← Chapters

လက်ဆောင်ပေးခြင်း

Vol. 15 Ch. 264

လက်ဆောင်ပေးခြင်း

Vol. 15 Ch. 264

နန်းတွင်းအစေခံမလေး၏ စကားကို ကြားလိုက်ရသောအခါ၊ ရှဲ့ချောင်မှာ ယုံကြည်ချင်စရာမကောင်းလိုက်တာဟု တွေးလိုက်မိသည်။

ဘုရင်မင်းမြတ်မှာ နှလုံးသားမဲ့သူတစ်ယောက်ဖြစ်သည်။

နောက်ပြီး၊ ကျားတစ်ကောင်သည်တောင် သူရဲ့ ကလေးကို ပြန်ပြီးစားတတ်သည်မဟုတ်။ သားတွေအချင်းချင်း တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ကြတယ် ဆိုရင်တောင်မှ အဖေဖြစ်သူတွေက ပြတ်သားသော ဆုံးဖြတ်ချတစ်ခုချကြလိမ့်မည်ပင်။

ကျောက်ရွှမ်ကျင်းသည် မောင်းမဆောင်မှ ကိုယ်လုပ်တော်တစ်ယောက်၏ သားဖြစ်ခဲ့လျှင်၊ ဒီလိုမျက်နှာသာပေးခံရပုံမျိူးနှင့်ဆိုပါက ဒီလိုဖြစ်ရလောက်အောင် ထိုကိုယ်လုပ်တော်သည် ချောမလှပသူတစ်ယောက်ဖြစ်ပေမည်။

ထိုအကြောင်းကို စဉ်းစားကြည့်ပါက၊ တခြား အစ်ကိုတော်နှစ်ယောက် အဖြစ်အပျက်ကို ကြည့်ပြီး၊ စတုတ္ထမင်းသားလည်း သတိရှိပြီး စည်းမကျော်သင့်ဘူးမလား။

" အိမ်ရှေ့စံမင်းသားက ဘာလို့ ဒီလောက်တောင် အခွင့်အရေးပေးခံနေရတာလဲဆိုတာကိုသိလား"

" အရှင့်သားက ငယ်ငယ်ကတည်းက ဉာဏ်ပညာထက်မြက်တဲ့သူတစ်ယောက်ပါ။ရုပ်ရည်သွင်ပြင်၊နဲ့ ပါရမီကို ထည့်မထွက်ရင်တောင်မှ အရှင့်သားက တခြားမင်းသားတွေထဲမှာ အတော်ဆုံးပါ။

အိမ်ရှေ့စံက မိဖုရခေါင်ကြီးရဲ့ သားတော်တစ်ပါးဖြစ်ပြီး မိဖုရားခေါင်ကြီးနဲ့ အရှင်မင်းကြီးနဲ့က နက်နဲတဲ့ ဆက်ဆံရေးမျိုး ရှိကြပြီးတော့ ငယ်ချစ်တွေလည်းဖြစ်ကြပါတယ်။ ဒါကြောင့်မလို့ သူမရဲ့ကလေးက အရှင်မင်းကြီးရဲ့ တန်ဖိုးအထားရဆုံးသားတော်တစ်ယောက်ဖြစ်နေတာပါ။ ဒါတင်မကပါဘူး၊ မိဖုရားခေါင်ကြီးက ကျန်းမာရေး မကောင်းတာမလို့ အရှင်မင်းကြီးက အိမ်ရှေ့စံကိုကိုယ်တိုင်စောင့်ရှောက်ပေးနေခဲ့တဲ့အတွက် သားအဖနှစ်ယောက်ကြားဆက်ဆံရေးက ခိုင်မြဲပါတယ်။ နောက်ပြီး၊အရှင်မင်းကြီးကို ကျားဆီကနေကာဖို့အတွက် အရှင့်သားက သူရဲ့ ခန္ဓာကိုယ်ကိုတောင်သုံးခဲ့……"

ရှဲ့ချောင်မှာ အခု သဘောပေါက်သွားခဲ့ပြီဖြစ်သည်။

ပထမအချက်အနေနှင့် ၎င်းသည် သမားရိုးကျသာ ဖြစ်၏။ ဒုတိယအနေနှင့်၊ အိမ်ရှေ့စံသည်

သူ(မင်းကြီး) ချစ်ရသော အမျိုးသမီး၏ ကလေးဖြစ်သည်။ တတိယ၊ ဘုရင်မင်းမြတ်သည် အိမ်ရှေ့စံအား ကိုယ်တိုင်ပျိုးထောင်ပေးခဲ့သည်။နောက်ပြီး၊ သူက ဘုရင်မင်းမြတ်၏ အသက်အား ကယ်တင်ခဲ့သည်။

