← Chapters

အိမ်ရှေ့စံမင်းသား၏ စံအိမ်တော်

Vol. 15 Ch. 262

အိမ်ရှေ့စံမင်းသား၏ စံအိမ်တော်

Vol. 15 Ch. 262

လူတစ်စုသည် အတူတူစုဝေးနေကြလျက် ရှဲ့ချောင်၏မကောင်းကြောင်းကို ပြောဆိုလို့နေကြသည်။

ဒါပေမဲ့၊ ရှဲ့ချောင်ကတော့ သူတို့ ပြောဆိုနေတာကို မကြားနိုင်ဘဲ အချိန်တော်တော်ကြာ ခေါင်းမော့မကြည့်ဘဲနေခဲ့သည်။

ခဏထိုင်ပြီးနောက်၊ ဖန်းမုရွှယ်နှင့်တခြားသူများကို စကားပြောလိုက်ပြီး၊ သူမကို ပတ်ပြပေးဖို့ နန်းတွင်းအစေခံတစ်ယောက်ကို ရှာတွေ့သွားခဲ့သည်။

လမ်းလျှောက်ထွက်ရုံသာဟုပြောခဲ့သော်လည်း၊ စင်စစ်တွင်၊ အိမ်ရှေ့စံနန်းဆောင်ရှိ ဖုန်းရွှေကို

ကြည့်ရှုရန်ဖြစ်လေသည်။

သူမသည် လမ်းတစ်လျှောက်တွင်

မကောင်းဆိုးဝါးဝိဉာဉ်တချို့နဲ့ ကြုံတွေ့ခဲ့ရပြီး၊ သူတို့ထဲမှ တစ်ကောင်သည် သူမရှေ့တွင် ရစ်သီရစ်သီလုပ်ပြီး ခြောက်လှန့်နေခဲ့သည်။

အရှေ့နန်းဆောင်၏ တည်နေရာမှာ တကယ်ကို အတိတ်နမိတ်ကောင်းသော နေရာတစ်ခုဖြစ်ခဲ့သည်။ခရမ်းရောင် တိမ်ဆိုင်များသည် အရှေ့အရပ်မှ လာနေပြီး၊ ၎င်းသည် အကောင်းဆုံးတည်နေရာတစ်ခုဖြစ်၏။ သို့ရာတွင်၊ နန်းဆောင်အတွင်းတွင်တော့ ပြဿနာအနည်းငယ်ရှိနေခဲ့လေသည်။

နန်းတွင်းအစေခံမှာ ရှဲ့ချောင်ကို လှည့်ပတ်ပြပေးဖို့ရာ အမိန့်ပေးခံထားရတာကြောင့် အနောက်မှ

နာနာခံခံနှင့် လိုက်လာပြီး၊ ရှဲ့ချောင်အား အရှေ့နန်းဆောင်ရှိ အခန်းတစ်ခုချင်းစီကို ညွှန်ပြပေးခဲ့သည်။

" ဒါက နန်းတွင်းအစေခံနဲ့ မိန်းမစိုးတွေနေတဲ့နေရာပါ ဒါပေမဲ့… အိမ်ရှေ့စံမင်းသားက နန်းတော်မှာ တော်ရုံနေခဲပြီး အိမ်တော်မှာ မတော်တဆမှုတွေ မကြာခဏ ဖြစ်လေ့ရှိတာကြောင့်မလို့၊ ဒီထဲက လူတော်တော်များများက ပြစ်ဒဏ်ခံရပြီး နှင်ထုတ်ခံလိုက်ရပါတယ်။ဒီနေ့က၊ အဲဒီလူတွေက အိမ်ရှေ့စံမင်းသားတော်ဝင်မိသားစုရေးရာဌာနကို နောက်ဆုံးချိန်ကျမှ တောင်းဆိုခဲ့တဲ့ သူတွေပါ" နန်းတွင်းအစေခံက နန်းဆောင်တစ်ခုအား ညွှန်ပြရင်း ပြောလိုက်သည်။

ရှဲ့ချောင်သည် ထိုနေရာသို့ လှမ်းကြည့်လိုက်ရင်း မျက်ခုံးပင့်လိုက်သည်။

အရှေ့ဘက်နှင့် အနောက်ဘက်တွင် တံခါးပေါက်နှစ်ခုပိုရှိနေပြီး၊ ထိုနေရာတွင် လူပေါင်းများစွာသေဆုံးခဲ့ကြသည်။

ခြံဝန်းထဲတွင် ထိတ်လန့်စရာများ၊ ပဋိပက္ခများဖြင့် ပြည့်နေကာ အတိတ်နိမိတ်မကောင်းခဲ့ပေ။

" ဒီတံခါးက အနောက်က ဖွင့်ထားတာလား" ရှဲ့ချောင်က ထောင့်တစ်နေရာသို့သွားရင်း မေးလိုက်၏။

