← Chapters

အထီးကျန်၊ ကူကယ်ရာမဲ့

Vol. 14 Ch. 256

အထီးကျန်၊ ကူကယ်ရာမဲ့

Vol. 14 Ch. 256

လုသခင်မမှာ သူမ ထိုစကားကို ပြောမိလိုက်ချိန်တွင် ၎င်းဟာ အမှန်တရားဖြစ်နေကြောင်းကို ရုတ်တရက် ခံစားလိုက်ရလေသည်။

သူမ၏ သမီးသာ ရှဲ့ချောင်ကို နည်းလမ်းမျိူးစုံနှင့် ဆန့်ကျင် မနေခဲ့လျှင် သမီးဖြစ်သူအတွက်ကလဲ့စားချေဖို့ဆိုပြီး ရှဲ့ချောင်ရဲ့ ဆန့်ကျင်ဘက်

ခြမ်းမှာ ရပ်တည်ခဲ့လိမ့်မည် မဟုတ်ပေ။

သူမတွင် ရှဲ့မိသားစုရဲ့ ကလေးတစ်ယောက်မှ မရှိချေ။ သူမ၏ နေရာ တည်မြဲစေရန်အတွက်၊ ရှဲ့ချောင်၏ အလိုကျကျိန်းသေပေါက် လုပ်ပေးလိမ့်မည်ဖြစ်သည်။ထိုမျှမက၊ သူမသည် ဝမ်ယွဲ့အား ရှဲ့ချောင်ဟာ သက်တမ်းတိုသည့်လူတစ်ယောက်ဆိုတာကို အစောကတည်းက ပြောပြထားခဲ့သည်။ သူမ ဘယ်လောက်ပဲ ထူးချွန်ထက်မြက်နေပါစေ၊ သူမ(ဖေဝမ်ယွဲ့)အတွက် လမ်းခင်းပေးထားလိမ့်မည်ဖြစ်ဆဲပင်။ ရှဲ့ချောင်နဲ့ တိုက်ခိုက်နေစရာကို မလိုဘူး!

သို့သော်ငြား၊ ယွဲ့အာကတော့ သူမစကားကို နားထောင်ခြင်းမရှိခဲ့!

အချိန်တစ်ခုကုန်လွန်ပြီးသည့်နောက်၊

နောက်ဆုံးတွင် သူမဟာ ရှဲ့ချောင်အပေါ် မနာလို

မုန်းတီးမှုတွေ ဖြစ်ပေါ်လာခဲ့သည်။

နောက်ပြီး၊ ကျောက်စိမ်းခိုးတဲ့ ပြဿနာကလဲ သူမကို ဒီမိသားစုမှာ မျက်နှာပျက်စေခဲ့တယ်!!

" အမေ အခုမှ ဒါတွေတွေးနေလို့ ဘာအသုံးဝင်မှာလဲ။ အမေ ဘယ်လိုလုပ်ရင် ဆက်နေနိုင်မလဲ ဆိုတာကိုပဲ စဉ်းစားသင့်တယ်။ " ဖေဝမ်ယွဲ့က ခနဲ့ကာပြောလိုက်၏။

သူမ အဖြေတစ်ခုရှာသင့်တယ်။ သူမ အမေဖြစ်သူကိုပဲ မှီခိုနေလို့မရဘူး။

လုသခင်မမှာ ကောင်းကင်၌ မှောင်စပျိုးသွားတာကိုသာ သိတော့သည်။ သူမခန္ဓာကိုယ်ထဲတွင် အားတစ်စက်မှ မရှိတော့။ ဒီတစ်ကြိမ်မှာ၊ သူမ နေထိုင်မကောင်းဖြစ်နေသကဲ့သို့ပင်၊ ကောင်းကောင်းမ

