အဖေ လုပ်နိုင်တယ်မလား။
Vol. 14 Ch. 250
ချွင်းအာ ဒေါသထွက်သွားခဲ့သည်။ မနေ့က ဘာဖြစ်ခဲ့လဲဆိုတာကို တွေးမိချိန်တွင် ရှဲ့ချောင်အတွက် သူမစိတ်ပူသွားရသည်။
" ကျွန်မတို့ သခင်မလေးရဲ့ ကျန်းမာရေးက ချို့တဲ့နေပြီးတော့ တစ်ရက်နဲ့ တစ်ညတောင် မေ့မြောနေခဲ့တာ။သခင်ကြီးတို့တွေ စိတ်ပူနေကြမှာ စိုးလို့ ကျွန်မတို့ကို သမားတော်ခေါ်ဖို့တောင် တားခဲ့တာ။ သခင်မလေးကပြောတယ်၊ဒါက ငယ်ငယ်လေးကတည်းက ဖြစ်နေတာမလို့ကျင့်သားရနေပြီ၊ ပြီးတော့ သတိလစ်တာကလည်း အဆင်ပြေပါတယ်တဲ့။ ကျွန်မတို့က သခင်မလေးနေထိုင်မကောင်းဖြစ်မှာကြောက်လို့ သခင်မလေးစကားကို နားထောင်ခဲ့ကြတာပါ။ တစ်ဖက်မှာတော့၊သခင်မက သခင်မလေးကို သူ့ဆီလာတွေ့ဖို့ဆိုပြီး လူလွှတ်ခေါ်ခိုင်းလိုက်ပါတယ်။ ကျွန်မတို့ သခင်မလေး နေမကောင်းပါဘူး ဆိုပြီးပြောခဲ့ပေမယ့် လုံးဝ မယုံကြည်ခဲ့ပါဘူး။"
" မနက်အစောတုန်းက နေရောင်က တောက်တောက်ပပကိုသာနေခဲ့တာ။သခင်မလေးက နေပူဆာလှုံရတာကို သဘောကျတယ်။ သူမပြောတာက ယန်စွမ်းအင်ပြည့်ဝနေတာကြောင့် ခန္ဓာကိုယ်အတွက် ကောင်းတယ်ဆိုပြီး ခြံဝန်းထဲမှာ ခဏ လှဲနေခဲ့တာပါ။ အဲဒါကို သခင်မက အစေခံတချို့ ခေါ်လာပြီး အခုလိုမျိုး အတင်းဝင်ရောက်လာခဲ့ပါတယ်။ ကျွန်မတို့ သင်မလေးက ဂုဏ်သရေရှိမိသားစုက လက်မထပ်ရသေးတဲ့ သမီး တစ်ယောက်ပါ။သူတို့ ဘယ်လိုလုပ်ပြီး အဲဒီလို ရိုင်းပျနိုင်ရတာပါလဲ။"
" ဒါက ဘာမှ မဟုတ်သေးဘူး။ သခင်မလေးက သူတို့ကို ထွက်သွားပေးဖို့ တောင်းဆိုခဲ့ပေမဲ့၊ သူတို့က နားမထောင်ခဲ့ကြဘူး။ သခင်မလေးကို ဟန်လုပ်နေတာဆိုပြီးတော့ သခင်မက မလျော့တမ်းပြောဆိုခဲ့ပြီး အပြစ်ပေးချင်နေခဲ့တာပါ။သူမက သခင်မလေးကို ရိုက်ပြီးတော့ ဒူးထောက်ရမယ် ဆိုပြီး ပြောခဲ့ပါတယ်။ ကျွန်မတို့ သခင်မလေးက မတ်တပ်တောင် ကောင်းကောင်းရပ်နိုင်
တဲ့သူတစ်ယောက် မဟုတ်ပါဘူး။ ဒါကို သခင်မက လုံးဝ ဂရုမစိုက်ခဲ့ပါပဲနဲ့ သခင်မလေးကို ရန်စနေခဲ့ပါတယ်။ "
"အဲဒီ အိမ်တော်ထိန်းယွမ်ကလည်း သခင်မလေးက ဆောင်းရာသီ အဝတ်အထည်ပွဲတော်ညက အိမ်ကိုပြန်မလာခဲ့ဘူးဆိုပြီး ပြောပါတယ်။ သခင်မလေးက မတော်တရော်တွေပြုမူနေသူဆိုပြီး တခြားသူတွေကို ပြောပြနေသလိုပါပဲ"
