မျက်နှာသာပေးခံရခြင်း
Vol. 15 Ch. 263
ရှဲ့ချောင်တစ်ယောက် မတတ်သာဘဲ ကျောက်ရွှမ်ကျင်းကို ကရုဏာသက်မိသွားတော့သည်။ သူ အရှေ့နန်းဆောင်မှာ မနေတာ အံဩစရာမရှိတော့။ မကောင်းဆိုးဝါးနတ်ဆိုးများမှာ အရွယ်အစားစုံ ရှိလို့နေသည်။ သူ အခုချိန်ထိ အသက်ရှင်နေနိုင်သည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ၊ နဂါးသွေး၏
အကာအကွယ်ရှိနေခြင်းနှင့် သူရဲ့ ကိုယ်ပိုင် ကံကြမ္မာက အားကောင်းနေတာကြောင့်ပင်။
ရှဲ့ချောင်၏ အမူအရာမှာ ရှုပ်ထွေးလို့နေ၏။ သူမရဲ့ ဘေးမှာ ရှိနေသည့် နန်းတွင်းအစေခံက တော့ ရှဲ့ချောင်ဟာ အလွန်ထူးဆန်းသည့်သူတစ်ယောက်ဟု ခံစားမိလေသည်။
အရှင့်သားသည် သူမအား ရှဲ့ချောင်ကို လှည့်ပတ်ပြပေးရန်အတွက် စေခိုင်းထားခဲ့သည်။ သို့ဖြစ်ရာ၊ ဒီမနက်၊ ရှဲ့ချောင်၏ ပုံ့ပန်းသွင်ပြင် အကြောင်းကို စုံစမ်းမေးမြန်းထားခဲ့ပြီး၊ အနားတွင်ရပ်ကာ ရှဲ့ချောင်စကားပြောလာဖို့ကို စောင့်ဆိုင်းနေခဲ့သည်။
သူမဟာ ရှဲ့ချောင်ကို လှည့်ပတ်ပြရုံလောက်ပဲဟု ထင်ခဲ့မိသော်လည်း…..
ဉယျာဉ်ခြံတစ်လျှောက် ပန်းမန်သစ်ပင်များကို ကြည့်ရင်း လမ်းပတ်လျှောက်ရုံသာဟု ထင်ခဲ့မိသည်။ ရှဲ့ချောင်တွင် တောင်းဆိုစရာ တစ်ခုခု ရှိခဲ့ပါက၊ သူမသည် အချိန်မီပြန်တုံ့ပြန်ရပေလိမ့်မည်။
ဒါပေမဲ့၊ ရှဲ့သခင်မလေးက တကယ်ကြီး လမ်းလျှောက်ထွက်နေတာပဲ!!!
ခြံဝန်းထဲက ထွက်လာချိန်၊ သူမဟာ အရှေ့နန်းဆောင် တစ်ခုလုံးနီးပါးကိုပင် စစ်ဆေးခဲ့လေသည်။
သူမကို ပိုပြီး ထိတ်လန့်စေသည်က၊ ရှဲ့သခင်မလေးဟာ စုတ်တံနှင့် စာရွက်တစ်ရွက်ကို ယူလာခဲ့၏…. သံလိုက်အိမ်မြှောင်ငယ်တစ်ခုပင်ပါသေး။
သူမဟာ မပွင့်တပွင့်နှင့် ရေရွတ်ပြောဆိုလိုက်၊ ခေါင်းငုံ့ပြီး စာရွက်ပေါ်မှာ ရေးလိုက်နှင့်လုပ်နေခဲ့သည်။ တချို့မှာ စာလုံးတွေ ဖြစ်ကာ တချို့ကတော့ ပုံများဖြစ်၏။ သူမ အနေနှင့် ထိုပုံများကို နားမလည်နိုင်သော်လည်း ၊ အကြောင်းတချို့ကြောင့် ရှဲ့သခင်မလေးမလေးဟာ အလွန်ကို ပဟေဠိဆန်လွန်းသည့်သူတစ်ယောက်ဟု ခံစားရလေသည်။
" ရှဲ့သခင်မလေး၊ အချိန်တောင် တော်တော်ကြာသွားပြီ။ သခင်မလေး ပြန်ပြီးတော့ အနားယူချင်လား" နန်းတွင်းအစေခံက ဂရုတစိုက်နှင့် မေးလိုက်၏။
ရှဲ့ချောင်က နေကို ကြည့်လိုက်သည်- ၎င်းမှာ နွေးထွေးလို့နေသည်။
