ယုတ်ညံ့သောအစေခံ
Vol. 14 Ch. 247
ရှဲ့ချောင်သည် ထိုင်မြဲထိုင်နေသော်လည်း သူမ လက်ထဲရှိ အရာက တော့ ခြိမ်းခြောက်နေခဲ့သည်။
လုသခင်မသည် တုန်လှုပ်သွားကာ နောက်သို့ အလျင်အမြန် ပြန်ဆုတ်လိုက်၏။ အခြားသော အစေခံများကလည်း ဦးခေါင်းကျိန်းလာသလို ခံစားလိုက်ရတာကြောင့် ဘယ်သူမှ ရှေ့သို့ မလှမ်းရဲကြတော့ပေ။
" သခင်မလေး၊ သခင်မလေးက မိန်းမပျိုလေးတစ်ယောက်လေ၊ ဘယ်လိုဖြစ်လို့ ဒီလိုပစ္စည်းမျိုး ရှိနေရတာလဲ" အိမ်တော်ထိန်းယွမ်သည် တစ်ချက်ကြည့်လိုက်သော်လည်း ကြောက်တော့ မကြောက်ခဲ့ပေ။ " တစ်ယောက်လောက်လာပြီးတော့ သခင်မလေးလက်ထဲကဟာကို မြန်မြန်ယူလိုက်စမ်း၊ကိုယ်ကို့ကိုယ် ထိခိုက်မိကုန်မယ်"
၎င်းသည် လေးတစ်ခုနှင့် မြားတစ်ချောင်းသာ ဖြစ်၏။ သူသည် ဓားပြတစ်ယောက် အဖြစ် မွေးလာခဲ့တာကြောင့် အရာရာတိုင်းကို မြင်ခဲ့
ဖူးသည်။ သူ ဘယ်လိုလုပ်ပြီး ဒီဟာလေးကို ကြောက်နေရမှာလဲ။!
ပြီးတော့၊ ဒီသခင်မလေးက အသက်တောင် ပုံမှန် ရှူနိုင်တဲ့ ပုံမပေါ်ဘူး။ သူမက လူသေကို တောင် မြင်ဖူးမှာ မဟုတ်တာ။ ဘယ်လိုလုပ် တိုက်ခိုက်ရဲမှာလဲ။
သူမက လက်ထဲက ပစ္စည်းနဲ့ လုသခင်မကို ကြောက်အောင် ခြောက်ဖို့ ကြိုးစားနေရုံပဲ။!
ရှဲ့မိသားစု၏ အစေခံအများစုမှာ ယခင်က တောင်ပေါ်ဓားပြစခန်းရှိ ဓားပြများဖြစ်ကြသည်။ သူတို့ ဓားပြဖြစ်ခဲ့စဉ်က သူတို့၏ ဘဝမှာ ခက်ခဲခဲ့သည်။ ထို့နောက်တွင်တော့၊ ရှဲ့နျိုရှန်းက သူတို့ကို ကောင်းမွန်တတဲ့ ဘဝတစ်ခုကို ပေးခဲ့တာကြောင့်၊ သူ့နောက်ကို လိုက်ရန် ဆန္ဒရှိခဲ့ကြလေသည်။
သူတို့သည် ရှဲ့နျိုရှန်းနှင့် ရှဲ့ဖင်းကန်းကို လေးစားကြသလို သားအဖနှစ်ယောက်က အရေးတယူပြုမှူကြသည့် ယွမ်ရုန်ကို လည်း လေးစားကြလေသည်။
ရှဲ့နျိုရှန်းကိုသာ ရှဲ့မိသားစု၏ အကြီးကဲတစ်ယောက်အနေဖြင့် မှတ်ယူဆဲဖြစ်လျှင် ယွမ်ရုန်ကခေါင်းဆောင်ငယ်တစ်ယောက် ဖြစ်လေသည်။
ယခု ယွမ်ရုန်က အမိန့်ပေးလာခဲ့ပြီဖြစ်သောကြောင့် အစေခံများမှာ တွန့်ဆုတ်မနေရဲကြတော့ပေ။ သူတို့သည် အရှေ့သို့ တက်ကာ ရှဲ့ချောင်လက်ထဲမှ အရာကို ယူချင်ခဲ့ကြသည်။
ရှဲ့ချောင်၏ မျက်လုံးများမှာ အေးစက်လို့နေ၏။
