← Chapters

ဆက်ခံသူမွေးဖွားရန်

Vol. 14 Ch. 253

ဆက်ခံသူမွေးဖွားရန်

Vol. 14 Ch. 253

ရှဲ့ဖင်းကန်းမှာ ထိုအကြောင်းနှင့် ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်းသိသည်။

ရှဲ့ချောင်မှာ ဘယ်လိုပဲနေနေ သေရမည်ဖြစ်ကာ၊ ဤအရေးကို တားဆီးရန် သူလုပ်နိုင်သည့် အရာတစ်ခုမှ မရှိခဲ့ပေ။ ဝမ်းနည်းနေခြင်းမှာ သူ့အတွက် အသုံးမဝင်။

အရေးကြီးဆုံး အရာမှာ ရှဲ့ချောင်ကို သားသမီးမွေးဖွားစေပြီး၊ အမွေဆက်ခံမည့်သူတစ်ယောက်ရှိစေခြင်းဖြစ်သည်။ သူမ၏ လူသားလောကထဲမှ ဘဝသည် အချည်းနှီးဖြစ်တော့လိမ့်မည် မဟုတ်ပေ။

"အစ်ကိုကြီး၊ ညီမလေးက ဇီဇာကြောင်တယ်နော်" ရှဲ့ချောင် သက်ပြင်းချလိုက်၏။

သူမသည် လူများကိုကြည့်သည့်အခါ၊ မျက်နှာသွင်ပြင်အား မနေနိုင်ဘဲ ကြည့်မိသည်။။သူမ၏ ဆွေမျိုးဆိုလျှင် အဆင်ပြေသော်လည်း၊ တခြားသူတစ်ယောက်သာ ဆိုပါက ချို့ယွင်းချက်တစ်စုံတစ်ရာရှိနေလျှင် သူမ သည်းခံနိုင်လိမ့်မည် မဟုတ်ပေ။

" ဒါဆို ညီမလေးက လက်မထပ်ချင်ဘူးလား" ရှဲ့ဖင်းကန်းက မေးလိုက်သည်။

" ညီမလေး လက်ထပ်ချင်ပါတယ်" ရှဲ့ချောင်မှာ တဲ့တိုးဆန်လွန်းသည်။

အရင်ဘဝများတွင် သူမ တစ်ခါမှ လက်မထပ်ဖူးခဲ့၊ ဒါပေမဲ့ ယခုဘဝတွင်တော့…. သူမ အမြဲတမ်း

သတိရှိရှိနေခဲ့သည်။ သူမကိုယ်သူမ လိပ်ပြာလွင့်သွားအောင် ခြောက်လန့်မိမည် စိုးတာကြောင့် အသက်တောင် ပြင်းပြင်း မရှူရဲခဲ့။ သူမတွင် တာအိုဆရာ တစ်ယောက်၏ စရိုက်လက္ခဏာရှိနေသော်လည်း၊ နောက်ဆုံးတွင် သူမသည် မိန်းမပျိုတစ်ဦးသာ ဖြစ်နေသည်။ သူမသည် ၁၆ နှစ်ရှိပြီးဖြစ်ရာ၊ အိမ်ထောင်ပြုပြီး သားသမီးရှိရခြင်း၏ အရသာ ကိုခံစားကြည့်ချင်ခဲ့သည်။ ထိုအခါမှသာ သူမ၏ ဘဝနှစ်ခုမှာ ပြီးမြောက်သည်ဟု မှတ်ယူနိုင်မည် ဖြစ်သည်။

ထိုမျှမက၊ သူမ ကွယ်လွန်ပြီးသည့် နောက်တွင် ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ၊ သူမကို သတိတရရှိပြီး ဂါရဝပြုမည့်သူတစ်ယောက်ရှိဖို့ သူမ မျှော်လင့်ထားသည်။

သူမ သေဆုံးပြီးပြီးချင်း လူပြန်ဝင်စားနိုင်လျှင် တော်သေးသည်။ သူမသာ ဘယ်တော့မှ ပြန်မဝင်စားခဲ့ဘဲ သူမကို ပူဇော်ဂါရဝါပြုပေးမည့်

မျိုးဆက်တစ်ယောက်မှ ရှိမနေခဲ့လျှင် ၊ ထို အောက်လောကရှိ ဝမ်းနည်းကြေကွဲစရာကောင်းသည့် ဘဝနှင့် ဘာလုပ်ရမည်နည်း။

" ဒါဆိုလည်း ဇီဇာကြောင်မနေနဲ့။ လက်ခံနိုင်လောက်တဲ့ ရုပ်ရည်သွင်ပြင်နဲ့ စရိုက်လက္ခဏာရှိတဲ့ သူတစ်ယောက်ကိုသာ ရှာလိုက်။" ရှဲ့ဖင်းကန်းက တဲ့တိုးပြောလိုက်သည်။

