နင့်ကို ကြောက်တယ်
Vol. 15 Ch. 265
ရှဲ့ချောင် တစ်ခဏလောက်နေပြီးသွားသည့်နောက်၊ နန်းတွင်းအစေခံက သူမအား ကိုယ်လုပ်တော်များ၏ အဆင့်အတန်းကို ရိုးရိုးရှင်းရှင်းနှင့် ရှင်းပြပေးခဲ့သည်။
တော်ဝင် ကိုယ်လုပ်တော်မုန့် မှာ စတုတ္ထမင်းသား၏ မွေးမိခင်ဖြစ်သည်။ သူမ၏ ပုံပန်းသွင်ပြင်မှာ ထင်ပေါ်ပြောင်မြောက်နေတာမျိုး မဟုတ်သော်လည်း သူမ၏ ကြမ္မာမှာ ….. တော်တော်လေး ဖော်ရွေတတ်သောပုံမျိုးပင်။ တကယ်တမ်းတွင် သူမ၌ မွန်မြတ်သော ပုံပန်းသွင်ပြင်မျိုး ရှိလေသည်။
ထိုစဉ်၊ ကိုယ်လုပ်တော်ရွမ်မှာတော့ အထင်ကြီးစရာကောင်းလောက်အောင် လှပနေတာမဟုတ်ခဲ့။ အနည်းဆုံးတော့၊ မိဖုရားခေါင်ကြီးနှင့် ယှဉ်
လျှင်တောင် သူမဟာ အတော်လည်း နိမ့်ကျနေခဲ့သည်။
သူမသည် ဘုရင်မင်းမြတ်၏ အကြီးဆုံးသမီးတော်ကို မွေးဖွားပေးခဲ့တာကြောင့် သူမရဲ့ အဆင့်အတန်းမှာ မြင့်မားသည်ဟု ယူဆနိုင်သည်။သူမ၏ ရုပ်ရည်သွင်ပြင်မှာ မိဖုရားခေါင်နှင့် ကိုယ်လုပ်တော်မုန့် ကိုမယှဉ်သာသော်လည်း ဆိုးရွားနေတာတော့ မဟုတ်ခဲ့ပေ။ ပြစ်ချက်ရှိမည်ဆိုလျှင်၊ သူမ၏ အနည်းငယ် ရှည်မျောမျော ဖြစ်နေသော မျက်လုံးများနှင့် ခပ်လုံးလုံးဖြစ်နေသော နှာခေါင်းပင် ဖြစ်လိမ့်မည်။သူမသည် ရှေ့နောက်မစဉ်းစားပင် ပြောတတ်ကာ သူမ၏ ပင်ကိုယ်စရိုက်မှာလည်း အနည်းငယ်ထိတ်လန့်တုန်လှုပ်တတ်သည့် ပုံမျိုးပင်။
အိမ်ရှေ့စံ နန်းဆောင်ရှိ သတ်ဖြတ်လိုသည့်အရိပ်အရောင်များကို မြင်တွေ့ပြီးကတည်းက၊ နန်းတွင်းတိုက်ပွဲ၏ မြင်ကွင်းကို ရှဲ့ချောင်တစ်
ယောက် ပုံဖော်ကြည့်ပြီးဖြစ်သည်။
သို့သော်၊ အခုတော့၊ မိဖုရားခေါင်ကြီး၏ အနားရှိ အာဏာအပြဆုံးသော ကိုယ်လုပ်တော်နှစ်ပါးကို မြင်တွေ့လိုက်ရလေသည်….
