← Chapters

ဝမ်းနည်ကြေကွဲကာ ထိတ်လန့်

Vol. 14 Ch. 248

ဝမ်းနည်ကြေကွဲကာ ထိတ်လန့်

Vol. 14 Ch. 248

မြားသည် ယွမ်ရုန်၏ ဝမ်းဗိုက်ကို ဖောက်သွားခဲ့သော်လည်း ဒဏ်ရာမှာ သေစေနိုင်လောက်သည်အထိတော့ မဟုတ်။ အများဆုံးမှ၊ ပျောက်ကင်းဖို့ အတွက် အချိန်တစ်ခုလောက်ကြာရုံသာ ဖြစ်သည်။

သို့သော် ၊ထိုကဲ့သို့သော သူမျိုးသည် ဤနေရာ

တွင် မနေသင့်တော့ပေ။

ယနေ့ သူက သခင်မလုကို ရှဲ့ချောင်၏ ခြံဝန်းထဲသို့ ချိုးဖောက်ဝင်ရောက်စေရန် သွေးထိုးကာ၊ သူမကို ထိခိုက်စေလိုခဲ့သည်။

နောင်တစ်ချိန်တွင် သူတို့သည် သူမကို သိသိသာသာကို သတ်ရဲကြပေလိမ့်မည်။

သူမ၏ မိဘများမှာ ဓားပြများ ဖြစ်ခဲ့ကြသည်။ ဓားပြများသည် မည်သို့သောလူမျိုးတွေ ဖြစ်သလဲ ဆိုသည်အား သူမကောင်းကောင်းသိပြီး၊ သူတို့၏ နာမည်ကို ရှင်းလင်းပေးဖို့ အတွက်လည်း သူမအတွက် မလိုအပ်ခဲ့ပေ။

သူမ၏ ဖခင်သည် သူ၏ လက်ရှိရာထူးကို ကံကောင်းမှုသက်သက်ဖြင့် ရခဲ့ခြင်းဖြစ်သည်။

သူသည် မိသားစုနှင့် တိုင်းပြည်ကို ကာကွယ်ရန် အတွက် လူရိုင်းများကို သုတ်သင်ပေးခဲ့သည်။

သို့မဟုတ်ပါက၊ သူလို လူမျိုးသည် ကွပ်မျက်ခံရရန် ဈေးထဲသို့ ဆွဲသွားခံနေရလောက်ပြီးဖြစ်၏။

[TN/အရင်ခေတ်က အပြစ်သားတွေကို သတ်မယ်ဆိုရင် စျေးလမ်းတစ်လျှောပ်ဆွဲခေါ်ပြီးမှ စင်တင်သတ်တာပါ။ အဲဒီစျေးလမ်းက သွားနေရင်း ပြည်သူတွေက ဟင်းရွက်တွေ ကျောက်ခဲတွေနဲ့ ဝိုင်းပေါက်ကြတာမျိုးပါ]

သူရဲ့ လူတချို့မှာ ဖြူစင်ရိုးသား စင်ကြယ်ကြပြီး၊ တချို့မှာတော့ ရဲစွမ်းသတ္တိရှိကြသည်။ သို့သော် ယွမ်ရုန်လို လူများကတော့…..

ပထမဆုံးအချက် အနေနှင့် သူသည် လူရိုင်းများ

ကို မနှိမ်နင်းခဲ့။ဒုတိယအချက်အနေနှင့် သူသည် ယုတ်ညံ့သည် ကိစ္စများကို ပြုလုပ်ခဲ့သည်။သူအခုချိန်ထိ သူမအဖေဘေးတွင် အသက်ရှင်လျက် နေနိုင်နေရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ သူမအဖေက မိုက်မဲနေ၍သာ ဖြစ်သည်။

ရှဲ့ချောင် သရော်လိုက်၏။

' ယွမ်ရုန်၊ ကျွန်မရှင့်ကို မသတ်နိုင်လည်း တခြားအရာတွေ လုပ်လို့ရသေးတယ်'

ရှဲ့ချောင်သည် စားလိုက်သောက်လိုက်နှင့် အိပ်ယာပေါ်တွင် လှဲနေခဲ့သည်။

သခင်မလု မူးလဲသွားသောအခါ၊ သူတို့သည် သမားတော်ကို ပင့်ပြီး၊ ဖေဝမ်ယွဲ့ကိုလည်း သူမကို လာကြည့်နိုင်ဖို့ ခေါ်လိုက်ကြသည်။ မသိလျှင်

သခင်မလုသည် သေရတော့မည့် လူအတိုင်းပင်။

တစ်ဖက်တွင်တော့၊ ရှဲ့ချောင်ဘက်မှာ အလွန်အင်မတန် တိတ်ဆိတ်လို့ နေခဲ့သည်။

နေ့လည်ခင်းတွင်၊ ချွင်းအာက သူမအတွက် ဂျင်ဆင်းကြက်သားစွပ်ပြုတ်ကို ပြုလုပ်ပေးခဲ့သည်။

ရှဲ့ချောင် အကုန်လုံးကို စားပစ်ခဲ့လိုက်၏။

သူမသည် ထိုသို့သော အာဟာရပြည့်ဝသည့် အစားအသောက်များကို သဘောကျသည်။ ညနေစာ အတွက် ချွင်းအာကို အရသာရှိသည့် စားစရာများ ပြင်ခိုင်းဖို့ လည်း တွေးလိုက်သေးသည်။