အိပ်နိုင် မစားနိုင်ခဲ့ချေ။

—

ရှဲ့ဖင်းကန်းသည် ရှဲ့ချောင်၏ ခြံဝန်းမှ ထွက်သွားပြီးသည်နှင့် အစေခံများနှင့် မိန်းမစေများကို ချက်ချင်း စတင်ရေတွက်တော့သည်။

နောက်တစ်နေ့ နံနက်တွင် ခွင့်တစ်ရက်တင်ခဲ့ကာ၊ အိမ်သို့ လူများစွာကို ခေါ်လိုက်သည်။

သူသည် မရိုးဖြောင့်သည့် သူများကို ရောင်းစားပစ်ခဲ့သည်။ ကံကောင်းစွာဖြင့်၊ ယွမ်ရုန်ကလွဲလျှင်၊ စာချုပ်မရှိသော အစေခံများ အိမ်တွင် များများစားစား မရှိခဲ့။ သို့မဟုတ်ပါက၊ ပိုပြီး ဒုက္ခရောက်နေဦးမည်ဖြစ်သည်။

ထိုအချိန်တွင်၊ စာချုပ်မရှိသည့် သူများကတော့ တန်းပြီး မောင်းထုတ်ခံခဲ့ရသည်။ ရှဲ့ဖင်းကန်းသည် ယွမ်ရုန်ကို လူတိုင်း၏ ရှေ့မှောက်သယ်ထုတ်လာရန်ပင် ခိုင်းလိုက်သေးသည်။

သူတို့သူ့အား အချက်နှစ်ဆယ်သာ ရိုက်ခဲ့ကြ၏။

နောက်ပြီး၊ သူကို အချက်ရှစ်ဆယ်လုံးသာ တကယ်ရိုက်ခဲ့ကြလျှင် သူသေသွားနိုင်လောက်သည်။

ယွမ်ရုန်၏ ခန္ဓာကိုယ်မှာ အားနည်းနေကာ ခံနိုင်ရည်မရှိသည်အထိ ရိုက်နှက်ခြင်းခံခဲ့ရလေသည်။

" ပထမ သခင်လေး၊ သခင်လေးက ကျေးဇူးမသိတတ်သူတစ်ယောက်ပဲ။ကျ-ကျွန်တော်အခုချိန်ထိ တစ်လျှောက်လုံး သခင်ကြီးနောက်ကိုပဲ လိုက်လာခဲ့တာ။" ယွမ်ရုန်က ခက်ခက်ခဲခဲနှင့် ပြော

လိုက်၏။

"ငါ့×င်ကို ကျေးဇူးကန်းတာလား! ခင်ဗျား တောင်ပေါ်စခန်းကို ဝင်လာတဲ့ အချိန်ကို ကျွန်တော်ရှင်းရှင်းလင်းလင်း မှတ်မိတယ်။ ခင်ဗျားက လှည့်ဖျားတတ်ပြီးတော့ စဉ်းလဲတဲ့သူတစ်ယောက်ဖြစ်နေပြီးသားပဲ။ လူရိုင်းတွေကို နှိမ်နှင်းတုန်းက ခင်ဗျားအဲဒီမှာ ရှိမနေခဲ့ဘူးဆိုပေမဲ့၊ အရာရှိတစ်ယောက်ဖြစ်လာဖို့ အတွက်တော့ ကျွန်တော်တို့နဲ့ အတူ နန်းမြို့တော်ကို လိုက်လာခဲ့တယ်။" ရှဲ့ဖင်းကန်းက တည်တင်းနေသော မျက်နှာနှင့်ပြောလိုက်ရင်း "သူရဲ့ ခြေလက်တစ်ဖက်စီကို မသန်မစွမ်းဖြစ်အောင်လုပ်ပြီးတော့ အပြင်ကိုနှင်ထုတ်လိုက်"

"သခင်လေး၊! အဲလိုလုပ်လို့မရဘူး။ ကျ-ကျွန်တော် ဘာမှ အကူအညီမပေးနိုင်ခဲ့ဘူးဆိုရင်တောင်မှ ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့တယ်။" ယွမ်ရုန်သည် သူ့ခန္ဓာကိုယ်ကို တရွတ်ဆွဲ

