← Chapters

သခင်ကြီး ဘာမှ မသိပါဘူး။

Vol. 14 Ch. 249

သခင်ကြီး ဘာမှ မသိပါဘူး။

Vol. 14 Ch. 249

ရှဲ့နျိုရှန်းမှာ အကြမ်းဖျင်းသာ နားလည်ခဲ့သည်။

သူစိတ်တိုသွားခဲ့တာကြောင့် ချက်ချင်းပဲ

"ငါ အခုချောင်အာဆီသွားပြီးတော့ ဒီအကြောင်းကိုမေးမယ်"

ရှဲ့နျိုရှန်း ခြေလှမ်းကျဲကျဲနှင့် လျှောက်သွားလိုက်လေသည်။

ရှဲ့ဖင်းကန်းမှာ ဝင်လာလာချင်း တန်းသိလိုက်ရသည်။ သူ့အဖေ နောက်တစ်ကြိမ် ထပ်ပြီး အရူးလုပ်ခံရဦးမယ်ဆိုတာကို သူသိတာကြောင့် ပင်မခြံဝန်း၏ ဝင်ပေါက်တွင်စောင့်နေခဲ့ခြင်းဖြစ်လေသည်။

သူ့အဖေတစ်ယောက် အလျင်လိုနေတာကို မြင်လိုက်ရရချင်း၊ သူ ချက်ချင်းကို စိတ်ပျက်မိသွားလေသည် "အဖေ၊ ဘယ်လို လူမျိုးကို လက်ထပ်ခဲ့

တာလဲ။ သူမက လူစကားကို လုံးဝ နားမလည်ဘူးပဲ။ ဘယ်လောက်အရေးကြီးတဲ့ ပြဿနာပဲဖြစ်နေပါစေ ကျွန်တော်တို့ ပြန်ရောက်တဲ့ အချိန်ကျမှ ပြောကြမယ်ဆိုပြီး အဖေ အရင်က မပြောခဲ့ဖူးဘူးလား။ သူမကို ညီမလေးရဲ့ခြံဝန်းဆီသွားဖို့ ခွင့်မပြုထားဘူး။ သူမ ဒါကို နားးမလည်ဘူးလား။ "

ရှဲ့နျိုရှန်းမှာ ပါးစပ်အဟောင်းသားနှင့် ပြောစရာ စကားပျောက်ဆုံးသွားခဲ့ရတော့သည်။

အမှန်ပဲ၊ သူအရင်က ပြောခဲ့ဖူးတယ်!

သူ အရူးလုပ်ခံရတော့မလို့ပဲ။

" ငါ သူ့ကို ပြောဖူးပေမဲ့၊ သူမက လွတ်လွတ်လပ်လပ် ပတ်သွားလို့ရတယ်လေ၊ ငါ ဘာလုပ်နိုင်မှာမလို့လဲ။" ရှဲ့နျိုရှန်းမှာ စိတ်မချမ်းမသာ ဖြစ်သွားခဲ့လေသည်။

"ပြီးတော့ ယွမ်ရုန်ရောပဲ။ ဒီတစ်ကြိမ် ဖြစ်သွားခဲ့တာ သူနဲ့ ထိုက်တန်တယ်။ ဘယ်လိုလူမျိုးက သခင်မလေးရဲ့ ခြံဝန်းထဲကို ခြေချရဲတာလဲ။ ကျွန်တော်သာဆိုရင်၊ သူခေါင်းတည့်တည့်ကို မြားနဲ့ ပစ်ပြီးနေလောက်ပြီ။" ရှဲ့ဖင်းကန်းက ထပ်ပြောလိုက်လေသည်။

ထိုသို့ ပြောဆိုပြီးနောက်၊ ရှဲ့နျိုရှန်းမှာ နည်းနည်းတော့ စိတ်ငြိမ်သွားခဲ့သည်။

" ကောင်းပြီလေ၊ ဘာဖြစ်ခဲ့လဲ ဆိုတာ မင်းညီမကို မေးကြည့်ကြတာပေါ့" ။ ရှဲ့နျိုရှန်း သက်ပြင်းချလိုက်၏။

