ရွေးချယ်စရာ သုံးခု
Vol. 14 Ch. 251
ရှဲ့နျိုရှန်းမှာ ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။။
ဒီမိန်းကလေး အော်ဟစ်ရန်တွေ့တာမျိုးကို သူကျင့်သားမရသေးပေ။ သူမ စောစောက ပြောခဲ့သော ဖြည့်စွက်စာ စာရင်းကိုတော့ သူလုံးဝ ဂရုမ
စိုက်။
သခင်မလေးတစ်ယောက်က ငွေတုံးဘယ်လောက်များများသုံးနိုင်မှာလဲ။ သူမက သေးကွေးလွန်းတယ်လေ….
"သမီး၊ ယွမ်-ယွမ်ရုန်က အဖေနဲ့ အတူ ဟိုးအစကတည်းက အတူတူရှိလာခဲ့ကြတာ။ အဖေတို့က တောင်ပေါ်စခန်းတစ်ခုတည်းကသူတွေ၊ အခု အဖေက ကောင်းကောင်မွန်မွန်ရှိနေမှတော့ သူ့ကို စွန့်မပစ်လို့မရဘူးလေ၊ ဟုတ်တယ်မလား။"ရှဲ့နျိုရှန်းက ဂရုတစိုက်နှင့် ပြောလိုက်၏။
ရှဲ့ချောင်၏မျက်လုံးများကျဉ်းမြောင်းသွားခဲ့သည်၊အနည်းငယ်စိတ်ပျက်သွားပုံပင်။
" ဆိုတော့ အဖေမျက်လုံးထဲမှာ၊ သူက အဖေရဲ့
သမီးကို ထပ်တလဲလဲ စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်နေတာတောင်မှ အဖေ့ရဲ့ညီအစ်ကိုကို ကာကွယ်ဖို့ လိုတယ်ပေါ့။ အဖေ ဒါကို သည်းခံနိုင်တာလား။ သူက ဒီနေ့ သမီးရဲ ခြံဝန်းထဲ အတင်းဝင်ရောက်လာခဲ့ပြီး၊ သမီးရဲ့ ပစ္စည်းတွေ ယူသွားဖို့တောင် အစေခံတွေကို အမိန့်ပေးခဲ့သေးတယ်။ တစ်နေ့ကျရင် သမီးရဲ့ အသက်ကိုလည်း သူ့ကိုပေးပစ်လိုက်မယ်ပေါ့၊ဟုတ်လား" ရှဲ့ချောင်ရဲ့ အသံမှာ အေးစက်ပြီး ဂရုမစိုက်ဟန်ဖြစ်နေကာ ခပ်တန်းတန်းဖြစ်နေသော အရိပ်အမြွက်များလည်း ပါဝင်နေခဲ့သည်။
ရှဲ့နျိုရှန်းတစ်ယောက် ထိုစကားများကို ကြားသောအခါ ကျောချမ်းသွားရသည်။
" သူက အသတ်ခံရဖို့ တန်တယ်"! ရှဲ့ဖင်းကန်းသည် ပြတ်ပြတ်သားသားနှင့် " ညီမလေး၊ မစိုးရိမ်နဲ့။ အစ်ကိုတို့ ပြန်တဲ့အချိန်ကျရင်၊ သူရဲ့ နံရိုးတွေကို ပျက်စီးအောင် လုပ်ပစ်ပြီးတော့
မြို့တော်ကနေ နှင်ထုတ်လိုက်မယ်။။ အနာဂတ်မှာလည်း၊ အဲဒီလူကြီးကို ရှဲ့မိသားစုနဲ့ နီးစပ်တဲ့ ဘယ်နေရာကိုမှ နောက်တစ်ကြိမ် ထပ်သွားခွင့် မပြုတော့ဘူး။ သူက ညီမလေးကို ဒီလိုမျိုး အရှက်ရစေခဲ့တာ၊ သေခြင်းတရားထက်ပိုပြီးဆိုးရွားတဲ့ ကံတရားကို သေချာပေါက် ခံစားရသင့်တယ်"
" ဟိတ်ကောင်" ရှဲ့နျိုရှန်းမှာ အနည်းငယ် စိုးရိမ်ကြောင့်ကြနေခဲ့လေသည်။
ယွမ်ရုန်က အပြစ်ပေးခဲ့ရသင့်တယ်၊ သူ့ကို မောင်းထုတ်တာက ပြဿနာ မဟုတ်ဘူး၊ ဒါပေမဲ့….
