စိတ်ရှုပ်ထွေးသော
Vol. 14 Ch. 257
ရှဲ့နျိုရှန်းမှာ မတရားဘူးဟုလည်း ခံစားနေရသေးသည်။
သူသည် နဂိုကတည်းက ဓားပြတစ်ယောက်ဖြစ်ခဲ့ရာ အရာရှိတစ်ယောက်ဖြစ်နေခြင်းကို ကျင့်သားမရခဲ့ပေ။
သူနန်းမြိုတော်သို့ ရောက်လာခဲ့ပြီဆိုကတည်းက အရင်ကလိုမျိုး ထိန်းမနိုင်သိမ်းမနိုင် ထင်ရာစိုင်းလို့မရတော့ကြောင်းကိုလည်း သူနားလည် သဘောပေါက်ခဲ့သည်။ သူသည် အသက်ကြီးပြီဖြစ်တာကြောင့် အပြောင်းအလဲကို လက်မခံနိုင်ဆဲ ဖြစ်နေရုံသာ။ သူ ခံပြင်းနေခဲ့သည်။
ပိုပြီး ခံပြင်းနေသည့် သူတစ်ယောက်ကတော့ အခုချိန်တွင် စောင်ကို ကိုင်ကာ ငိုကြွေးလို့နေလေသည်။
ဖေဝမ်ယွဲ့မှာ ရှဲ့အိမ်တော်တွင် ဆက်ပြီး မနေနိုင်တော့ချေ။သူမသည် ထိုနေ့တွင်ပဲ လုသခင်မကို ထားခဲ့ကာ ပြန်ထွက်သွားခဲ့ရသည်။ သူမ
ဘယ်လောက်ပဲ ကြိုးစားခဲ့ပါစေ၊ ထိုအရာကို နားမလည်နိုင်ခဲ့ပေ။
ညရောက်သည့်အခါ၊ ရှဲ့နျိုရှန်းက ကွာရှင်းစာချုပ်ပို့လာချိန်၌ လုသခင်မက ချက်ချင်း ဒူးထောက်ချကာ အစောပိုင်းက သူမ စဉ်းစားထားသည့် ဆင်ခြေကို ပြောလာခဲ့သည်။
ရှဲ့နျိုရှန်းက လုသခင်မ၏ ဗိုက်ကိုကြည့်လိုက်ရင်း၊ "မင်းက နှစ်အနည်းငယ်ကြာပြီတာတောင် ကိုယ်ဝန်မရခဲ့ဘူး၊ ဘယ်လိုလုပ်ပြီး ဒီလို တိုက်ဆိုင်မှူမျိုး ရှိရတာလဲ"
"ဒါပေမဲ့၊ တကယ်လို့သာ" လုသခင်မ၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ဝေဝါးနေခဲ့သည်။ "သခင်ကြီး၊ ကျ_ကျွန်မ တကယ်အမှားလုပ်ခဲ့မိပါတယ်။ နောင်အနာဂတ်မှာ ရှဲ့ချောင်ကို ရန်မစတော့ဘူးလို့ ကတိပေးပါတယ်။ ခင်ပွန်းနဲ့ ဇနီးဆို
တာ တစ်သက်လုံး အတူတူနေသွားသင့်တာ။ တကယ်လို့သာ ကွာရှင်းရမယ်ဆိုရင်၊ ကျွန်မသေသွားရလိမ့်မယ်"
ရှဲ့နျိုရှန်းမှာလည်း ဘေးကျပ်နံကျပ်ဖြစ်နေရသည်။
ဒီအမျိုးသမီးသည် ကွာရှင်းပြီးသည့်နောက် အခြားသူများရဲ့ ဝေဖန်ပြောဆိုခံရမည်ဆိုတာကို သူသိသည်။
ဥပမာအားဖြင့်၊ သူ လုသခင်မနှင့် လက်ထပ်ခဲ့စဉ်က၊ သူမသည် သူမရဲ့ မိဘများနှင့် နှစ်ပေါင်းများစွာ အတူတူနေထိုင်လာခဲ့သည်။ သူမသည် အပြင်သို့ မထွက်ရဲသလို လူတွေ နဲ့လည်း မတွေ့ရဲခဲ့ပေ။ အိမ်မှာတောင်မှ သူမ မိဘနှင့် အစ်ကိုများနှင့် တိုက်ရိုက်ပြောဆိုဆက်ဆံခြင်းမျိုး မရှိခဲ့ပေ။ သူမသည် တစ်ချိန်လုံးသူမခြံဝန်းထဲတွင် ပိတ်လှောင်
ပြီးနေထိုင်ခဲ့ကာ ၊အပြင်သို့ခြေလှမ်းခြင်းမရှိခဲ့ချေ။
