ကွာရှင်းကြမယ်
Vol. 14 Ch. 254
ရှဲ့ဖင်းကန်းမှာ ဤကိစ္စကို အရေးတယူဆောင်ရွက်ခဲ့သည်။ သူသည် တစ်ရက်ရက်ကျရင် အိမ်ရှေ့စံမင်းသားဆီမှာ သူ့ညီမအတွက် စကားကောင်းပြောပေးဖို့ရာ တွေးတောနေခဲ့သည်။
ရှဲ့ချောင်၏ ကျန်းမာရေးမှာ ချို့တဲ့နေသော်လည်း သူမသည် လှပသူတစ်ယောက်ဖြစ်သည်။သူရဲ့အလုပ်ကြိုးစားမှုနဲ့ လုံ့လဝီရိယ ရှိတာကို ထောက်ထားပြီးတော့ အိမ်ရှေ့စံမင်းသားက မျက်နှာသာပေးကောင်းပေးနိုင်လောက်ပါတယ်။
ရှဲ့ဖင်းကန်းမှာ သူရဲ့ညီမငယ်ဖြစ်သူဟာ ကြာကြာနေရတော့မည်မဟုတ်ဟု ခံစားရတာကြောင့် သူမရဲ့ဆန္ဒတွေ ပြည့်ဝစေရန် သူ ကြိုးကြိုးစားစား လုပ်ရပေလိမ့်မည်။ သူမကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် ဘဝကူးသွားစေချင်ခဲ့သည်။
တစ်ဖက်မှာတော့….
ရှဲ့နျိုရှန်းသည် အေးစက်ခက်ထန်နေသော မျက်နှာထားနှင့် ပင်မခြံဝန်းဆီသို့ ပြန်သွားနေခဲ့သည်။
အိမ်ထဲသို့ ခြေလှမ်းလိုက်ချိန်၌၊ အိပ်ယာထဲတွင် လူမမာပုံစံနှင့် လဲလျောင်းနေသည့် လုသခင်မကို မြင်တွေ့လိုက်ရသည်။
လုသခင်မ၏ မျက်နှာကိုသာ ကြည့်မည်ဆိုပါက၊ လူတစ်ယောက်၏ နှလုံးသားနာကျင်သွားစေနိုင်လောက်သည်။ သို့ပေမဲ့၊ ရှဲ့နျိုရှန်းမှာ သူရဲ့ သမီးဖြစ်သူကို တွေးမိလိုက်ချိန်တွင်၊ လုသခင်မရဲ့ မျက်နှာမှာ အားနည်းနေသည့်ဟု ထပ်ပြီး မခံစားရတော့ချေ။
တစ်ယောက်ယောက်ကသာ သူမက ချူချာနေတယ်လို့မပြောခဲ့လျှင်၊ လုသခင်မ၏ ပုံပန်းသဏ္ဍာန်မှာ ဘာမှဟုတ်မနေခဲ့ပေ။
ချောင်အာ၏ မျက်နှာကသာ အမှန်တကယ်
ဂရုဏာသက်ဖွယ်ကောင်းလှသည်။ လုသခင်မကတော့….
ရှဲ့နျိုရှန်းမှာ မျက်မမြင်တစ်ယောက်မဟုတ်တာကြောင့် လုသခင်မ ဟန်ဆောင်နေတယ်ဆိုတာ ပြောနိုင်ပေသည်။ သို့ရာတွင်၊ သူသည် အမျိုးသမီးတစ်ယောက်နှင့် အငြင်းပွားရန် အာရုံမထားခဲ့သည့် အကြိမ်များစွာရှိခဲ့သည်။ ထိုမျှမက၊ သူ့အတွက်ဆိုလျှင်၊ အမျိုးသမီးများ နူးညံ့သိမ်မွေ့နေပါက မျက်လုံးထဲတွင် နှစ်လိုဖွယ်ရာ ကောင်းလှသည်။
သို့သော်၊ အဓိက အချက်မှာ ထိုနူးညံ့ညင်သာသည့် သွင်ပြင်က အိပ်ခန်းထဲမှ သာယာကျေနပ်မှုသာဖြစ်ပြီး၊ သူ့သမီးကို ဆန့်ကျင်ရန် လျှို့ဝှက်ကြံစည်ရာမှာ အသုံးချဖို့ မဟုတ်ခဲ့ပေ။
ရှဲ့နျိုရှန်းသည် ခက်ထန်တင်းမာနေသော
