ဘယ်သူဦးနှောက် အရင်ပေါက်ထွက်မလဲ။
Vol. 14 Ch. 246
ရှဲ့ချောင်သည် မတ်တပ်ထရပ်လိုက်ကာ၊ ချွင်းအာကလည်း သူမကို ကူညီဖို့ ရှေ့သို့ အမြန် လှမ်း
သွားလိုက်သည်။
" သခင်မလု၊ ရှင်နဲ့ ကျွန်မက တစ်ယောက်နဲ့တစ်ယာက် ကင်းကင်းရှင်းရှင်းနေကြမယ်ဆိုရင်တောင်၊ ရှင်က ရှဲ့မိသားစု ရဲ့ သခင်မတစ်ယောက်ဖြစ်နေဦးမှာပါပဲ။ ဒါပေမဲ့၊ ဒီနေတော့ ကျွန်မရဲ့ ခြံဝန်းဆီလာပြီးတော့ ဆူဆူညံညံ ဖြစ်အောင် လုပ်ခဲ့တယ်။ ဖြစ်လာမယ့် အကျိုးဆက်ကို တွေးကြည့်ဖူးလား။" ရှဲ့ချောင်က စကားလုံးတစ်လုံးချင်းစီကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောလိုက်သည်။
သူမ၏ အသံမှာ ဖြေးညင်းနေသော်လည်း၊ သူမ၏ အရှိန်အဝါကတော့ လျော့နည်း မနေခဲ့ပေ။
လုသခင်မက သူမ၏ခင်ပွန်းဖြစ်သူမှာ သူ့သမီးကို ဂရုမစိုက်ဟု သူမ ယခင်ကတွေးခဲ့ဖူးသည်။သို့ရာတွင် ၊အချိန်ကြာလာသည်နှင့် အမျှ ၎င်းဟာ
အမှန်လို့ သူမ မပြောနိုင်တော့ပေ။
သူမရဲ့ ခင်ပွန်းက ရှဲ့ချောင်ကို ဂရုမစိုက်သော်လည်း၊ ရှဲ့ချောင်ပြောလိုက်သည့် စကားတိုင်းကိုတော့ အရေးမစိုက်ပဲ မနေခဲ့ပေ။
ရှဲ့ဖင်းကန်းလည်း ရှိသေးသည်။ သူတို့နှစ်ယောက်မှာ သွေးသားတော်စပ်သည့် မောင်နှမများဖြစ်ကြသည်။ သူတို့နှစ်ယောက်က အမြဲတမ်း တစ်ဖက်ထဲတွင် ရှိနေကြပြီး၊ သူမကို ပိုပြီး နာကြည်းစေကာ ညည်းညူတိုင်တန်းစရာသူလည်း တစ်ယောက်မှ ရှိမနေခဲ့ပေ။
" ကိုယ့်သမီးကို သင်ပြဆုံးမနေတာ၊ ဘာအကျိုးဆက်ရှိနိုင်မှာလဲ။ " လုသခင်မမှာ သူမ ယခင်က အလွန်ပျော့ညံ့လွန်းခဲ့သည် ဟု ခံစားလိုက်ရလေသည်။
ရှဲ့ချောင်သည် အငယ်တစ်ယောက်ဖြစ်သည်။ သူမကို ဆူပူကြိမ်းမောင်းပြီး၊ အပြစ်ပေးလျှင်တောင်၊ သူမ မှားတယ်လို့ ဘယ်သူပြောနိုင်လို့လဲ။ !
ဤ အကြောင်းက အပြင်သို့ ပျံ့သွားခဲ့လျှင်တောင်၊ တခြားသူတွေက သူမဟာ မိထွေးတစ်ယောက်အနေနဲ့ အားထုတ်ကြိုးပမ်းလွန်းတယ် ဟုသာ ပြောကြပေလိမ့်မည်။ ဤကလေးနှစ်ယောက်ကို လေးငါးနှစ်လောက် ပြုစုပျိုးထောင်ပေးလာခဲ့သည် မိထွေးတစ်ယောက်အနေနဲ့ဆိုရင် သူမရဲ့ဂုဏ်သတင်းက အမြဲကောင်းမွန်နေခဲ့တာ!