ရှဲ့ချောင်သည် သူမ၏နှုတ်ခမ်းများကို စုဝိုင်းထားရင်း တစ်ခဏမျှ စဉ်းစားနေလိုက်သည်

" အစ်ကိုကြီး၊ ညီမလေး…. အိမ်ရှေ့စံမင်းသားရဲ့ ပုံစံကို သဘောကျတယ်။ အဲလိုမျိုးပုံစံရှိတဲ့ သူတစ်ယောက်ကို အစ်ကိုကြီးရှာပေးနိုင်လား။ "

ရှဲ့ဖင်းကန်းမှာ သူနားကြားမှားတယ်ဟု ထင်လိုက်မိကာ သူ့နားကို ကလော်လိုက်လေသည်

" ဘာပြောတယ်"

" အမှန်ပဲ….." ရှဲ့ချောင်မှာ နည်းနည်းတော့ လိပ်ပြာမလုံသလို ခံစားလိုက်ရသည်။ "အိမ်ရှေ့စံမင်းသားက ကြည့်ကောင်းတဲ့သူတစ်ယောက်။သူရဲ့ မျက်နှာသွင်ပြင်မှာ ဘာတစ်ခုမှ လွဲနေတာမရှိဘူး။ သူက မြင့်မြတ်တဲ့ပုံပန်းသွင်ပြင်နဲ့ မွေးဖွားလာခဲ့တာ။သူရဲ့ မျက်လုံးတွေက တောက်ပနေပြီးတော့၊ ညီမလေး သူကို ကြည့်လိုက်တဲ့ အချိန်တိုင်း အရမ်းကိုသက်တောင့်သက်သာ ရှိတယ်။ သူနဲ့ ဆင်တူတဲ့သူတစ်ယောက်များ မရှိဘူးလား။"

" အဲဒီ အတွေးကို လက်လျှော့လိုက်တော့" ရှဲ့ဖင်းကန်းမျက်လုံးလှန်ပြလိုက်သည်။

' အိမ်ရှေ့စံမင်းသား၊ အဲဒါက ဧကရာဇ်မင်းလို့ ဘာ

လို့ မပြောလဲ?!'

ဧကရာဇ်ကို လက်ထပ်ရတာကမှဖြစ်နိုင်ချေရှိသေးသည်။ နောက်ပြီး၊ သူက အသက်ကြီးနေပြီဖြစ်တဲ့ လူတစ်ယောက်။ သူမ စွမ်းဆောင်ရည်ပြပွဲ တစ်ခုအနေနဲ့တောင် လုပ်လို့ရသေးတယ်။

ဒါပေမဲ့၊ အိမ်ရှေ့စံမင်းသား၊ အဲဒီလူကတော့ ၊ အောက်ပိုင်းပဲတွေးတဲ့ကောင်! သူ့ညီမထက်တောင်ပိုပြီး ဇီဇာကြောင်သေးတယ်။!

ယခု အိမ်ရှေ့စံမင်းသားသည် မှုခင်းဌာနတွင် အလုပ်လုပ်နေသည်ဖြစ်ရာ၊ အထူးသဖြင့် ရှဲ့ဖင်းကန်းသည် သူ့အား မှုခင်းအကြာင်းများ တင်ပြပြောဆိုဖို့ ခေါ်ရသည် ဖြစ်တာကြောင့် အခုဆိုလျှင် အိမ်ရှေ့စံမင်းသားအကြောင်းကို အများကြီး သိထားပြီဖြစ်သည်။

အိမ်ရှေ့စံမင်းသားသည် တဏှာရာဂစိတ်ကြီးသော လူတစ်ယောက်ဖြစ်၏။ သူဘယ်လောက်ပဲ နတ်ဘုရားတစ်ပါးနှင့် တူနေပါစေ၊ အသုံးမဝင်ပေ။

နောက်ပြီး၊ သူရဲ့ ဒေါသစိတ်ကလည်း…. မကောင်းလှ။

တစ်ကြိမ်က၊ သူ ပြစ်မှုတစ်ခုကို စိစစ်မေးမြန်းရန် အတွက် အကျဉ်းထောင်သို့ သွားရာ အလွန်ကြမ်းကြုတ်သည့် လူတစ်ယောက်နှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုညှင်းပန်းသည့် ကိရိယာမှာ ရက်စက်လှပြီး ၎င်းက သူ့အကြိုက် ဖြစ်နေခဲ့သည်။

ထိုသို့သော လုမျိုးကို ရှဲ့ချောင်အတွက် ခေါ်သွားပေးခဲ့လျှင် သူဆိုးရွားတဲ့ လူတစ်ယောက်ဖြစ်ပေလိမ့်မည် မဟုတ်လား။

သို့သော်လည်း သူ့ညီမရဲ့ မျက်လုံး အကြည့်တွေက….