ကာ ရှဲ့ဖင်းကန်း၏ အင်္ကျီထောင့်နားကိုဆွဲရန်အတွက် တွားသွားလိုက်သည်။

"ခင်ဗျားက အိမ်မှာ အကြာကြီး အလုပ်လုပ်ခဲ့ပြီးတာတောင် ဘာတစ်ခုမှ မပံ့ပိုးနိုင်ခဲ့ဘူး။ခင်ဗျားရှိနေလို့ရော ဘာအကျိုးရှိမှာလဲ။" ရှဲ့ဖင်းကန်းသည် သူ့အား အချိန်အကြာကြီး မနှစ်မြို့လာခဲ့တာဖြစ်သည်။

ထိုစကားပြောပြီးသည့်နောက်တွင်တော့ သူ့လူများကို လုပ်ဆောင်ရန် စေခိုင်းလိုက်တော့သည်။

" သ- သခင်လေး ကျွန်တော့်ကို အပြစ်ပေးလို့မရဘူး။ ကျွန်တော်က လွတ်လပ်တဲ့သူတစ်ယောက်၊ အစေခံမဟုတ်ဘူး။" ယွမ်ရုန်က အလျင်စလို ထပ်ပြောလိုက်သည်။

ရှဲ့ဖင်းကန်းက လက်ဝေ့ယမ်းလိုက်ကာ " ခင်ဗျားက အမှုဖွင့်ချင်နေတာမလား၊ ဒါလည်း အဆင်ပြေပါတယ်။ ကျွန်တော့်ညီမကို သတ်ဖို့ကြံစည်ခဲ့တာာကို မြင်တဲ့ မျက်မြင်သက်သေတွေရှိတယ်။ ဘာလို့ ခင်ဗျားကို အဲဒီကို ကျွန်တော်မပို့ရမှာလဲ"

ယွမ်ရုန်မှာ လန့်ဖျပ်သွားခဲ့လေသည်။

ဒါပေါ့၊ သူသာ တကယ်အမှုဖွင့်တိုင်ကြားခဲ့မယ်ဆိုရင်၊ သူ့ဘဝက ပို့လို့တောင် စိတ်မချမ်းမြေ့စရာ ကောင်းသွားဦးမယ်။

စွပ်စွဲချက်မှာလည်း အလုံးစုံ မှန်ကန်နေတာ မဟုတ်ခဲ့ချေ။သို့ရာတွင်၊ ရှဲ့ဖင်းကန်းမှာ မှုခင်းစီရင်ရေးဌာနမှ အရာရှိတစ်ယောက် ဖြစ်နေခဲ့တာကြောင့် သူ့ကို အပြစ်ပေးဖို့ တစ်စုံတစ်ယောက်ကို ခိုင်းလိုက်ဖို့ရာ ပိုပြီး လွယ်ကူသွားလိမ့်မည် မဟုတ်လား။

ဒါတင်မကသေး…..

သူ ဓားပြတစ်ယောက် ဖြစ်မလာခင်၊ ပြစ်မှုများစွာ ကျူးလွန်ခဲ့သည်။ ထို့နောက်တွင်မှ ရှဲ့နျိုရှန်းနောက်သို့ လိုက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်၊ သူကိုယ်သူ ကာကွယ်ဖို့အတွက် ရှဲ့မိသားစု၏ စစ်တပ်ကို မှီခိုနေရခြင်းဖြစ်သည်။ သူသာ အမှုဖွင့်ခဲ့ပါက စစ်တပ် အကာအကွယ်လည်း ရှိတော့လိမ့်မည် မဟုတ်သလို သူရဲ့ အရင်က ပြစ်မှုများသည်လည်း ပြန်ပေါ်လာနိုင်ပေသည်။

