← Chapters

တစ်ရက်ပိုနေရလေ ဘဝသက်တမ်းရဲ့ တစ်ရက်လျော့သွားလေ

Vol. 15 Ch. 270

တစ်ရက်ပိုနေရလေ ဘဝသက်တမ်းရဲ့ တစ်ရက်လျော့သွားလေ

Vol. 15 Ch. 270

ရှဲ့ချောင်မှာလည်း အတူတူပင်။ သူမ တတ်နိုင်သမျှ မြန်မြန်ထွက်သွားချင်နေပြီဖြစ်သည်။

နန်းတော်ထဲ၌ မကောင်းဆိုးဝါးဝိဉာဉ်များစွာ ရှိနေသည်သာမက ၊ သူတို့အားလုံး မကျေမချမ်းမှုများနှင့် ပြည့်နေကြသည်။ သူမ အကြာကြီး ဆက်နေနေပါက၊ မသက်မသာ ခံစားလာရပေတော့မည်။

အိမ်ရှေ့စံမင်းသားအား နန်းတော်၏ ဖုန်းရွှေအကြောင်းပြောပြရန်အတွက် နောက်ကျတဲ့ အထိ စောင့်ဖို့ လိုသည်။

သခင်မလေးအားလုံး နန်းတော်ထဲကို အတူတူ ဝင်ခဲ့ကြသည်။ သူမသာ နောက်ကျမှ ပြန်သွားခဲ့လျှင်၊ သတင်းများသာ ပျံ့သွားပါက မသင့်တော်ပေ။

သူမ အိမ်သို့ လှုပ်ခါနေသော ထမ်းစဉ်ဖြင့် ပြန်လာ

ခဲ့သည်။

"ဘယ်လိုလဲ။ အိမ်ရှေ့စံမင်းသား ညီမလေးကို သဘောကျရဲ့လား။ ကြင်ယာတော်အဖြစ် ဘယ်သူရွေးခံရလိမ့်မယ်လို့ ထင်လဲ" ရှဲ့ဖင်းကန်းသည် တကယ်တော့ အလုပ်မှ လစ်ကာ အိမ်ကိုစောစော ပြန်လာခဲ့ ခြင်းဖြစ်သည်။ သူမ ခြံဝန်းထဲကို ဝင်လာကတည်းက ကျယ်ကျယ်လောက်လောင်နှင့်အော်မေးတော့သည်။

အထိန်းတော်ဝမ်နှင့် ချွင်းအာကလွဲပြီး အနားမှာ ဘယ်သူမှ ရှိမနေခဲ့ပေ။

" အကုန်လုံးက အမျိုးသမီးတွေပဲမလို့၊ အိမ်ရှေ့စံမင်းသားရောက်မလာခဲ့ဘူး။မိဖုရားခေါင်ကြီးနဲ့ ကိုယ်လုပ်တော်နှစ်ပါးက ဆုံးဖြတ်မှာ။ မတော်တဆမှုလေးတစ်ခုတော့ ရှိခဲ့တယ်။ ညီမ

လေး မြင်ရသလောက်တော့ မိဖုရားခေါင်ကြီး စိတ်အခြေအနေ သိပ်မကောင်းတဲ့ ပုံပဲ။ နောက်ရက်အနည်းငယ်အတွင်းမှာ အမိန့်တစ်ခုရှိလာမလားဆိုတာ ကြည့်ကြတာပေါ့။တကယ်လို့ အမိန့်တစ်ခုမှ ရှိမလာခဲ့ဘူးဆိုရင်၊ ဒီတစ်ခါလည်း ဘယ်သူမှ အရွေးမခံရဘူးလို့ ညီမလေးထင်တယ်" ရှဲ့ချောင်က ရိုးရိုးတန်းတန်းပဲ ပြောလိုက်၏။

မိဖုရားခေါင်ကြီး ဘာတွေတွေးနေသလဲဆိုတာ ခန့်မှန်းဖို့ မခက်ပေ။

အိမ်ရှေ့စံမင်းသား၏ အခြေအနေမှာ ထူးခြားသည်ဖြစ်ရာ၊ အိမ်ရှေစံအား စိတ်ရင်းအမှန်နှင့် ဆက်ဆံပေးမည့်သူအား မိဖုရားခေါင်ကြီး ရှာရပေမည်။

" လူတွေ ဒီလောက် အများကြီးကို၊ တစ်ယောက်မှ ကြည့်ဖို့ မတန်ဘူးလား" ရှဲ့ဖင်းကန်းက မျက်မ