ရှဲ့ချောင်သည် တခစ်ခစ်ရယ်ကာ သူမခေါင်းကို ကုတ်လိုက်ရင်း " ညီမလေးက နောက်နေတာပါ။ ….ဘယ်သူက အဲလိုရုပ်မျိုးကို သဘောမကျပဲနေမှာလဲ။ ဒါပေမယ့်ဒါက အပြင်ပန်းသဏ္ဍာန်သက်သက်ပါ……"

" နန်းတော်ကနေ အိမ်ရှေ့စံမင်းသားအတွက် လက်ထပ်ပွဲတစ်ခု စီစဉ်နေတယ်လို့ ကြားတယ်။ညီမလေးပါ ပါဝင်နိုင်အောင်နည်းလမ်းတစ်ခုရှာပေးဖို့ တော်ဝင်မင်းဆရာကို ပြောကြည့်မယ်ဆိုရင်ရော။ အထက်ကသူတွေ ညီမလေးကို တွေ့သွားရင်၊ ကိုယ်လုပ်တော် ဒါမှမဟုတ် တခြားတစ်ခုခု လုပ်ရင် လုပ်ပေးနိုင်တာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ညီမလေးက ကြာကြာနေနိုင်မှာမှ မဟုတ်တာ

ဘယ်သူ့နဲ့ပဲ ယူယူ ကိစ္စမရှိဘူး။ညီမလေး သားသမီးထွန်းကားနိုင်ဖို့ကမှ အရေးကြီးတာ။" ရှဲ့ဖင်းကန်းက ရုတ်တရက် လေးလေးနက်နက်နှင့် ပြောလာခဲ့သည်။

ရှဲ့ချောင်မှာ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့၏။

သူမသည် အိမ်ရှေ့စံမင်းသားနှင့်တူသည့် တစ်စုံတစ်ယောက်အကြောင်းအား ပြောနေခဲ့တာ ဖြစ်သည်။ အိမ်ရှေ့စံမင်းသားကို လက်ထပ်ချင်တယ်လို့ ဆိုလိုခဲ့တာ မဟုတ်……

သို့သော်လည်း၊ အိမ်ရှေ့စံမင်းသားနှင့် ဆင်တူသည့်သူဆိုပါက ချမ်းသာပြီး မြင့်မြတ်သူတစ်ယောက်ဖြစ်မှာ အသေချာပင်။

" အစ်ကိုကြီးတို့ရဲ့ အဖေက စွမ်းဆောင်နိုင်စွမ်းရှိမ

နေခဲ့ဘူး။ အရှေ့နန်းတော်ရဲ့ စားသောက်ပွဲကို အဖိတ်မခံရမှာပဲ အစ်ကိုကြီး စိတ်ပူတယ်။ တော်ဝင် မင်းဆရာက ကူညီခဲ့မယ် ဆိုရင်တောင်မှ၊ မဖြစ်နိုင်လောက်ဘူး။ အစ်ကိုကြီး…နောက်မှ နည်းလမ်းတစ်ခု စဉ်းစားကြည့်လိုက်မယ်" ရှဲ့ဖင်းကန်းသည် ခေါင်းကိုက်ကိုက် နှင့်ပဲ ပြန်ထွက်သွားလိုက်တော့သည်။

ရှဲ့ချောင်၏ နောင်ရေးအတွက် သူ အများကြီး အားစိုက်ထုတ်ခဲ့သည်။

ရှဲ့ချောင်မှာ ကြောင်ပြီး နေရာတွင်သာ တွေတွေကြီး မတ်တပ်ရပ်ကျန်ရစ်ခဲ့၏။

မဟုတ်ဘူး။ အဲဒီ အိမ်ရှေ့စံမင်းသားရဲ့ စားသောက်ပွဲက …….သူမ သွားဖို့ သဘောတူထားခဲ့ပြီးသားလေ။

ဒါပေမဲ့၊ အဲဒါက လက်ထပ်ဖို့ အတွက် မဟုတ်ဘူးလေ။

ရှဲ့ချောင်မှာ အသက်တောင် မရှူနိုင်တော့။ သူမ ဘာတစ်ခုမှ မပြောနိုင်ခင်၊ ရှဲ့ဖင်းကန်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

•••••••

All Chapters