အလွန် သင့်တော်သော
Vol. 15 Ch. 269
မိဖုရားခေါင်ကြီးမှာ ရောက်လာကတည်းက အမြဲ သဘောကောင်းခဲ့သော်လည်း၊ အခု သူမရဲ့ အသံမှာ အေးစက် တည်ငြိမ်နေတာကြောင့် စိတ်အလိုမကျဘူးဆိုတာ ပြောနိုင်ပေသည်။
လူတိုင်း တိတ်ဆိတ်သွားကြကုန်ပြီး၊ ရှားယာ့ယွင်ကိုတော့ တစ်စုံတစ်ယောက်က အဝေးကို သယ်ထုတ်သွားခဲ့လေပြီ။
ရှဲ့ချောင်လည်း တိတ်တဆိတ်သာ နေခဲ့သည်။
ရှဲ့ချောင် မြွေကို ကြည့်လိုက်ပြီး သက်ပျင်းသာ ချလိုက်တော့သည်။
သူမဘေးက မကောင်းဆိုးဝါးဝိဉာဉ်ကတော့ မြူးတူးကခုန်နေခဲ့သည်။
" ကိုယ်အပြစ်ကိုယ်ခံလိုက်"
ရှားယာ့ယွင်ကတော့ မြွေကြောင့် ဒုက္ခရောက်သွားပြီး ရှဲ့ချောင်ကျ ဘာလို့ သတိမူမိနေတာလဲဆိုတာ ဘယ်သူမှ မသိခဲ့ကြပေ။
ထို မကောင်းဆိုးဝါးဝိဉာဉ်များသည် သူမအား ညှို့ယူဖမ်းစားနေခဲ့ပြီး သူမမျက်နှာကိုလည်း
အကြိမ်ပေါင်းများစွာ တို့ဆိတ်ခဲ့ကြသည်။ သူတို့ချန်ခဲ့သော ရောင်ဝါမှာလည်း တော်တော်အားကောင်းကာ၊ တိရစ္ဆာန်များသည် ထိုအရာများကို ပိုပြီး တုံပြန်လွယ်ကြသည်။ မကောင်းဆိုးဝါးဝိဉာဉ်များက မြွေကို သွေးဆောင်ဖျားယောင်းလိုက်ပြီးနောက်၊ မြွေက သူမကို တမင်တကာ တိုက်ခိုက်ခဲ့သည်။
မြွေရဲ့ အမြင်တွင်တော့၊ ထိုအချိန်က သူမ၏ မျက်နှာဟာ ညစ်ညမ်းသော အရာတစ်ခုသာ ဖြစ်နေခဲ့တာကြောင့် သူမကို ကိုက်ခဲ့ခြင်းဖြစ်သည်။
ရှဲ့ချောင် ရှားယာ့ယွင်ကို ဘေးဒုက္ခရှောင်လို့ရအောင် ကူညီပေးလို့ရတယ်၊ ဒါပေမဲ့၊ ဘာလို့ ကူညီရမှာလဲ။?
