← Chapters

သူမကိုယ်သူမ ကမ်းလှမ်းခြင်း

Vol. 15 Ch. 261

သူမကိုယ်သူမ ကမ်းလှမ်းခြင်း

Vol. 15 Ch. 261

ရှဲ့ချောင်မှာ အင်မတန်လှပသူတစ်ယောက်ဖြစ်၏။ အခုချိန်တွင် သူမ ထောင့်နား၌ရပ်နေတာတောင်မှ လူများက တစ်ချက်ကြည့်ရုံနှင့် သူမကို မြင်နိုင်ပေသည်။

ပွဲသို့လာကြသော သခင်မလေးတော်တော်များများသည် ရှဲ့ချောင်ကို ယခင်က မြင်တွေ့ဖူးကြပြီး အများစုမှာ ကျောင်းတော်တစ်ခုတည်းမှ ဖြစ်ကြသည်။

သို့ရာတွင်၊ ယနေ့ လာကြသော မိန်းကလေးအများစုမှာ ချန်၊ ခွင်၊ ရိနှင့် ယွဲ့ အတန်းများမှ ဖြစ်ကြသည်။ ရိအတန်းမှ သူမှာ နည်းနည်းသာ ရှိပြီး ယွဲ့ အတန်းမှဆိုလျှင် တစ်ယောက်၊ နှစ်ယောက်သာ ရှိသည်။ သူတို့မိသားစုများမှာ ရာထူးမြင့်ပိုင်းမှ မဟုတ်ကြသော်လည်း၊ ထူးခြားသော ဆက်နွှယ်မှု

တချို့ရှိကြတာကြောင့်၊ လုပ်ရိုးလုပ်စဉ်အနေနှင့်သာလာပြီး ကြည့်ကြရုံသာ ဖြစ်သည်။

ရှဲ့ချောင် ထိုနေရာတွင် ထိုင်နေလိုက်၏။ မကြာမီ၊ ဖန်းမုရွှယ်၊ ချင်လျို့နှင့် တခြားသူများ ရောက်လာခဲ့ကြသည်။

"လွန်ခဲ့တဲ့ ရက်တုန်းက၊ ငါနင်တို့မိသားစုဆီ လက်ဆောင် တချို့ပို့ပေးချင်ခဲ့တာ။ ဒါပေမဲ့၊ ငါတို့က ကျောင်းတော်တစ်ခုတည်းကပဲ ဆိုတော့၊ အဲဒီလို လုပ်ရင် ထူးဆန်းနေမယ်ထင်လို့၊ ငါဘယ်သူကို့မှ မလွှတ်လိုက်တာ။ နောက်တော့ နင့်မိသားစုမှာတစ်ခုခုဖြစ်သွားတယ်ဆိုပြီးကြားလိုက်တယ်။ နင် အဆင်ပြေရဲ့လား။" ဖန်းမုရွှယ်က စိုးရိမ်တကြီးနှင့်မေးလိုက်၏။

ဆောင်းရာသီ အဝတ်အထည်ပွဲတော်ကနေ အိမ်

ကိုပြန်ရောက်ချိန်တွင်၊ သူမ မိဘများအား ဖြစ်ပျက်ခဲ့သည်များကို ပြောပြခဲ့သည်။

သူမ မိဘများမှာ ရှဲ့ချောင်ကို အင်မတန်ကျေးဇူးတင်ကြသော်လည်း ပွဲတော်ကာလဖြစ်နေတာကြောင့် ကျေးဇူးတင်လက်ဆောင်ကို အချိန်မီ မပို့ပေးနိုင်ခဲ့ပေ။ နောက်ပြီးတော့လည်း၊ ရှဲ့ချောင်၏ မိသားစု၌ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့တာကြောင့် သူမကို လက်ဆောင်ပို့ပေးဖို့ မသင့်တော်ခဲ့ပေ။

သို့သော်၊ မိသားစုသုံးစုမှာ အကူအညီကို သတိတရရှိကြသည်။

" အပြင်က ကောလဟာလတွေကို ငါတို့တော့ မယုံပါဘူး။စိတ်ထဲထားမနေနဲ့။" ချင်လျို့က သူမကို နှစ်သိမ့်ပေးလိုက်၏ ။

