← Chapters

ကျော်ဖြတ်ခြင်း

Vol. 14 Ch. 252

ကျော်ဖြတ်ခြင်း

Vol. 14 Ch. 252

ရှဲ့ချောင် သူမလက်ထဲက လက်ဖက်ရည်ခွက်အား စားပွဲပေါ်သို့ တင်လိုက်သည်။

" အဖေက သူမနဲ့ မကွာနိုင်ဘူးလား" ရှဲ့ချောင်က သရော်လိုက်ကာ " သခင်မလုက ကောင်းမွန်နေတဲ့သူတစ်ယောက် မဟုတ်သလို မိသားစုမှာ ပရမ်းပတာတွေ ဖြစ်အောင်လုပ်နေတဲ့ အဓိကသူတစ်ယောက်ပဲ။ အငယ်တစ်ယောက်အနေနဲ့၊ သမီးက ဒီလိုအရာတွေကို ပြောမနေသင့်ပါဘူး။ ဒါပေမဲ့၊ သခင်မလုက အပြစ်ကိုပေးဆပ်ဖို့ကြိုးပမ်းမယ်ဆိုရင်တောင်မှ သမီးရပ်တန့်မှာ

မဟုတ်ဘူး"

" လုသခင်မက အမှားအမှန်ကို မခွဲခြားနိုင်ဘူး။ သူမက ဦးစားပေးရမယ့် ဟာတွေကို မသိဘဲနဲ့ ယောင်းမတွေကို အလိုလိုက်ထားတယ်။ သူမရဲ့ အကျိုးအမြတ်ကိုဘဲ ကြည့်တတ်တဲ့ အကျင့်ရှိတယ်။ သခင်မတစ်ယောက်အနေနဲ့၊ အိမ်မှုကိစ္စမှာ စည်းကမ်းတင်းကျပ်မှုမရှိဘူး။ ငွေစာရင်းက ဟာကွက်တွေနဲ့ ပြည့်နေပြီးတော့ အမြဲတမ်း လိမ်ညာနေခဲ့တယ်။ သားသမီးတွေကို ဘယ်လိုပညာသင်ပေးရမလဲ ဆိုတာ မသိတာကို ထားလိုက်။ဖင်းဟွိုက်ကိုဆိုရင်လည်း၊ ဖျက်ဆီးထားတယ်။ ရှီအာကို ဆိုရင်တော့ လှည့်စားပြီး လစ်လျူရှူထားတယ်။ သူမက တစ်ကိုယ်ကောင်းဆန်ပြီး၊ အရည်အချင်းမရှိဘူး၊ ဗဟုသုတနည်းတယ်။ သူမက ကိုယ်လုပ်တော် တစ်ယောက်ပဲ ဆိုရင်တော့ ဗဟုသုတမရှိ မသိနားမလည်တာက ပြဿနာ မဟုတ်ဘူး။ ဒါပေမဲ့၊ မိသားစုတစ်ခုလုံးရဲ့ ဝန်ကို ထမ်းဖို့ အရည်အချင်းမရှိခဲ့….. အဟွတ်၊ အဟွတ်…"

ရှဲ့ချောင်မှာ စကားဆုံးသည်နှင့် ပြင်းပြင်းထန်ထန် ချောင်းဆိုးတော့သည်။

သူမမှာ ထိန်းချုပ်နေရတာကြောင့် မျက်နှာ နီရဲလာခဲ့သည်။

ရှဲ့နျိုရှန်းသည် စိုးရိမ်သွားကြောင့် ချက်ချင်းထရပ်လိုက်ကာ သူမ အသက်ရှူနိုင်ရန်ကူညီဖို့ရာ အမြန်သွားလိုက်လေသည်။

ရှဲ့ချောင် အလွန် ဒေါသထွက်နေခဲ့သည်….

ထိုအခိုက်အတန့်တွင်၊ ရှဲ့နျိုရှန်းတစ်ယောက် သူကိုယ့်သူ စတင်ပြန်သုံးသပ်ကြည့်မိတော့သည်။

" အဖေနဲ့ အစ်ကိုကြီး…. အဟွတ်၊အဟွတ်"

ရှဲ့ချောင် အသက်ပြင်းပြင်းရှူလိုက်ကာ

"သမီးတို့တွေက အရင်က ဓားပြတွေ ဖြစ်ခဲ့ကြတော့၊ သမီးတို့ ပြောသမျှနဲ့ လုပ်သမျှ အရာတိုင်းကို … လူတွေက စောင့်- စောင့်ကြည့်နေကြတယ်၊ ပြီးတော့၊ အစ်ကိုကြီး၊ သူရဲ့ မင်္ဂလာပွဲက… အဟွတ်၊ အဟွတ်…"