" အဲဒီ အယုတ်တမာ ယွမ်ရုန်က အချိန်တွေအကြာကြီး မလျော်မကန်ပြုမူလာခဲ့တာ။မိသားစုရဲ့ ဘဏ္ဍငွေက ကမောက်ကမ ဖြစ်နေတယ်။သူက သခင်မလုရဲ့ လစ်ဟာနေတဲ့ စီမံခန့်ခွဲမှုကနေ သိသိသာသာကိုအကျိုးမြတ်ရနေတာ။သူက
တောင်ပေါ်စခန်းက လူတစ်ယောက်ဖြစ်နေပေမဲ့၊ အမှိုက်တစ်ခုသာသာပဲ။ သူ ကျွန်တော်တို့နဲ့အတူ တစ်ခါမှ မတိုက်ပေးခဲ့ဖူးဘူး။ သူ့ကို ကြမ်းကြုတ်တဲ့ ဓားပြတစ်ယောက်ကနေပြီးတော့ အိမ်တော်ထိန်းတစ်ယောက်ဖြစ်အောင် လုပ်ပေးခဲ့တယ်။ ကျွန်တော်တို့ သူ့ကို မမျှမတ ဆက်ဆံခဲ့လို့လား။ သူ တကယ် သူ့သခင်ရဲ့ ခေါင်းပေါ်တက်ရဲတာပဲ။ ဒီလိုလူမျိုးက တောင်ပေါ်စခန်းမှာ ရှိနေဦးမယ်ဆိုရင်တောင်၊ သစ္စာဖောက်တစ်ယောက်ဖြစ်နေဦးမှာပဲ။ သူ့ကို ဝံပုလွေတွေဆီ ပစ်မကျွေးလိုက်တာပဲ ကောင်းနေပြီ။ "
ရှဲ့နျိုရှန်းမှာ ထိုအကြောင်းတွေကို နားလည်သည်။ အခု သူ့သားကြီး၏ စကားများကို ကြားလိုက်ချိန်တွင်တော့ ဤကိစ္စကို လေးလေးနက်နက် စဉ်းစားကြည့်မိတော့သည်။
ယွမ်ရုန်မှာ အရည်အချင်းပြည့်မီတယ်လို့တော့ သူ မထင်။
တောင်ပေါ်စခန်းမှ လူများသည် နည်းသထက်နည်းလာ၍သာ။ အတူတူထွက်ခွာလာခဲ့ကြသည့်သူများထဲမှ တချို့ဆိုလျှင် လုံး မတူညီတော့သည် ဘဝတစ်ခု ရှိနေကြပြီးဖြစ်ပြီး၊ ညီအစ်ကိုကြားဆက်ဆံရေးဆိုသည်မှာလည်း မေ့ပျောက်သွားတာကြာပြီဖြစ်၏။
"ကျေးဇူးတင်ပါတယ်၊ အစ်ကိုကြီး" ရှဲ့ချောင်က ပြောလိုက်၏။
ရှဲ့ဖင်းကန်း၏ မျက်နှာမှာ လေးနက်တည်ကြည်နေသည်။ သူ ခေတ္တမျှ တွေးကြည့်ပြီးနောက် ပြောလိုက်၏။ "အခုက အိမ်မှာရှိတဲ အစေခံတွေကို ပြောင်းလဲ ပစ်ရမယ့် အချိန်ပဲ။ အဖေကအတိတ်ကို တမ်းတနေတာဆိုပေမဲ့၊ ဒါက တောင်ပေါ်စခန်း ဟုတ်မနေဘူး။ စည်းကမ်းတွေကို မလိုက်နာတဲ့သူနဲ့ မလျော်မကန်ပြုမူနေကြတဲ့ သူတွေကို နေ
ခွင့်မပြုဘူး!"
ဟိုးအရင်ကတည်းက ဒီလိုမျိုး ဖြစ်သင့်တာ။!