သူမ ဇဝေဇဝါဖြစ်သွားခဲ့သည်။
ရှဲ့ချောင်၏ စိတ်အစဉ်မှာ ရောက်တတ်ရာရာဖြစ်နေစဉ် ကိုယ်လုပ်တော်မုန့် သည် သခင်မလေးများအား သူတို့ရဲ့ စွမ်းဆောင်ရည်ကိုပြသဖို့ ပြောဆိုခဲ့ပြီးဖြစ်သည်။
သခင်မလေးအားလုံးသည် မြင့်မြတ်သော မိသားစုများမှ ဖြစ်ကြကာ၊ ယနေ့သည် ကြင်ရာတွေ့ပွဲ အဖြစ်မှတ်ယူနိုင်သောနေ့တစ်နေ့ဖြစ်သည်။
ထို့ကြောင့်ပင်၊ သူတို့အား အဆို၊ အက စသော အရည်အချင်းများကို ပြသခိုင်းမည်မဟုတ်။ ၎င်းတို့မှာ ပေါ့ပျက်ပျက်နိုင်လှပေသည်။
သို့ဖြစ်တာကြောင့်၊ လူတိုင်းကို ပြသခိုင်းစေလိုသည်မှာ လက်ရေးအလှအတတ်နှင့် ကဗျာဖွဲ့ဆိုနိုင်မှုတို့ဖြစ်ကြသည်။
သူတို့အား ကဗျာကို နှုတ်တိုက်ရွတ်ဆိုကြစေချင်သည်။
တစ်ယောက်ချင်းစီသည် အလျင်လိုနေသည့်ပုံမပေါ်သော်လည်း၊တကယ်တော့ ဖြေဆိုရန်အလျင်လိုနေကြလေသည်။ သူတို့သည် ထိုသခင်မလေးများ တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်ကာ၊ နှစ်များတစ်လျှောက် လက်ဆင့်ကမ်း
ဆင်းသက်လာသည့် ထင်ပေါ်ကျော်ကြားသော ကဗျာစာစုများကို ရွတ်ဆိုကြသည်ကိုသာ ကြည့်နေခဲ့ကြရသည်။
ပါရမီစွမ်းရည်အရဆိုလျှင်၊ ကဗျာရွတ်ဆိုခြင်း၌ ပျိုနီပန်းခြံဝန်းမှသူများသည် သစ်ခွခြံဝန်းမှသူများထက် ပိုမိုကောင်းမွန်ကြသည်။
ရှဲ့ချောင်ကတော့ ဒီကိုပါဝင်ယှဉ်ပြိုင်ရန်လာခဲ့ခြင်းမဟုတ်သည့်အတွက် သူမသည် အေးအေးလူလူနှင့်ထိုင်ကာ သရေစာမျာကို စားရင်းနှင့် တခြားသူများ၏ တင်ဆက်မှုများကို ကြည့်ရှုနေခဲ့သည်။
သူမခေါင်းငုံ့ထားသော်လည်း၊ ဘေးနားမှာ မျောနေသည့် မကောင်းဆိုးဝါးဝိဉာဉ်ကိုတော့ အာရုံခံစားမိနေခဲ့သည်။
" ဘယ်လောက်တောင် သိမ်မွေ့လိုက်တဲ့ အရည်အသွေးလဲ… နင်တို့တွေ ကဗျာရွတ်နိုင်သလို ငါလည်း ရွတ်နိုင်တယ်။" မကောင်းဆိုးဝါးဝိဉာဉ်မှာ မပွင့်တပွင့်နှင့် ပြောဆိုပြီးသည့်နောက်တွင်တော့ စိတ်ပျက်သွားသည့် ပုံပင်။ " ငါရဲ့ ရွတ်ဆိုနိုင်စွမ်းက နင့်လောက်မကောင်းဘူး…. ဒါပေါ့ ငါက မတော်ဘူး။ နင်တို့တွေက ချမ်းသာတဲ့မိသားစုနောက်ခံကနေလာကြတာမဟုတ်လား။ နင်တို့မှာက သင်ပြပေးမယ့် ဆရာလည်းရှိသလို လမ်းပြပေးမယ့် အထိန်းတော်လည်းရှိတယ်။ ငါလုပ်ခဲ့ရတာတွေကတော့ လူတွေကို အလုပ်အကျွေးပြုခဲ့ရတာတွေပဲ….."
"နင်တို့ရဲ့ ဘဝကြီးက တကယ်ကို ကောင်းတယ်…".
" ငါတောင်မမြည်းရသေးခင် နင်က ဒီဝိုင်ကို သောက်ပစ်လိုက်တယ်။တကယ်ပဲ၊ မုန်းဖို့ကောင်းလိုက်တာ
"....."
