← Chapters

ယုံကြည်ချက်ရှိပြီ

Vol. 14 Ch. 258

ယုံကြည်ချက်ရှိပြီ

Vol. 14 Ch. 258

လင်းသခင်မဖြစ်စေ၊ သူမ ဖြစ်စေ၊ သူမတို့သည် ရှဲ့နျိုရှန်းဝယ်ယူထားသည့် အရုပ်များသဖွယ်သာဖြစ်ကြသည်။ သူသည် သူတို့ကို အလိုက်ချစ်ခင်ပေးနိုင်သော်လည်း၊ သူတို့တကယ် သဘောထားကွဲလွဲပြီး ရန်ဖြစ်ခဲ့ကြမယ်ဆိုလျှင် သူတို့ကို သူကိုယ်တိုင် သတ်ပစ်ပေလိမ့်မည်။။

လုသခင်မသည် စုတ်တံယူလိုက်ကာ သူမ၏နာမည်ကို တုန်ယင်နေသောလက်ဖြင့် ရေးလိုက်သည်။ ထို့နောက် သူမ၏ လက်ဗွေကို နှိပ်လိုက်သည်။

"ငါတို့ မိသားစုးက မချမ်းသာဘူး။ မင်း ငါတို့ မိသားစုထဲ လက်ထပ်ဝင်လာတဲ့ချိန်းတုန်းက

ခန်းဝင်ပစ္စည်းတွေ သိပ်ပြီး မယူလာခဲ့ဘူး။ နောက်ပိုင်းမှာ ၊ မင်းက ဖေဝမ်ယွဲ့အတွက် ခြံဝန်းတစ်ခု ဝယ်ပေးဖို့တောင် ငွေတွေသုံးစွဲခဲ့သေးတယ်။ မင်း လက်ထဲမှာ တစ်ပြားတစ်ချပ်မှာ မရှိလောက်တော့ဘူးလို့ ငါထင်တယ်။ နောက်ပြီး၊ မင်းက ငါ့ဇနီးတစ်ယောက် တစ်ကြိမ်တစ်ခါ ဖြစ်ခဲ့ဖူးတာဆိုတော့ ငါမင်းကို မမျှမတဆက်ဆံမှာ မဟုတ်ပါဘူး၊။ ငါ မင်းကို ငွေစ ငါးထောင်ပေးလိုက်မယ်။ အဲငွေတွေကို မင်းကြိုက်သလို သုံးနိုင်တယ်" ရှဲ့နျိုရှန်းက ဝင့်ကြွားစွာနှင့် ပြောလိုက်သည်။

လုသခင်မမှာ အင်အားတစ်စက်မှ ကျန်ရှိမနေတော့ပေ။

ငွေစငါးထောင်ဟူသည်မှာ မှာနည်းသည့် ငွေပမာဏမဟုတ်။ သာမန်အရပ်သားမိသားစုတစ်စုသည်ထိုငွေကို သူတို့တစ်သက်လုံး သုံးစွဲလျှင်တောင် ကုန်နိုင်လိမ့်မညိမဟုတ်ပေ။

ရှဲ့နျိုရှန်းသည် ရက်ရောမှုသည် အရင်ကတည်း ကြီးမားကြောင်းကို သူမ သိသည်။ ယခင်က သူမ ဖေအိမ်တော်နှင့် လုအိမ်တွင်တော် နေထိုင်ခဲ့ရသည့် ဘဝသည် ရှဲ့အိမ်တော်မှာ နေရသည့် ဘဝလိုမျိုး သက်တောင့်သက်သာ မရှိခဲ့ချေ။

သူမသမီးနှင့် ရှဲ့ချောင်ရောက်မလာခင်အထိ, သူမသည် အိမ်တော်၏ သခင်တစ်ယောက်နီးနီဖြစ်ခဲ့သည်။

ရှဲ့ဖင်းဟွိုက်သည် သူမအပေါ် တရိုတသေရှိခဲ့သည်။ သူမ ငွေစ ပေးလိုက်သည့် အချိန်တိုင်း အတိုင်းထက်အလွန် ပျော်ရွှင်နေခဲ့သည်။ ရှဲ့ရှီမှာ လိမ္မာတာကြောင့် သူမစိတ်ပူစရာ မလိုခဲ့ပေ။ သူမကို မကျေမနပ်ဖြစ်နေသည့် ရှဲ့ဖင်းကန်းကို တောင်မှ သူမ မမြင်ချင်ယောင်ဆောင်ထားနိုင်သည်။