အရင်ရက်က စားသောက်ဆိုင်တွင်၊ သူမတွင် ရွေးစရာ မရှိခဲ့ဘဲ အရေးတယူလုပ်ခဲ့ရသည်။
နောက်ပြီး ဖန်းမုရွှယ် တခြားသူများနှင့် သူမကြားထဲမှာ ဘာအငြင်းပွားစရာတစ်ခုမှ မရှိသည့်အတွက် သူတို့ကို မကယ်ခဲ့ဖူးဆိုလျှင် သူမ အတွက် အကျိူးယုတ်ပေလိမ့်မည်။
သို့သော်၊ ရှားယာ့ယွင်ကတော့ မတူ။ သူမက(ရှားယာ့ယွင် )အစကတည်းက သူမအပေါ် မလိုမုန်းတီးနေခဲ့သည့်အတွက် ကူညီစရာ အကြောင်းတစ်ခုမှမရှိပေ။
အခု၊ မိဖုရားခေါင်ကြီးကို ပြဿနာဖြစ်စေသော သူမှာ ထွက်သွားပြီဖြစ်သော်လည်း သူမ ဒီထက်ပိုပြီးစိတ်မပါတော့ပေ။
အောက်တွင်ရှိနေကြသည့် သူများကို ကြည့်လိုက်၏။
" မင်းတို့အားလုံး၊ ခေါင်းမော့လို့ရပြီ" မိဖုရားခေါင်ကြီးက ပြောလိုက်သည်။
လူတိုင်း အမိန့်ကို လိုက်နာခဲ့ကြသည်။ သူတို့ ခေါင်းမော့ထားသော်လည်း မျက်ခုံးများကိုတော့ ချထားကာ မိဖုရားခေါင်ကြီးနှင့် တခြား ကိုယ်လုပ်တော်မျာကို မကြည့်ရဲခဲ့ကြပေ။
မိဖုရားခေါင်ကြီး၏ မျက်နှာထားမှာ အေးစက်လို့နေသည်။ လှပသော သခင်မလေးများကို ကြည့်ရင်း၊ တစ်ယောက်မှ သူမျက်လုံးထဲ ကျေနပ်စရာမကောင်းဟု ခံစားလိုက်ရသည်- တစ်ယောက်ကလွဲပြီး……
ထောင့်တစ်နေရာ၌၊ တောက်ပသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်လေးတစ်ဦးရှိနေခဲ့သည်။
သူမသည်(မိဖုရားခေါင်ကြီး) သခင်မလေးများအား ကဗျာရွတ်ဆိုရန်နှင့် ပန်းချီဆွဲဖို့အတွက် ပြောခဲ့ပြီး၊ ထိုမိန်းကလေးများ ရေးဆွဲခဲ့ကြသော ပန်းချီနှင့် လက်ရေးလှများအားလုံးသည် စတုတ္ထမင်းသား၏ အကြိုက်ပေါ်တွင်သာ အခြေခံထားကြောင်း သူမ မြင်တွေ့ခဲ့ရသည်။
စတုတ္ထမင်းသား၏ ပင်ကိုယ်စရိုက်မှာ နူးညံ့ညင်သာသူဖြစ်ပြီး သူသဘောကျနှစ်သက်သော ကဗျာများမှာလည်း တင့်တယ်သိမ်မွေ့သည်။
သူမရဲ့ သားတော်ကတော့ ဂရုမစိုက်တတ်သည့်ပုံနှင့် အေးတိအေးစက်နိုင်သော ပင်ကိုယ်စရိုက်ရှိသူဖြစ်၏။ သူက ကဗျာတွေ၊ သီချင်းတွေကို သဘောမကျသလို၊ တစ်ခါတစ်လေ ကဗျာစပ်လျှင်တောင်မှ ပြတ်သားလွန်းနေသည်။
ဒီမိန်းကလေးတွေ ဒီကို အိမ်ရှေ့စံကြင်ယာတော် အရွေးခံဖို့ လာတာရော ဟုတ်ရဲ့လား?
သူတို့အကုန်လုံး စတုတ္ထမင်းသားရဲ့ ကြင်ယာတော်နေရာကိုပဲ မျက်စိကျနေတာဆိုတာ ရှင်းနေတာပဲ!