နန်းတွင်းအစေခံမှာ တစ်ခဏတော့ မှင်တက်နေမိကာ အသိပြန်ဝင်ချိန်တွင်တော့ ပြန်ဖြေလိုက်၏။ " အရှင့်သား ဒုက္ခရောက်နေတဲ့ နှစ်တုန်းက အရှင့်သားကို ဂရုစိုက်ပေးမယ့်သူ အလုံအလောက် မရှိမှာကို အရှင်မင်းကြီးက စိတ်ပူနေခဲ့တာမလို့ လူတွေအများကြီးထပ်ပြီး စေလွှတ်ပေးခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက

အလုပ်အရမ်းများတာကြောင့် အခန်းပိုတစ်ခန်းစီကို ဘေးချင်းကပ်ဆောက်လုပ်ခဲ့တာပါ။"

ရှဲ့ချောင်က ဘာမှ ပြောခဲ့ပဲ၊ မှတ်ဉာဏ်ထဲတွင်သာ တိတ်တဆိတ် မှတ်ထားလိုက်သည်။

တည်ဆောက်ထားပုံမှာ တည်နေရာကောင်းတွင် ရှိနေကာ၊ အခန်း သုံးခန်းမှ ငါးခန်းအထိ ဘေးချင်းကပ်လျက် ရှိနေတာကြောင့် ဖုန်းရွှေကောင်းသည် ဟု ယူဆနိုင်ပေသည်။ ၎င်းသည် အခန်း ခုနစ်ခန်း သို့မဟုတ် ကိုးခန်းဖြစ်နေလျှင်လည်း ဖုန်းရွှေ ကောင်းနေဦးမည်ပင်။ သို့သော်၊ လေး၊ ခြောက်၊ ရှစ် ဟူသော စုံဂဏန်းသာ ဖြစ်နေခဲ့ပါက ကံဆိုးလိမ့်မည်ပင်။

အခန်းကိုးခန်း၏ ဘေးချင်းကပ် အလယ်နေရာမှာ ယန် ဖြစ်ပြီး၊ ဘေးနစ်ဖက်ခြမ်းမှာ ယင်း ဖြစ်သည်။ ၎င်းသည် အချိုးညီသည့် သဘော

လည်း ဖြစ်၏။ သို့သော်၊ ဒီနေရာမှာရှ်နေတဲ့ အခန်းကတော့ အပိုတစ်ခု ဖြစ်လို့နေကာ ယင်းယန်မှာ ပရမ်းပတာအခြေအနေဖြစ်နေလေသည်။

" လူတော်တော်များများ၊ ဒီနေရာမှာ သေခဲ့ကြတယ်မဟုတ်လား" ရှဲ့ချောင် မေးလိုက်၏။

နန်းတွင်းအစေခံမှာ ရှုပ်ထွေးသော အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။ " အရှေ့နန်းဆောင်မှာ မတော်တဆမှူတွေက နှစ်ရက်၊ သုံးရက်နေတိုင်းမှာ ဖြစ်လေ့ရှိပါတယ်။ အဝေးကို သယ်ထုတ်သွားခံရတဲ့ နာမကျန်းဖြစ်တဲ့ အစေခံတွေ မကြာခဏဆိုသလိုရှိပါတယ်။ ရေတွင်းထဲကို ပြုတ်ကျပြီးတော့ သေသွားတဲ့သူတွေလည်း ရှိပါတယ်။ အရှင့်သားရဲ့ စားဖိုဆောင်ဆိုရင် နှစ်ကြိမ်တောင် မီးလောင်ခဲ့တာပါ။ ပြဿနာတွေက အမြဲလိုလို ရှိနေတာကြောင့်မလို့ အရှင့်သားလည်း ရွေးချယ်စရာ မရှိဘဲ ကျောင်းတော်မှာ နေရတာပါ။"

ဤနှစ်များတစ်လျှောက်တွင်၊ တစ်စုံတစ်ရာ ဖြစ်သွားသည့် အခါတိုင်း၊ အပြင်ရှိ မှူးမတ်များက သတင်းရကာ အကုန်လုံးကို အိမ်ရှေ့စံမင်းသားအပေါ်သာ ပြစ်တင်ပြောဆိုကြသည်။ ပြောကြသည်က အိမ်ရှေ့စံသည် သူ့ရဲ့ နေရာနှင့် မထိုက်တန်ကာ၊ မသန်မစွမ်းတစ်ယောက်ဖြစ်နေတာကြောင့် အိမ်ရှေ့စံရာထူးကို ယူသည်မှာ မိုးကောင်ကင်၏ အလိုဆန္ဒနှင့် မကိုက်ညီဟူ၍ ဖြစ်ကြလေသည်။

