← Chapters

စိတ်အနှောင့်အယှက်ပေးသည်

Vol. 14 Ch. 260

စိတ်အနှောင့်အယှက်ပေးသည်

Vol. 14 Ch. 260

အိမ်ရှေ့စံမင်းသားကြင်ယာတော်ရွေးချယ်မည့်အရေးမှာ ကိစ္စကြီးတစ်ရပ်ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က တော်ဝင်ကျောင်းတော်မှ သာမာန်ကျောင်းသားများသည် ကျောင်းတော်သို့ ပြန်ရောက်လာခဲ့ကြပြီဖြစ်သော်လည်း မိန်းကလေး

များမှာတော့ အားလပ်ရက်ပိုကြာတာကြောင့် သူတို့စောင့်နေကြရလေသည်။

ရှဲ့ဖင်းကန်းကို ခုတုံးအနေနှင့်လုပ်၍၊အိမ်ရှေ့စံမင်းသားသည် ရှဲ့သခင်မလေးကို အိမ်ရှေ့စံအိမ်တော်သို့ အောက်တိုဘာလ ၈ ရက်နေ့တွင် သွားရမည်ဟူ၍ တိုက်ရိုက် အမိန့်ပေးခဲ့၏။

ဖိတ်စာကို ရှဲ့မိသားစုဆီသို့ တန်းတန်းမတ်မတ်ရောက်သွားခဲ့သည်။။

ထိုအရာအား လူများစွာကို မြင်တွေ့ချိန်၌၊ သတင်းသည် အမတ်များကြား လျင်လျင်မြန်မြန် ပျံ့နှံ့သွားခဲ့သည်။

ယနေ့တွင်၊ ရှဲ့ချောင်သည် အပြာရောင်တိမ်ဆိုင်သဏ္ဍာန်များဖြင့် ပန်းထိုးပုံပေါ်ထားသည့် ခရမ်း

မှိုင်းရောင် ဝတ်စုံကို ဆင်မြန်းထားသည်။ သူမသည် အနီရောင် အပေါ်ခြုံထည်ကို ဝတ်ဆင်ထားလျက် ဝေါ်ယာဉ်ပေါ် တက်လိုက်သည်။

သံလိုက်အိမ်မြှောင်ကို မေ့လိုမဖြစ်။၎င်းကို သူမ၏ ရင်ဘတ်ထဲတွင် လျှို့ဝှက်စွာ ဝှက်ထားသည်။ ထို့ပြင်၊ အသစ် ရေးဆွဲထားသော အဆောင် လက်ဖွဲ့များနှင့် အိမ်ရှေ့စံမင်းသားအတွက် ကျေးဇူးတင်မှုကို ပြသဖို့ ထွင်းထုထားသည့် လက်ဆောင်ကိုလည်း ဝှက်ထားပြီးဖြစ်သည်။

သူမသည် နဂိုကတည်းက ပိန်ပါးသေးသွယ်သူတစ်ယောက်ဖြစ်သည်။ ယခု အချိန်၌ သူမခန္ဓာကိုယ်ပေါ်တွင် ပစ္စည်းများစွာဖြင့် ထုပ်ပိုးထားတောင်မှ ဝနေသည့် ပုံမပေါက်ခဲ့ပေ။ ထိုမျှမက၊ ဤ ရဲတောက်နေသည့် အနီရောင် အပေါ်ဝတ်ရုံမှာ သူမကို ပိုပြီး ညင်သာသိမ်မွေ့ကာ နှစ်လိုဖွယ်ကောင်းသည့် ပုံပေါ်သွားစေခဲ့သည်။

နန်းမြိုတော်ထဲသို့ ဝင်လာသည်နှင့် ရှဲ့ချောင်သည် သူမနှင့် အတူသယ်လာခဲ့သော ပုလင်းမှာ အနည်းငယ် လှုပ်ရှားသွားတာကို ခံစားလိုက်ရသည်။

ပုလင်းထဲတွင် ရှိနေသည်မှာ နန်းတွင်းအဝတ်အစားနှင့် အမျိုးသမီးမကောင်းဆိုးဝါး ဝိဉာဉ်ဖြစ်သည်။

ထိုဝိဉာဉ်မှာ နန်းတွင်းထဲတွင် အရင်ကနေခဲ့ဖူးတာ ဖြစ်မည်ဟု သူမ တွေးလိုက်သည်။ သူမကိုသာ ယခင်နေရာသို့ ပြန်ပို့ပေးလိုက်လျှင် တစ်စုံတစ်ခုကို ပြန်စဉ်းစားမိနိုင်လောက်တာကြောင့် ရှဲ့ချောင်သည် သူမကို ဒီကို ခေါ်လာခဲ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်သည်။