သူမရဲ့ ဘဝက ဘယ်လိုတောင် ဒီလိုမျိုး အဆုံးသတ်သွားရတာလဲ။

လုသခင်မမှာ နောင်တရနေခဲ့သော်လည်း သူမ ဘာကို နောင်တရနေသလဲဆိုတာ မပြောပြနိုင်ခဲ့ပေ။

ကွာရှင်းစာချုပ်တွင် လက်မှတ်ထိုးပြီးသွားသည့်နောက်၊ ရှဲ့နျိုရှန်းက အုပ်ချုပ်ရေးရုံးဆီသို့ သွားခဲ့သည်။

နောက်တစ်နေ့တွင်၌ ရှဲ့လင်မယားနှစ်ယောက် ကွာရှင်းကြသည့် သတင်းမှာ မြို့တော်တစ်ခွင်ပျံ့သွားခဲ့တော့သည်။

ရှဲ့နျိုရှန်းသည် လုသခင်မအပေါ် အတော်လေး

ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့သည်။ ကွာရှင်းလိုက်ကြပြီးဖြစ်သော်လည်း၊ သူမကိုရှဲ့အိမ်တော်အတွက် ဝယ်ယူခဲ့သည့် ပစ္စည်းတချို့အား ယူသွားခွင့်ပြုခဲ့သည်။ သူမ အတွက် မြင်းလှည်းတစ်စင်းတောင် ငှားရမ်းပေးခဲ့သေးသည်။ ပစ္စည်းများနှင့် ပြည့်နေသော မြင်းလှည်းသည် ဖေဝမ်ယွဲ၏ ခြံဝန်းငယ်လေးထဲသို့ ရောက်သွားခဲ့လေသည်။

"အမေ!! အမေမှာ ကိုယ်ဝန်ရှိနေတယ်ဆိုပြီး ပြောဖို့ မပြောခဲ့ဘူးလား။ ဘယ်လိုလုပ်ပြီး နှင်ထုတ်ခံလိုက်ရတာလဲ။ " ဖေဝမ်ယွဲ့က မယုံကြည်နိုင်စွာနှင့် မေးလိုက်သည်။

လုသခင်မက နုံးချည့်စွာနှင့် ပြန်ပြောလိုက်၏ "တော်လိုက်တော့၊ အမေ ကိုယ်ဝန်မရခဲ့တာ ငါးနှစ် ရှိပြီ။ အခုမှ ဘယ်လိုလုပ်ပြီး ကိုယ်ဝန်ရှိနေနိုင်မှာလဲ။ ရက်အနည်းငယ်လောက် နောက်ကျရုံနဲ့ ဘာတစ်ခုမှ ပြောင်းလဲသွားနိုင်မှာ မဟုတ်ဘူး။ "

သူမသည် ရှဲ့နျိုရှန်း၏ လက်ခံနိုင်သည့် အတိုင်းအတာကို ကျော်သွားခဲ့ပြီးပြီဖြစ်သည်။

နောက်ပြီး၊ သူမသည် ရှဲ့နျိုရှန်း နှင့် ငါးနှစ် ခြောက်နှစ်လောက် အတူတူနေလာခဲ့ပြီးဖြစ်ရာ သူ့အကြောင်းကို သိသင့်သလောက်တော့သိလာခဲ့ပြီ။

"ဒါဆို သမီးတို့ အခု ဘာလုပ်သင့်လဲ။အမေက နှင်ထုတ်ခံလိုက်ရရင်၊ နောင်အနာဂတ်မှာ သမီးတို့ ဘယ်လို နေသွားရမှာလဲ။ ဒီတိုင်းပဲ ထိုင်ပြီး စောင့်နေရမှာလား" ဖေဝမ်ယွဲ့မှာ သွေးပျက်နေလေသည်။

"စိတ်မပူပါနဲ့၊ သူအမေ့ကို ငွေစ ငါးထောင်ပေးလိုကတယ် ပြီးတော့၊ ဒီ….အရာတွေက အမေ အရင်ကဝယ်ခဲ့တဲ့ ပစ္စည်းတွေပဲ။ အဲဒါတွေကိုသာ အပေါင်ဆိုင်ပို့ပြီးရောင်းလိုက်မယ်ဆိုရင်၊ ငွေစ

