← Chapters

အခြေအနေကို ပိုဆိုးစေ

Vol. 15 Ch. 271

အခြေအနေကို ပိုဆိုးစေ

Vol. 15 Ch. 271

ရှဲ့ချောင်၏ စကားများကြောင့် ရှဲ့ဖင်းကန်း မှင်သက်နေခဲ့သည်။ သူ့လက်ထဲက ပုံတူပန်းချီတွေကို ကြည့်ရင်း နည်းနည်းတော့ ပျာယာခတ်သွားခဲ့၏။

" သူ့မှာတိုင်းတစ်ပါးကို သွားရမယ့် ကံကြမ္မာရှိတယ်ဆိုတာ သေချာရဲ့လား" ရှဲ့ဖင်းကန်းမှာ ပုံတူပန်းချီအား ဂရုတစိုက်နှင့် စိုက်ကြည့်နေခဲ့လေသည်။

ဘာလို့လဲဆိုတာကို သူ မပြောနိုင်ပေ။

ထိုလူဟာ သာမန်လူတစ်ယောက်သာ ဖြစ်သည်။သူက ကြည့်ကောင်းတာ မဟုတ်ပေမဲ့၊ ရုပ်ဆိုးနေတာတော့ မဟုတ်ခဲ့ပေ။

နောက်ပြီး၊ ရှဲ့ချောင်ဆိုတာ သူရဲ့ ညီမလေး

ဖြစ်သည်။ သူမ တစ်ယောက်ယောက်ကို လက်ထပ်ရမယ်ဆိုရင်၊ သေသေချာချာ ရွေးချယ်ရလိမ့်မည်။

ပုံတူပန်ချီထဲမှ လူများနှင့်ပတ်သက်ပြီး သူ အောင်သွယ်တော်ကို သေချာမေးမြန်းခဲ့သည်။

ရာဇဝတ်သားတွေတောင်မှ သူရဲ့ စစ်ဆေးမေးမြန်းနိုင်တဲ့ အရည်အချင်းကို မြင်ရင် မလိမ်ရဲကြတာ အောင်သွယ်တော်တစ်ယောက်က လိမ်ရဲမှာတဲ့လား?

အောင်သွယ်တော်များထံမှတစ်ဆင့် ဤလူများ၏ နောက်ခံကိုလည်း သူ သိထားပြီးဖြစ်သည်။။

သူလက်ထဲမှ လူက ထူးချွန်ပြောင်မြောက်နေတာမျိုးမဟုတ်ပေမဲ့၊ အကျင့်စရိုက်ကောင်းနှင့်

မိသားစုနောက်ခံကောင်းရှိသည်။ သူသည် နှစ်နှစ်တိုင် ကျောင်းသားကောင်းတစ်ယောက်ဖြစ်ခဲ့ပေမဲ့၊ အခုထိ လင်မထပ်ရသေးချေ။ သူ့ဘေးမှာ အမျိုးသမီး တစ်ယောက်လေးတောင် ရှိမနေခဲ့။သူက အဆင့်ရှစ် အရာရှိတစ်ယောက်ဖြစ်ပြီး၊ သူရဲ့ အနာဂတ်က……

ရှဲ့ဖင်းကန်းမှာ မှင်တက်နေမိသည်။။

သူ အလုပ်လုပ်လာခဲ့သည့် နှစ်များအတွင်း၊ ထိုလူဟာ ရိုးသားပြီး၊ စဉ်းစားချင့်ချိန်နိုင်စွမ်းရှိကာ တာဝန်ကျေပွန်သော လူတစ်ယောက်ဖြစ်ပြီး။ သူ ရာထူးတိုးခံရတော့မည်လည်း ဖြစ်သည်။

ထိုလူဟာ မှီခိုရမည့်သူတစ်ယောက်မှမရှိဟုလည်း သူကြားထားတာကြောင့် သူဟာ မြို့တော်မှာပဲ မနေနိုင်လောက်ပေ။