" မင်းကို ငါ့ဇနီးတစ်ယောက်အနေနဲ့၊ ဒီနှစ်တွေတစ်လျှောက်လုံး မင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တယ်။ အရင် သခင်မလင်း ရှိတုန်းကတောင်၊ သူမကို ထောက်ပံ့ပေးဖို့အတွက် ငါ ငွေတွေအများကြီး မသုံးစွဲခဲ့ဘူး။ ဒီနှစ်တွေ အတွင်းမှာ ငါ အရာရှိတစ်ယောက် ဖြစ်လာခဲ့တယ်။ ဒါပေမဲ့၊ ငါ ဘာလုပ်ခဲ့သလဲဆိုတာကို မင်းမေ့သွားပြီလား" ရှဲ့နျိုရှန်းမှာ ထိုင်နေခဲ့ကာ၊ ကြမ်းကြုတ်ရက်စက်စက်သည့်ပုံပေါက်နေခဲ့၏။
လုသခင်မမှာ ကြက်သေသေသွားခဲ့သည်။ သူမသည် ခေါင်းကို ငုံထားလျက် သူမ၏ ခန္ဓာကိုယ်မှာတော့ တုန်ယင်နေခဲ့လေသည်။
"အရင်တုန်းက၊ ညီအစ်ကိုများစွာအတွက် တာဝန်
ယူခဲ့ရပြီးတော့ ငါရဲ့ လက်သီးအပေါ်မှာပဲ မှီခိုခဲ့ရတယ်။ ငါ အမျိုးသမီးတွေကို ရိုက်နှက်တာမျိုးလည်း မရှိခဲ့ဘူး။ မင်းက ဒီအိမ်မှာ နေနေတာ၊ မင်းအမှားမလုပ်သရွေ့၊ မင်း အသက်ကြီးပြီးတော့ ရုပ်ဆိုးနေမယ်ဆိုရင်တောင် မင်းကို ထောက်ပံ့ပေးဖို့ ဆန္ဒရှိတယ်။ တကယ်လို့ ဟိုကောင်စုတ် ရှဲ့ဖင်းကန်းက ဆန္ဒမရှိဘူးဆိုရင်တောင်မှ သူမင်းကို ဘာမှ လုပ်လို့မရဘူး။ ဒါပေမဲ့၊ ဒီတစ်ခေါက်ကတော့ မင်း စည်းကျော်သွားခဲ့ပြီ"
"ငါက ဓားပြတစ်ယောက်ဖြစ်ခဲ့တာကြောင့် အရာရှိတစ်ယောက် ဖြစ်လာခဲ့တယ်။ ဒါပေမဲ့၊ ငါ ဘာလို့ ဓားပြဖြစ်ခဲ့လဲဆိုတာ မင်းမသိဘူးလား" ရှဲ့နျိုရှန်းက ထပ်မေးလိုက်သည်။
လုသခင်မမှာ နှစ်ကြိမ်တောင် တုန်လှုပ်သွားခဲ့လေသည်။
သူမ အခု သတိရသွားပြီဖြစ်သည်။
သူမယောကျာ်းဖြစ်သူ၏ အတိတ်တုန်းက ဆောင်ရွက်ချက်များကို သူမကောင်းကောင်းကြီးသိသည်။
ရှဲ့နျိုရှန်းကို တောင်ပေါ်စခန်းသို့ ခေါ်လာခဲ့သူမှာ သခင်မဖုန်၏ အဖေဖြစ်သူ သခင်ကြီးဖြစ်သည်။
နှစ်အနည်းငယ်လောက် လေ့ကျင့်သင်ကြားပေးပြီးသည့်နောက်တွင် သူ့သမီးနှင့် လက်ထပ်ပေးခဲ့၏။
သခင်မဖုန်၏ မိသားစုဝင်အားလုံးမှာ ဓားပြများဖြစ်ကြသော်လည်း သခင်မဖုန်ကြောင့်သာ မဟုတ်လျှင် ရှဲ့နျိုရှန်းမှာ ဟိုးယခင်ကတည်းက သေသွားခဲ့လောက်ပြီဖြစ်သည်။
ရွာသားများ၏ မုန်းတီးခြင်းကို ခံရပြီး မိသားစုမှ နှင်ထုတ်ခြင်းခံထားရသော၊ အရည်အချင်းရော ငွေရောမရှိသည့် သူသည် ထိုကဲ့သို့ ပရမ်းပတာဖြစ်နေသည့် နယ်မြေမျိုးတွင် အသက်ရှင်နိုင်ရန်အခွင့်အရေးမှာ မများခဲ့ပေ။
လုသခင်မမှာ ခက်ခက်ခဲခဲ နှင့် ခေါင်းညိတ်လိုက်ရသည် "ကျ-ကျွန်မ မှားသွားပါတယ်၊ ကျွန်မမှားတယ်ဆိုတာ သိပါတယ်…."