ရှဲ့ချောင်မှာ သူမ၏ ခန္ဓာကိုယ်ဟာ အားအင်ကုန်ခမ်းသွားတယ်လို့ ခံစားလိုက်ရတာကြောင့် ပြန်ထိုင်နေလိုက်သည်။
"တကယ်လို့ ဒီနေ့ ရှင်ရဲ့ ဒေါသကို ထွက်ပေါက်မရှာရရင်၊ ဒီကနေထွက်သွားပုံမပေါ်ဘူး၊ ဟုတ်တယ်မလား" ရှဲ့ချောင်က ပြောလိုက်၏။
" နင်ရဲ့ အမှားကို သေသေချာချာ ဝန်ခံရမယ်။ နင်ရဲ့ အဖေနဲ့ အစ်ကိုကြီး ပြန်လာတဲ့ အချိန်ကျရင် လင်းမိသားစုကို မခေါ်ဖို့ ပြောလိုက်။ မဟုတ်လို့ကတော့….. ချောင်အာ၊ အမေက ဒီမိသားစုမှာ တာဝန်ရှိတဲ့သူတစ်ယောက်ဖြစ်နေတုန်းပဲ။ သမီး သာ မလျော်မကန်ပြုမူနေမယ်ဆိုရင်၊ အမေ သမီးကို သင်ခန်းစာ ပေးရလိမ့်မယ်" လုသခင်မက နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။
သူမဟာ အတော် ပြတ်သားစွာ ပြောခဲ့သည်။
"ကောင်းပြီ၊ လုပ်လိုက်လေ။" ရှဲ့ချောင်သည် မှီလိုက်ကာ " ရှင်ရဲ့ သင်ခန်းစာဆိုတာ စကားလုံး
ကြီးပဲ သက်သက်တော့ မဟုတ်ဘူးမလား၊ အပြစ်ပေးချင်လား၊ဒါမှမဟုတ် ရိုက်ချင်လား"
လုသခင်မမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
ရှဲ့ချောင်၏ ပြန်တုံပြန်ပုံမှာ သူမ မျှော်လင့်ထားသည်နှင့် ကွဲပြားနေခဲ့သည်။
အထိန်းတော်ဝမ်က သရော်ပြုံးပြုံးကာ ပြောလိုက်၏။ " သခင်မလေးက အခုမှ နိုးခါစပဲရှိသေးတယ်။ သခင်မ ဒီကို မလာခင်ကထိ တစ်ရက်နဲ့ တစ်ညတောင် သတိလစ်နေခဲ့တာ။ ဒီကိုတောင် ရောက်နေပြီပဲ၊ သခင်မတစ်ယောက်အနေနဲ့ သူမရဲ့ အခြေအနေကို ဂရုမစိုက်ဘူးဆိုရင်တောင် အဆင်ပြေပါသေးတယ်၊ဒါပေမဲ့ သူမရဲ့ ဆံချည်တစ်မျှင်ကိုတောင် ထိရဲမယ်ဆိုရင်တော့၊
စကားလုံးတွေသာ အပြင်ကို ပေါက်ကြားသွားရင်၊ သူမကို သတ်ဖို့ ရည်ရွယ်ချက်ရှိနေတဲ့ သူတစ်ယောက်အနေနဲ့ အမြင်ခံရလိမ့်မယ်။ သူမက တော်ဝင်ကျောင်းတော်မှာ ပညာသင်ကြားနေတာ။ သူမ နေမကောင်းဖြစ်ပြီး၊ အကြောင်းပြချက်မရှိဘဲ ကျောင်းကို မသွားနိုင်ဘူးဆိုရင် ၊တစ်ယောက်ယောက်ကတော့ ဒီအကြောင်းကို သေချာပေါက် မေးမှာပဲ"
ရှဲ့ချောင်သည် အေးအေးလူလူထိုင်နေခဲ့၏။
သူမကို ရိုက်ခွင့်ပြုလိုက်စမ်းပါ။
လုသခင်မသာ သူမကို ဒီနေ့ တကယ် ရိုက်ရဲခဲ့မယ်ဆိုရင်၊ သူမရဲ့ သတ္တိကိုလေးသားမိလောက်တယ်။ အဲဒီနောက်မှာတော့ သူမရဲ့ ဂုဏ်သတင်းက ပျက်စီးကိန်းကြုံရမှာပဲ။
အထိန်းတော်ဝမ်ကို စိုက်ကြည့်နေရင်း လုသခင်မ၏ မျက်နှာမှာ တောင့်တင်းသွားခဲ့လေသည်။
" နင်ပြောတဲ့စကားတွေက အမှန်လားဆိုတာ ဘယ်သူသိမှာလဲ။ သူမက အမြဲတမ်း ကျန်းမာနေပေမယ့် အခုမှ နေမကောင်းဘူးတဲ့လား။ ငါလာတုန်းကတောင်၊ သူမက နေပူဆာလှုံနေတာလေ" လုသခင်မက ဒေါသတကြီး ပြောလိုက်၏။