အရင်နေ့က ၊ မဆင်မခြင် စားသောက်ခဲ့ကြသည့်

မကောင်းဆိုးဝါးဝိဉာဉ်အနည်းစုကြောင့် သူမ၏ အစာအိမ် နာကျင်ခဲ့ရသည်။ အခုတော့ သူမကိုယ်သူမ ပြန်ကုစားဖို့ လုပ်ရပေမည်။

နေ့လည်ခင်းတွင် ရှဲ့ဖင်းကန်းနှင့် ရှဲ့နျိုရှန်းတို့ ပြန်ရောက်လာခဲ့၏။

ပင်မခြံဝန်းထဲတွင်၊ ရှဲ့ဖင်းဟွိုက်နှင့် ဖေဝမ်ယွဲ့တို့မှာ သခင်မလုကို တစ်နေကုန် စောင့်ကြည့်ပေးနေခဲ့ကြသည်။ သူမသည် ဖြူရော်နေသော မျက်နှာနှင့် ခုတင်ပေါ်တွင် လှဲနေခဲ့ပြီး၊ သူမခေါင်းတွင်တော့ အဝတ်စတစ်ခု စည်းထားသည်ကိုသာ သူတို့ မြင်တွေ့ကြရသည်။

သူမ အလွန်ကို သနားစရာ ကောင်းနေခဲ့လေသည်။

"ဘာတွေ ဖြစ်နေတာလဲ။ ငါဒီမနက် ထွက်သွား

တုန်းကတောင် သူမ အကောင်းကြီး ရှိသေးတယ်။ အခုဘာလို့ ဒီလောက်တောင် နေမကောင်းဖြစ်နေရတာလဲ။" ရှဲ့နျိုရှန်းသည် သူ၏ အပေါ်ဝတ်ရုံကို ချွတ်လိုက်ကာ၊ စိုးရိမ်တကြီးနှင့် မေးမြန်ရန်အတွက် ချက်ချင်းပဲ အရှေ့သို့ လှမ်းသွားလိုက်၏။

"ဦးလေး…." လုသခင်မ၏ သမီးဖြစ်သူမှာ အလျင်စလိုနှင့် ခေါ်လိုက်ရင်း သူမမျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာခဲ့လေသည်။

ရှဲ့နျိုရှန်းမှာ သူမ၏ ခေါ်ဆိုမှုကြောင့် တိတ်တဆိတ် လန့်ဖျပ်သွားခဲ့လေသည်။

ရှဲ့ဖင်းဟွိုက်သည်လည်း အတော်လေး စိတ် အနှောင့်အယှက်ဖြစ်နေကာ ခေါင်းကုတ်လိုက်၏။

ဒီနေ့ ဘာဖြစ်ခဲ့သလဲဆိုတာကို သူကြားထားပြီးပြီဖြစ်သည်။ ရိုးရိုးသားသားပြောရလျှင် …. သူရဲ့ အစ်မကြီး မှာ မှန်တဲ့အရာကိုသာ လုပ်ခဲ့သည် ဟု သူခံစားရသည်။

နောက်ပြီး၊ သူ့အဖေသည် အစောကတည်းက သူနဲ့ သူ့အစ်ကိုကြီးရဲ့ ခွင့်ပြုချက်မရှိဘဲ သူ့အစ်မကြီးရဲ့ ခြံဝန်းထဲကို ဘယ်သူမှ သွားခွင့်မပြုဟု ပြောထားခဲ့သည်။

သူ့အမေဖြစ်သူမှာ ဒါကို သိသိကြီးနှင့် လုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း၊ ဒီနှစ်များတွင် သူ့ကို စောင့်ရှောက်ရန်မှာလည်း သူ့အမေအတွက် လွယ်ကူမနေခဲ့ပေ။ သူမ ဘယ်လောက်တောင်လန့်သွားသလဲဆိုတာကို ကြည့်ပြီး၊ သူမကို အပြစ်မတင်ရက်တော့ပေ။

သူ့ခမျာ ဘေးကျပ်နံကျပ်ဖြစ်နေသည်ဟုသာ

ခံစားလိုက်ရကာ အတော်လေးသနားဖို့ကောင်းသည်ဟု ထင်မိလိုက်လေသည်။

"ဦးလေးရှဲ့၊ ရှဲ့ချောင်က မိန်းကလေးတစ်ယောက်ဖြစ်နေပေမယ့်၊ သမီးရဲ့ အမေကို မြားနဲ့ပစ်ချင်နေခဲ့တာ။ ဦးလေး အမေ့အတွက် ရပ်တည်ပေးရမယ်။ မဟုတ်လို့ကတော့၊ သမီး ဒီပြဿနာကို အုပ်ချုပ်ရေးရုံး ကိုတိုင်ကြားရမယ်ဆိုရင်တောင်၊ ရှဲ့ချောင်ကို ပြန်ပေးဆပ်ရအောင်လုပ်မှာ" ဖေဝမ်ယွဲ့မှာ ရုတ်တရက် စိတ်ပိုင်းဖြတ်လိုက်သလိုပင်။

