အားလုံးက ငွေတွေပဲ
Vol. 15 Ch. 272
စားပွဲပေါ်မှ ဟင်းလျာများကို ကြည့်ကာ ရှဲ့ချောင်မျက်မှောင်ကြုတ်လိုက်သည်။
" သမီးရဲ့ ခန္ဓာကိုယ်ကို ပြန်ကုစားဖို့ အဖေကူညီပေးမယ်ဆိုပြီး မပြောခဲ့ဘူးလား" ရှဲ့ချောင်ရဲ့ အသံမှာ ခါးသီးနေသည်
ရှဲ့နျိုရှန်းမှင်တက်သွားခဲ့သည်။ " ဟုတ်တယ်လေ၊ ဒါတွေက မကောင်းလို့လား။"
ကြက်ပြုတ်၊ ဝက်လက်နဲ့ ဝိုင်တွေလေ။
သူတို့ ပုံမှန်ဆို ဒါတွေကို စားဖို့ မတတ်နိုင်ပါဘူး!
" ဒီလို အဆီများတဲ့ အစားအသောက်တွေကို စားရင် သမီးရဲ့ အစာအိမ်က လက်မခံနိုင်ဖြစ်ပြီး သမီးရဲ့ ခန္ဓာကိုယ်က ခံစားရမယ်ဆိုတာ အဖေ မသိဘူးလား" ရှဲ့ချောင်၏ မျက်နှာထက်တွင် နူးညံ့သော အကြည့်ရှိနေပြီး စာရင်းတစ်ခုအား လှမ်းပေးလိုက်သည်။ " ကြည့်ကြည့်ပါ၊ ဒါ သမီး ပုံမှန်စားတဲ့ဟာတွေ"
ရှဲ့နျိုရှန်းသည် သိပ်ပြီး အာရုံစိုက်မနေဘဲ စာရင်းကို တစ်ချက်ကြည့်လိုက်သည်။
တစ်ချက်ကြည့်ရုံနဲ့တင်၊ ,သူ့မျက်ခုံးကြားထဲ ယင်တစ်ကောင်ညစ်လို့ရအောင် မျက်မှောင်ကြုတ်သွားခဲ့လေပြီ။
"အရိုးမဲ့ဗုဒ္ဓငါး၊ လှပနူးညံ့သောငှက် ဒါ ဘာတွေ
လဲ" ရှဲ့နျိုရှန်းမှာ တစ်ခဏ မျှ ကြက်သေသေနေခဲ့၏။
" အရိုးမဲ့ဗုဒ္ဓငါး ဆိုတာတကယ်တော့ အရိုးနွှင်ထားတဲ့ ငါးကြော်ပါ။ အရိုးနွှင်ထားတဲ့ ငါးကို ခရုဆီနဲ့ နယ်ထားပြီးတော့ အထူးတလည် ပြင်ဆင်ချက်ပြုတ်ရတယ်။ ချက်ပြီးသွားတဲ့အခါမှာ အရိုးနွှင်ထားတဲ့ ငါးက ပန်းပွင့်လိုမျိုးကွေးသွားပြီး၊ ပေါ့သွားပြီးတော့ အရသာရှိတယ်။ လှပနူးညံ့သောငှက် ဆိုတာ တကယ်တော့ ရစ်ငှက်ကိုပြောတာပဲ…ဒါပေမဲ့ သူကကျတော့ မှိုရိုင်းမျိုး တချို့နဲ့ ပြုတ်ဖို့လိုတယ်" ရှဲ့ချောင်က ရှင်းပြလိုက်သည်။
ရှဲ့နျိုရှန်းက နားလည်ကြောင်းပြတဲ့ အနေနှင့် ခေါင်းညိတ်လိုက်သည်။
ထို့နောက်၊ ဆက်ပြီး ဖတ်လိုက်၏။
" ပထမတန်းစား ငှက်သိုက်? သမီးက ဒါကို နေ့တိုင်း တစ်ခွက် သောက်ချင်တာလား။" ရှဲ့နျိုရှန်းမှာ တအံ့တဩနှင့် အော်လိုက်၏ "ပင်လယ်သခွားသီး၊ ဂျင်ဆင်းပြုတ်၊ မလိုင်နှစ်ထပ်နို့ , ပုစွန်ရဟန္တာ၊ ရတနာရှစ်မျိုး သမင်သား၊ ..ဒါတွေက ဘာတွေလဲ၊ ဆေးတွေလား"
ရှဲ့နျိုရှန်းမှာ တကယ်ကို တုန်လှုပ်သွားခဲ့ရသည်။
စာရင်းမှာ ဟင်းလျာ အမည်များနှင့် ပြည့်လို့နေပြီး
တစ်ချက်ကြည့်ရုံနှင့် နှလုံးအောင့်သွားစေနိုင်လောက်သည်။ စားချင်စရာတွေကြီးပဲ!!!
