမေ့ကို ကျေးဇူးဆပ်ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သမီးဘာလို့ ဒီလောက် အကြင်နာမဲ့ရတာလဲ"

လင်းမိသားစုသာ ရောက်ချလာလျှင် ဘာတွေ ဖြစ်ကုန်မလဲဆိုတာကို လုသခင်မ စိတ်တောင်မကူးကြည့်ဖူးပေ။

သူတို့သည် အဆင့်အတန်းမရှိသည့် ရိုးအသော သူများဖြစ်နေသော်လည်း၊ ရှဲ့ဖင်းဟွိုက်၏ မိသားစု ဖြစ်နေသ၍၊ မိထွေးတစ်ယောက်ဖြစ်သည့် သူမက အလွန် အရှက်ရမည်သာ ဖြစ်လေသည်။

ဤကာလတစ်လျှောက် ကလေးများကို သူမ ပြုစုပျိူးထောင်ပေးခဲ့သည်။ သူမ လုပ်ပေးခဲ့တာတွေက လင်းမိသားစုအတွက် လမ်းဖောက်ပေးတာမို့လို့လား။

ယခင်က သားအဖနှစ်ယောက်မှာ လင်းမိသားစု အကြောင်းကို မစဉ်းစားဖြစ်ခဲ့ကြ။ သူတို့ ဘာလို့

အခုမှ ရုတ်တရက်ကြီး အဲဒီ အကြောင်းတွေးမိသွားကြရတာလဲ။

ခန့်မှန်းကြည့်စရာ မလိုအောင်ပင်၊ ရှဲ့ချောင်ရဲ့ စနပ်ကြောင့် ပဲနေမှာ!

ဒီကလေးမက သူမရဲ့ ရန်သူတစ်ယောက် အနေနဲ့ မွေးလာခဲ့တာပဲ!

•••••

All Chapters