" စကားမပြောနဲ့တော့၊ အနားယူလိုက်ဦး" ရှဲ့နျိုရှန်း၏ နှလုံးသားမှာ အလွန်အမင်း နာကျင်ခံစားသွားရသည်။

ချွင်းအာသည် ဗီရိုဆီသို့ အမြန်ပြေးသွားကာ၊ ဆေးတချို့ ထုတ်ယူလိုက်ပြီးနောက်၊ ရှဲ့ချောင်သောက်ဖို့ရာ ပေးလိုက်သည်။

ဆေးဝါးများမှာ အလွန်ဈေးကြီးလှတာကြောင့်၊ ရှဲ့ချောင်မှာ ချွေချွေတာတာသုံးစွဲဖို့ ကြိုးစားနေရသည်။

သို့ပေမဲ့၊ ဆေးဝါးများရဲ့ အာနိသင်ကတော့ ငြင်းပယ်နိုင်စရာ မရှိပေ။

ဆေးနှင့်ရေတချို့ သောက်လိုက်ပြီး၊ တစ်ခဏအကြာတွင် ရှဲ့ချောင်၏အခြေအနေမှာ တည်ငြိမ်သွားခဲ့သည်။

ရှဲ့နျိုရှန်းမှာတော့ သူ့နှလုံး ခုန်ထွက်လာမတတ်ပင် ဖြစ်သွားခဲ့ရသည်။ အစောတုန်းက၊ သူ့သမီး သေတော့မယ်လို့တောင် ထင်နေခဲ့သည်။'!!

"အစ်ကိုကြီးက အသက်နှစ်ဆယ်ကျော်တောင်

ရောက်နေပြီ။ ဟိုးအရင်ကတည်းက အခြေတကျ ဖြစ်နေသင့်တာ။ ဒါပေမဲ့၊ မိသားစုထဲက ဒီလို သခင်မမျိုးနဲ့ဆိုရင် တခြားမိသားစုက မိန်းကလေးက သမီးတို့ မိသားစု ထဲ လက်ထပ်ဝင်လာခဲ့ရင်တောင်မှ ၊ သူမက ခံစားနေရဦးမှာ … ၊အိမ်ထောင်ရေးတစ်ခုကို ဖျက်ဆီးဖို့ထက် ဘုရားကျောင်းတစ်ခုကို ဖျက်ဆီးပစ်လိုက်တာက ကောင်းတယ်ဆိုပေမဲ့၊ သခင်မလုမှာက…. အမေ့လိုမျိုး သတ္တိနဲ့ ပြတ်သားမှုတွေ မရှိသလို၊ လင်း သခင်မလို ညင်သာမှုနဲ့နွေးထွေးမှုတွေ လည်းရှိမနေခဲ့ဘူး။ သမီးတို့ သူ့ကို ဆက်မထားနိုင်တော့ဘူး" ရှဲ့ချောင်က ထပ်ပြောလိုက်သည်။

သူမသည် အမျိုးသမီးတစ်ယောက်၏ အနာဂတ်ကို လွယ်လွယ်နှင့် ဖျက်ဆီး ပစ်မည်မဟုတ်။

အမျိုးသမီးများ၏ ဘဝမှာ ခက်ခဲလှသည်။ သူမ၏အိမ်ထောင်ရေးသာ ပျက်ဆီးသွားခဲ့လျှင်၊ ကျန်သည့် ဘဝတစ်လျှောက်လုံးကို အရိပ်ထဲတွင်

သာ နေရတော့လိမ့်မည် ဖြစ်သည်။

ထိုအကြောင်းကြောင့်သာ သူမ အရင်က ဒါကို သည်းခံနေခဲ့တာဖြစ်သည်။

မြို့တော်သို့ လာရာလမ်းတွင်၊ ဖေဝမ်ယွဲ့မှာတော့ နဂိုစရိုက်ကိုက ဒီလိုမျိုးပင်။ လုသခင်မကလည်း သူမအပေါ်အေးတိအေးစက် ဆက်ဆံခဲ့ပေမဲ့၊ ရှဲ့ချောင်ကတော့ အရေးတယူလုပ်မနေခဲ့။

အိမ်သို့ ပြန်ရောက်ပြီးသည့်နောက်၊ သူမသည် လုသခင်မ၏ စကားလုံးများနောက်ကွယ်ကအဓိပ္ပာယ်ကို နားမလည်ချင်ဟန်ဆောင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သည်။

သို့ပေမဲ့၊ လုသခင်မက လွန်လွန်းသွားလေပြီ။

" ညီမလေး…." ရှဲ့ဖင်းကန်းသည် ရှဲ့ချောင်အား ဇဝေဇဝါဖြစ်နေသော အမူအရာနှင့် ကြည့်လိုက်သည်။

