← Chapters

အသုံးမကျသော

Vol. 14 Ch. 255

အသုံးမကျသော

Vol. 14 Ch. 255

ရှဲ့နျိုရှန်းမှာလည်း စိတ်ထိခိုက်သွားခဲ့ရသည်။

ဤအမျိုးသမီးအပေါ် သူ ကောင်းကောင်းမွန်မွန်

ဆက်ဆံခဲ့ပြီးပြီဆိုတာကို သူသိသည်။ သူသည် အလကားလာနေနေသည့် သူမသမီးဖြစ်သူ ဖေဝမ်ယွဲ့ကို စောင့်ရှောက်ရန် စဉ်းတောင် မစဉ်းစားပဲ သဘောတူခဲ့သည်။ သူသည် ကြာခိုသည့် ယောက်ျားတစ်ယောက်ပမာ ဤကလေးမကို သူ့မိသားစုနာမည်ထဲထည့်ဖို့ကိုတောင် တွေးခဲ့သေးတယ်!!

လုသခင်မရဲ့ လက်ထဲတွင် မိသားစု၏ ငွေကြေးအားလုံးရှိသည်။ သူမသည် များများသုံးစွဲကာ အနည်းငယ်ကိုသာ စုဆောင်းထားခဲ့သည်။ ဒါတောင် ရှဲ့နျိုရှန်း ဘာတစ်ခုမှ မပြောခဲ့။

အခု၊ သူပြန်တွေးကြည့်လျှင်၊ သူတို့အတွက် မလုပ်ပေးခဲ့သည့် တစ်ခုတည်းသောအရာမှာ ကောင်းကင်မှ ကြယ်နှင့်လကို ခူးဆွတ်ပေးတာသာ ရှိတော့သည်။ ဒါပေမဲ့၊၊ အဲဒါက ဒီမိန်းမကို ကျေးဇူးကန်းသွားစေခဲ့တာပဲ!

သူဘယ်လိုလူမျိုးလဲဆိုတာ သူ့ကိုယ်သူသိသည်။ သူသည် သူ့ရဲ့ သားသမီးတွေကို ပညာသင်ပေးဖို့မစွမ်းဆောင်နိုင်တာကြောင့် လုသခင်မကိုတော့ သူ့ထက်သာဖို့ မျှော်လင့်ခဲ့မိသည်။ ၎င်းသည် မလွန်သ၍ သူသည်းခံပေးနိုင်ခဲ့သည်။

သို့သော်၊ သူမမှာ လက်ခံနိုင်လောက်စရာ အချက်တော့ ရှိသင့်သည်။

ရှင်းရှင်းပြောရလျှင်၊ အဲဒီ ရှဲ့ဖင်းကန်း ဆိုတဲ့ ကောင်ဆိုးလေးကို ပစ်မှတ်ထားနေရင်တောင်မှ၊ သူဒီလောက် ဒေါသထွက်လိမ့်မည် မဟုတ်ပေ။

သူရဲ့ သမီးကြီးကတော့ မတူ။သူမဟာ နဂိုကတည်း သက်တမ်းတိုသည့် ကလေးတစ်ယောက်ဖြစ်နေခဲ့သည်။ သခင်မဖုန်သည် ဒီမျိုးဆက်ကို ချန်ခဲ့ဖို့အတွက် သူမဘဝကို စတေးခဲ့သည်။ သူမ

ကို သေသေချာချာ အလိုလိုက်ပြီး ပိုးမွေးသလို မွေးသင့်သည်။ သူမ၏ ကံဆိုးသည့် ကြမ္မာကြောင့်သာ မဟုတ်ခဲ့လျှင်၊ နှစ်ပေါင်းများစွာကြာအောင် တာအိုဘုရားကျောင်းမှာပဲ ပျိုးထောင်ခံခဲ့ရလိမ့်မည် မဟုတ်ပေ။

သူ့ဘဝတွင် သူကြောက်ရသည့် လူမှာ အနည်းငယ်သာရှိသည်။

သခင်မဖုန်မှာ ထိုလူများထဲမှတစ်ယောက်ဖြစ်၏။

ရှဲ့ချောင်သာ ဒီမိန်းမ(လုသခင်မ) သတ်တာခံခဲ့ရမည်ဆိုလျှင် အနာဂတ်မှာ သူကောင်းကောင်းအိပ်ပျော်နိုင်တော့လိမ့်မည် မဟုတ်ပေ။

