ပရမ်းပတာ
Vol. 15 Ch. 268
ရှဲ့ချောင် ဘေးတွင်ထိုင်နေကာ အေးစိမ့်မှုကို ခံစားနေရသည်။
မကောင်းဆိုးဝါးဝိဉာဉ်များစွာရှိနေကြပြီး ဆူညံနေကာ ကြောက်စရာကောင်းလှသည်။
လက်ဖက်ရည်တစ်ခွက်သောက်ပြီး သူမ ခန္ဓာကိုယ်နွေးသွားအောင် လုပ်နေရသည်။ သူမတင်မဟုတ်ဘဲ၊ ရှားယာ့ယွင်လည်း အဆင်ပြေမနေခဲ့ပေ။
သူမ အလွန်ဒေါသထွက်နေတာကြောင့် ရင်ဘတ်မှာ မွန်းကြပ်သလိုခံစားရပြီး အသက်ရှူရခက်နေခဲ့သည်။ အထူးသဖြင့်၊သူမဘေးမှာ ရှိနေတဲ့ ရှဲ့ချောင်ရဲ့ လုပ်ရှုားမှုတွေကို ကြားနေရချိန်တွင်ပင်၊ ဒါ သူမရဲ့ ကံတရားလို့ပင်ခံစားခဲ့ရသည်။
ဒေါသကြောင့် ရှားယာ့ယွင်မှာ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ယားယံလာသလို ခံစားလိုက်ရသည်။သူမ မျက်နှာကို ထိကိုင်ကြည့်လိုက်ချိန်၌ စူထွက်နေသော ဝက်ခြံများကိုပင် တကယ် ခံစားမိသွားခဲ့သည်။
ရှားယာ့ယွင်၏ မျက်နှာထားမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
သူမ ခုနတုန်းက စပ်တဲ့ အစားအသောက်တွေ မစားခဲ့ဘူးလေ!!
ဒါတွေ အကုန် သူမကို ဒေါသထွက်အောင်လုပ်တဲ့ ရှဲ့ချောင်ရဲ့ အမှားပဲ။ ဒီလို ဝက်ခြံတွေဖြစ်လာရတာ သူမ နှလုံးသားထဲက အဖုအထစ်ကြောင့်ပဲ!!
ရှားယာ့ယွင်မှာ ပိုပြီး ဒေါသထွက်လာတော့သည်။ သူမမျက်နှာက ယားယံနေပေမဲ့၊ ဒီထက်ပိုပြီးလည်း မကုတ်ရဲ။ ခန္ဓာကိုယ်ကလည်း အေးစိမ့်နေကာ ထလို့လည်းမရဖြစ်နေသည်။
သူမစိတ် ဂနာမငြိမ်ဖြစ်နေလေပြီ။
သူမတွေးနေရင်း ၊ ခြေထောက်အောက်မှ နာကျင်မှုကို ခံစားလိုက်ရသည်။
ငုံ့ကြည့်လိုက်ရာ၊ သူမကို လည်ပင်းဆန့်ထုတ်ပြီး စိုက်ကြည့်နေသည့်ပဲစေ့ပုံ မျက်လုံးတစ်စုံကို မြင်လိုက်ရလေသည်။
"အားး" ရှားယာ့ယွင်မှာ အကြောက်လွန်ပြီး ထခုန်လိုက်သည်။ သူမ အသံကွဲထွက်လုနီးပါးထိကို အော်ဟစ်ပစ်ခဲ့သည်။ မြွေက ကိုက်ပြီးနေပြီးဖြစ်
သော်လည်း သူမရဲ့ အပိုလုပ်လွန်းနေတဲ့တုံပြန်မှုကိုတွေ့လိုက်ရ၍၊ မြွေသည် ရုတ်တရက် တဟုန်ထိုးတိုက်ခိုက်ပြီး သူမမျက်နှာပေါ်မှာ နောက်ထပ်သွားရာနှစ်ခုချန်ခဲ့လေတော့သည်။
ရုတ်တရက်ပြောင်းလဲသွားသောပွဲအခြေအနေကြောင့် လူတိုင်း ထိတ်လန့်ကုန်ကြသည်။။
အစေခံများနှင့် မိန်းမစိုးများသည် တော်ဝင်မိသားစုကို ကာကွယ်နေကြကာ၊ သခင်မလေးများမှာ ကြောက်အားလန့်အားနှင့် အချင်းချင်း ပူးကပ်နေကြသည်။
သူတို့ အာရုံစိုက်ကြည့်လိုက်သောအခါ၊ သခင်မလေးများအား မျက်နှာဖြူဖျော့သွားတဲ့ အထိ ကြောက်လန့်စေခဲ့သည်မှာ မြက်မြွေတစ်ကောင်ဖြစ်ကြောင်းတွေ့လိုက်ရသည်။