အရှင်မင်းကြီးသာ သူ့ကိုမှ မချစ်ခင်လျှင် ဘယ်သူ့ကို ချစ်ခင်ရမလဲ။

ဒါပေမဲ့၊ အိမ်ရှေ့စံအတွက်ဆိုရင်၊ ချစ်ခင်နှစ်သက်ခြင်းခံရတာကလဲ သူ့ကို သေစေနိုင်တဲ့ လက်နက်တစ်မျိုး ဖြစ်နေသည် မဟုတ်လား။

ရှဲ့ချောင်မှာ လမ်းပတ်လျှောက်လို့ ပြီးသွားတာကြောင့် သူမ ပြန်သွားခဲ့သည်။

သူမ ပြန်ရောက်ချိန်တွင်၊ လူတိုင်း နေရာတကျ

ထိုင်နေပြီးဖြစ်ကြောင်းကို တွေ့လိုက်ရသည်။

ပလ္လင်ထက်၌ နန်းတွင်း အဝတ်အစား ဆင်မြန်းထားသော အမျိုးသမီးအနည်းငယ်သာရှိသည်။ သူတို့သည် ဂုဏ်သိက္ခာရှိစွာနှင့် ခံညားထည်ဝါနေကြလေသည်။

" ဒီတစ်ခေါက် အိမ်ရှေ့စံမင်းသား အတွက် ဘယ်လို ကြင်ယာတော်မင်းသမီးမျိုးကို ရွေးမလဲဆိုတာ မိဖုရားခေါင်ကြီး ဆုံးဖြတ်ပြီးသွားပြီလား။ အရှင့်သားက သူ့ဘဝရဲ့ အကောင်းဆုံး အချိန်ကို ကျော်ဖြတ်ပြီးသွားခဲ့ပြီ။သူ လက်မထပ်သေးဘူးဆိုရင် အရှင်မင်းကြီးက ပူပန်နေရလိမ့်မယ်" တော်ဝင်ကိုယ်လုပ်တော်မုန့် က စကားဆိုလိုက်၏။

သူမဘေးရှိ ကိုယ်လုပ်တော်ရွမ်က ပြုံးလိုက်ကာ

" ဒီတစ်ခါတော့ ရလဒ်တစ်ခုရှိလိမ့်မယ်လို့ ကျွန်မထင်တယ်။ ကျွန်မ ဒီကို မလာခင်၊ အိမ်ရှေ့စံမင်းသားက အမျိုးသမီးတစ်ယောက်ကို ကိုယ်တိုင် ဖိတ်ကြားစာ ပို့ပေးခဲ့တယ်ဆိုပြီး ကြားတယ်"

အလယ်တွင်ထိုင်နေသော မိဖုရားခေါင်ကြီးမှာ ထိုစကားများကို ကြားလိုက်သည့် အချိန် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။

" ကိုယ်လုပ်တော်တို့က ရှဲ့မိသားစုက သခင်မလေး အကြောင်းကို ပြောနေတာလား" မိဖုရားခေါင်ကြီးက ခပ်ရေးရေး ပြုံးလိုက်၏။

" ဒီမိဖုရားရဲ့ သားတော်က သားသမီးဝတ်ကျေပွန်တယ်။ ကြားမိတာတော့ အဲဒီသခင်မလေးက သက္တဘာသာရေးသားတဲ့နေရာမှာ အရမ်းတော်တာမလို့၊ သမ္မာကျမ်းစာအုပ်ကိုတောင် ကူးရေးပြီးတော့ လက်ဆောင်ပို့ပေးခဲ့တယ်ဆိုပဲ။ သူမ

ရေးထားတာကို ကြည့်ဖို့တောင်၊ လူလွှတ်ထားသေးတယ်။ နောက်ပြီး၊ သူမရဲ့ အဖေကလည်း အဆင့်လေး အရာရှိတစ်ယောက်။ သားတော်က ကိုယ်တိုင်ဖိတ်စာ မပို့ပေးခဲ့ဘူးဆိုရင်တောင်မှ၊ သူမက ပွဲကိုလာဖို့ အရည်အချင်းပြည့်မှီတယ်။"

ကိုယ်လုပ်တော်ရွမ်မှာ ကြက်သေသေသွားခဲ့သည်။

ထို့နောက်၊ အလျင်အမြန်ပဲ ပြန်ပြောလိုက်၏

" ဆိုတော့ ဒါက ဘာဖြစ်ခဲ့သလဲဆိုတာပေါ့၊ ကျွန်မ ကောလဟာလတွေကို လွယ်လွယ်ယုံမိသွားတာပဲ"

မိဖုရားခေါင်ကြီး၏ အသံမှာ မကျယ်လွန်းသလို ညင်သာနေတာမျိုးလည်း မဟုတ်ခဲ့ပေ။ရှိနေသည့်လူတိုင်း ကြားနိုင်လောက်သည့် အသံမျိုးပင်။