" ကောင်းပြီ၊ …. ဒီလိုလုပ်ကြတာပေါ့၊ မင်းက

ထွက်သွားဖို့ကို ဆန္ဒမရှိဘူးဆိုမှတော့၊ မင်းကို အိမ်မှာ ဆက်ထားဖို့အတွက် ဖင်းကန်းရဲ့ အစီစဉ်ကို လိုက်နာကြဖို့ပဲရှိတော့တယ်။ ငါတို့တွေ မိသားစုကြီးတွေ ဆီကနေ လေ့လာပြီးတော့ ဝတ်ပြုခန်းမတစ်ခု ဆောက်လုပ်ကြမယ်။ ပြီးရင် မင်းကို တစ်သက်လုံးအဲဒီထဲမှာ ပိတ်ထားမယ်။ ဒါက တိရိစ္ဆာန်မွေးတာနဲ့ ဘာမှမကွာဘူးလို့ ထင်တယ်။ မင်း ဒါကိုလည်း သည်းမခံနိုင်မှာ စိုးတယ်။ မင်းကို ထွက်သွားခွင့်လည်း ပေးတယ်နော်။ ဒါက မင်းရဲ့ဂုဏ်သတင်းကို ပျက်ဆီးစေမယ် ဆိုပေမဲ့၊ မင်း အသက်ဆက်ရှင်နေထိုင်ဖို့ကိုတော့ အဟန့်အတား ဖြစ်မှာ မဟုတ်ပါဘူး။" ရှဲ့နျိုရှန်းက ပြောလိုက်၏။

သူစိတ်ညစ်နေခဲ့သည်။

မိန်းမတစ်ယောက်ရဖို့ မလွယ်တာကို။ အခုတော့ မျက်စိတစ်မှိတ်စာအတွင်း ပျောက်ကွက်သွားခဲ့လေပြီ။

ဒါပေမဲ့၊ သူ့အနားမှာ ဇနီးတစ်ယောက်မရှိဘူးဆို

တာ မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား။

သူက ဘုန်းကြီးတစ်ပါးမှ မဟုတ်တာ။ အတိတ်ဆိတ်ဆုံးညအချိန်မှာ ၊သူ နေလို့ထိုင်လို့ကောင်းအောင် လုပ်စရာတစ်ခုခုရှိနေသင့်တယ် မဟုတ်လား။

ရှဲ့နျိုရှန်း မျက်မှောင်ကြုတ်လိုက်၏။

လုသခင်မသည် နဂိုက ရှဲ့နျိုရှန်းက သူမကို ခြောက်ရန်အတွက် နောက်နေရုံဟုသာ ထင်ခဲ့ရာ၊ အခုတော့ သူရဲ့ အတည်ဖြစ်နေတဲ့ ပုံကို ကြည့်ပြီး၊ သူမ တကယ် ကြောက်စိတ်ဝင်သွားခဲ့လေပြီ။

" သခင်ကြီး! အဲဒီ ကောင်မလေးကသာ ကျွန်မကို အနိုင်ကျင့်တဲ့သူပါ။ မိထွေးတစ်ယောက်အနေနဲ့၊ ဘာလို့ သူမရဲ့ ခြံဝန်းထဲ ဝင်လို့တောင် မရတာလဲ။

ကျွန်မကို မြားနဲ့ ချိန်ရွယ်ခဲ့တာ သူမ။ သေမလို ဖြစ်ခဲ့ရတာ ကျွန်မပါ။" လုသခင်မမှာ ချက်ချင်းဆိုသလို အော်ဟစ်ပြောဆိုတော့သည်။

" ငါ မင်းကို အခေါက်ပေါင်းများစွာ ပြောခဲ့တယ်။ သူမရဲ့ ခြံဝန်းထဲကို ဝင်ခွင့် မရှိဘူးလို့။ ဖင်းဟွိုက်နဲ့ ရှီအာတို့တောင် မသွားကြတာ၊ မင်းက ဘာကိစ္စ အဲဒီကို သွားရတာလဲ။ ငါ့ကို တုံးတယ်လို့ မင်းတကယ်ထင်နေတာလား။" ရှဲ့နျိုရှန်းမှာ ဒေါသတချောင်းချောင်းထွက်နေခဲ့ပြီး "ကွာရှင်းစာချုပ်ပြင်ဖို့ လူခေါ်လိုက်မယ်"