တကယ်တော့ သူမ မပင်ပန်းသေး။ ခြေလှမ်းအနည်းငယ်လောက် လျှောက်ပြီးသည့် နောက်၊ သူမထိုင်ပြီးနားလိုက်၏။ ဒီ နန်းတွင်းအစေခံမလေးမှာ ဖြတ်လမ်းများကနေသွားဖို့ ညွှန်ကြားခြင်းခံထားရသည်။ ထိုမျှမက၊ ကျောက်ရွှမ်ကျင်းသည် အိမ်ရှေ့စံနန်းဆောင်၏ ပုံကြမ်းကိုလည်း ကြိုတင်ပြင်ဆင်ပေးထားခဲ့သည်ဖြစ်ရာ ရှဲ့ချောင်မှာ နန်းတော်နှင့်ပတ်သက်ပြီး အကြမ်းဖျင်းနားလည်သွားပြီဖြစ်သည်။
" အိမ်ရှ့စံ ကြင်ယာတော်ရွေးပွဲက စနေလောက်ပြီမလား။ လုပ်ရိုးလုပ်စဉ်တွေက ဘယ်လိုတွေလဲ။ ဒီနေ့ တစ်ခါတည်း ဆုံးဖြတ်မှာလား" ရှဲ့ချောင်က မေးလိုက်၏။
" ပွဲက အိမ်ရှေ့စံမင်းသားရောက်လာကတည်းက
စတင်နေတာပါ။ ကြင်ယာတော်ရွေးပွဲက အရင်တုန်းက လိုမျိုး မဟုတ်တော့ပါဘူး။ အရှင့်သား
တစ်စုံတစ်ယောက်ကို သဘောကျပြီဆိုတာနဲ့ ဘာလုပ်ရိုးလုပ်စဉ်မှ မလိုအပ်တော့ပါဘူး။ " နန်းတွင်းအစေခံက ပြုံးလိုက်၏။ "တကယ်တော့၊ အရှင့်သား အသက်၁၆နှစ်အရွယ်တုန်းက တစ်ကြိမ်ရွေးချယ်ခဲ့ဖူးပါတယ်။ အဲဒီ အချိန်တုန်းက
အရာရှိမှူးမတ်တွေရဲ့ ၊ တရားဝင်သမီးတွေ၊ ညီမငယ်တွေ၊ တူမနဲ့ မြေးမတွေ အကုန်လုံး၊ လက်မထပ်ရသေးတဲ့ ဘယ်မိန်းမပျိုမဆို ရွေးချယ်ပွဲမှာ ပါဝင်ခွင့်ရှိပါတယ်။ ရွေးချယ်တဲ့ ပွဲစဉ်တွေ ပြီးတဲ့ အခါမှာ၊ အနည်းစုကပဲ နောက်ဆုံးရွေးချယ်ခံရပါတယ်။ သူတို့ တစ်ယောက်ချင်းစီက အလှလေးတွေ ဖြစ်ကြပြီးတော့ သူတို့ရဲ့ ပုံတူတွေကိုတော့ အိမ်ရှေ့စံဆီကို ပို့ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက တစ်ခုခုဖြစ်ပျက်သွားခဲ့ပြီးတော့ အိမ်ရှေ့စံမင်းသားက တစ်ယောက်ကိုမှ ရွေးချယ်ခြင်းမရှိခဲ့ပါဘူး။"
ရှဲ့ချောင်မှာ အရမ်းသိချင်မိသွား၏
" ဘာဖြစ်ခဲ့တာလဲ"
နန်းတွင်းအစေခံမှာ တစ်ခဏတော့ ချီတုံချတုံ ဖြစ်နေခဲ့သည်။
ဒါပေမဲ့၊ ရှဲ့သခင်မလေး၏ ဘယ်မေးခွန်းကိုမဆို ပြန်ဖြေကြားရမည်ဟူသော အရှင့်သား၏ ညွှန်ကြားချက်ကြောင့်ပင်၊ သူမ ပြန်ဖြေလိုက်သည်။ " အဲဒီတုန်းက ဒုတိမင်းသားက အရွေးချယ်ခံ အမျိုးသမီးတစ်ယောက်နဲ့ ပတ်သက်နေခဲ့ပြီးတော့၊ အိမ်ရှေ့စံက အဲဒါကို မိသွားခဲ့ပါတယ်"
" ကြင်ယာတော်ရွေးပွဲက နဂိုက အိမ်ရှေ့စံမင်းသားအတွက်ပြင်ဆင်ခဲ့တာပေမဲ့၊ တခြားမင်းသားတစ်ပါးက ပါဝင်နေခဲ့ပါတယ်"
" အရှင်မင်းကြီးက အိမ်ရှေ့စံအတွက် ကြင်ယာ
တော်ရွေးချယ်ပေးပြီးသွားတဲ့နောက်မှာ၊ သူက သင့်တော်တယ်လို့ခံစားရရင်၊ တခြား မင်းသားတွေ အတွက်ဆုံးဖြတ်ပေးဖို့ဆိုတာ ပုံမှန်ပါပဲ"