ယွမ်ရုန်မှာ သူရဲ့ ခေါင်းကို လျှင်လျှင်မြန်မြန် ခါယမ်းလိုက်သည်။

သူ့ ဆက်ပြီး အထွန့်ဆက်မတက်ရဲတော့ပေ။

ရှဲ့ဖင်းကန်းမှာ ပြောရင် ပြောတဲ့အတိုင်း လုပ်သည့်သူပင်။ ယွမ်ရုန်ကို မသန်မစွမ်းဖြစ်အောင်သူ့လူ့တွေကို တကယ် စေခိုင်းခဲ့သည်။

နာကျင်မှုဒဏ်သည် ယွမ်ရုန်အား တန်းပြီး လဲကျသွားစေခဲ့သည်။

ရှဲ့ဖင်းကန်းမှာ အကြင်နာတရားရော သနားဂရုဏာပါ စိုးစင်းမျှ မရှိခဲ့ပေ။သူသည် ယွမ်ရုန်ကို မြို့ပြင်သို့ပစ်ဖို့ လူများကို စေခိုင်းခဲ့သည်။

ယွမ်ရုန်သည် ရှဲ့မိသားစုမှရသော အကျိုးအမြတ်များနှင့် ရှဲ့မိသားစု၏ သခင်မလေးကို တကယ် အနိုင်ကျင့်ရဲခဲ့သည်။ ရှဲ့ချောင် ပွဲချင်းပြီး သတ်မပစ်မိခဲ့တာပင် သူကံကောင်းနေပြီဖြစ်သည်။

ရှဲ့နျိုရှန်းသည် ဤပြဿနာတွင် ကြားဝင်စွက်ဖက်ခြင်း မပြုခဲ့။ ထို့ပြင်၊ သူ့မှာ လွန်ခဲ့သော နှစ်ရက်ကတည်းက စိတ်ဓာတ်ကျနေခဲ့တာဖြစ်သည်။

သူ စိတ်နှလုံးသားထဲတွင် ချိန်ခွင်တစ်ခုလိုမျိုး ရှိနေကာ ဘယ်သူမှန်ပြီး ဘယ်သူမှားလဲ ဆိုတာသိနေခဲ့သည်။ ယွမ်ရုန်ဆိုတာ ဆက်ပြီး မထားသင့်သည့်သူတစ်ယောက်ဆိုတာကိုလည်း သိသည်။ သို့ရာတွင်၊ အခု ယွမ်ရုန်သည် ထွက်သွားရပြီဖြစ်ပြီး၊ တောင်ပေါ်စခန်းမှ ညီနောင်အများစုမှာလည်း ရောင်းစားခံရတာ သို့မဟုတ် မောင်းထုတ်ခံလိုက်ကြရပြီဖြစ်သည်။

ရုတ်ချည်းဆိုသလို၊ ဘာမှမရှိသည့်ဟင်းလင်းပြင်တစ်ခုပမာဖြစ်သွားခဲ့တာကြောင့် သူ အနည်းငယ် မှင်တက်တွေဝေနေမိနေခဲ့လေသည်။

သူသည် ကနဦးတုန်းက သူဟာ အရာရှိတစ်ယောက်ဖြစ်လာခဲ့လျှင်တောင်မှ မိသားစုထဲ၌ သူ

သိကျွမ်းခဲ့ရသည့် လူများတော့ ရှိနေလိမ့်ဦးမည် ဖြစ်တာကြောင့် နေ့ရက်များသည် အတိတ်ကာလတုန်းက နှင့်တူနေလိမ့်ဦးမည်ဟုတွေးထင်ခဲ့မိသည်။

အခုတော့၊ သူ့နောက်တွင် ဗလာကျင်းသွားသလိုခံစားရပြီး၊ အထီးကျန်တစ်ကိုယ်တည်းဖြစ်ကာ ကူကယ်ရာမဲ့သွားသလို ရုတ်တရက်ခံစားလိုက်ရလေတော့သည်။

••••••

All Chapters