မှောင်ကြုံ့ကာ မေးလိုက်၏။

သူတို့က ဇီဇာကြောင်လွန်းသည်။

" အိမ်ရှေ့စံဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ဘုရင်ဖြစ်ပြီးတော့ အိမ်ရှေ့စံကြင်ယာတော်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ဘုရင်မပဲ။ သူတို့ဘယ်လိုလုပ်ပြီး ကြုံရာလူတစ်ယောက်ကို ရွေးမှာလဲ" ရှဲ့ချောင်က ပြုံးပြုံးလေးနှင့် ပြန်ပြောလိုက်သည်။။

မိသားစုနောက်ခံ၊ ရုပ်ရည်သွင်ပြင်၊ အကျင့်စရိုက်၊ တစ်ခုမှ ချို့ယွင်းနေလို့မရပေ။

မိဖုရားခေါင်ကြီး၏ မိသားစုအနေအထားမှာ မမြင့်သည့်အပြင် ကျဆင်းယိုယွင်းလို့ပင်နေသည်။ သို့ပေမဲ့၊ ဘုရင်မင်းမြတ်နှင့် မိဖုရားခေါင်ကြီးတို့မှာ ငယ်စဉ်ကတည်းက သိကျွမ်းလာပြီး သူတို့နှစ်

ဦးကြားဆက်ဆံရေးမှာ သာမန်ထက်လွန်ကဲသည်။သို့ဖြစ်ရာ သူတို့ မိသားစုနောက်ခံကိုတော့ လစ်လျူရှုပေးနိုင်လောက်သည်။

ရှဲ့ဖင်းကန်းသည် သက်ပြင်းချလိုက်ပြီးနောက် သူ့အိတ်ထဲမှ စာရွက်တစ်ထပ်ကို ယူထုတ်လိုက်သည်။ " ညီမလေး အရွေးမခံရလောက်ဘူးလို့ အစ်ကိုထင်လို့ အောင်သွယ်တော်ဆီကနေ ပုံတူတချို့ တောင်းလာခဲ့တယ်။ သေချာ ရွေးကြည့်လိုက်"

တစ်ရက်ပိုနေရလေ ဘဝသက်တမ်းရဲ့ တစ်ရက်လျော့သွားလေပဲ။ဒါကြောင့်မလို နေ့ရက်တွေကို ဒီတိုင်း မဖြုန်းတီးပစ်လိုက်သင့်ဘူး။

ရှဲ့ချောင်မျက်မှောင်ကြုံ့လိုက်မိသည်။ ရှဲ့ဖင်းကန်းကတော့ ပထမဆုံး စာမျက်နှာကို လှန်လိုက်ပြီး " ဒါက ပညာတော်သင်ကျောင်းသားပဲ။

ကြည့်ပါဦး။သူက ဖြူစင်သန့်ရှင်းနေပြီးတော့ သူရဲ့ ခန္ဓာကိုယ်ကလည်း တော်တော်လေး တောင့်တင်းတယ်။ သူရဲ့ အရိုးအဆစ်တွေက တုတ်ခိုင်ပြီး၊ သူရဲ့ အသားကလည်း သန်မာတယ်။ဒါပေမဲ့လို့၊ သူမှာက မိသားစုနောက်ခံလည်းမရှိ၊ ဆင်းလဲဆင်းရဲတယ်။ ဒါက ကိစ္စမရှိဘူး။အစ်ကိုကြီးတို့ မိသားစုက ငွေ မရှိပေမဲ့၊ အနည်းဆုံးတော့ အစ်ကိုတို့က အရာရှိတွေလေ။ ညီမလေးမှာ ကလေးတစ်ယောက်ရှိလာရင်၊ အစ်ကိုကြီးရဲ့ အကူညီနဲ့ဆို သူညီမလေးကို ထောက်ပံ့ဖို့ တတ်နိုင်လောက်ပါတယ်"

" ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ဒီလူ့ကို ကြည့်ရတာ သူ့မိန်းမကို ရိုက်မဲ့ပုံပဲ။ သူရဲ့ ဝမ်းဗိုက်က ဗလာကျင်းနေတယ်။သူမှာ ဘာအရည်ချင်းမှ မရှိတာ ကျိန်းသေတယ်။" ရှဲ့ချောင်ခေါင်းခါလိုက်သည်။

ပုံတူကို ကြည့်လျှင် ဤလူ၌ ကျဉ်းမြောင်းသော

နဖူးနှင့် ချွန်ထက်သော မေးစေ့တို့ရှိသည်။ သူ၏ မျက်ခုံးများမှာ ထူထဲပြီး၊ မျက်လုံးများမှာ လုံးဝန်းပြီး ကြမ်းကြုတ်နေသည်။ ၎င်းတို့မှာ ကောင်းမွန်မနေခဲ့ပေ။

ရှဲ့ဖင်းကန်းတစ်ယောက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ့မိန်းမကို ရိုက်တယ်တဲ့လား။?

သူ လုပ်ရဲမှာ မဟုတ်ဘူး!

