← Chapters

စိတ်မချမ်းမသာဖြစ်

Vol. 15 Ch. 267

စိတ်မချမ်းမသာဖြစ်

Vol. 15 Ch. 267

ရှဲ့ချောင်၏တည်ငြိမ်အေးဆေးသောသဘောထားမှာ ရှားယာ့ယွင်၏ စိတ်အားထက်သန်မှုကို ပိုပြီ

ထင်ရှားစေခဲ့သည်။ သူမကို ကြည့်လိုက်ရုံနဲ့တင် မရိုးဖြောင့်ဘူးဆိုတာကို ခံစားလို့ရနိုင်သည်။

ရှားယာ့ယွင်မှာ ကြောက်စိတ်ဝင်နေလေပြီ။

ဘုရင်မင်းမြတ်နှင့် မိဖုရားခေါင်ကြီးမှာ အိမ်ရှေ့စံမင်းသားအပေါ် အမြတ်နိုးဆုံးဖြစ်သည်။ ယနေ့၊ အရည်အချင်းရှိသော သခင်မလေးများစွာကို ဖိတ်ကြားထားရခြင်းမှာ ကြင်ယာတော်မင်းသမီးကို အထူးတလည်ရွေးချယ်မှာကြောင့်ပင်။ အကယ်၍ တစ်ယောက်ယောက်ကသာ စေ့စပ်ထားရက်နှင့် ရွေးချယ်ပွဲကို လာခဲ့ပါက ဘုရင်မင်းမြတ်နှင့် မိဖုရားခေါင်ကြီးမှာ ကျိန်းသေ စိတ်ဆိုးမည်ဖြစ်ကာ သူမအား ပြင်းပြင်းထန်ထန် အပြစ်ပေးမည်ပင်။

တကယ်လို့ သူမကို ပြင်းပြင်းထန်ထန် အပြစ်မပေးခဲ့ဘူးဆိုရင်တောင်မှ ရှဲ့ချောင်ရဲ့ ဂုဏ်သတင်း

က ပျက်ဆီးသွားမှာပဲ။!!

သို့ဖြစ်တာကြောင့်၊ ရှဲ့ချောင်လာမည်ဟု ကြားကတည်းက သူမ ဒီ အချစ်ကြိုးထုံးကို ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။

ဘယ်သူသိမှာလဲ…..

ရှားယာ့ယွင်က ဒူးထောက်ကာ အနည်းငယ် ပျာယာခတ်သည့်ပုံဖြင့် " ကျ- ကျွန်မ မတရားခံရတာပါ။ ကျွန်မကို ညီမရှဲ့ စွပ်စွဲနေတာပါ…."

ရှဲ့ချောင်သည် မျက်ခုံးကို နှိမ့်ထားကာ ငြင်းခုံဖို့ စိတ်ဝင်စားနေသည့်ပုံမပေါ်ခဲ့ပေ။

ဒါပေမဲ့၊ မျက်စိပါတဲ့လူတိုင်းကတော့ ရှားယာ့ယွင်

ရဲ့ သဘောထားနှင့် ပတ်သက်ပြီး တစ်ခုခုလွဲမှားနေတယ်ဆိုတာ ပြောနိုင်ပေသည်။

သူမသည် ရှဲ့ချောင်အား ညီမရှဲ့ဟု ဆက်တိုက်ခေါ်နေတာကြောင့် သူတို့ဆက်ဆံရေးမှာကောင်းသည်ဟုဆိုလိုနိုင်သည်။

ဒါပေမဲ့ ဆက်ဆံရေးကောင်းတယ်ဆိုရင်၊ အချစ်ကြိုးထုံးကို တွေ့တဲ့အချိန် ဘာလို့ အကျယ်ကြီးထအော်မှာလဲ။

အဲဒီပစ္စည်းက တကယ်ကို ရှဲ့ချောင်ပိုင်တဲ့ဟာဖြစ်ပြီး ၊ သူမက ရှာတွေ့ခဲ့တာဆိုရင်တော့ အကျယ်ကြီးအော်ရတာကို နားလည်ပေးလို့ရသည်။ ဒါပေမဲ့၊ ရှဲ့ချောင်ရဲ့ ခန္ဓာကိုယ်ကို ကြည့်လိုက်ရင်….