မျက်နှာထားနှင့် ဝင်သွားလိုက်၏။ လုသခင်မမှာ စိတ်ပျက်အားလျော့သွားကာ ချက်ချင်းဆိုသလို မတရားသဖြင့်ခံစားရသည်။ "သခင်ကြီး၊ ကျွန်မ ဒီမိသားစုထဲကို လက်ထပ်ပြီးဝင်ရောက်လာခဲ့တာ နှစ်တွေ အများကြီး ကြာခဲ့ပြီဆိုပေမဲ့၊ သခင်ကြီးအတွက် သားရောသမီးရော မွေး မပေးနိုင်ခဲ့ဘူး။ကျွန်မ သခင်ကြီးကို စိတ်ပျက်စေခဲ့တယ်။ အခုဆို၊ ချောင်အာက ကျွန်မကို မုန်းနေပြီမလို့၊ ဒီမိသားစုထဲမှာ နေစရာတစ်ခုတောင် တကယ် မရှိတော့ပါဘူး။သခင်ကြီး ကျွန်မကို ကွာရှင်းလိုက်သင့်တယ်လို့ ထင်ပါတယ်"
နောက်သို့ ပြန်ဆုတ်ခြင်းသည် အသာစီးရရန် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ကြောင်းကို လုသခင်မ နားလည်သဘောပေါက်ထားသည်။
ရှဲ့နျိုရှန်းက ပြောလိုက်၏ " ငါမင်းကို ကွာရှင်းပေးမှာ မဟုတ်ဘူးဆိုပေမဲ့၊ မင်းဒီအိမ်မှာ ဆက်ပြီး နေလို့ မရတော့ဘူး။ မင်းက တစ်ကြိမ် ကွာရှင်းခံခဲ့ရ
ပြီးပြီ။ ငါ့ကို မင်းနောက်ထပ် ကွာရှင်းလိုက်မယ်ဆိုရင်၊ မင်းအိမ်ပြန်တဲ့ အချိန်ကျ၊စိတ်မချမ်းမသာ ဖြစ်ရလိမ့်မယ်လို့ ငါထင်တယ်။ မင်းရဲ့ သမီးက လောင်ကျိုးကို ပြန်မသွားချင်ဘူးဆိုတော့ မင်းတို့နှစ်ယောက် မြို့တော်မှာ ဆက်ပြီးနေနိုင်တယ်။ ငါမင်းတို့ကို အိမ်တစ်လုံးနဲ့ ငွေတချို့ပေးမယ်။ ငါနာမည်နဲ့သာဆိုရင်၊ ကွာရှင်းခံလိုက်ပြီဆိုရင်တောင်မှ မင်းတို့သားအမိနှစ်ယောက်ကို ဘယ်သူကမှအနိုင်ကျင့်ရဲမှာ မဟုတ်ဘူး။"
ကွာရှင်းခြင်းနှင့် ကွာရှင်းခံလိုက်ရခြင်းကြားတွင် ကွာခြားချက်များစွာရှိသည်။
ရှဲ့နျိုရှန်း၏ စကားဆုံးသည်နှင့် လုသခင်မ၏ မျက်နှာမှာ တောင့်တင်းသွားခဲ့ရကာ သူ့ကို မယုံကြည်နိုင်စွာနှင့် ကြည့်လိုက်လေ၏
"သခင်ကြီး ဘာပြောလိုက်တာလဲ။ ကျွန်မကို ကွာရှင်းချင်နေတာလား"
ထိုစကားကို ကြားလိုက်ရသည့် ဖေ့ဝမ်ယွဲ့မှာလည်း အံ့အားသင့်ကာ မှင်တက်သွားခဲ့လေသည်။
ရှဲ့မိသားစုက ဓားပြတွေအဖြစ်နဲ့ မွေးဖွားလာခဲ့တဲ့အပေါ် သူမခံစားခဲ့ရသော်လည်း၊ သူမသည် ကျောင်းတော်ကို မသွားနိုင်ဘဲ အိမ်တွင်သာ တစ်ယောက်တည်းနေနေရုံသာရှိတာကြောင့် သူမ တဖြည်းဖြည်းချင်း အသိတရားရလာခဲ့သည်။
ရှဲ့နျိုရှန်းသည် ဓားပြတစ်ယောက်အနေနဲ့ မွေးဖွားလာခဲ့တယ်ဆိုလျှင်တောင်မှ သာမန်အရပ်သားတစ်ယောက်ထပ်တော့ သာနေဆဲပင်။
သူမသည် ဦးလေးရှဲ့ကို သေသေချာချာတောင်းပန်ချင်ဆဲဖြစ်ကာ အနာဂတ်မှာ ပြန်လာနိုင်ရန် နည်းလမ်းကို စဉ်းစားခဲ့သည်။ ဒါပေမဲ့၊
မျက်စိတစ်မှိတ်စာလေး အတွင်းမှာတင်၊ သူတို့က ကွာရှင်းကြတော့မယ်တဲ့လား!