ဝှစ်ခနဲ မြည်သံနှင့် အတူ၊မြားသည် ယွမ်ရုန်၏ ဗိုက်တည့်တည့်သို့ ထိမှန်သွားခဲ့တော့သည်။
ယွမ်ရုန်မှာ သူ၏ခန္ဓာကိုယ်တွင်း စူးရှသည့် နာကျင်မှုကို ခံစားလိုက်ရ၏။ ထို့နောက် သူရဲ့ ဒဏ်ရာကို မယုံကြည်နိုင်စွာဖြင့် ငုံ့ကြည့်လိုက်လေသည်။
" ရိုင်းစိုင်းပြီး၊ မနာခံတတ်ဘူး။ သခင်ရဲ့ မိသားစုကို ထိခိုက်နစ်နာအောင်လုပ်ခဲ့တယ်။ ဒီလို ယုတ်ညံ့တဲ့ အစေခံမျိုးက သေဖို့ပဲတန်တယ်" လူတိုင်းရဲ့ တုန်လှုပ်နေသော အကြည့်များအောက်တွင်ပင် ၊ရှဲ့ချောင်သည် မြားကို ပစ်ခဲ့လေသည်။
သခင်မလုမှာ အကြောက်လွန်သွားတာကြောင့် သူမ၏ ကိုယ်မှာ တုန်ယင်နေခဲ့ကာ၊ မျက်နှာမှာဖြူဖျော့သွားခဲ့လေပြီ။
" သူ_သူမက လူတစ်ယောက်ကို သတ်ခဲ့တယ်" လုသခင်မက သူမ၏ ပါးစပ်ကိုဖွင့်ကာ၊ စကားပြောနေရင်းပင် သွေးဆုတ်နေလေပြီဖြစ်သည်။
ယွမ်ရုန်၏ ခန္ဓာကိုယ်မှာ ပျော့ခွေသွားကာ မြေကြီးပေါ်သို့ တန်းပြီး လဲကျသွားတော့သည်။ သူရဲ့ ဗိုက်မှ သွေးများ ပန်းထွက်လာခဲ့သည်။ တခြာသူများသည် ထိုအရာကို မြင်သောအခါ၊ ချက်ချင်းပဲ နောက်ပြန်ဆုတ်လိုက်ကြတော့သည်။သူတို့ ဘယ်လိုလုပ် ထပ်ပြီး ရှေ့ကို လှမ်းရဲတော့မှာလဲ။
ရှဲ့ချောင်သည် စိမ်ပြေနပြေနှင့် မတ်တပ်ထရပ်လိုက်၏။ " ယုတ်ညံ့တဲ့ အစေခံ၊ ရှင် သေသွားရင်၊ ရှင့်ကို လူသေတွေ အများကြီးရှိတဲ့ ဂူသင်္ချိုင်းမှာ ပစ်ဖို့ အစ်ကိုကြီးကို ကျွန်မပြောလိုက်မယ်"
လုသခင်မမှာ မျက်လုံးပြူးသွားခဲ့၏။ သူမ ခေါင်း
ထဲတွင် ဘာတွေဖြစ်နေသလဲဆိုတာ ဘယ်သူမှ သိမည်မဟုတ်သော်လည်း သူမကတော့ မူးလဲသွားခဲ့လေသည်။
ရှဲ့ချောင်သည် ထိုအခြင်းအရာကို မြင်ရသောအခါ သူမ၏ အေးစက်သော မျက်နှာအမူအရာ မှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။သူမက ပူပန်နေသော မျက်နှာထားဖြင့် " ဒီ ယုတ်ညံ့တဲ့ အစေခံက အမေကို ကြောက်လန့်သွားစေခဲ့တယ်။ မြန်မြန်၊ အမေ့ကို ပြန်ပြီးအနားယူလို့ရအောင် ကူပေးလိုက်ကြ"
တခြားသူများသည် သရဲတစ္ဆေကို မြင်လိုက်ရသည့် ပျားတစ်အုပ်သဖွယ် ဖြစ်သွားကြလေသည်။ သူတို့သည် သူမကို ဖရိုဖရဲပုံစံဖြင့် အဝေးသို့ သယ်ထုတ်သွားကြလေတော့သည်။