ရှဲ့ချောင်က သူတို့အား ပြုံးပြလိုက်ရင်း "ကျေးဇူးတင်ပါတယ်"

ရှဲ့ချောင်မှာ တသီးတသန့်နေတတ်သူတစ်ယောက်ဟု ဖန်းမုရွှယ် ခံစားရသည်။ သူမက တခြားသူတွေကို စကားပြောရတာ မကြိုက်သလို၊ ကြည့်ရတာလည်း မကြိုက်ခဲ့ပေ။

ထိုနေ့က ရှားယာ့ယွင်၏ မျက်နှာပေါ်သို့ မီးဖိုနှင့် ရိုက်ပေါက်ဖို့ အတွက် ရှဲ့ချောင် ဘယ်လိုတောင် သတ္တိတွေ စုဆောင်းရလာသလဲဆိုတာကို သူမ စိတ်တောင်မကူးကြည့်နိုင်ခဲ့ချေ။

ထိုအခိုက်အတန့်၊ ရှားယာ့ယွင်သည် ရှဲ့ချောင်ကို မြင်လိုက်ချိန်၌ အဲဒီနေ့က အရှက်ရခဲ့မှုကို ပြန်တွေးမိသွားခဲ့၏။

"အစ်မသုန့်၊ အဲဒီနေ့က အစ်မ သတ္တိရှိပြီးတော့ ပွင့်လင်းခဲ့တာ ကံကောင်းတယ်။အဲဒါကြောင့်မလိုသာ ရှဲ့မိသားစုက ခပ်ရိုင်းရိုင်းလူကြီး မအောင်မြင်ခဲ့တာ။ သူသာ သူ့မိသားစု ဂုဏ်သတင်းကို မတော်တဆဖျက်ဆီးမိသွားခဲ့လို့ကတော့ သူရဲ့ နောက်ဘဝကတော့ တကယ် အဆုံးသတ်မှာပဲ"

သုန့်ရှီးယွင် မျက်မှောင် အနည်းငယ် ကြုံ့လိုက်၏။

" အရင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ထပ်ပြီး မပြောချင်တော့ဘူး။ "

ရှားယာ့ယွင်၏ အမူအရာမှာ တစ်ခဏတော့ ကသိကအောက်ဖြစ်သွားခဲ့လေသည်။

" ညီမက အစ်မသုန့်အတွက် ပြောပေးနေရတာ။ ရှဲ့ချောင်ကို ကြည့်ပါဦး။ အရင်တစ်ခေါက်က အဲဒီ ပန်းချီနဲ့ လက်ရေးလှ ဖြစ်ရပ်ကြောင့်၊ သစ်ခွခြံဝန်းထဲက လူတိုင်းက သူမကို ရတနာတစ်ပါးလိုမျိုး ဆက်ဆံနေကြတာ။ စကားအသွားအလာတွေကြားမှာ၊ ပျိုနီပန်း ခြံဝန်းက လူတွေကသူမထက်နိမ့်ကျတယ်ဆိုပြီး လူတိုင်းက ထင်နေကြတယ်။ဒီနေ့ပွဲမှာလည်း၊ သူမတစ်ယောက်တည်း ဆန်းပြားတဲ့ အဝတ်အစားကို ဝတ်ထားတာ။ သူမမှာ တခြားရည်ရွယ်ချက်တွေရှိနေမှာစိုးတယ်၊" ရှားယာ့ယွင်က ပြောလိုက်၏။

"ရှဲ့သခင်မလေး ရဲ့ အဝတ်အစားတွေက သာမာန်ပါပဲ။ ဘယ်လိုလုပ်ပြီး ဆန်းပြားတယ်လို့ ယူဆနိုင်မှာလဲ" သုန့်ရှီးယွင်က ပြုံးလျက်ပြောလိုက်သည်။

တကယ်တော့၊ ရှားယာ့ယွင်လည်း ရှဲ့ချောင်၏ အဝတ်အစားများမှာ အတော်လည်း ရိုးစင်းတယ်ဆိုတာကို သိသည်။