" ကျွန်မတို့ သခင်မလေးကဆောင်းရာသီ အဝတ်အထည်ပွဲတော်မှာ အိမ်ကို မလာဘဲနဲ့ ကျောင်းတော်ကို သွားနေခဲ့တာပါ။ သခင်ကြီး ကျွန်မကို မယုံဘူးဆိုရင် ကျောင်းတော်ကိုသွားပြီး အုပ်ချုပ်သူကို မေးလို့ရပါတယ်"
"သခင်မက ဒီသတင်းကို ကြားတဲ့ အချိန်မှာ၊ သားကောင်ကိုမြင်တဲ့ လင်းယုန်တစ်ကောင်လို
ဖြစ်သွားပြီးတော့ ချက်ချင်းကို ထိုးဆိတ်ပါတော့တယ်။ သူမက သခင်မလေးကို သင်ခန်းစာပေးဖို့ကိုပဲ အတင်းပြောဆိုနေခဲ့တာပါ။ သူမက ဘယ်လိုလုပ်ပြီး သခင်မတစ်ယောက်အနေနဲ့ အရည်အချင်းပြည့်မှီနေတာပါလဲ။ သခင်မလေးက ဆိုးတဲ့ အရာတစ်ခုမှ မလုပ်ခဲ့ပါဘူး။ တကယ်လို့ လုပ်ခဲ့ရင်တောင်မှ၊သခင်မက မိသားစုဂုဏ်ကို ကာကွယ်ဖို့ကြိုးစားရမယ့်အစား ပုံကြီးချဲ့ပြီးပဲအရေးလုပ်ချင်နေခဲ့ပါတယ်။
" မြို့တော်ကို လာတဲ့လမ်းမှာ၊ သခင်မလေးက သွားလိုက်တဲ့နေရာတိုင်း၊ ဒုက္ခတွေနဲ့ပဲ ကြုံတွေ့လာခဲ့ရတယ်။လုသခင်မက ဖေသခင်မလေးအတွက်တော့ ကောင်းနိုးရာရာတွေ အကုန်လုံးကို ဝယ်ပေးခဲ့ပေမဲ့၊ သခင်မလေးအတွက်တော့ တစ်ခုလေးတောင်မပါခဲ့ပါဘူး။ လွန်ခဲ့တဲ့ရက်က သခင်မလေးအတွက်ရည်ရွယ်ပြီးပေးခဲ့တဲ့ ယွမ်အိမ်တော်ရဲ့ လျော်ကြေးပစ္စည်းတွေကိုလည်း သခင်မက သခင်မလေးအတွက် သူဝယ်ပေးထားတဲ့ပုံမျိူးဖြစ်အောင်လုပ်ခဲ့ပါတယ်။ သူမက သခင်မလေး
အတွက် အနစ်နာတောင်ခံခဲ့ရသေးတယ်ဆိုပြီးပြောခဲ့သေးတယ်။ ဟာသပဲ"
" ဒီ အစေခံက ဘာမှမသိဘူးဆိုပေမဲ့၊ သခင်မလေးအတွက် နာကျင်ရပါတယ်။ သခင်ကြီးတို့အတွက်သာ မဟုတ်ရင် သခင်မလေးက ဒီလောက်ခံစားရမှာမဟုတ်ဘူး"
ချွင်းအာ၏ ဆက်တိုက်ပြောထွက်လာသော စကားလုံးများမှာ ရှဲ့နျိုရှန်းကို ကြက်သေသေသွားစေခဲ့လေသည်။
အဆုံးမှာတော့ ဒီသခင်မလေးမှာ သူမရဲ့ အဖေကို သားသမီးဝတ်ကျေပွန်ခဲ့ကာ အရာရာတိုင်းကို သည်းခံခဲ့ကြောင်းကို သူသိရှိသွားခဲ့လေပြီ။
သူမရဲ့ အဖေတစ်ယောက်အနေနဲ့ သူက ဆိုးယုတ်
တဲ့ အမျိုးသမီးတစ်ယောက်ကို လက်ထပ်မိခဲ့ပြီး ဒီသမီးလေးကို ဒုက္ခတွေ ကြုံတွေ့ခံစားစေမိခဲ့သည်။
သူရဲ့ အိုမင်းနေသော မျက်နှာမှာ နီမြန်းသွားခဲ့လေ၏။
" အခု ညီမလေးရဲ့ ကျန်းမာရေးအခြေအနေက ဘယ်လိုနေလဲ" ရှဲ့ဖင်းကန်းက အလျင်စလို မေးလိုက်သည်။
"ဖြည့်စွက်စာတွေ စားခဲ့ပြီးဖြစ်လို့ အဆင်ပြေနေပါပြီ"
ရှဲ့ချောင်မှာ စိတ်ဓာတ်ကျကာ မပျော်မရွှင်ဖြစ်နေသည့်ပုံပင်။