ရှားယာ့ယွင်မှာ မြွေကိုက်ခံရပြီးနောက် ချက်ချင်းမေ့လဲသွားတော့သည်။
တချို့က အစောင့်တွေကို ခေါ်ကြပြီး၊ တချို့က နန်းတွင်းသမားတော်ကို ခေါ်နေကြကာ ရှုပ်ယှက်ခတ်နေလေသည်။
အိမ်ရှေ့စံနန်းဆောင်၌ လူများများစားစားမရှိသော်လည်း နေ့တိုင်း သန့်ရှင်းရေးလုပ်နေကြသူများတော့ရှိကြသည်။ အောက်တိုဘာလရောက်နေပြီဖြစ်တာကြောင့်
ရာသီဉတုမှာ အလွန်အေးနေသည်။ မြွေများသည် ဆောင်းခိုဖို့သွားနေသင့်ပြီ ဖြစ်သော်လည်း၊ ဒီနေ့ စားသောက်ပွဲမှာ တစ်ကောင်ထွက်ပေါ်လာရာ…..
ပွဲတွင်ရှိကြသော သခင်မလေးများမှာ အိမ်ရှေ့စံမင်းသားနှင့် ပတ်သက်သည့် ကောလသာလများအကြောင်း မတွေးမိဘဲ မနေနိုင်ဘဲ ဖြစ်သွားကြသည်။
ဘုရင်မင်းမြတ်က ထိုကောလဟာလများကို တမင်တကာ ဖုံးဖိထိန်းချုပ်ထားသော်လည်း ပျံ့နေသော ကောလဟာလအနည်းစုကတော့ ရှိနေဆဲပင်။
ပြောကြသည်က အရှေ့နန်းဆောင်က …. ပရမ်းပတာအခြေအနေဖြစ်နေသည်ဟူ၍။
တကယ်တော့၊ လွန်ခဲ့သောနှစ်များက၊ အိမ်ရှေ့စံမင်းသားဟာ ရာထူးနှင့်မထိုက်တန်တာကြောင့် အရှေ့နန်းဆောင်က အမြဲတမ်း ဒုက္ခရောက်နေရသည်ဟု လူများစွာက မကျေမနပ်တိုင်တန်း
ပြောဆိုခဲ့ပုံရသည်။
အရင်တစ်ခါ၊ အိမ်ရှေ့စံမင်းသား ကြင်ယာတော်ရွေးချိန်၌၊ ဒုတိယမင်းသားက အကျဉ်းချခံခဲ့ရသည်။
အခုတစ်ခေါက်မှာလည်း၊ တစ်စုံတစ်ယောက်က ဒဏ်ရာရသွားခဲ့ပြီးတော့ ဆောင်းရာသီကြီးမှာတောင် မြွေကိုက်ခံခဲ့ရသည်။ အိမ်ရှေ့စံမင်းသားမှာ…. သေစေနိုင်တဲ့ကံကြမ္မာရှိနေတာများလား!
လူတိုင်း၏ အတွေးများ ရောက်တတ်ရာရာဖြစ်ကုန်ကြသည်။
ရှိနေကြသည့် လူများကြား၊၌၊ တချို့က အထက်စီးဆန်ပြီး မသန်မစွမ်းဖြစ်နေသော အိမ်ရှေ့စံကို အထင်သေးကြသလို၊ အိမ်ရှေ့စံ
မျက်နှာသာပေးခံရတဲ့အပေါ် အမြတ်ထုတ်ချင်ကြတဲ့ မိသားစုတချို့လည်းရှိကြသည်။
သူတို့ကိုသာ ဘုရင်မင်းမြတ်က လက်ထပ်ဖို့ခွင့်ပြုခဲ့မည်ဆိုလျှင်၊ မကျေနပ်သော်လည်း ဝမ်းမြောက်စွာနှင့် လက်ခံကြမည့်သူများဖြစ်၏။
နောက်ပြီး၊ အိမ်ရှေ့စံမင်းသားမှာ အခုထိ အဖယ်ကျဥ်မခံရသေး။
ဘုရင်မင်းမြတ်၏ သဘောမှာ၊ အိမ်ရှေ့စံအတွက် ဆူးညှောင့်ခလုတ်မှန်သမျှကို အကုန်ဖယ်ရှားပစ်ချင်ပြီး၊ နန်းတက်နိုင်သည့်အထိ ကူညီပေးနေမည့် သဘောမှာရှိသည်။အိမ်ရှေ့စံမင်းသားနန်းမတက်
နိုင်ခဲ့လျှင်တောင်၊ 'ဟန်ပြမင်းသား' တစ်ပါးဖြစ်နိုင်သေးသည်။
သူတို့အတွက်၊ ထိုရာထူးနေရာဟာ မြင့်နေပြီးသားပင်။
ဒါပေမဲ့၊ အခုတော့….