သူ နယ်ခံ အရာရှိတစ်ယောက်အနေနဲ့တောင် တခြားမြို့ကို ပို့ခြင်းခံရနိုင်သည်။

ရှဲ့ဖင်းကန်းမှာ အနည်းငယ်စိတ်ဓာတ်ကျသွားခဲ့၏။

သူမှာရှိတဲ့ လူတွေထဲမှာ ထိုလူကသာ သင့်တော်သူတစ်ယောက်ဖြစ်သည်။ ဘယ်လောက်ပဲ ကောင်းနေပါစေ၊ တခြားသူက သူ့ညီမအတွက် ရွေးပေးတာမျိုး မဖြစ်သင့်ပေ။ အဲဒီအစား၊ သူတို့ တစ်ယောက်ချင်းစီကို အချိန်ပေးပြီး ရွေးမည်ဖြစ်၏။ ဒီ မင်္ဂလာပွဲ ဖြစ်လာဖို့ အတွက် အချိန် ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။

" ညီမလေးက တော်တော်တတ်နိုင်တာပဲ" ရှဲ့ဖင်းကန်းက သရော်လိုက်၏။ "အစ်ကိုကြီး ရွေးထား

တဲ့သူတွေက ဒီပုံတူပန်းချီထဲက လူအကုန်ပဲ။ အစ်ကိုကြီးက ရိုးရိုးလူတစ်ယောက်ကို လက်ထပ်စေချင်ပေမယ့် ညီမလေးက လက်မထပ်နိုင်ဘူး။ ညီမလေးက အသက်ရှည်ရှည်နေရမှာမှ မဟုတ်တဲ့ဟာကို အရမ်းကောင်းလွန်းနေတဲ့သူတစ်ယောက်ကို သွားပြီး မလှိမ့်တပတ်တာက အစ်ကိုကြီး အတွက် မကောင်းဘူး။ ဘာအကြောင်းပြချက်မှမရှိဘဲ တစ်ယောက်ယောက်ကို ဇနီးမရှိတဲ့ မုဆိုးဖိုလုပ်ခိုင်းရတာ ခေါင်းကိုက်စရာပဲ"

"အလျင်လိုစရာ မရှိပါဘူး။ အဖေသာ ညီမလေးကို ခဏခဏ ဒေါသထွက်အောင် မလုပ်ရင် ညီမလေး တစ်သက်လုံးနေသွားနိုင်ပါတယ်" ရှဲ့ချောင်က အေးအေးလူလူနှင့်သာ ပြောလိုက်သည်။

" အဖေက လုသခင်မကို ငွေစ ငါးထောင်ပေးတာ၊ တကယ်ကြီး အဲ့ပမာဏကို ပေးပစ်လိုက်တာလား"

" အမှန်ပဲ၊ ငွေစငါးထောင်ပေးလိုက်တာ အိမ်မှာ

လုံးဝကို တပြားမှမရှိတော့ဘူး။အခုဆို အစ်ကိုကြီးမိသားစု နောက်တစ်နပ်စာဖိုးတောင် ပိုက်ဆံမရှိတော့ဘူး။ " ရှဲ့ဖင်းကန်းက လှောင်ပြုံးပြုံးလိုက်သည်။

သူမိသားစုက အရင်တည်းက 'ဆင်းရဲ'ပြီးသားပဲလေ။

အခုက အခြေအနေပိုဆိုးသွားရုံလေးပါ။

" ဒီလိုဆိုမှတော့….." ရှဲ့ချောင်က ရေရွတ်ပြောဆိုလိုက်ပြီးနောက် ပြုံးလိုက်၏။

" ဒါက အဲလောက်လဲ မဆိုးသေးပါဘူး။အဖေက နှစ်ပေါင်းများစွာ ဓားပြတစ်ယောက်ဖြစ်လာခဲ့တဲ့ဟာ၊ သူမှာ ကိုယ်ပိုင်စုဆောင်းထားတာတွေ ဘယ်လိုလုပ် မရှိဘဲနေမှာလဲ။ အခု၊ လုသခင်မက ထွက်သွားပြီဆိုတော့၊ အဖေလည်း ပျင်းနေ

လောက်ပြီ။ ဒီလိုဆိုရင်ရော၊ အဖေပြန်လာတဲ့ အခါကျရင် ညီမလေး သူနဲ့ စကားပြောဖို့ သွားလိုက်မယ်"

ရှဲ့ဖင်းကန်းမှာ ပြောစရာစကား ပျောက်ဆုံးသွားခဲ့သည်။ သူ့ညီမဖြစ်သူကို ထူးဆန်းသော အကြည့်နှင့် ကြည့်လိုက်၏။

'သူ့ကို စကားသွားပြောမယ်'

