နောက်တစ်ကြိမ်
Vol. 15 Ch. 266
ရှားယာ့ယွင်၏ အသံအနေထားမှာ စူးရှတာကြောင့် ကဗျာရွတ်ဆိုနေကြသူများ၏ အသံမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
လူတိုင်း သူမကို လှည့်ကြည့်လာကြသည်။
ထိုအရာကို မြင်လိုက်ချိန်၌၊ ရှားယာ့ယွင်သည် သူမ ပစ်ထုတ်လိုက်သော ပစ္စည်းကို ကောက်ရန် အရှေ့သို့ အမြန်သွားလိုက်သည်။ ထို့နောက်၊ သူမသည် ချက်ချင်းပဲ ဒူးထောက်လိုက်ရင်း
" ကျွန်မ မရိုမသေပြုမိပါတယ်။ခွင့်လွှတ်ပေးပါ
မယ်မယ်"
သူမသည် မဝံ့မရဲနှင့် မြေကြီးပေါ် မှောက်ချလိုက်ကာ၊ သူမ၏ ခန္ဓာကိုယ်ဟာလည်း အနည်းငယ်တုန်ယင်နေခဲ့သည်။ သူမလက်ထဲတွင်တော့ ပစ္စည်းတစ်ခုသာ ရှိသည်။ ၎င်းကို ကိုင်ထားသည်ဆိုသော်လည်း၊ တစ်ဝက်ကျော်ကျော်လောက်ကထုတ်ပြထားတာကြောင့် လူများကို သိချင်စိတ်ဖြစ်အောင် လုပ်နေခဲ့လေသည်။။
" မင်းရဲ့ လက်ထဲမှာ ဘာကိုင်ထားတာလဲ။ ဘာကြောင့် ဒီလိုမျိုး ရေးကြီးခွင်ကျယ် လုပ်နေရတာလဲ " ကိုယ်လုပ်တော်ရွမ်က မေးလိုက်၏။
" ဒါ-ဒါက" ရှားယာ့ယွင်မှာ အထိတ်တလန့် ဖြစ်နေသည့်ပုံပင်။ " ဒါ- ဒါ ဘာမှ မဟုတ်ပါဘူး… ည- ညီမရှဲ့ ရဲ့ဟာပါ။ ကျွန်မ အရမ်းကြောက်တာမလို့…. မယ်မယ့်ကို ခွင့်လွှတ်ဖို့တောင်းပန်နေရတာပါ"
" ဘယ်လိုအရာက မင်းကိုဒီလိုမျိုး ကြောက်လန့်စေတာာလဲ။ ယူလာပြီးပြပါဦး" ကိုယ်လုပ်တော်ရွမ်က ပြုံးလိုက်သည်။
ပစ္စည်းကို အမြန်ပေးပို့လိုက်ပြီး
၎င်းအား မိဖုရားခေါင်ကြီး စစ်ဆေးဖို့အတွက် လွှဲပြောင်းဆက်သလိုက်သည်။
ထိုပစ္စည်းမှာ အချစ်ကြိုးထုံးတစ်ခုဖြစ်၏။
ပုံမှန်ဆိုလျှင်၊ လက်မထပ်ရသေးသည့် အမျိုးသမီးများသည် ထိုသို့သောအရာမျိုးကို ဆင်မြန်းလေ့မရှိ။
ယနေ့သည် အိမ်ရှေ့စံမင်းသား၏ကြင်ယာတော်ရွေးချယ်ပွဲနေ့ဖြစ်သည်။ လက်ထပ်ပြီးတာ သို့မဟုတ် စေ့စပ်ထားပြီးသား အမျိုးသမီးများဆိုလျှင် ပွဲသို့ လာခွင့်မရှိပေ။
" အဲဒါ ဘယ်သူ့ဟာလဲ " တော်ဝင်ကိုယ်လုပ်တော်မုန့်က မေးလိုက်၏။
ရှားယာ့ယွင်က တုန်တုန်ယင်ယင်နဲ့ " အဲ-အဲဒါက ရှဲ့ချော၊င်ညီမရှဲ့ရဲ့ ဟာပါ။ သူက အမြဲတမ်းခေါင်းငုံ့ထားပြီး၊ လက်ထဲမှာ တစ်ခုခုကို ကိုင်ထားတာကို တွေ့တာကြောင့်မလို့ ကြည့်ချင်လို့ သိချင်စိတ်နဲ့ ယူလိုက်မိတာပါ။ ကျွန်မ သူ့ကို ရှုပ်လိုက်မိပေမဲ့၊ မထင်ထားတာက…."