သူမ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလို့လာခဲ့သည်။
" ငါမင်းကို တဲ့ပြောဖို့ရာ ကြောက်မနေဘူး။ သခင်မဖုန်ရဲ့ သားသမီးတွေက ငါ့အသက်ထက်တောင် အရေးကြီးတယ်။ မင်း သူမရဲ့ ကလေးတွေအပေါ် အလေးမထားဘူးဆိုရင်၊ မင်းက
အခြေအနေကို ဆိုးအောင်လုပ်ပြီး ငါ့ကို ကျေးဇူးကန်းတဲ့သူတစ်ယောက်ဖြစ်အောင်လုပ်နေတာပဲ။ မင်း ဒီလို လုပ်လို့မရဘူး" ရှဲ့နျိုရှန်းက ထပ်ပြောလိုက်သည်။
လုသခင်မမှာတော့ ငိုပဲငိုနေတော့သည်။
"ကျ-ကျွန်မစိတ်ရှုပ်ထွေးသွားခဲ့တယ်။ ကျွန်မသူ့မကို ကောင်းကောင်းစောင့်ရှောက်ဖို့ အတွေးရှိခဲ့ပါတယ်။ အဲ-အဲဒါက….." လုသခင်မသည် အဓိကအချက်သို့ ရောက်သည်နှင့် ဆက်မပြောနိုင်တော့ပေ။
ရှဲ့ချောင်ကို ခွဲခြားဆက်ဆံခဲ့ရသည်မအကြောင်းရင်းမှာ သူမ၏ သမီးအရင်းကြောင့်ဆိုတာကို သူမ ထုတ် မပြောနိုင်ပေ။
သူမ စိတ်ဓာတ်ကျစွာနှင့်ပဲ ထိုင်ချပစ်လိုက်တော့သည်။
ရှဲ့နျိုရှန်းမှာ တစ်ခါတစ်လေ ကြားနေတတ်သည့်သူမျိုးဆိုတာကို သူမ သိသည်။ သူသည် စိတ်အပြောင်းအလဲလွယ်သည့် သူတစ်ယောက်ဖြစ်သော်လည်း၊ သူစိတ်ပိုင်းဖြတ်လိုက်ပြီဆိုရင်တော့ ၎င်းကို ပြောင်းလဲဖို့ရာလမ်းမရှိတော့ပေ။
" ပြောဖို့လိုအပ်တာတွေ အကုန်ပြောပြီးသွားပြီ။ ကွာရှင်း စာချုပ်မှ လက်မှက်ထိုးလိုက်ပါ" ရှဲ့နျိုရှန်းက ထပ်ပြောလိုက်သည်။
အခုချိန်တွင် ရှဲ့နျိုရှန်း၏ မျက်လုံးထဲ၌ ဇနီးတစ်ယောက်ဖြစ်ခဲ့ဖူးသည့် သူမသည် သာမန်အမျိူးသမီးတစ်ယောက်နှင့် ဘာမှမကွာတော့ဘူးဆိုတာကို လုသခင်မခံစားလိုက်ရလေသည်။
••••••