မိဖုရားခေါင်ကြီး ဘယ်သူ့ကို ပြောနေသလဲဆိုတာ သခင်မလေးများ သိကြတာကြောင့် သူတို့ မနေနိုင်ဘဲ ရှဲ့ချောင်ကို ကြည့်မိလိုက်ကြသည်။

" လက်ဆောင်ကို မိဖုရားခေါင်ကြီးဆီ ပို့လိုက်တယ်? အိမ်ရှေ့စံကို သူ့အစ်ကိုကိုယ်တိုင် ပြောခဲ့တယ်ဆိုတာသိသာနေတာပဲကို။ ငါရဲ့ မိသားစုက တစ်ယောက်က မှုခင်းစီရင်ရေး ဌာနမှာ အလုပ်လုပ်တာလေ။ သူမအစ်ကို အဲဒီလိုပြောနေတာကို သူကြားခဲ့တယ်" ရှားယာ့ယွင်က ရေရွတ်ပြောဆိုလိုက်၏။

သူမဟာ ရှဲ့ချောင်၏ အရေးကို စပ်စုချင်ခဲ့တာကြောင့် တခြားမိသားစုဝင်တွေ၏ အကြောင်းကိုလည်း စိတ်ဝင်တစားရှိခဲ့သည်။။

မိဖုရားခေါင်ကြီးက ဒီလို လူတွေ အများကြီးရှေ့မှာ ရှင်းပြလိမ့်မယ်လို့တော့ သူမ မမျှော်လင့်ထားခဲ့ဘူး!!

ရှဲ့ချောင်သည်လည်း မိဖုရားခေါင်ကြီး၏ စကားများကို ကြားရချိန် မှင်တက်သွားခဲ့ရသည်။

သူမမှာ ဘယ်လိုလုပ်ပြီး သမ္မာကျမ်းစာတွေကို ပို့ပေးဖို့ အချိန်ရှိမှာလဲလို့??

နောက်ပိုင်း၊ သူမ အဆောင်တွေ ရေးဆွဲပြီး စာအုပ်များကို ဘာသာ ပြန်ဆိုခဲ့သည်။ အလုပ်များလွန်းတာကြောင့် ခြေထောက်တွေတောင် မြေကြီးနဲ့ မထိနိုင်တော့သလို သူမလက်တွေတောင် အားလပ်မနေဘူး!!

ရှားယာ့ယွင်အပြင်၊ သုန့်ရှီးယွင်လည်း သူမ(ရှား

ယာ့ယွင်) ရေရွတ်ပြောဆိုနေတာကို ကြားပြီး သူမကို အော်မိလုနီးပါပင်။

" ညီအစ်မရှား၊ စကားပြောတာ သတိထားပါ။ တခြားသူတွေကို ညီမနဲ့ အတူဆွဲမချပါနဲ့"

ရှားယာ့ယွင်မှာ ကသိကအောက် ဖြစ်စွာနှင့် သူမ ကိုယ်ကို ရွှေ့လိုက်ကာ ငြိမ်ငြိမ်လေး ပြန်နေနေလိုက်သည်။

သခင်မလေးတွေ အများကြီးစုဝေးပြီး ရှိနေကြတာကြောင့် သူတို့သည် စားသောက်ရုံတင်မဟုတ်ဘဲ စကားစမြည်ပြောဆိုနေကြသည်။ မိဖုရားခေါင်ကြီးမှာ စကားပြောရတာကို သဘောကျသည့် သူမဟုတ်သလို သူမရဲ့ ကျန်းမာရေးမှာလည်း ချို့ယွင်းနေသည်။ အရေးကိစ္စများကိုတော့ သူမဘေးရှိ ကိုယ်လုပ်တော် နှစ်

ပါးက ကိုင်တွယ်ဖြေရှင်းပေးခဲ့သည်။

ယခုချိန်၌၊ ဘုရင်မင်းမြတ်တွင် မောင်းမမိဿံများများစားစားမရှိ။ သူသည် ကိုင်ပိုင်စွမ်းရည်ပြသပွဲများကို သဘောမကျသည့် ဘုရင်များထဲမှ တစ်ပါးပင်။ မောင်းမဆောင်ရှိ ကိုယ်လုပ်တော်များမှာ အသက်ကြီးကြီးများ ဖြစ်ကြသည်။

အမွေဆက်ခံသူမှာလည်း သိပ်မများလှ။ စုစုပေါင်း မင်းသား ငါးပါးနှင့် မင်းသမီး သုံးပါးသာရှိသည်။

သားသမီးရှိသော ကိုယ်လုပ်တော်မှာ နန်းတော်ထဲတွင် ပြောရေးဆိုခွင့် ရှိသူဖြစ်သည်။

••••••

All Chapters