ထိုအခါမှသာ ရှဲ့ချောင်၏ မျက်နှာတွင် စိတ်သက်သာရရသွားဟန် ဖြစ်သွားတော့သည်။
ရှဲ့နျိုရှန်းမှာလည်း ရှဲ့ချောင်အပေါ် အပြစ်ရှိသလို ခံစားနေရသည်။
သေသေချာချာတွေးကြည့်မည်ဆိုလျှင် သူသည် ယွမ်ရုန်နှင့် တခြားသူတွေ အပေါ်ကောင်းခဲ့သည်။ဒါပေမဲ့၊ အခုတော့ ယွမ်ရုန်က တကယ်ပဲ သူ့သမီးကို အနိုင်ကျင့်ခဲ့……
သူရဲ့ သဘောထား မှာ လျင်လျင်မြန်မြန်ပဲ
ပြောင်းလဲသွားခဲ့သည်။
သူစဉ်းစားကြည့်လေလေ၊ ယွမ်ရုန်က တကယ်ကို သစ္စာဖောက်တစ်ယောက်ဖြစ်တယ်လို့ ခံစားလာရလေဖြစ်သည်။
" အဖေ့မှာ ဒီတစ်လော ဘာမှ လုပ်စရာ မရှိဘူးဆိုရင်၊ အဖေ အလည်လာပြီးတော့ သမီးနဲ့ စစ်တုရင် လာကစားပါလား" ရှဲ့ချောင်က ရုတ်တရက်ပြောလိုက်၏။
ရှဲ့နျိုရှန်းမှာ ကြက်သေသေသွားကာ အနည်းငယ် ဒွိဟ ဖြစ်သွားခဲ့သည်။ သို့ရာတွင်၊ သူ့သမီးဖြစ်သူ၏ အသံမှာ နူးညံ့ကာ သနားစရာကောင်းပုံပေါက်နေရာ သူစဉ်းတောင် မစဉ်းစားဘဲ ခေါင်းညိတ်လိုက်မိသည်။
သူ သဘောတူလိုက်ပြီးသည့်နောက်တွင်မှ သတိရ လိုက်သည်က သူ့သမီးမှာ…… မိသားစုအတွက် ကံဆိုးစေတဲ့ ကံကြမ္မာရှိနေတာ မဟုတ်လား။ နောက်ပြီး၊ စစ်တုရင် ဘယ်လို ကစားရသလဲဆိုတာ သူမသိဘူး။
သူ ရုတ်တရက် အနည်းငယ် ကြောက်လန့်သွားခဲ့သည်။
သို့ရာတွင်၊ ရှဲ့ချောင်မှာ အခုချိန်တွင် စိတ်မချမ်းမသာ ဖြစ်နေကာ၊ ဝုန်းဒိုင်းကြဲလုနီးနီး ဖြစ်နေသည်။
" အဖေ၊ သခင်မလုက… " ရှဲ့ဖင်းကန်းက မချင့်မရဲ ဖြစ်နေပြီး၊ " အဖေ့ကို ရွေးချယ်စရာ သုံးခုပေးမယ်။ ပထမရွေးစရာက ၊ ကျွန်တော်တို့ ရဲ့ ကလေးတွေက သူ့တို့ အဖေကို ဆုံးရှုံးရမယ်။
ဒုတိယ၊ ကွာရှင်းတာ။ တတိယ ရွေးချယ်စရာက၊ အစေခံတွေနဲ့ ဇနီးဖြစ်သူကို ပြောင်းလဲလိုက်ပြီးရင်၊ သူတို့ကိုယ်သူတို့ ပြန်သုံးသပ်နိုင်ဖို့ ခြံဝန်းထဲမှာ သော့ခတ်ထားလိုက်တာ။ အဖေရဲ့ ရွေးချယ်မှုက"
ရှဲ့ချောင်ကပါ ခေါင်းတညိတ်ညိတ်လုပ်နေသော အခါ၊ ရှဲ့နျိုရှန်းမှာ ဒေါသထောင်းခနဲထွက်လုနီးပါးဖြစ်သွားခဲ့သည်။
" သမီးကတော့ ကွာရှင်းဖို့ကို ထောက်ခံတယ်။နောင်တစ်ချိန်၊ သခင်မကြီး ကွယ်လွန်သွားတဲ့ အခါကျရင်၊ သခင်မလုက အရိုအသေပေးနေရလိမ့်မယ်။ အနာဂတ်ကျရင်၊ အဖေ့အတွက် သူမကို ကွာရှင်းဖို့က ခက်သွားလိမ့်မယ်"
' ဘာလဲဟ'
သို့သော်လည်း၊ ထိုအခိုက်အတန့်တွင်တော့ ရှဲ့နျိုရှန်း သူရဲ့ ထင်မြင်ချက်ကို မထုတ်ပြရဲခဲ့ပေ။
သူ ဒေါသထွက်နေခဲ့သည်။ သခင်မလုနဲ့ သူမရဲ့ အစေခံတွေက ဘယ်လိုလုပ်ပြီး မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်မှာလဲ။
သူ ဒေါသထွက်နေခဲ့သော်လည်း၊ ကွာရှင်းဖို့ ကိုတော့ မစဉ်းစားခဲ့ပေ။ ဆိုရရင်၊ မိန်းမတစ်ယောက်ရဖို့က လွယ်တာမှ မဟုတ်ဘဲ…..
" မင်းတို့တွေက ဒီကိစ္စကို အလေးအနက်ထားနေကြတာလား" ရှဲ့နျိုရှန်းမှာ ရင်တမမနှင့်ဖြစ်နေခဲ့သည်။
ရှဲ့ဖင်းဟွိုက်၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်မှုများရှိနေခဲ့သော်လည်း သူ့အမေ၏ လုပ်ရပ်များ
မှာ မဆီလျော်တာကို ကြားသိထားပြီးဖြစ်တာကြောင့် ဘာတစ်ခုမှ ဝင်မပြောရဲခဲ့ပေ။
••••••