အကျိုးသက်ရောက်မှုသည် ထိုမျှ ကောင်း

လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ နန်းမြို့တော်ထဲသို့ ဝင်လာခါစပဲ ရှိသေးတာတောင် ထိုဝိဉာဉ်က ဂနာမငြိမ်ဖြစ်နေလေပြီ။

သူမ ဝိဉာဉ်ကို အပြင်ထွက်ခွင့် ပြုလိုက်၏။

" ဒီမှာရှိတဲ့ လေထုကို အရမ်းရင်းနှီးနေတယ်…."

နန်းတွင်းအဝတ်အစားနှင့် အမျိုးသမီးမကောင်းဆိုးဝါးဝိဉာဉ်မှာ သူမ၏ ဝေါယာဉ်ထဲ၌ နာနာခံခံနှင့်ပဲ လွင့်မျောနေကာ ရေရွတ်ပြောဆိုလိုက်သည်။

ဤ အမျိုးသမီးဝိဉာဉ်မှာ အတော်လေး ကြည့်ကောင်းသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ မျက်နှာမှာ ကျောက်စိမ်းတစ်တုံးကဲ့သို့ ဖြူဖွေးနေခဲ့သည်။သူမသည် အစေခံတစ်ယောက်ဖြစ်ရန်

အနည်းငယ် ထင်ရှားပေါ်လွင်နေသည်။ သူမက ကိုယ်လုပ်တော်တစ်ယောက်တောင် ဖြစ်နိုင်သည်။

" ကျွန်မနဲ့ အဝေးကြီးမှာ မနေနဲ့။ ရှင်သာ အဝေးကို လွင့်မျောသွားရင် ကျွန်မ လိုက်ရှာနိုင်မှာမဟုတ်ဘူး။" ရှဲ့ချောင်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

ရှဲ့ချောင်သည် ခန်းဆီးစကို မကာ အပြင်ဘက်သို့ ကြည့်လိုက်၏။

နံရံများအပြင်၊ အမတ်များနှင့် စစ်သည်များသာ ရှိသည်။ ၎င်းသည် တိတ်ဆိတ်ပြီး ခံ့ညားနေခဲ့သည်။

၎င်းသည် လူတစ်ယောက်အား မွန်းကျပ်သွားအောင် လုပ်နိုင်သည့်ပုံမျိုးပင်။ ရှဲ့ချောင်

မထီမဲ့မြင်ဟန်ဖြင့် ခန်းဆီးစကို တစ်ဖန်ပြန်ချလိုက်လေသည်။

အရှေ့နန်းတော်ရှိ အိမ်ရှေ့စံမင်းသား၏နန်းဆောင်သို့ ရောက်ပြီးနောက် ဝေါယာဉ်ပေါ်မှာ ဆင်းလိုက်ကြကာ၊ အစေခံများက အိမ်ရှေ့စံနန်းဆောင်၏ အနောက်ဘက်ဉယျာဉ်ဆီသို့ ခေါ်သွားပေးခဲ့သည်။

ထိုနေရာတွင် အလှပဂေးများစွာရှိနေခဲ့သည်။

ဟမ်း…..

လူများနှင့် ဝိဉာဉ်များလည်းရှိနေခဲ့သည်။

ထိုအခိုက်အတန့်တွင်၊ ရှဲ့ချောင်သည် သူမမျက်လုံးများ ကျိန်းလာတာကြောင့် ချက်ချင်းခေါင်း ငုံ့ထားလိုက်၏။

သူမသည် ခြေထောက်ကိုသာ ငုံ့ကြည့်နေခဲ့ကာ လူအုပ်နှင့် နီးနီးကပ်ကပ် မသွားခဲ့ပေ။

"အစ်မသုန့်၊ ကြည့်ပါဦး၊ ရှဲ့ချောင်က တကယ်ကြီး ဒီကို ရောက်လာတာပဲ" ရှားယာ့ယွင်က ရှဲ့ချောင်ရှိရာသို့ ညွှန်ပြလိုက်ရင်း " ဓားပြတစ်ယောက်ရဲ့ သမီးက တော်ဝင်မိသားစုနဲ့ ဆက်ဆံရေးတစ်ခုခုရှိဖို့ ထိုက်တန်လို့ သူမကထင်နေတာလား။"