ထို မကောင်းဆိုးဝါးဝိဉာဉ်များမှာ တဝဲလည်လည် လုပ်လို့နေ၏။ထိုသို့လုပ်သည်က ကိစ္စမရှိသော်လည်း သူတို့၏ပုံများမှာ ကြောက်စရာကောင်းလှသည်။
" ရှဲ့ချောင် နင်ကျောင်းတော်မှာတုန်းက ကဗျာအသင်းထဲမဝင်ခဲ့ဘူးမလား။ သူတို့ရွတ်နေတဲ့ဟာတွေကို နင်နားလည်ရဲ့လား။ " တစ်ဖက်ခြမ်းရှိလူများသည် တက်ကြွလာကြကာ သူတို့၏ အသံများမှာလည်း ကျယ်လာကြသည်။ ၎င်းကို အကြောင်းပြု၍ ရှားယာ့ယွင်က ရှဲ့ချောင်ကို နောက်တစ်ကြိမ်ထပ်အော်လိုက်သည်။
သူမကို ကြည့်ရန် ရှဲ့ချောင်ခေါင်းလှည့်လိုက်၏။
" နင်က ဓားပြတစ်ယောက်ဆိုတော့ တိုက်ခိုက်တာပဲ လုပ်တတ်တာပေါ့။အရင်တစ်ခါက ဖြစ်ခဲ့တာကြောင့် ငါနင့်ကို ကြောက်နေမယ်လို့ မထင်နဲ့။" ရှားယာ့ယွင်က ထပ်ပြောလိုက်၏။
ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်မိသည်။ " နင်ပါးစပ် မဟမိစေနဲ့။ နင်တစ်ခွန်း ထပ်ဟမယ်ဆိုရင် ငါနဲ့ လုပ်ထားတဲ့ အလောင်းအစားမပြီးခင်အထိ အသက်ရှည်ရှည်မနေနိုင်မှာစိုးတယ်"
သူတို့ အရင်က အလောင်းအစားတစ်ခုလုပ်ခဲ့ကြသည်။ သူမသာ ငွေကြေးထောက်ပံ့ခြင်းအတွက် ငွေပဲစေ့ ငါးရာ ပေးနိုင်ခဲ့လျှင်၊ ရှားယာ့ယွင်က ထွက်သွားရမည်ဖြစ်သည်။
ရှားယာ့ယွင် အရင်က ကျောက်မီးသွေးနှင့်တို့ခံခဲ့ရ
သော ရန်ပွဲအကြောင်းကို တွေးမိလိုက်ရာ ယခုဆို အမုန်းတရား များနှင့် ပြည့်လို့နေပြီဖြစ်သည်။ တစ်အောင့်မျှတွေးတောနေပြီးနောက်၊ သူမရှေ့ရှိ မြေကြီးပေါ်တွင် ရှိနေသော အရာနှင့် မတော်တဆ တိုက်မိသွားလေသည်။
" နင်တို့ ဘာကို စောင့်နေကြတာလဲ။ ဒါကို လာပြီးဖယ်၊ အသစ်တစ်ခုနဲ့ ပြန်အစားထိုးလိုက်" ရှားယာ့ယွင်က ရှဲ့ချောင်အနောက်မှာ ခစားနေသော အစေခံကို ပြောလိုက်၏။
ရှဲ့ချောင် ထွက်လာချိန်က သူမနှင့်အတူ အစေခံများ ခေါ်လာခဲ့သည်။ သို့သော်၊ ဒီနေ့ အခမ်းအနားမှာ ထူးခြားတာကြောင့်၊ အစေခံများမှာ အပြင်တွင်သာ စောင့်နေကြပြီး၊ အထဲတွင် ရှိနေကြသည်မှာ နန်းတွင်းအစေခံများသာဖြစ်သည်။
သခင်မလေးတစ်ယောက်စီ၏ အနောက်တွင်
အစေခံတစ်ယောက်စီရှိသည်။
ရှားယာ့ယွင်က သူမဘေးတွင်ရှိသည့်သူကိုတင် အမိန့်ပေးရုံမဟုတ်ပဲ၊ ရှဲ့ချောင်ဘေးရှိ အစေခံကိုလည်း အမိန့်ပေးချင်နေဆဲဖြစ်သည်။
" သွားလိုက်" ရှဲ့ချောင်က ဂရုမစိုက်ဟန်နှင့် ပြောလိုက်၏။
နန်းတွင်းအစေခံမှာ နာခံလျက် ခေါင်းငုံကာ လုပ်စရာရှိတာကို လုပ်နေလေသည်။
နန်းတွင်းအစေခံထွက်သွားသည်နှင့် ရှားယာ့ယွင်သည် အနားသို့ ပိုကပ်လာခဲ့သည်။ သူမသည် ရှဲ့ချောင်၏ ကိုယ်အား ရုတ်တရက် ဆွဲလိုက်ပြီး တစ်စုံတစ်ခုအား ပစ်ထုတ်လိုက်ကာ
" ညီအစ်မရှဲ့၊ ဒီနေရာကို ဘာလို့ ဒီလိုပစ္စည်းယူလာရတာလဲ"
•••••