သို့ပေမဲ့ ရှဲ့ချောင်ရဲ့ မနှစ်မြို့မှုက အစစ်အမှန် ဖြစ်နေခဲ့သည်။ သူစိတ်ရှည်ရှည်နှင့်ပဲ နောက်တစ်ရွက်လှန်လိုက်ရင်း

"ဒီတစ်ယောက်ဆိုရင်ရော။ သူက အစ်ကိုကြီးရဲ့

လုပ်ဖော်ကိုင်ဖက်ပဲ။သူရဲ့ အရင်က ဇနီးတစ်ယောက်ကို ဆုံးရှုံးထားခဲ့တယ်။သူလည်း သိပ်တော့ မဆိုးပါဘူး"

သူဟာ ဇနီးဖြစ်သူကို ဆုံးရှုံးထားရသော်လည်း စွမ်းဆောင်ရည်ရှိသူ တစ်ယောက်ဖြစ်၏။ သူ နောင်တစ်ချိန်ကျရင် ရာထူးတိုးခံရပြီး ငွေကြေးရှာဖွေနိုင်မှာ အသေအချာပင်။

သူ့မိသားစုတွင် စည်းစိမ်တချို့ရှိပြီး၊ မိသားစုနောက်ခံမှာ ရိုးရှင်းသည်။

" သူက ပထမဇနီးနဲ့ သားကို ဆုံးရှုံးခဲ့ရတယ်။ သူကို ဗေဒင်မေး ယတြာချေဖို့ ဆရာတစ်ယောက်ခေါ်ဖို့ ပြောလိုက်ပါဦး။ ဒါက အတော်လေးကို ကံဆိုးတာပဲ" ရှဲ့ချောင်က သူ့အား ဂရုဏာသက်စွာနှင့် ကြည့်လိုက်လေသည်။

"သူ့သားကို ဆုံးရှုံးခဲ့တယ်? ညီမလေး ဘယ်လိုလုပ်ပြီးသိတာလဲ၊ သူက…." ရှဲ့ဖင်းကန်းမှာ စကားလုံးများကို မျိုသိပ်ထားလိုက်ရသည်။

သူ့လုပ်ဖော်ကိုင်ဖက်၏ ဇနီးမှာ မီးဖွားစဉ်အတွင်း သေဆုံးခဲ့သည်။ အသက်နှစ်ချောင်းကို စွန့်လွှတ်ခဲ့ရသည်။

" ဒီတစ်ယောက်ဆိုရင်ရော…. " ရှဲ့ဖင်းကန်းက စကားဆက်လိုက်၏။

ရှဲ့ချောင် သက်ပြင်းချလိုက်သည် " ဒါလည်း ကောင်းပါတယ်။ တစ်ခုပဲ၊ သူ့မှာ ညီအစ်ကိုတွေ များလွန်းနေတော့ ပြဿနာပဲ"

ရှဲ့ဖင်းကန်းမှာ ပြောစရာစကားပျောက်ဆုံးသွားရ

သည်၊ ထို့နောက်တွင်တော့ သူတစ်ချက် ကြည့်ကြည့်လိုက်၏။

အမှန်ပဲ၊ ဒီလူက …. တကယ်ကိုညီအစ်ကို များလွန်းတယ်။ ခုနစ်ယောက်တောင်မှပဲ!!

ဒါပေမဲ့၊ အဲဒါက ပုံတူပန်းချီမှာ ရေးမထားဘူးမဟုတ်လား?! ဒီမိန်းကလေးက အကုန်လုံးကို သူ့ဟာသူသိနေတာလား!!

ရှဲ့ဖင်းကန်းမှာ နည်းနည်းတော့ မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။ သာမာန်ပုံနှင့် နူးညံ့သိမ်မွေ့ပုံ အရဆုံးသော နောက်တစ်ယောက်ကို ထောက်ပြလိုက်၏။

ရှဲ့ချောင်ဖျတ်ခနဲ ကြည့်လိုက်ပြီး၊နောက် ပြောလိုက်သည်။ " ဟုတ်တယ်၊ သူက တော်တော်လေး

ကောင်းပါတယ်။ ဒါပေမဲ့…. သူ့မှာက တိုင်းတစ်ပါးကို သွားရမယ့် ကံကြမ္မာ ရှိနေတယ်။ ညီမလေးသာ သူ့ကို လက်ထပ်ဖြစ်ခဲ့ရင်၊ တိုင်းတစ်ပါးမှာ သေသွားမှာ ကြောက်တယ်။ အစ်ကိုကြီးက ညီမလေးရဲ့ကလေးတွေကို စောင့်ရှောက်ပေးမယ်ဆိုရင်တောင်မှ အရမ်းနောက်ကျသွားမှာစိုးတယ်"

•••••

All Chapters