ငါးထောင်၊ ခြောက်ထောင်လောက် ရနိုင်လောက်တယ်။" လုသခင်မက ပြောလိုက်၏။

ဖေဝမ်ယွဲ့သည် သူမအမေဖြစ်သူအား တအံ့တဩနှင့် ကြည့်နေခဲ့သည်။

သူမသည် လှည်းထဲမှ ပစ္စည်များကို ကြည့်ရန်အတွက် အပြေးအလွှားသွားလိုက်သည်။

အချို့သော ပစ္စည်းကြီးများမှာ၊ သာမန်ပုံပင်ဖြစ်သော်လည်း၊ ထိုသေတ္တာများထဲတွင်တော့ တကယ်ကို အဖိုးတန်သည့် အရာများရှိနေခဲ့လေသည်။ ရွှေ၊ ကျောက်စိမ်း၊လက်ဝတ်ရတနာတွေနဲ့ အရည်အသွေးမြင့် ပိုးထည်တွေ……

ဖေဝမ်ယွဲ့မှာ တစ်ခဏတော့ နှုတ်ဆိတ်သွားခဲ့သည်။

ထိုမျှများပြားသော ငွေတွေနှင့် အနာဂတ်တွင် သူမ လက်ထပ်ရဖို့ ယုံကြည်ချက်ရှိသွားခဲ့လေသည်။

" အမေ၊ အထဲဝင်လာပြီးတော့ အနားယူပါဦး" ဖေဝမ်ယွဲ့၏ အသံအနေထားသည် တည်ငြိမ်နေကာ လုသခင်မကို အိမ်ထဲဝင်နိုင်ဖို့ ကူညီပေးလိုက်သည်။

လုသခင်မကတော့ စိတ်အခြေအနေကောင်းမနေခဲ့တာကြောင့် သူမ သမီးနှင့် ပတ်သက်ပြီး တစ်ခုခုမှားနေသည်ဟု မထင်ခဲ့ပေ။ သူမသည် သူမသမီးရဲ့ လက်ကို ဖမ်းဆုပ်ထားသည့် အချိန်တွင်တောင်မှ အနည်းငယ် သက်သာသွားသည်ဟု ခံစားနေရဆဲဖြစ်ခဲ့သည်။

ငွေကြေးရယ် သူမသမီး ရယ်နှင့်သာဆိုလျှင်၊ သူမလည်း ကောင်းမွန်တဲ့ ဘဝမှာ နေထိုင်သွားနိုင်တယ်…..

ဤနှစ်များတွင်၊ သူမသည် ဆိုင်တစ်ဆိုင်ကို စီမံခန့်ခွဲနိုင်ရန် သင်ယူခဲ့သည်။ အနာဂတ်တွင် ဆိုင်ငယ်လေး တစ်ဆိုင်ယူကာ ၊ထိုဆိုင်ကို စီမံဖို့ ယုံကြည်စိတ်ချရသည့် ခန့်ခွဲသူတစ်ယောက် ငှားရမ်းလို့ရသည်။

ရှဲ့မိသားကတော့ ရုတ်တရက် သခင်မတစ်ယောက် ယုတ်လျော့သွားရသည်။ အစေခံများနှင့် မိန်းမစေများမှာ ကြောက်ရွံ့မှုနှင့် တုန်လှုပ်နေခဲ့ကြလေသည်။

လွန်ခဲ့သောနှစ်ရက်၌ ရှဲ့အိမ်တော်ကနေ အစေခံတချို ရောင်းထုတ်လိုက်သည် ဆိုသည့်အကြောင်း

ကို အိမ်နီးချင်းများသည် မနေနိုင် မထိုင်နိုင် သတင်းဖြန့်လိုက်ကြလေသည်။ အပြင်တွင် ကောလဟာလတစ်ချို့လည်းရှိခဲ့၏။

လူတိုင်းပြောနေကြသည်မှာ မိထွေးဖြစ်သည့် လုသခင်မက ယောကျာ်းဘက်ကသားသမီးတွေနဲ့ အချင်းဖြစ်ပွားရာမှာ ရှုံးနိမ့်သွားတာကြောင့် နှင်ထုတ်ခံလိုက်ရသည်ဟူ၍ဖြစ်လေသည်။

ထိုစကားများဟာ ရှဲ့ချောင်နားဆီသို့ ရောက်မသွားသင့်သော်လည်း ချွင်းအာ မှာ ထိုအကြောင်းကို လျှို့ဝှက်ချက်တစ်ခုအဖြစ် မထိန်းသိမ်းနိုင်ခဲ့ပေ။ သူမ၏ မျက်နှာပေါ်က ဒေါသကို ကြည့်ရုံနဲ့တင် ဘာဖြစ်ခဲ့သလဲဆိုတာကို အလွယ်တကူ ခန့်မှန်းနိုင်လောက်ပေသည်။

••••••

All Chapters