" တော်ဝင်ကိုယ်လုပ်တော်၊ စတုတ္ထမင်းသားလည်း ငယ်တော့တာ မဟုတ်ဘူး။ ဒီသခင်မလေးတွေထဲက တစ်ယောက်ယောက် သင့်တော်တယ်လို့ ထင်ရင် သူ့အတွက် ရွေးပေးလိုက်လေ။ ဒါက ဟိုးအရင်ကတည်းက ဆုံးဖြတ်ခဲ့သင့်တာ။" မိဖုရားခေါင်ကြီးက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။
သူမထိုသို့ ပြောလိုက်ချိန် အမျိုးသမီးအများစု၏ မျက်နှာမှာ ရှက်သွေးဖြာသွားကြသည်။ သူတို့ ပို၍ အနည်းငယ်ပင် မတ်မတ်ရပ်လိုက်ကြသေး
သည်။
တော်ဝင်ကိုယ်လုပ်တော်မုန့်က ပြုံးလိုက်၏။
" အိမ်ရှေ့စံမင်းသားက သူရဲ့ အစ်ကိုတော်ပါ။ အစ်ကိုကတောင် လက်မထပ်ရသေးတာ၊ စတုတ္ထမင်းသားလည်း အလျင်လိုစရာမရှိပါဘူး။ နောက်တစ်ချိန်ကျမှ ဆုံးဖြတ်သင့်ပါတယ်" တော်ဝင်ကိုယ်လုပ်တော်မုန့်က ပြန်ပြောလိုက်၏။
" စတုတ္ထမင်းသားက ယောင်ချာချာ ဖြစ်လွန်းတယ်။ သူရဲ့ အမေလုပ်သူက စောစောစီးစီး ဆုံးဖြတ်ချက် မချဘဲ၊ သူတစ်ယောက်ယောက်ကို ရွေးလာတာကိုပဲမျှော်လင့်နေမယ်ဆိုရင် သူ ဘယ်လောက်တောင်စောင့်ရမလဲဆိုတာ ဘယ်သူသိမှာလဲ" မိဖုရားခေါင်ကြီးက ထပ်ပြောလိုက်သေးသည် "အားလုံး ဒီနေ့ထိတ်လန့်သွားခဲ့ကြရတယ်။ ပြန်ပြီး အနားယူလိုက်ကြပါ"
ရှဲ့ ဓားပြ မိသားစု၏ ကလေးမှာ ယုတ်ညံ့လွန်းနေတာမဟုတ်ကြောင်း သူမ တွေ့မြင်ခဲ့ရသည်။
သူမသည် လှပသူတစ်ယောက်ဖြစ်ကာ၊ အေးဆေးတည်ငြိမ်ပြီး အလျင်မလိုတတ်သော စရိုက်ရှိသူဖြစ်ရာ အိမ်ရှေ့စံမင်းသားအတွက်သင့်တော်ပေသည်။ သူမရဲ့ ပင်ကိုယ်စရိုက်သည် ကြင်ယာတော်တစ်ပါးဖြစ်ရန်အတွက် သင့်တော်ပေသည်။
ရှဲ့မိသားစု၏ မျိုးရိုး အဆင့်အတန်းက မသင့်တော်ရုံသာ။
ရှဲ့နျိုရှန်းမှာ ဓားပြတစ်ယောက်ဖြစ်ခဲ့သည်။ ယခု သူ အရာရှိတစ်ယောက်ဖြစ်နေပြီဖြစ်သော်လည်း ယခင်က ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ လူများက အမှတ်ရနေဆဲဖြစ်သည်။ သူ့သမီးကိုသာ အိမ်ရှေ့
စံအဆောင်ကို ဝင်ခွင့်ပြုလိုက်လျှင် နန်းတွင်းထဲမှလူအားလုံးသည် ထပ်ပြီး ကောလဟာလတွေ ဖြန့်ကြပေလိမ့်မည်။
ရှဲ့ချောင်မှ မဟုတ်ဘဲ တခြား သင့်တော်သောအဆင့်အတန်းနှင့် သခင်မလေးများစွာရှိသေးသည်။ဒါပေမဲ့၊ စောစောက ဖြစ်ရပ်ကြောင့် မိဖုရားခေါင်ကြီးမှာ မတတ်သာဘဲ ဇီဇာကြောင်ရပေတော့မည်။
နောက်တစ်ကြိမ် ပြန်စဉ်းစားကြည့်တာ ပိုကောင်းသည်။
တော်ဝင် အမျိုးသမီးသုံးဦးမှာ ထွက်သွားကြပြီဖြစ်သည်။
သူတို့ ထွက်သွားသည်နှင့် အားလုံး မတ်တပ်ရပ်
လိုက်ကြသည်။ သူတို့အားလုံး၏ မျက်နှာအမူအရာများမှာ ရှုပ်ထွေးနေကြသည်။
သူတို့ ထုံအနေတာ မဟုတ်။ ဤနေရာဟာ နန်းတော်ဖြစ်၏။ သူတို့ စိတ်ထဲ တစ်ခုခု ရှိသည် ဆိုလျှင်တောင် များများ မပြောသင့်။သူတို့ တိတ်တိတ်ဆိတ်ဆိတ်၊ နာနာခံခံနှင့်သာ ထွက်သွားကြလေသည်။
••••••