သူမမှာ အဲဒီပစ္စည်းကို ချိတ်ဆွဲဖို့ တကယ်ကို တစ်

နေရာလေးတောင် ရှိမနေခဲ့။

" ဒါက အချစ်ကြိုးထုံးလေးတစ်ခုပဲဟာ။ ရှားသခင်မလေး သိမ်းထားလိုက်ပါ။ နောက်တစ်ခါဆိုရင်၊ ဒီတိုင်း မပစ်ထုတ်လိုက်ပါနဲ့။ သခင်မလေးက ထိတ်လန့်သွားတယ်ဆိုတိုင်း၊ တခြားသူကို မစွပ်စွဲသင့်ဘူး" မိဖုရားခေါင်ကြီး၏ အသံမှာ ပျင်းတိပျင်းရွဲ့ပုံစံပေါက်နေပြီး သူမ၏ အသံအနေထားမှာလည်း သံသရာဖြစ်စရာတစ်ခုမှ မရှိခဲ့ပေ။

ရှားယာ့ယွင်မှာ ထပ်ပြီးပြောချင်နေသေးသော်လည်း၊ သူမခေါင်းမော့လိုက်ချိန်တွင်တော့ မိဖုရားခေါင်ကြီး၏ စကားလုံးများနောက်မှအဓိပ္ပာယ်ကို သဘောပေါက်သွားခဲ့လေသည်။

ထိုပစ္စည်းဟာ ရှဲ့ချောင်ပိုင်ကြောင်း သူမမှာ ခိုင်လုံတဲ့ သက်သေမရှိလျှင်၊ သူမတာဝန်ယူရပေမည်။

သူမသာ တာဝန်ယူနိုင်ခဲ့လျှင်၊ မိဖုရားခေါင်ကြီးသည် ဤအရေးအား ထပ်ပြီးတိတိကျကျ စုံစမ်းတော့လိမ့်မည် မဟုတ်ပေ။

သို့သော်၊ သူမ၌ ချစ်သူရှိခဲ့ဖူးသည်ဟူသောပြစ်မှုကြီးအား ဖျောက်ဖျက်၍ ရတော့မည်မဟုတ်။ ဒါ့အပြင်၊ သူမ ရှဲ့ချောင်ကို စွပ်စွဲပြောဆိုခဲ့သေးသည်။ စကားတွေသာ အပြင်သို့ ပေါက်ကြားသွားခဲ့ပါက ဆိုးဝါးပေလိမ့်မည်။

ဒါပေမဲ့၊ ဒီပစ္စည်းက ရှဲ့ချောင်ပိုင်တာပါဆိုပြီး သူမ ဆက်ပြောနေမယ်ဆိုရင်လည်း မိဖုရားခေါင်ကြီး ဒေါသထွက်လာနိုင်လောက်သည်။

ရှားယာ့ယွင်မှာ အလွန် နောင်တရနေလေပြီ။ သူမ ဘာလို့များ ရှဲ့ချောင်ရဲ့ အဝတ်အစားတွေကို အနီးကပ် မကြည့်ခဲ့မိတာလဲ!!

ရှဲ့ချောင်က အင်မတန်လှသော တောက်ပသော အနီရောင် အပေါ်ခြုံထည် ဝတ်ဆင်ထားသည်ကိုသာ သူမ မြင်ခဲ့သည်။အထဲက ဘာဝတ်ထားသလဲဆိုတာ သူမ တကယ် ဂရုမစိုက်ခဲ့မိဘူး!!

ပိန်လွန်းနေသော ရှဲ့ချောင်၏ အပြစ်လည်းပါသည်။ ထိုခြုံထည်က ရှဲ့ချောင်ကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားတာကြောင့် သူမ ခါးပေါ်မှာ ဘာကိုချိတ်ဆွဲထားသလဲဆိုတာ ဘယ်လိုလုပ်မြင်နိုင်မှာလဲ!!

နောက်ပြီး၊ ရှဲ့ချောင်ရဲ့ အဝတ်အစားမှာ တကယ်ကို ထူးဆန်းသည်။ ခါးပတ်ရှည်ကို တစ်ခုအပေါ်တစ်ခုထပ်ပြီး ပတ်ထားသည်။ ဒါက ထူးဆန်းတာထက်ပိုပြီး ထူးဆန်းလွန်းနေတယ်!!!