သုန့် သခင်မလေးမှာ သိမ်မွေ့တည်ငြိမ်သူတစ်ယောက်ဖြစ်သည်။

"ညီမလေး ယာ့ယွင်၊ ဒီလိုပြောမယ်ဆိုရင် လူတွေ

ကို မကျေမနပ်ဖြစ်စေလိမ့်မယ်"

" ညီမက သူမကို ဟိုးအရင်ကတည်းက စိတ်အနှောက်အယှက်ပေး ဆန့်ကျင်လာခဲ့တာ။ဘာလို့ ကြောက်နေရမှာလဲ။ ပြီးတော့၊ အစ်မက မသိလို့၊ သူမက နောက်ခံကောင်းတဲ့ မိသားစုက လာတာမဟုတ်ပေမဲ့ လူတွေကို သူ့မဘက်မှာပါလာအောင်အပျော့ဆွဲ ဆွဲနိုင်စွမ်းရှိတယ်။ အစ်မ မုရွှယ်တောင်မှ သူမဘက်ကလေ"

ဆောင်းရာသီ အဝတ်အထည်ပွဲတော်ပြီးကတည်းက ဘယ်သူမှ သူမကို စကားလာမပြောကြတော့!!!

ဖုန်းမုရွှယ် မဆိုထားနှင့် မုန့်ရှူရှန်းနှင့် ဖုန်းရွှမ်းရွှမ်းတို့တောင်မှ သူမရဲ့ ဖိတ်ကြားမှုကို လစ်လျူရှုထားခဲ့ကြသည်။!

အိမ်ရှေ့စံမင်းသား ကြင်ယာတော်ရွေးချယ်ချိန်၌၊အိမ်တိုင်းမှ အမျိုးသမီးတိုင်း လာရတာမဟုတ်ခဲ့ချေ။

စေ့စပ်ထားပြီးသားသူများနှင့် စေ့စပ်ရန် ပြင်ဆင်ထားသူများမှာ အလိုလို ကင်းလွတ်သွားကြသည်။

တခြားသူများကတော့၊ နေထိုင်မကောင်းဖြစ်နေတာ မဟုတ်လျှင် လာရောက်လည်ပတ်ကြရပေလိမ့်မည်။အမှန်ပင်၊ ရွေးချယ်ခံရရုံအတွက်သက်သက် မဟုတ်ခဲ့ပေ။ အကြောင်းမှာ၊ ယနေ့တွင်၊ ဘုရင်မင်းမြတ်နှင့် ကိုယ်လုပ်တော်တချို့လည်း လာမည်ဖြစ်တာကြောင့် သူတို့ အထင်အမြင်ကောင်းချန်နိုင်ရပေလိမ့်မည်။

အိမ်ရှေ့စံမင်းသားမှာ မသန်မစွမ်းတစ်ယောက်ဖြစ်သည်။လူအများအမြင်တွင်၊ သူတို့ သူ့ကို

ဘယ်လောက်ပဲ ထောက်ခံပေးနေပါစေ၊ နောင်တစ်ချိန်တွင်၊ ကြီးမြတ်သည့် ရတနာတစ်ပါး ဖြစ်မလာနိုင်သည်မှာ သေချာသလောက်ပင်။

သို့ဖြစ်ရာ၊ သူမတို့ သေချာပေါက် ညုတုတုအကြည့်များဖြင့် ကြည့်လိမ့်မည်မဟုတ်။ သူမတို့သာ မိသားစုဆီကို ကပ်ဘေးသယ်သွားမိလျှင် ဒုက္ခရောက်ကြပေလိမ့်မည်။

တစ်ချက်ကြည့်ရုံနှင့်၊ အလှလေးများ အားလုံးနီးပါးသည် ရိုးရိုးရှင်းရှင်း အရောင်နှင့် အဝတ်အစားများကိုသာ ဝတ်ဆင်ထားခဲ့ကြသည်။

ရှဲ့ချောင်၏ အနီရောင် သားမွေး အပေါ်ခြုံထည်မှာတော့ အထူးတလည်အမြင်ဖမ်းစားစရာ ဖြစ်လို့ နေခဲ့သည်။

သူမ စိတ်ရင်းအတိုင်းဆိုလျှင် အာရုံစိုက်ခံချင်လိုစိတ်မရှိခဲ့ပေ။ ထိုအစား၊ အဖြူရောင် ခြုံထည်မှာ ကံဆိုးစေသည်ဟု တွေးခဲ့ရုံသာ။ အဖြူရောင်ကလွဲလျှင် အနီရောင်ကသာ ကြည့်ကောင်းသည့် ခြုံထည်တစ်ထည်ဖြစ်သည်လေ။

•••••

All Chapters