"သခင်မ၊ အစောတုန်းကတော့၊ သူတို့က သခင်မလေးရဲ့ ကျန်းမာရေးက ချို့တဲ့နေတယ်ဆိုပြီး ပြောကြပေမဲ့၊ ကျွန်တော် မြင်ရတာတော့၊ သခင်မလေးက နေစဉ်ပုံမှန် စားသောက်နေနိုင်တာပဲ၊ ဒါကြောင့် ဘာပြဿနာမှ မရှိပါဘူး။ နောက်ပြီး…. သခင်မလေးက အမျိုးသမီးတစ်ယောက်ဖြစ်နေပေမဲ့၊ သူမက မကြာခဏဆိုသလို အပြင်ထွက်…"
" မကြာခဏ အပြင်ထွက်တယ်" လုသခင်မမှာ ကြက်သေသေသွားခဲ့သည်။
"ဟုတ်ပါတယ်၊ ကျွန်တော် သခင်မလေးရဲ့ လုံခြုံရေးကို စိတ်ပူမိတာကြောင့် သခင်မလေးရဲ့ အခန်းကို စောင့်ကြည့်ဖို့ လူတစ်ယောက် တိတ်တဆိတ်လွှတ်ထားပါတယ်။ လွန်ခဲ့တဲ့ နှစ်ညက သခင်မလေးက အခန်းမှာ ရှိမနေခဲ့ဘဲနဲ့ မနက်ကျမှသာ ပြန်ရောက်လာခဲ့တာပါ။ " အိမ်တော်ထိန်းက ထပ်ပြောလိုက်သည်။
လုသခင်မသည် ထိုစကားကို ကြားရသောအခါ၊ ဝမ်းသာသွားခဲ့လေသည်။
ဒါက ရှဲ့ချောင်ကို အပြစ်ပေးဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်ပဲ!
" ရှဲ့ချောင်၊ ဘာလို့ သမီးလိုမျိုး သခင်မလေးတစ်ယာက်က ညနက်သန်းခေါင် အပြင်ကို ထွက်ရတာလဲ။ ရှဲ့မိသားစုရဲ့ ဂုဏ်သတင်း ကို ဖျက်ဆီးချင်နေတာလား။"
လုသခင်မက အော်လိုက်ကာ
" ဒီနေရာမှာ ဒူးထောက်ပြီးတော့ ပြန်သုံးသပ်နေ"
ရှဲ့ချောင်ကတော့ သူမပြောတာကို မကြားသကဲ့သို့ပင်၊ လှုပ်တောင်မလှုပ်ခဲ့။
" တစ်ယောက်လောက်လာပြီးတော့ သခင်မလေးကို ချုပ်ပြီး ဒူးထောက်ခိုင်းလိုက်စမ်း" လုသခင်မက ဒေါသနှင့် ပြောလိုက်၏။
ယွမ်ရုန်သည် ချက်ချင်းဆိုသလို သူရဲ့ လက်ကို ဝေ့ယမ်းပြလိုက်တာကြောင့် အစေခံနှစ်ယောက်က လျှောက်သွားလိုက်လေသည်။
လုသခင်မ ခေါ်လာခဲ့သော လူများသည် နာခံကြ၏။
အထိန်းတော်ဝမ်က လျင်လျင်မြန်မြန်ပဲ သူတို့ကို တားလိုက်သည်။
ရှဲ့ချောင်၏ ဘေးတွင် ရှိနေသည်မှာ သူမ၏ ကိုယ်ပိုင် ရတနာသေတ္တာဖြစ်သည်။ ၎င်းသည် မူလက နေရောင်ပြရန် ဤနေရာတွင် ထားထားခြင်းဖြစ်သည်။ အခု၊ သူမက ၎င်းကို လှမ်းယူလိုက်ကာ အထဲသို့ မွှေနှောက်လိုက်ပြီးနောက် ဒူးလေးငယ် တစ်ခုကို ထုတ်ယူလိုက်လေသည်။
" ကောင်းပြီ၊ ရှေ့ကို နှစ်လှမ်းတိုးလိုက်ခဲ့လိုက်လေ။ ဘယ်သူရဲ့ ဦးနှောက် အရင် ပေါက်ထွက်မလဲ ကြည့်ကြတာပေါ့" ရှဲ့ချောင်သည် ထိုင်မြဲထိုင်နေကာ ၊သူမလက်ထဲရှိ ဒူးလေးကို လုသခင်မ ဘက်သို့ ချိန််ရွယ်လျက် ဖြေးဖြေးနှင့် အေးအေးဆေးဆေး ပြောလိုက်သည်။
သူမကိုယ်သူမ ကာကွယ်ဖို့ အရည်အချင်းတစ်ခု မပိုင်ထားဘဲနဲ့ တာအိုကျောင်းတော်ကနေ ဒီကို ဘယ်လိုလုပ်ပြီးတော့ လာမှာလဲ။
•••••