' သူနဲ့စကားပြောပြီး ကိုယ့်ကိုကိုယ် မကြာခင်သေရအောင်လုပ်နေတာတော့ မဟုတ်ဘူးမလား'

' ဒါပေမဲ့လည်း၊ စဉ်းစားကြည့်ရင်တော့ ဒီကောင်မလေးက အဖေကို နည်းနည်းတော့ စိတ်ဆိုးနိုင်တယ်။ ဘယ်လိုနေနေ၊ သူ အဖေ့ကို တော့ သတ်ပစ်မှာ မဟုတ်ပါဘူးလေ၊ စကားပြော

ခွင့် ပြုလိုက်တာပေါ့'

ရှဲ့ချောင်မှာ ကိုယ့်စကားကို တည်သူဖြစ်၏။ သူမ အဖေပြန်ရောက်ပြီဖြစ်ကြောင်း ချွင်းအာ သတင်းလာပို့သောအခါ၊ သူမ အဖေဖြစ်သူနဲ့ ထမင်းအတူစားဖို့ ထုပ်ပိုးစရာရှိတာ ထုပ်ပိုးပြီး ပင်မခြံဝန်းဆီသို့ သွားလိုက်သည်။

မြို့တော်သို့ရောက်လာကတည်းက၊ သူမကိုယ်ပေါ်က မကောင်းတဲ့စွမ်းအင်ကို ဖိနှိပ်ထားဖို့ အတွက် အမြဲတမ်းလိုလို အဆောင်လက်ဖွဲ့တွေကို သယ်ဆောင်သွားခဲ့သည်။ သူမ အဲဒီ ပစ္စည်းတွေကို အနီးကပ်ဆုံးမှာထားပြီး၊ ဘယ်တုန်းကမှ မဖယ်ပစ်ရဲခဲ့ပေ။

အခုချိန်တွင်တော့၊ ရှဲ့ချောင် တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးသည့်နောက် အဆောင် တစ်ဝက်ကျော်ကျော်လောက်ကို ဖယ်ထုတ်

ပစ်လိုက်သည်။ ကျန်နေသည့် နှစ်ခု၊သုံးခုကိုသာ သူမနှင့် အတူ ယူလာခဲ့သည်။

ရှဲ့နျိုရှန်းရဲ့ အတွေးမှာတော့ အတော်လေး ရိုးရှင်းသည်။ သူရဲ့ အရင်ဇနီးကို မေ့သွားတာတောင် ကြာပြီဖြစ်သည်။ အခု သူ့သမီးက သူနဲ့အတူ ထမင်းလာစားမယ်ဟု ကြားလိုက်ရချိန် အပျော်လွန်သွားခဲ့ကာ၊ ဝိုင်ကောင်းကောင်းနှင့် ဟင်းပွဲတွေကို ပြင်ဖို့တောင် ခိုင်းလိုက်သေးသည်။

ရှဲ့ဖင်းဟွိုက်နှင့် ရှဲ့ရှီတို့သည်လည်း ဝင်ပါချင်ပေမဲ့ ရှဲ့ဖင်းကန်းရဲ့ တားဆီးခြင်းကို ခံလိုက်ရသည်။။

ရှဲ့ဖင်းဟွိုက်မှာ တစ်စုံတစ်ရာ မှားယွင်းနေပြီဖြစ်ကြောင်းခံစားလိုက်ရသည်။

သူရဲ့ အစ်မကြီး အိမ်ပြန်ရောက်လာကတည်းက၊ သူရဲ့ အစ်ကိုကြီးဖြစ်သူက သူနဲ့ သူညီမကို အစ်မကြီးနှင့် နီးနီးကပ်ကပ်မနေခိုင်းခဲ့ပေ။

အခု၊ သူတို့ကို စားပွဲတစ်ခုတည်းမှာ အတူတူစားဖို့တောင် ခွင့်မပြုတော့ဘူးတဲ့လား။

သို့သော်၊ ရှဲ့ဖင်းဟွိုက်ခမျာ မေးတော့ မမေးရဲခဲ့ပေ။

သူ နာနာခံခံနှင့်ပဲ ရှဲ့ရှီကို ခေါ်သွားပြီး စားဖိုဆောင်ငယ်ထဲသွားပြီး အစာပြေမုန့်တွေ စားရုံသာရှိတော့သည်။

••••••

All Chapters