အစေခံခြံဝန်းထဲ၌ အုတ်ဂူတစ်လုံး ရှိနေတာကိုသာ ရှဲ့ချောင်မြင်လိုက်သည်။

၎င်းသည် အုတ်ဂူဟုဆိုသော်လည်း တကယ်တမ်းတွင် ထွက်ပေါ်နေခဲ့ခြင်း မဟုတ်ခဲ့ပေ။ ထိုအုတ်ဂူပေါ်၌ သစ်ပင်တစ်ပင် စိုက်ထားသေးသည်။ သို့ရာ၌၊ အမှောင်စွမ်းအင်များသည် ထွက်ပေါ်လို့နေပြီး၊ တမူထူးခြားသော သတ်ဖြတ်တော့မည့် ရောင်

ဝါများ သိသိသာသာ ဖြစ်ပေါ်နေလို့နေ၏။

၎င်းသည် မြေကြီးထဲတွင် ရှိနေတာကြောင့် ဘယ်သူမှ မမြင်နိုင်ခဲ့ပေ။

ထို့ပြင်၊ ရေတွင်း၏ တည်နေရာမှာ ကနဦးတွင် ပြဿနာမရှိခဲ့ပေ။သို့ရာ၌ တည်ဆောက်ပုံကို ပြောင်းလဲလိုက်ပြီးသည့်နောက်၊ နေရာမှာ ကံဆိုးသွားခဲ့လေသည်။

မှောင်မိုက်သည့် ညအချိန်တွင်၊ လူတစ်ယောက်၏ စိတ်အစဉ်မှာ ထိုင်းမှိုင်းနေပေမည်။ ရေတွင်းရှိရာ နေရာ၌ ရပ်နေပါက၊ ဆန့်ကျင်ဘက်ခြမ်း၏ အခန်းအောက်ခြေရှိ အနည်းငယ် ချိုင့်ခွက်ဖြစ်နေသော နေရာများကို မြင်တွေ့နိုင်လိမ့်မည်။

မိုးရွာပြီးနောက်တစ်နေ့ဖြစ်နေခဲ့မည်ဆိုလျှင် ၊ရေချိုင့်ခွက်၏ အလင်းပြန်မှုသည် အလွန်စူးရှတောက်ပနေလိမ့်မည်ဖြစ်တာကြောင့် လူတစ်ယောက်သာ တစ်ခဏတာ မိန်းမောတွေဝေနေမိပါက၊ သူတို့အတွက် ခြေလှမ်းမှာကာ ရေတွင်းထဲသို့ ပြုတ်ကျမည်မှာ ပုံမှန်ဖြစ်ပေသည်။

ထိုပြင်၊ အိမ်ရှေ့စံ၏ ခြံဝန်းဆီကိုလည်း သူမတစ်ချက်ကြည့်လိုက်သေးသည်။

သူမ၏ ချစ်ခြင်းမေတ္တာကို ပြသနေသကဲ့သို့၊ အိမ်ရှေ့စံ၏ ခြံဝန်းထဲ၌ စဉ့်ပြတင်းပေါက် များစွာ ရှိနေခဲ့လေသည်။

စဉ့်ပြတင်းပေါက်များကို မသုံးနိုင်တာမဟုတ်ပဲ၊ အရေအတွက်ကို အာရုံစိုက်ဖို့လိုနေခြင်းဖြစ်လေသည်။

ပြတင်းပေါက် အများကြီး ရှိနေတာ ဒါမှ မဟုတ်၊ နေရာအနေထား မကောင်းခဲ့လျှင်၊ ၎င်းတို့သည် တစ်ခုနှင့် တစ်ခု တိုက်မိကာ၊ အလင်းရောင်သည် မကောင်းသည့်အရာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ဘေးဒုက္ခတစ်ခုဖြစ်စေလိမ့်ပေမည်။

ပိုပြီး အရေးကြီသည်က၊ အရှေ့နန်းဆောင်သည် အဖြူရောင်ကျား နတ်ဆိုးကိုလည်း ဆန့်ကျင်စော်ကားရာရောက်နေခဲ့သည်။

နန်းဆောင်၏ အပေါ်ပိုင်း ညာဘက်တစ်ခြမ်းလုံးသည် ဉယျာဉ်တစ်ခု အဖြစ်သို့ ပြောင်းလဲပစ်ခြင်းခံခဲ့ရသည်။ ထိုနန်းဆောင်မှာ မပြောင်းလဲသင့်သော်လည်း၊ နွေဦးရောက်တိုင်း မြေသားကို ပြောင်းလဲပစ်ရန်လိုသည်။ ၎င်းသည် နန်းတော်တစ်ခုလုံး၏ ဖုန်းရွှေကောင်းကို ဖျက်ဆီး ပစ်နေပြီး၊ အရှေ့နန်းဆောင်၏ ယင်းယန်ကို ဟန်ချက်မညီဖြစ်စေကာ ရောင်ဝါလက္ခဏာကိုလည်း လုံးဝ

ကို ကစဉ့်ကလျား ဖြစ်စေခဲ့သည်။ထို့အချက်ကြောင့်ပင် နန်းတော်အတွင်း၌ မတော်တဆမှုများ မကြာခဏ ဆိုသလို ဖြစ်နေရခြင်းဖြစ်လေသည်။

•••••

All Chapters