" သမီးနေမကောင်းဘူးဆိုတာ အဖေတို့ကို ဘာလို့ မပြောရတာလဲ။ သမီးအတွက် သမားတော်တစ်ယောက်ပင့်မပေးနိုင်လောက်အောင် အဖေတို့မိသားစုက ငွေမရှိလို့လား" ရှဲ့နျိုရှန်းက ပြောလိုက်၏။
ရှဲ့ချောင်က သူ့ကိုကြည့်လိုက်ကာ "အဖေ့မှာ ပိုက်ဆံရှိလို့လား။ အဖေ့မှာ ငွေမရှိဘူးဆိုတာ အသိသာကြီးပဲလေ"
ရှဲ့နျိုရှန်းမှာ ပြောစရာစကားပျောက်ဆုံးသွားရကာ ရင်ဘတ်ထဲက နာကျင်မှုကိုပင် ခံစားလိုက်ရလေသည်။
ဆင်းရဲတယ်။
သူ့ထက် ပိုပြီး ဆင်းရဲသည့် အမတ်တစ်ယောက်မှမရှိလောက်ပေ။
ရှဲ့နျိုရှန်းသည် သုန်မှုန်နေလျက် ရှဲ့ဖင်းဟွိုက်၏ ခေါင်းကို ဖြန်းခနဲရိုက်လိုက်သည် " ကောင်စုတ်လေး၊ မင်းရဲ့ အစ်မကို အကြွေးတင်နေတင်တဲ့ ငွေစ တစ်သောင်းကို ဘယ်ချိန်ပြန်ပေးမှာလ"
ရှဲ့ဖင်းဟွိုက်သည် သူရဲ့ခေါင်းကို ကာလိုက်ကာ သူ့အဖေကို စိုက်ကြည့်လိုက်သည်။
သူနဲ့ ဘာဆိုင်လို့လဲ!!
သူရဲ့ ဒေါသကို ထွက်ပေါက်ရှာလိုက်ပြီးနောက်တွင်၊ ရှဲ့နျိုရှန်းသည် ရှဲ့ချောင်ကို ကြည့်လိုက်ကာ ရှက်ပြုံးပြုံးရင်း ပြောလိုက်သည် "အဖေတို့ ဘယ်လောက်ပဲ ဆင်းရဲနေပါစေ၊ သမီး
အတွက် သမားတော်တစ်ယောက်တော့ ပင့်ပေးရမှာပေါ့…. အို၊ဟုတ်သားပဲ၊ သမီး ဘာဖြည့်စွက်စာတွေ စားတာလဲ။ လုံလောက်ရဲ့လား။ နောက်ထပ်ပိုပြီး သွားဝယ်လိုက်၊ နောက်မှ အဖေတို့ရဲ့ ငွေစာရင်းထဲက ငွေကို ယူလိုက်…."
" အဖေက သမီးအတွက် ပေးမလို့လား" ရှဲ့ချောင်သူမအဖေကို အေးဆေးတည်ငြိမ်စွာနဲ့ပဲ ကြည့်လိုက်သည်။
" ဒါပေါ့" ရှဲ့နျိုရှန်းက ချက်ချင်းပဲ ပြန်ပြောလိုက်သည်။
" ကောင်းပါပြီ၊။ သမီး ခဏနေကျရင် သမီးရဲ့ နေ့စဉ် အစားအသောက်စာရင်းကို ချွင်းအာကို ပို့ပေးဖို့ ပြောလိုက်မယ်။သမီးရဲ့ ခန္ဓာကိုယ်က ကျန်းမာစေမယ့်အရာအကုန် လိုအပ်တာပေါ့၊ စာရင်းထဲက ဘယ်တစ်ခုကိုမှ အဖေ မမေ့သင့်ဘူး
နော်။ သမီးအခုချိန်က စပြီး အဖေ့ကိုပဲ မှီခိုရတော့မှာ" ရှဲ့ချောင်သည် လေးနက်စွာနှင့်ပြောလိုက်၏ "ယွမ်ရုန်ရောသေသွားပြီလား။ သူသေသွားပြီဆိုရင်လည်း လူသေတွေအများကြီးရှိတဲ့ သင်္ချိုင်းကို ပို့လိုက်ပါ။ မသေသေးဘူးဆိုရင်လည်း …အကြိမ် ၈၀လောက်ရိုက်၊ နံရိုးတွေကို ချိုးပစ်ပြီးတော့ အိမ်ကနေ မောင်းထုတ်လိုက်ပါ။ အဖေ လုပ်နိုင်တယ်မလား။"
••••••