လူများ ထွက်ခွာသွားသည်နှင့်၊ ရှဲ့ချောင်သည်
ဒူးလေးငယ်ကို ဝါးခြင်းထဲသို့ ပစ်ထည့်လိုက်၏။
ချွင်းအာက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်
" သခင်မလေး၊ အဲဒီ အိမ်တော်ထိန်း သေတော့ မသေလောက်ဘူးမလား"
" သူသေတော့လည်း သေပစေပေါ့၊ သူနာကြည်းချက်နဲ့ မကောင်းဆိုးဝါးဝိဉာဉ်ဖြစ်လာတော့လည်း နောက်တစ်ကြိမ် ထပ်သတ်လိုက်မှာပေါ့" ရှဲ့ချောင်သည် တည်တည် ငြိမ်ငြိမ်လေးလေးနက်နက်နှင့် ထိုစကားကို အခက်အခဲမရှိပြောလိုက်လေသည်။
" ဒါပေမဲ့၊ သခင်မလေးရဲ့ဂုဏ်သတင်းက….." ချွင်းအာသည် ယွမ်ရုန်၏ အသက်ကို ပူပန်နေခဲ့ခြင်းမဟုတ်ခဲ့ပေ။
ယနေ့ ဖြစ်ပျက်သွားသည့် ကိစ္စများသာ အပြင်သို့ ပြန်သွားခဲ့ပါက သူမတို့၏ သခင်မလေးကို ဆိုးကျိုးဖြစ်စေမှာကို စိုးရိမ်၍သာ ဖြစ်သည်။
" ငါရဲ့ ဘဝကတောင် ယိုင်နဲ့နေတဲ့ဟာ၊ တခြားသူတွေရဲ့ ဘဝကို ဘာလို့ ဂရုစိုက်နေရမှာလဲ။" ရှဲ့ချောင်သည် သူမကိုယ်သူမ တည်ငြိမ်စေရန် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်၏။ ထို့နောက် သူမသည် ချွင်းအာကို သနားစရာ ကောင်းစွာပြောလိုက်သည်။ " ချွင်းအာ၊ ငါ နေ့လည်စာကို ဂျင်ဆင်း ကြက်ပြုတ်စားချင်တယ်"
ချွင်အားမှာ မှင်တက်သွားပြီးနောက် အလျင်အမြန်ပဲ သဘောတူလိုက်သည်
' သခင်မလေးက ကြိုးစားခဲ့တာပဲလေ'
သူမ၏ ခြံဝန်းထဲတွင် လူနည်းနည်းပဲ ရှိတာကြောင့် သူမတို့ အနိုင်ကျင့် ခံနေရခြင်းဖြစ်လေသည်။ သခင်မလေးသာ သူမကိုယ်သူမ ကာကွယ်ဖို့ တစ်စုံတစ်ရာ ရှိမနေဘူးဆိုရင်၊ သူမအနိုင်ကျင့် ခံရ၍ သေသွားနိုင်လောက်သည်။
စင်စစ်၊ ရှဲ့ချောင်သည် ဘာတွေဖြစ်နေသလဲဆိုတာကို သိထားလေသည်။
ယွမ်ရုန်သည် မိသားစု၏ အိမ်တော်ထိန်းတစ်ယောက်ဖြစ်နေသော်လည်း၊
သူမရဲ့ မိုက်ရူးရဲဆန်သည့် အဖေကတော့ သူရဲ့ ညီအစ်ကိုတွေကို ချစ်ခြင်းမေတ္တာပြသဖို့ အတွက်နဲ့ ယွမ်ရုန်းကို သူ့ကိုယ်သူ ရောင်းဖို့ စာချုပ်မှာ လက်မှတ်မထိုးခိုင်းခဲ့ပေ။
ယွမ်ရုန်သာ အမှန်တကယ်သေသွားခဲ့လျှင်၊ သူမသည် လူသတ်သမားတစ်ယောက်အဖြစ် နာမည်တပ်ခြင်းခံရပေလိမ့်မည်။
သို့ရာတွင်၊ ဒူးလေး ငယ်တစ်ခုက ထိုမျှလောက်ထိ မသေစေနိုင်လောက်ပေ။
••••••