ရှဲ့နျိုရှန်းသည် "ဟွန်း" ခနဲ အသံပြုလိုက်ကာ ဒေါသူပုန်ထလျက် ထွက်သွားတော့သည်။

လုသခင်မမှာတော့ ကြက်သေသေလျက်ကျန်ရစ်ခဲ့သည်။ "သူတကယ် ကွာရှင်းချင်တာလား၊ အဲဒီ ကံဆိုးစေမယ့် ကောင်မလေး အတွက်နဲ့ ငါ့ကို ကွာရှင်းချင်တာလား။ ငါ ဘယ်လို ရှင်သန်ရမှာ

လဲ။"

လုသခင်မမှာ မျက်ရည်များ စမ်းချောင်းသဖွယ်စီးကျလာတော့သည်။

"အမေ၊ မငိုပါနဲ့၊ အခုချိန်မှာ ငိုနေလို့ အသုံးမဝင်ဘူး"

ဖေဝမ်ယွဲ့သည် လုသခင်မ၏ လက်ကို အမြန်ဖမ်းဆုပ်လိုက်ကာ " အမေ မကွာရှင်းဖို့ကို ရွေးလို့ရတယ်။ အခုဆို အမေ မြို့တော်ကို ပြန်ရောက်နေတာ အချိန့်တခုလောက်ရှိနေပြီ။ ဒီကာလအတွင်း၊ အမေ့ရဲ့ ဗိုက်ထဲမှာ ဦးလေးရှဲ့ရဲ့ ကလေးလွယ်ကောင်းလွယ်ထားနိုင်တယ်မဟုတ်လား။ ဒီရက်ပိုင်းထဲ အမေသူ့ကို ကောင်းကောင်းချော့ လိုက်ရင်၊သူ စိတ်ပြောင်းသွားနိုင်ပါတယ်" ဖေဝမ်ယွဲ့က အလျင်အမြန်ပြောလိုက်သည်။

ဒါက လွဲပြီး၊ တခြားဘာလုပ်ရမလဲဆိုတာ သူမ မသိပေ။

သူမ အမေသာ ကွာရှင်းလိုက်လျှင်၊ နောင်အနာဂတ်မှာ သူမတို့နှစ်ယောက်အတွက် ကျောထောက်နောက်ခံရှိတော့လိမ့်မည် မဟုတ်ချေ။

ဖေဝမ်ယွဲ့မှာ တွေတွေကြီးနေနေခဲ့သည်။

သူမ မှီခိုလို့ရတာ ရှဲ့မိသားစုပဲ ရှိတာကြောင့်များလား။ ရှဲ့မိသားစုက တကယ်ကို ကျိုးကြောင်းမသင့်တဲ့သူတွေပဲ။!

"ဟုတ်တယ်၊ ကလေး…" လုသခင်မက သူမ၏ ဗိုက်ကို အလျင်စလို ဆုပ်ကိုင်လိုက်ပြီးနောက်၊ သူမ နည်းနည်းတော့ မျှော်လင့်ချက်မဲ့သွားခဲ့

သည်။

"အရင်တုန်းက၊ ဖေမိသားစုမှာလည်း သားသမီးတစ်ယောက် မမွေးပေးနိုင်ခဲ့ဘူး။ အခု၊ရှဲ့မိသားစုမှာလည်း…. ဘယ်လိုလုပ်ပြီး ကလေးရဖို့ဆိုတာ ဖြစ်နိုင်မှာလဲ။"

ဖေဝမ်ယွဲ့တစ်ယောက် စိတ်ပျက်ပြီး မခံမရပ်နိုင်ဖြစ်သည့် အချိန်ထိ လုသခင်မက ရှိုက်ကြီးတငင်ငိုကြွေးနေခဲ့သည်။

"အဲဒါတွေ အကုန် အမေ့ကြောင့်ပဲ။ ဒီမိသားစုထဲမှာ အကြာကြီးနေလာခဲ့တောင်၊ အမေရဲ့ အဆင့်အတန်းက ရှဲ့ချောင်ထက်ဆိုးနေသေးတယ်။ ဘယ်မိသားစုက သခင်မကများ အမေ့လို အသုံးမကျလို့လဲ။ " ဖေဝမ်ယွဲ့က ဒေါသတကြီး ပြောလိုက်သည်။

သူမ၏ မျက်နှာမှာလည်း တော်တော်လေး စိတ်ဓာတ်ကျနေသည့်ပုံပင်။

လုသခင်မမှာ တုန်လှုပ်သွားရကာ "အမေက အသုံးမကျဘူးတဲ့လား။ သမီး ကြောင့်သာ မဟုတ်ရင်၊ ဘယ်-ဘယ်လိုလုပ်ပြီး ဒီလို အဆုံးသတ်မှာလဲ။"

••••••

All Chapters