ရှားယာ့ယွင်သည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး၊ ခေါင်းကိုငုံ့ကာ " ဒီအညတရက အမှားအတွက် တောင်းပန်းပါတယ်"

မိဖုရားခေါင်ကြီးမှာ ခပ်ရေးရေးသာ ခေါင်းညိတ်ပြလိုက်ပြီး၊ သူမနှင့် ရှဲ့ချောင်တို့အား အတူတူထွက်သွားခွင့် ပြုလိုက်သည်။

ရှားယာ့ယွင်သည် ထိုင်ခုံမှာ ထိုင်နေလျက် ဒေါသများကို မြိုသိပ်ထားနေရလေသည်။

သူမ အရူးတစ်ယောက်လိုမျိုး ဒုန်းဆိုင်းလုပ်မိလိုက်ပြီး သူမရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ဖြုန်းတီးပစ်လိုက်မိသည်ဟု ခံစားလိုက်ရသည်။ ရှဲ့ချောင်ကို ပြဿနာမရှာနိုင်ရုံတင်မဟုတ်ဘဲ ၊သူမကိုယ်တိုင်တောင် ဒုက္ခရောက်တော့မလို့။!!

သူမ ပိုတွေးလေလေ၊ စိတ်မချမ်းမသာ ဖြစ်ရလေ ဖြစ်သည်။

ထိုအခိုက်အတန့်တွင်၊ သူမ မည်သည့် အာရုံစိုက်မှုမျိုးကိုမှခံရအောင် မလုပ်ရဲ။သို့ရာ၌၊ လူတိုင်း၏ စိတ်ဝင်စားမှုသည် ကဗျာရွတ်ခြင်း၊ လက်ရေးလှအတတ်၊နှင့် ပန်းချီဆွဲခြင်းတို့ကို ပြောင်းလဲသွားချိန်တွင်တော့ သူမလက်ထဲရှိပစ္စည်းကိုယူကာ ဒေါသကို ထွက်ပေါက်ရှာတော့သည်။

သူမ ပန်းကန်းပြားတစ်ချပ်ကို ခွဲချပစ်လိုက်သည်။

သူမရဲ့ အနောက်မှာရှိသော နန်းတွင်းအစေခံကို စူးစိုက်ကြည့်လျက် "ဘာကိုစောင့်နေတာလဲ။ ဒါကို မြန်မြန် ဖယ်ပစ်လိုက်စမ်း"

နန်းတွင်းအစေခံမလေးမှာ အင်မတန်ရိုးအ သူတစ်

ယောက်ဖြစ်သည်။ ပန်းကန်များကို လဲပြီးရုံရှိသေး၊ မျက်စိတစ်မှိတ်စာ အတွင်း နောက်ထပ် ပန်းကန်တစ်ချပ် ကွဲသွားခဲ့ပြန်သည်။

သူမမှာ ခေါင်းငုံ့ပြီး ကိုယ့်အလုပ်ကို လုပ်ရုံသာ တတ်နိုင်သည်။

" သူ နန်းတွင်းအစေခံလေးကို ထပ်ပြီး အနိုင်ကျင့်နေပြန်ပြီ" ရှဲ့ချောင်၏နား နား၌ မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်က ရှုံ့မဲ့နေပြီး၊ သူမရဲ့ မျက်လုံးအိမ်တစ်ဖက်မှာလည်း ဒေါသကြောင့် အပြင်ကို ထွက်ကျနေသည် "သူက တခြားသူကို အမှားလုပ်ခဲ့ပြီးတော့ ဘာလို့ ငါတို့လို နန်းတွင်းအစေခံတွေအပေါ် ဒေါသပုံချနေရတာလဲ"

" ငါ အသက်ရှိစဉ်တုန်းက ငါတွေ့ခဲ့ရတဲ့ သခင်ကြီးက သူမ လိုမျိုးပဲ။ ငါ့မှာ သူဆံပင်ကိုဖြီးပေးဖို့အတွက် အားစိုက်ထုတ်ခဲ့ရပေမဲ့၊ သူက ငါ့

နှုတ်ခမ်းတွေကို ရိုက်ပစ်ခဲ့တယ်။ ငါက အဲဒီချိန်က ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတယ်။ ငါ့မျက်နှာက ရောင်ကိုင်းနေလို့ တခြား နန်းတွင်းအစေခံတွေရဲ့ လှောင်ရယ်တာကိုလည်း ခံခဲ့ရတယ်…"

မကောင်းဆိုးဝါးဝိဉာဉ်များသည် ပြောရင်းဆိုရင်းနှင့် ရှားယာ့ယွင်ဘေးသို့ ရွှေ့သွားကြသည်။

တချို့က သူတို့ရဲ့ အနီရောင်တောက်တောက် လက်သည်းရှည်တွေကို ဆန့်ထုတ်ပြီး ရှားယာ့ယွင်၏ မျက်နှာကို ကုတ်ခြစ်နေကြသလို တချို့ကလည်း သူမကို လည်ပင်းညစ်ဖို့ကြိုးစားနေကြသည်။

••••••

All Chapters