သူတို့ ကြောက်ရွံ့နေကြလေပြီ။
သိပ်မကြာလိုက်ခင်မှာပဲ၊ နန်းတွင်းသမားတော်များ ရောက်လာခဲ့သည်။
" မယ်မယ်၊ မြွေက အဆိပ်မရှိပါဘူး။ လိမ်းဆေးတချို့သာ လိမ်းပေးဖို့ လိုပြီး၊ ရက်အနည်းငယ်အတွင်း ပြန်ကောင်းသွားမှာပါ။ဒါပေမဲ့၊ ဒီမြွေချန်ခဲ့တဲ့ ကိုက်ရာက နည်းနည်းပိုပြီး နက်တာမလို့ နောင်ကျရင် အမာရွတ်ကျန်နိုင်ပါတယ်" နန်းတွင်းသမားတော်က ပြောလိုက်၏။
အမာရွတ်များမှာ ကြီးကြီးမားမားမဟုတ်။
မြွေ၏ သွားများသည် သေးတာကြောင့် ကျန်ခဲ့သည့်ကိုက်ရာမှာလည်း သေးသည်။ နန်းတွင်းသမားတော်၌ အမာရွတ်ပျောက်ကင်းစေသော လိမ်းဆေးကောင်းရှိတာကြောင့် သူတို့ နည်းနည်းပိုပြီး လိမ်းမည်ဆိုလျှင် အမာရွတ်များမှာ လုံးဝပျောက်ကွယ်သွားနိုင်သည်။
ဒါပေမဲ့၊ သူတို့ ပြင်းပြင်းထန်ထန်ပြောလိမ့်မည်မဟုတ်၊ သို့မှသာ နောက်တစ်ချိန်တွင် သူတို့ပျက်ရယ်ပြု အစော်ကားမခံရမှာဖြစ်သည်။
အခုမှသာ မိဖုရားခေါင်ကြီး၏ မျက်နှာအမူအရာပြီး ပိုကောင်းလာခဲ့သည်။
ဒီနေ့သာ အဆိပ်ရှိတဲ့မြွေကြောင့် တစ်ယောက်ယောက်က အဆိပ်မိပြီးသေခဲ့မည်ဆိုလျှင်၊ နောက်တစ်နေ့ ပင်မနန်းဆောင်၌ သူမရဲ့ သားတော်ဟာဆိုးရွားတဲ့သူဆိုပြီး ပြောနေကြမည့်သူများစွာ ရှိနေပေလိမ့်မည်။
သို့သော်၊ မိဖုရားခေါင်ကြီးမှာ ရှားယာ့ယွင်ကို ကြည့်လေလေ၊ သဘောမကျလေဖြစ်သည်။
" ဒဏ်ရာကို ကောင်းကောင်းကုနိုင်ဖို့ အတွက် ရှားသခင်မလေးကို အိမ်တော်ကို ပြန်ပို့လိုက်ကြ။ဒီတစ်ကြိမ်၊ သူမ နန်းတွင်းထဲမှာ ထိတ်လန့်မှုကြီးကို ခံစားခဲ့ရတယ်။ နောင်အနာဂတ်မှာ ဒဏ်ရာရတာမျိုး မဖြစ်ရအောင်အတွက်၊ သူမကို နန်းတော်ထဲ ဘယ်တော့မှ ဝင်ဖို့ ခွင့်မပြုဘူး" မိဖုရားခေါင်ကြီးက အေးစက်သော မျက်နှာထားနှင့် ပြောလိုက်လေသည်။
••••••