" မင်းကိုယ်တိုင်ပဲ အဲလိုပြောခဲ့တာ မဟုတ်ဘူးလား။ ငါ့ကို ကွာရှင်းပေးဖို့ ပြောခဲ့ပေမဲ့၊ ငါ မင်းကို မျက်နှာသာပေးခဲ့တယ်။ မင်းကို ကွာရှင်းပစ်ရမယ့်အစား၊ ဒီကိစ္စကို အေးအေးချမ်းချမ်းဖြစ်အောင်လုပ်ဖို့ ငါရွေးချယ်ခဲ့တာ။ ဒါတောင် မလုံလောက်သေးဘူးလား။" ရှဲ့နျိုရှန်းက မေးလိုက်သည်။
" ကျွန်မကို ဒီလိုမျိုးဆက်ဆံရအောင် ဘာတွေများ အမှား လုပ်ခဲ့မိလို့လဲ။ သခင်ကြီးနဲ့ သခင်ကြီးရဲ့သားသမီးတွေကို စိတ်အနှောက်အယှက်ပေး အပြစ်လုပ်မိမှာကြောက်လို့ နှစ်ပေါင်းများစွာကြာအောင် အထိတ်တလန့်နဲ့ နေခဲ့ရတာ။ အခု သခင်ကြီးက သမီးဖြစ်သူရဲ့ စကားလေးနှစ်ခွန်းလောက်ကြားလိုက်ရရုံနဲ့ ပြန်လှည့်လာပြီး ဇနီးဖြစ်တဲ့ ကျွန်မကို စွန့်ပစ်တော့မယ်ပေါ့။ ရှဲ့နျိုရှန်း၊ ရှင်က
အသည်းနှလုံးမရှိတဲ့သူပဲ"။ လုသခင်မသည် အိပ်ယာထဲမှ ထခုန်ထွက်ကာ ကျိန်ဆဲပြောဆိုနေရင်းနှင့် ငိုကြွေးတော့သည်။
ရှဲ့နျိုရှန်းမှာ တုန်လှုပ်သွားခဲ့သော်လည်း၊ အသိပြန်ဝင်လာသည်နှင့် စတင်တည်ငြိမ်လာခဲ့သည်။
" မင်း အမှားပေါင်းများစွာ လုပ်ခဲ့တယ်မဟုတ်လား။အရင်က၊ ဒီမိန်းကလေးက တစ်စုံတစ်ရာကို ခိုးယူခဲ့တယ်။ ငါ မင်းအတွက်ကြောင့်နဲ့ သူမကို အပြစ်မပေးခဲ့ဘူး။ သူမကြောင့် ငါ့သားက ဆရာရဲ့ အနိုင်ကျင့်ခြင်းကို ခံနေရတယ်။ သူ့ခဗျာ အခုထိ တပည့်တစ်ယောက်တောင် ဖြစ်မလာသေးဘူး။"
"သူက ယောက်ျးတစ်ယောက်၊သူကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သဘောထားသေးမနေစေချင်ဘူး။ ငါတစ်ခါမှ ထုတ်မပြောခဲ့ဘူးဆိုပေမဲ့၊ ဒီ
တစ်ခါတော့ မင်း တကယ်လွန်သွားပြီပဲ"
" သမီးကြီးကို အိမ်ပြန်ခေါ်လာခဲ့တုန်းက၊ မင်းကို သူမရဲ့ ခြံဝန်းထဲ ခြေချခွင့် မပြုဘူးဆိုပြီး အကြိမ်ကြိမ် သတိပေးခဲ့တယ်။ မင်းသူမနဲ့ အဆင်ပြေပြေ မနေနိုင်ဘူးလို့ ထင်ရင်၊ သူမကို သွားမနှောင့်ယှက်နဲ့၊ မင်း သူမရဲ့ နေ့စဉ် အသုံးစရိတ်ကို မဖြတ်သရွေ့ပေါ့။ ငါ့သမီးက မင်းရဲ့ လက်ထဲမှာ သေမလို ဖြစ်ခဲ့ရတာတောင် မင်းကို မကွာရှင်းသင့်ဘူးလား"
•••••