ရှဲ့ဖင်းဟွိုက်လည်း ဒီတစ်ခါတော့ သွားရန်အကြောင်းဖန်လာခဲ့သည်။ သားအဖ သုံးယောက် ရှဲ့ချောင်၏ ခြံဝန်းဆီသို့ သွားလိုက်ကြသည်။

သူတို့ ဝင်လိုက်သည်နှင့် မြေကြီးပေါ်ရှိ သွေးကွက်ကို မြင်လိုက်ကြရာ မျက်မှောင်ကြုတ်လိုက်မိကြသည်။

ကောင်းကင်သည် မှောင်နေပြီဖြစ်ရာ ရှဲ့ချောင်က အအေးမမိစေရန်အတွက်သူမ အခန်းဆီသို့ ပြန်သွားလိုက်သည်။

သူမသည် ထိုင်နေလျက် နိုင်ငံခြားစာပေများကို ဘာသာပြန်ဆိုနေခဲ့သည်။ သူမ၏ အရင်က ဆုံးရှုံးလိုက်မှုကို ပြန်အစားထိုးနိုင်ရန်အတွက် ငွေပဲစေ့များများရရန် ပိတ်ရက်အတွင်း အလုပ်များများ လုပ်ချင်နေခဲ့သည်။

အဖေနှင့် သားဖြစ်သူတို့မှာ အတော်လေး ကသိကအောက်ဖြစ်သလို ခံစားနေရလျက် တံခါး

ဝတွင်သာ မတ်တပ်ရပ်နေခဲ့ကြသည်။

" ဘာလို့ အဲ့မှာ မတ်တပ်ရပ်နေကြတာလဲ။ တံခါးကို စောင့်ကြပ်နေကြတာလား။" ရှဲ့ချောင်က စုတ်တံကို ချလိုက်ကာ မဖော်ရွေသော အသံအနေအထားနှင့် ပြောလိုက်၏။

ရှဲ့နျိုရှန်းမှာ အံ့အားသင့်သွားခဲ့သည်။ သူ ရှဲ့ဖင်းကန်းကို ကြည့်လိုက်ပြီးနောက် တီးတိုးပြောလိုက်၏ "သူ အဖေတို့ကို ဒေါသထွက်နေတာပဲ……"

ရှဲ့ဖင်းကန်း စိုက်ကြည့်လိုက်၏။

ဘယ်သူ့ကို အပြစ်တင်နေတာလဲ။

ရှဲ့ချောင် ထလိုက်ကာ ချွင်းအာကို လက်ဖက်ရည် ပြင်ခိုင်းလိုက်သည်။

" နေ့လည်တုန်းက ဘာဖြစ်ခဲ့လဲဆိုတာ မေးမလို့ လာခဲ့ရုံပဲ။ အဖေတို့က အိမ်မှာ ရှိမနေကြဘူး။ သမီးတို့ သားအမိနှစ်ယောက်ကြားမှာ သဘောထားကွဲလွဲတာတွေ ဖြစ်ခဲ့ရင်၊ အိမ်မှာ ပရမ်းပတာ တွေ ဖြစ်ကုန်လိမ့်…." ရှဲ့နျိုရှန်း အသံတိုးတိုးနှင့် သာ ပြောလိုက်၏။ သူ ယုံကြည်ချက်ရှိပုံမပေါ်ပေ။

တကယ်တမ်းပြောရလျှင် သူသည် သူရဲ့ ဒီသမီးကိုတော့ နည်းနည်းကြောက်သည်။

အကြောင်းမှာ သူရဲ့ အရာရှိရာထူးကို ပေးခဲ့သူမှာ ရှဲ့ချောင်ဖြစ်နေတာကြောင့်ပင်။ အရင်က၊ လူရိုင်းတွေကို နှိမ်နင်းပြီး သူရဲ့ အရည်အချင်းကို အရာရှိရာထူးတစ်ခုနဲ့ လဲလှယ်ရန်ဆိုပြီး ရှဲ့ချောင်သာ သူ

ကို စာရေးပြီး မတောင်းဆိုခဲ့လျှင်၊ ယခုချိန် သူရဲ့ ဘဝမှာ သက်တောင့်သက်သာ နေနေနိုင်လိမ့်မည် မဟုတ်ခဲ့ပေ။