ရှဲ့ချောင် အခု သဘောပေါက်သွားလေပြီ။
ဒါဖြင့် အဲဒါက အချစ်ကြိုးထုံးပေါ့။ သူမ ပူလောင်တဲ့ အရာတစ်ခုခုလို့တော့ ထင်ခဲ့မိသည်။ ကျယ်ကျယ်လောင်လောင် အော်ဟစ်သံကြောင့်သူမ လန့်ဖျပ်သွားခဲ့သေးတယ်!!
အခု၊ သူမက ညွှန်ပြပြောဆိုခံလိုက်ရပြီဖြစ်တာကြောင့် အရှေ့ကို လျှောက်သွားရုံသာ ရှိတော့သည်။
သူမ၏ နွဲ့နှောင်းသော ဦးညွှတ်ဟန်မှာ ကျက်သရေရှိကာ ညင်သာ သိမ်မွေ့သည်။
အေးအေးလူလူအမူအရာလေးတစ်ခုကပင် လူများစွာအား သူမကို မနေနိုင်ဘဲ ကြည့်မိအောင် လုပ်နိုင်သည်။ တော်ဝင်ကိုယ်လုပ်တော်မုန့်က မေးလိုက်၏ "အဲဒါ မင်းရဲ့ ပစ္စည်းလား"
" အစောကတည်းက ရှားသခင်မလေးက သူ့ကိုယ်သူ တတွတ်တွတ်နဲ့ ပြောဆို နေတာကြောင့်မလို နေလို့များကောင်းရဲ့လားဆိုပြီး ကျွန်မ စိုးရိမ်မိပါသေးတယ်။ ကျွန်မက သူနဲ့လည်း မရင်းနှီးပါဘူး။ ကျွန်မရဲ့ အစေခံတွေကို သူအဝေးကို နှင်ထုတ်လိုက်ပြီးနောက်မှာ၊ ကျွန်မကို အရူးတစ်ယောက်လိုမျိုး ဆောင့်ဆွဲပြီးတော့ တစ်စုံတစ်ခုကို ပစ်ထုတ်လိုက်ပါတယ်။ ကျွန်မကြည့်ရသလောက်….. ကျွန်မကိုယ်ပေါ်က ဘာတစ်ခုမှ ပျောက်မသွားခဲ့တာမလို့ ပစ်ထုတ်လိုက်တဲ့ဟာက သူ့ဟာပဲ ဖြစ်ပါလိမ့်မယ်" ရှဲ့ချောင်က စကားလုံးတစ်လုံးပြီးတစ်လုံးကို ပြောချသွားကာ လေးလေးနက်နက်နှင့် အဖြေပြန်ပေးခဲ့သည်။
" ညီမရှဲ့၊ ဒီဟာက ညီမဟာဆိုတာ သိသာနေတာကို…" ရှားယာ့ယွင်က ချက်ချင်းထပြောလိုက်၏။
ရှဲ့ချောင် ပြုံးလိုက်ပြီး၊ သူမ၏ ခြုံထည်ကို ချွတ်လိုက်သည်။။
" ရှားသခင်မလေး၊ ကြည့်ပါဦး။ ကျွန်မမှာ တစ်ခုခုချိတ်ဖို့ နေရာများရှိသလားလို့" ရှဲ့ချောင်က ရိုးသားဖြူစင်သည့် ပုံနှင့် ပြုံးလိုက်သည်။
ရှားယာ့ယွင် သူမခါးကို ကြည့်လိုက်ရာ မျက်ခွံလှုပ်သွားခဲ့ရ၏။
သူမရဲ့ ခါးမှာ……
ပုံမှန်ဆိုလျှင်၊ လူများသည် သူတို့၏ ခါး၌ ကျောက်စိမ်းအဆင်တန်ဆာတစ်ခုသာ ချိတ်ဆွဲ ဝတ်ဆင်လေ့ရှိသည်။ ရှဲ့ချောင်သည်လည်း တစ်ခုဝတ်ဆင်ထားသည် ထင်ရသော်လည်း တကယ်တမ်း မဟုတ်ခဲ့ပေ။ သူမသည် ခါးပတ်ရှည်တစ်ခုကိုသာ ဝတ်ဆင်ထားခဲ့လေသည်။
ခါးပတ်မှာ အရွယ်အစားအရ ကြောင်တိကြောင်တောင်ဖြစ်နေသော်လည်း စင်စစ် အတော်လေး လှပသည်။
ထို့အပြင်၊ သူမ ခါး၌ ရနံ့အိတ် သုံးအိတ်ကနေ ငါးအိတ်လောက်လည်း ရှိသေးသည်။