ရှဲ့ချောင်ကတော့ စိတ်ပိုင်းဖြတ်ထားပြီးသည့်ပုံပင်။

" အဖေ့ကို.. စဉ်းစားခွင့်ပေး" ရှဲ့နျိုရှန်းမှာ အလေးအနက်ဖြစ်နေပုံရကာ ထလိုက်ပြီးနောက် ထွက်သွားတော့သည်။

" ညီမလေး၊ တာအို ဘုရားကျောင်းမှာတုန်းက၊ ညီမလေး ပိုသက်သာ လာပြီဆိုပြီးမိသားစုဆီကို စာရေးခဲ့တယ်၊ အဲဒါ အမှန်ပဲလား" ရှဲ့ဖင်းကန်း သည် ရှဲ့ဖင်းဟွိုက်အား မောင်းထုတ်လိုက်ပြီးသည့်နောက် မေးလိုက်၏။

ရှဲ့ချောင်က ခပ်ရေးရေး ပြုံးလိုက်ရင်း "ဟုတ်တယ်၊ ညီမလေး အခု ပိုသက်သာလာပါပြီ"

သူမသည်ငယ်ငယ်တုန်းကလိုမျိူး နေ့တိုင်း မူးမေ့လဲ မလို ဖြစ်နေသည့် သူတစ်ယောက် မဟုတ်တော့ပေ။

ရှဲ့ဖင်းကန်းမှာ သူမ၏ သက်တမ်းတိုတာကို သိသည်။ ထို့ပြင်၊ သူမသည် သမားတော်များစွာနှင့်လည်း ပြပြီးပြီဖြစ်သည်။

သို့ရာတွင်လည်း ရှဲ့ဖင်းကန်းမှာ သူ့ညီမသည် ဆယ်စုနှစ်ကြာအောင် အသက်ရှင်နိုင်ဦးမည်ဟု ထင်နေတုန်းပင်၊ အထူးသဖြင့် သူမသည် ကျန်းမာနေပုံရကာ သူမ၏ ပါးများမှာ အမြဲတမ်း သွေးရောင်သမ်းနေတာကြောင့်ဖြစ်သည်။ ရံဖန်ရံခါမှသာ အခုလိုမျိုး မောဟိုက်တာဖြစ်တတ်တာ

ကြောင့် သူ အရမ်းကြီး ပူပန်မနေခဲ့ပေ။

" အစ်ကိုကြီးကို အမှန်အတိုင်းပြော၊ ညီမလေး နောက်ထပ်ဘယ်နှနှစ်လောက်ထိပိုပြီး နေနိုင်လဲ။" ရှဲ့ဖင်းကန်းက မျက်မှောင်ကြုံ့လိုက်၏။

" အစ်ကိုကြီးတို့ စောစောစီးစီးပြင်ဆင်မှုတွေ လုပ်ထားသင့်တယ်။ အရင်က အစ်ကိုကြီး ပြောခဲ့ဖူးတဲ့ ၊ သေဆုံးပြီးနောက် ပေးကမ်းခဲ့တဲ ကိစ္စက.…."

သူ့မ၏ အစ်ကိုကြီးမှာ သူ့ကိုယ်သူ ညှင်းပန်းရတာကို သဘောကျသူတစ်ယောက်ဟု ရှဲ့ချောင် ခံစားလိုက်ရသည်။

ရှဲ့ချောင်က နှာခေါင်းကိုပွတ်လိုက်ကာ

" နောက်ထပ်ဘယ်နှနှစ်လောက် ညီမလေး အသက်ရှင်နေနိုင်ဦးမလဲဆိုတာ အတပ်မပြောနိုင်

ဘူး။ ဒါက.. ညီမလေး အားဆေးတွေ သောက်ပြီး စိတ်အေးအေးချမ်းချမ်းသာနေရမယ်ဆိုရင်၊ အသက်ရှည်ရှည်နေနိုင်မှာပါ။ နေ့ရက်တိုင်း စိတ်ဆိုးဒေါသထွက်နေရပြီးတော့ မှီဝဲစရာ ဆေးမရှိဘူးဆိုရင်တော့၊ တစ်နှစ်၊ ဒါမှမဟုတ် နှစ်နှစ် နေနိုင်ဖို့တောင် ခက်လိမ့်မယ်"

ရှဲ့ဖင်းကန်းက အလေးအနက်ဖြစ်နေသည့် အမူအရာနှငိ့ ပြောလိုက်၏ " မနက်ဖြန် ၊အစ်ကိုကြီး အောင်သွယ်တော်ဆီသွားပြီးတော့ ပုံစံတူ ပန်းချီတချို့ယူလာခဲ့မယ်။ ညီမလေး ကြည့်ကြည့်ပြီးတော့ သားသမီးယူနိင်မယ့် ယောကျာ်းတစ်ယောက်ကို ရွေးလိုက်"

•••••

All Chapters