"ဒါပေမဲ့၊ အိမ်ရှေ့စံက မရွေးချယ်ရသေးခင်မှာ ဒုတိမင်းသားက အမျိုးသမီးတစ်ယောက်နဲ့ ပတ်သက်ဆက်နွယ်နေခဲ့တယ်။ ဒါက သိသိသာသာကို အိမ်ရှေ့စံရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပါပဲ။ အဲဒီတုန်းက အရှင့်သားလည်းပဲ ဒေါသထွက်ခဲ့တာကြောင့်မလို့ ကြင်ယာတော်ရွေးချယ်ပွဲကို တန်းပြီး ရပ်တန့်ပစ်ခဲ့တာပါ"
" ဒုတိယမင်းသား? ဘာလို့ ငါသူ့အကြောင်းကို မကြားဖူးရတာလဲ" ရှဲ့ချောင်က သံသယဖြစ်စွာနှင့်မေးလိုက်၏။
မြို့တော်ကို ရောက်လာပြီးသည့်နောက်၊သူမသည် အိမ်ရှေ့စံမင်းသားနှင့် ….စတုတ္ထမင်းသား
အကြောင်းတို့ကို ကြားထားခဲ့သည်။
ယခင်က သူမ မြင်းစောင်း၌ သန့်ရှင်းရေးလုပ်ခဲ့စဉ်က သူမသည် မုန့်ကျိဖန်ဟုခေါ်သော လူတစ်ယောက်နှင့်ဆုံခဲ့ဖူးသည်။ထိုလူဟာ စတုထ္ထမင်းသား၏ ဆွေမျိုးတစ်ယောက်ဖြစ်ပုံရသည်။
သို့သော်၊ သူမ တကယ်ကို တခြားမင်းသားများနှင့် ပတ်သက်ပြီး ဘာမှကြားဖူးခြင်းမရှိခဲ့ပေ။
နန်းတွင်းအစေခံတောင်မှ အံ့အားသင့်သွားခံ့ရသည်။
' အိမ်ရှေ့စံမင်းသားရဲ့ စံအိမ်တော်ကို လာပေမဲ့၊ အတိတ်တုန်းက အကြောင်းကိုတောင် မသိဘူးတဲ့လား'
" အရှင်မင်းကြီးက အိမ်ရှေ့စံအပေါ်ကို ချစ်မြတ်နိုးခဲ့တယ်။ ဒုတိယမင်းသားက အိမ်ရှေ့စံကို အရှက်ကွဲစေခဲ့ပြီးတော့ အရှင်မင်းကြီးကို အမျက်တော်ရှစေခဲ့ပါတယ်။ အဲဒီနောက်မှတော့၊ မင်းကြီးက အကြောင်းပြချက်တစ်ခုရှာပြီးတော့ သူ့ကို အကျဉ်းချပစ်လိုက်ပါတယ်" နန်းတွင်းအစေခံမလေးက ရှက်ကိုးရှက်ကန်းနှင့်ပြောပြလိုက်၏။
ရှဲ့ချောင်မှာ အလွန်အင်မတန်ကို အံ့ဩသွားခဲ့လေသည်။
" ဒါဆို တတိယမင်းသားကရော" ရှဲ့ချောင်က ထပ်မေးလိုက်၏။
" ဟုတ်ကဲ့.၊ တတိယမင်းသားက… သာမန်ပြည်သူတစ်ယောက်ဖြစ်သွားခဲ့ပါတယ်" အစေခံမလေး၏ စကားများမှာ တုန်လှုပ်စရာ ကောင်းလှ
ပေသည်။
ရှဲ့ချောင်တစ်ယောက် ဝေခွဲမရဖြစ်နေပြီး သိချင်စိတ်ဖြစ်နေတဲ့ ပုံကို မြင်ရတာကြောင့် နန်းတွင်းအစေခံက ရိုးရိုးရှင်းရှင်းနှင့် ရှင်းပြလိုက်၏။ " အိမ်ရှေ့စံ အသက်၁၂ အရွယ်တုန်းက လက်မှာ ဒဏ်ရာရခဲ့တယ်။ အဲဒီတုန်းက တတိယမင်းသားက သူရဲ့ အစ်ကိုတော်ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာကို မသိခဲ့တဲ့အပြင်၊ အခုချိန်ကစပြီး ဒုက္ခိတတစ်ယောက်ဖြစ်တော့မယ်ဆိုပြီး အိမ်ရှေ့စံကို နှစ်ကိုယ်ကြား လှောင်ပြောင်သရော်ခဲ့ပါသေးတယ်။ အဲဒီစကားတွေက အရှင်မင်းကြီးရဲ့ နားတော်ဆီ ပေါက်ကြားသွားတဲ့ အခါမှာတော့၊အဲနေ့ညမှာပဲ တတိယမင်းသားကို ရာထူးကနေချပစ်ခဲ့တယ်"
•••••