ရှဲ့ချောင်သည် လက်ကောက်ဝတ်ကိုလည်း မြှောက်ပြလိုက်သေးသည်။ တစ်ဖက်တွင် ရွှေရောင်ခြူလုံးများနှင့် ကြိုးတစ်ကွင်းရှိနေပြီး၊ နောက်တစ်ဖက်တွင်တော့ ကြိုးနီ အနည်းငယ်နှင့် ကျောက်စိမ်းလက်ကောက်တစ်ကွင်းရှိနေခဲ့သည်။
" ရှားသခင်မလေးရဲ့ ပစ္စည်းက အရမ်းကောင်းပေမယ့်လို့ ကျွန်မမှာက ဝတ်စရာနေရာတစ်နေရာမှ မရှိတော့ဘူးလေ။ နောက်တစ်ကြိမ်၊ နောက်တစ်
ကြိမ်ကျရင်၊ ရှားသခင်လေး ကျွန်မကို ကျေးဇူးပြုပြီ စောစော အသိပေးပါလား။ ကျွန်မနေရာလွတ်ချန်ထားလို့ရတာပေါ့"
ရှဲ့ချောင်သည် ပြောလိုက်ပြီးနောက် ခြုံထည်ကို ပြန်ဝတ်ဆင်လိုက်၏။
လူတိုင်း၏ မျက်နှာထားများမှာ ထူးဆန်းကုန်ကြသည်။
ရှဲ့ချောင်၏ ခြုံထည်မှာ ကျယ်ပြန့်တာကြောင့် သူမ ဘယ်လိုအဆင်တန်ဆာတွေကို ဝတ်ဆင်ထားသလဲဆိုတာ စောစော သတိမထားမိခဲ့ကြပေ။
အခု သူတို့ မြင်လိုက်ရချိန်တွင်တော့၊ နည်းနည်း မှင်တက်သွားမိကြသည်။
ရှဲ့ချောင်၏ ခါးမှာ အနည်းငယ် ပိုပိန်လွန်းသည်။ သူမ၏ ခါးထက်၌ ပစ္စည်းများစွာကို ချိတ်ဆွဲထားခြင်းမှာ ကောင်းသော အရာ မဟုတ်။ ခါးပေါ်၌ ပစ္စည်းများစွာ ရှိနှင့်ပြီးဖြစ်တာကြောင့် နောက်ထပ် အချစ်ကြိုးထုံးကို ချိတ်ဆွဲရန်မှာ မဖြစ်နိုင်တော့ပေ။ သူမသာ တကယ်ချိတ်ဆွဲခဲ့လျှင်၊ သူမရဲ့ ချစ်သူကို လွှမ်းဆွတ်တမ်းတသည့် ပြရုပ်တစ်ခုမဟုတ်တော့ပဲ ကြွားဝါးခြင်းသာ ဖြစ်ပေတော့မည်။ သူမ အဲဒီလောက်တော့ ရူးးမိုက်မနေခဲ့။
ဒါတင်မက၊ အချစ်ကြိုးထုံးသည် သေးသေးကွေးကွေး ပစ္စည်းမျိုး လည်းမဟုတ် ၎င်းပေါ်၌ ကျောက်စိမ်းတုံးတစ်ခုပင် ရှိနေသေးသည်။။
ရှဲ့ချောင်၏ ခါးပတ်ပတ်လည်၌ ပစ္စည်းများစွာချိတ်ဆွဲထားသော်လည်း ခြုံကြည့်ပါက အတော်လေး ဟန်ချက်ညီကာ လှပနေသည်။ဒါပေမဲ့၊
ကြိုးထုံးတစ်ခု ရှိနေမယ်ဆိုရင်တော့၊ တကယ်ထူးဆန်းသွားပေလိမ်မည်။
တကယ်ဆိုလျှင်၊ ထိုအရာအား သူမရင်ဘတ်ထဲတွင် ဝှက်ထား၍ ရသည်။ ဒါပေမဲ့၊ ရှဲ့ချောင်၏ ပုံမှာ ထိုသို့သော လိပ်ပြာမလုံစရာ အမှားမျိုးကို လုပ်လိမ့်မည့်သူမဟုတ်ပေ။
မိဖုရားခေါင်ကြီးမှာ ရှဲ့ချောင်၏ " နောက်တစ်ကြိမ်" ဟူသော စကားကို ကြားမိချိန်၌ မနေနိုင်ဘဲ ပြုံးမိသွားခဲ့တော့သည်။
••••••