ထို့မျှမက၊ သူရဲ့သမီးမှာ သူ့သားတွေနဲ့ မတူကွဲပြားသည်။ သူမသည် ညင်သာ သိမ်မွေ့ပြီး သူမရဲ့ အသံမှာလည်း ငှက်မွှေးလေးများသဖွယ် နူးညံ့လှသည်။သူရဲ့ အသံသာ အရမ်းကျယ်သွားခဲ့လျှင် သူမကို လိပ်ပြာလွင့်အောင် ခြောက်လန့်သွားသလို ဖြစ်သွားပေလိမ့်မည်။

အရေးကြီးဆုံးက၊ သူရဲ့ သမီးကြီးကို မြင်ရင် သူရဲ့ ပထမဇနီးဖြစ်သည့် ရက်စက်လှတဲ့ သခင်မဖုန် ကို တွေးမိတာပင်။

သူ့ဇနီးက သူ့ကို ရိုက်သည့်အချိန်တိုင်း သူမက သနားကြင်နာမှုကို မပြသခဲ့။

ရှဲ့ချောင်မှာ သခင်မဖုန်ထက်ပိုပြီး နှစ်လိုဖွယ်ကောင်းသည့် ပုံပေါ်ပြီး၊ သူမ အမေနှင့် မတူတာတောင်၊ သူမရဲ့ ထေ့ငေါ့နေတဲ့ လေသံက…..

စိတ်ဝင်စားစရာပင်။

" အဖေ ဘယ်သူ့ကို သမီးရဲ့ အမေလို့ ပြောလိုက်တာလဲ။" ရှဲ့ချောင် ရှဲ့နျိုရှန်းကို ကြည့်တောင် မကြည့်ဘဲ၊ ဂရုမစိုက်ဟန်ဖြင့် သရော်လိုက်သည် " သမီးရဲ့ အမေက ဟိုးအရင်ကတည်းက ပြန်ဝင်စားပြီးသွားခဲ့ပြီ၊ ဒီ ပုဂ္ပိုလ်က ဘယ်သူလဲ။ သမီး သူ့ကို ယဉ်ကျေးမှုအရ အမေဆိုပြီးခေါ်တာကို အဖေက တကယ်ကြီး အတည်ယူနေတာလား"

ရှဲ့နျိုရှန်း တံတွေးမျိုချလိုက်မိသည်။

" တကယ်ပဲ ဘာတွေဖြစ်ပျက်နေတာလဲ"

ချွင်းအာ ဝင်လာခဲ့သည်။

သူမသည် ဒေါသထွက်နေပုံရကာ " သခင်ကြီး ဘယ်လိုတောင် မေးရက်ရတာလဲ။ ကျွန်မတို့ရဲ့ သခင်မလေးက အသက်ဆုံးရှုံးမလိုတောင် ဖြစ်ခဲ့ရတာ၊ ဒါကို မသိဘူးလား။ "

ချွင်းအာမှာ အကြောက်အလန့်မရှိပေ။

ရှဲ့နျိုရှန်းမှာ မှာ ရုတ်တရက် အံ့ဩလန့်ဖျပ်သွားခဲ့ရကာ "ငါ အခုမှ အိမ်ပြန်ရောက်ရုံပဲရှိသေးတာ၊ ဒီအကြောင်းကို ဘယ်လိုလုပ်သိမှာလဲ…."

" သခင်ကြီးက ဘာတစ်ခုမှ မသိတာတောင်၊ ကျွန်မရဲ့ သခင်မလေးဆီကို လာပြီး ပြဿနာ ရှာချင်သေးတယ်။သခင်ကြီး ဘက်လိုက်နေတာ မဟုတ်ဘူးလား။" ချွင်းအာက ထပ်မေးလိုက်ပြန်သည်။

ရှဲ့နျိုရှန်းမှာ နှစ်ခါတောင် အပြောဆိုခံလိုက်ရသည် ဟု ခံစားလိုက်ရကာ "အဓိပ္ပာယ်မရှိတဲ့စကားတွေ တော်လိုက်တော့၊ နေ့ခင်းက ဘာဖြစ်ခဲ့တာလဲ။"

သူ့ရဲ့ ဂုဏ်ယူရတဲ့ သမီးလေးက ဘယ်လိုလုပ်ပြီး သေမလိုတောင် ဖြစ်ခဲ့ရတာလဲ!

••••••

All Chapters