၎င်းသည် လက်ရှိ အချိန်၌ မြို့တော်ထဲတွင် လူကြိုက်များနေသော ပုံစံ မဟုတ်သလို သစ်လွင်နေသည့် ပုံလည်း မပေါ်ခဲ့ပေ။

သူမ၏ ကိုယ်ပေါ်၌ မည်သည့် လက်ဝတ်ရတနာများစွာလည်း ရှိမနေခဲ့။အရောင် နည်းနည်းပိုတောက်နေခဲ့ရုံသာပင်။

" အဲဒီလိုဆိုရင်တောင်မှ၊ သူမရဲ့တည်ရှိနေမှုနဲ့ တင် ညီမတို့က မှေးမှိန်သွားရပြီ" သူတို့ဘေးတွင် ရှိနေသည့် ချူးလုန်အာက ခပ်ရေးရေးပြုံးပြလိုက်ရင်း၊ ရှဲ့ချောင်အား မျက်နှာပေါ်တွင် အပြုံးတစ်ခုဆင်မြန်းလျက် ကြည့်လိုက်လေသည်။

ထိုစကားကို ကြားလိုက်ချိန်တွင်၊ သူတို့ ရှဲ့ချောင်ကို ခေါင်းအစ ခြေအဆုံး ထပ်ကြည့်လိုက်ကြ

ပြန်သည်။

"ရုပ်ရည်သွင်ပြင်နဲ့ ပတ်သက်လာရင်၊ ဘယ်သူက ချူးသခင်မလေးကို ယှည်လို့ရမှာလဲ။ ရှဲ့ချောင်လား။ သူမက မြို့စွန်ဖျားက ဓားပြတစ်ယောက်ရဲ့သမီးသာသာပါပဲ။ လူသစ်ဖြစ်နေလို့သာ သူမကို လူတွေက ကြည့်နေကြတာ။ နောက်ပိုင်းကျရင်၊ သူတို့ ကြည့်ချင်တော့မှာ မဟုတ်ဘူး" ရှားယာ့ယွင်က ပြောလိုက်၏။

ချူးလုန်အာသည် မြို့တော်ထဲမှ အချောဆုံး အမျိုးသမီးတစ်ယောက် ဖြစ်သည်။

ရှဲ့ချောင်ကို သဘောမကျသည့် လူတချို့လည်း ရှိကြသေးသည်။

ရှားယာ့ယွင်၏ စကားများကို ကြားသောအခါ၊

သူတို့ရဲ့ နှုတ်ခမ်းတွေကို အုပ်လျက် ရယ်လိုက်ကြပြီး၊ " ငါတို့အားလုံး အဲဒီ အကြောင်းကို မကြားမိကြဘူးလား။ ရှဲ့ချောင်က ဒီကိုလာခွင့်မရှိပေမဲ့ သူ့ရဲ့မှုခင်းဌာနမှာ လုပ်နေတဲ့ အစ်ကိုဖြစ်သူက သူမဒီကို လာနိုင်ဖို့ အိမ်ရှေ့စံမင်းသားကို အရှက်မရှိတောင်းဆိုခဲ့တာတဲ့လေ။"

" အမှန်ပဲ။ ငါတို့တော့ အဲဒီလို ကိုယ်ကို့ကိုယ် ကမ်းလှမ်းတာမျိုး မလုပ်နိုင်ပါဘူး။ ဘယ်လောက်တောင် အရှက်မရှိလိုက်လဲ။ ဒီနေရာကို ရောက်နေရုံနဲ့ အရွေးခံရလိမ့်မယ်လို့များ ထင်နေတာလား။ အိမ်ရှေ့စံမင်းသားရဲ့ စံနှုန်းသက်မှတ်ချက်တွေကမြင့်တယ်။ တကယ်လိူ့ သူမက အရှင့်သားရဲ့ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လာနိုင်တယ်ဆိုရင်တောင်မှ အရှင့်သား သူမကို အထင်မကြီးမှာစိုးတယ်။ "

•••••

All Chapters