ရှဲ့နျိုရှန်းက မျက်မှောင်ကြုတ်လိုက်မိသည် " ဘာပြောလိုက်တာလဲ။ သူမကို မြားနဲ့ပစ်တယ်တဲ့လား"

' ငါတော့ မယုံပါဘူး'

သူရဲ့ သမီးကြီး မှာ အားနည်းကာ အထိအခိုက်မခံ

နိုင်သူတစ်ယောက်ဖြစ်သည်။

သူမသည် နူးညံ့သိမ်မွေ့ပြီး ဂရုဏာသက်စရာ ကောင်းသည်။ သူမက ဘယ်လိုလုပ်ပြီး သခင်မလုကို မြားနဲ့ပစ်မှာလဲ။

ဆန့်ကျင်ဘက်အနေဖြင့် လုသခင်မက ရှဲ့ချောင်ကို သတ်ချင်ခဲ့တာဆိုလျှင်တောင် ပိုပြီး လက်တွေ့ဆန်ဦးမည်။

" သခင်ကြီး၊ ဒီနေ့ သခင်မက ပထမသခင်မလေးကို စကားပြောချင်ခဲ့တာပါ။ သခင်မက အကြိမ်ကြိမ် သွားမေးခိုင်းခဲ့ပေမယ့် သခင်မလေးက နေလို့ မကောင်းဘူးဆိုတာကြောင့် သခင်မက ကိုယ်တိုင် အလည်အပတ်သွားခဲ့တာပါ။ ဒါပေမဲ့ ၊ သခင်မ ခြံဝန်းထဲရောက်သွားတဲ့ အချိန်မှာ သခင်မလေးက ခြံဝန်းထဲထိုင်ပြီးတော့ နေပူဆာလှုံနေတာကို တွေ့လိုက်ရပါတယ်။ သခင်မက မတရားသလို ခံစားလိုက်ရတာကြောင့် သူမကို

စကားအနည်းငယ် ပြောလိုက်ခဲ့ပေမယ့်၊ သခင်မလေးက သူများကိစ္စကို မဆိုင်ဘဲနဲ့ ဝင်စွက်ဖက်တယ်ဆိုပြီး စွပ်စွဲပါတယ်။ သခင်မလေးက ငယ်ငယ်ကတည်းက တာအိုဘုရားကျောင်းတော်မှာ ကြီးပြင်းလာခဲ့တာကြောင့် စည်းမျဉ်းစည်းကမ်းတွေကို နားမလည်ဘူးလို့ သခင်မက ထင်လိုက်တာပါ။ နောင်တစ်ချိန်၊ သခင်မလေး လက်ထပ်ပြီးသွားရင်လည်း ဒီလိုမျိုး ဖြစ်နေမှာ ကို စိုးရိမ်တာကြောင့် သခင်မက ဆူလိုက်ပြီးတော့ သင်ခန်းစာပေးချင်ခဲ့တာပါ။ ဘယ်သူထင်မှာလဲ……."

" ဘယ်သူထင်မှာလဲ၊ သခင်မလေးက အရမ်းစိတ်ဆိုးသွားပြီးတော့ ဒူးလေးကို ထုတ်ပြီး အိမ်တော်ထိန်းယွမ်ကိုသေအောင် ပစ်လိုက်လိမ့်မယ်လို့။ ကံကောင်းလို့ သမားတော်ကအချိန်မီ ရောက်လာပြီး အိမ်တော်ထိန်းယွမ်ရဲ့ အသက်ကိုကယ်နိုင်ခဲ့တာပါ။" လုသခင်မ၏ အစေခံများထဲမှ တစ်ယောက်က ချက်ချင်းပြောပြလိုက်လေသည်။

လုသခင်မသည် မတရားသဖြင့် ခံစားရလျက်

" သခင်ကြီး၊ ကျွန်မက ရှဲ့မိသားစုရဲ့ သားသမီးတစ်ယောက်ကိုမှ မွေးမပေးခဲ့ဘူးဆိုပေမယ့်၊ ကောလဟာလ အသေရေဖျက်ပြောဆိုမှုတွေကြားမှာ ကျွန်မ သခင်ကြီးကို နှစ်ပေါင်းများစွာ အဖော်ပြုလာပေးခဲ့တယ်။ ချောင်အာက ကျွန်မစကားကို နားမထောင်တာကိုထားလိုက်၊ဒါပေမယ့် ဒါက သူ ကျွန်မကို ဆက်ဆံတဲ့ပုံပါ။ကျွန်မ ဝမ်းနည်းကြေကွဲပြီး ထိတ်လန့်ရပါတယ်။"

••••••

All Chapters