သူသည် အစားအသောက်နှင့် ပတ်သက်လာလျှင်ဇီဇာကြောင်တာမျိုး မရှိခဲ့ပေ။ အသားနှင့် ထမင်း ရှိနေသရွေ့၊ သူ့ဗိုက်ပြည့်နေသရွေ့ အဆင်ပြေ
သည်။။
ဒါပေမဲ့၊ ရှဲ့ချောင်ရဲ့ စာရင်းက တော့ မတူပေ။ ဤ တစ်လစာ စာရင်း၌၊ ဂျင်ဆင်း၊ ကျောက်ပွင့် နှင့် ငှက်သိုက်လိုမျိုး ထပ်တလဲလဲ ပါနေသော အရာများကလွဲလျှင်၊ ဟင်းပွဲ အားလုံးနီးပါးမှာ အသစ်စက်စက်များဖြစ်သည်
ဒီလောက် ဟင်းလျာတွေ အများကြီးက ဘယ်ကနေလာတာလဲ။
သူ ဘယ်လောက်ပဲ အမြင်မရှိဘူးဟုဆိုပါစေ၊ ဒါတွေက ဟင်းလျာ မဟုတ်ကြောင်း ပြောနိုင်သည်။ ဒါ ငွေတွေဆိုတာ ရှင်းနေတာပဲ!!
ဒီ ပထမတန်းစားငှက်သိုက်လေးကတောင် တစ်နေ့တစ်နေ့ ငွေစများစွာ ကုန်ကျသည်။ ဒါတင်
မက၊ ကျောက်ပွင်နှင့် ဂျင်ဆင်းတို့မှာလည်း အလွန် ဈေးကြီးတာကြောင့် သူမ မကြာခဏစားရင်
….
ဒါက အကုန်မဟုတ်သေးဘူး၊ အဓိကက ဆေးတွေ။
၎င်းတို့ကို ရွှေနဲ့ လုပ်ထားသလားဆိုတာ သူမသိပေမဲ့၊ ထိပ်ဆုံးမှာ ရေးထားသည်က၊ တစ်လလျှင် အနည်းဆုံး ဆယ်ကြိမ် သောက်ရမည်ဖြစ်ပြီး၊ ဆေးပြားတစ်ခုချင်းစီက ငွေစ သုံးဆယ်တောင်!!!
ဆေးတစ်ပြားအတွက် ငွေစသုံးဆယ်? သူ့သမီး လိမ်လည်နေတာတော့ မဟုတ်လောက်ဘူးမလား။
ရှဲ့နျိုရှန်းက တည်ကြည်စွာနှင့် ပြောလိုက်၏ "သမီး၊ သမီးသာ ဒီလို စားမယ်ဆိုရင်"
" အဖေက မတတ်နိုင်ဘူးလား" ရှဲ့ချောင်မှာ သူမအဖေ၏ စကားကို ကြားချိန်၌ ၊ငိုတော့မလိုပင် "သမီး တာအို ဘုရားကျောင်းမှာ နေခဲ့ရတုန်းကလဲ၊ ဆရာကြီးက ဆင်းရဲတယ်။ဒါပေမဲ့၊ သူသမီး အတွက် ဆေးပြားတွေ စုဆောင်းထားပေးခဲ့လို့ သမီး ဒီ အရွယ်ထိ ကြီးပြင်းလာနိုင်ခဲ့ရတာ….."
ရှဲ့နျိုရှန်းမှာ နှလုံးခုန်မြန်သွားခဲ့သည်။
" အဲဒီ စိတ်ပျက်စရာ တာအိုဆရာကြီးက…သမီးကို ဒီလိုမျိုး ပျိုးထောင်ပေးခဲ့တာလား" ရှဲ့နျိုရှန်းမှာ ထိတ်လန့်သွားခဲ့ရသည်။
ကြောက်စရာ ကောင်းလွန်းလှသည်။
သူ ဒီလ ပိုက်ဆံ ဘယ်လောက်တောင် သုံးရမှာပါလိမ့်။
အစားအသောက်များကို ကြည့်ကြည့်ပါက၊ သူတစ်လကို ငွေစ လေးရာ၊ ငါးရာလောက်မသုံးရင် တတ်နိုင်မှာ မဟုတ်ပေ။
" ဟုတ်တယ်၊ သမီးငယ်ငယ်ကတည်းက ဆရာကြီးက ပြောခဲ့တယ်၊ သမီးက အားနည်းပြီးတော့ တစ်နေ့ထဲမှာ ခဏခဏကို မေ့လဲတယ်တဲ့။ သမီးရဲ့ ယန်စွမ်းအင် အားကောင်းပြီးတော့ နေမကောင်း မဖြစ်ရအောင်၊ ဖြည့်စွက်စာတွေ စားသုံးပေးဖို့ လိုတယ်။ ယန်စွမ်းအင် အားပြည့်စေမယ့် ဒီဆေးထဲမှာ ဆေးဖက်ဝင်အပင်တွေ အများကြီး ပါတယ်။ဆေးညွှန်းကို ဆရာကြီး လုပ်ပေးထားတာ။ ဆေးဖက်ဝင် အပင်တွေကို ဝယ်ပြီး၊ အဲဒီ အပင်တွေကို သမီးကိုယ်တိုင် ပြုတ်ပြီးတော့ ဆေးကို
ကိုယ့်ဟာကိုယ် လုပ်ထားတာ။ အို၊ ဟုတ်သားပဲ၊ ဒီဆေးထဲမှာ ရွှေ ပြားတစ်ပြားလည်း ပါသေးတယ်။ အဲဒါကိုတော့ သမီး မကြိတ်နိုင်လို့ ဆိုင်ကနေဝယ်လိုက်တယ်။" ရှဲ့ချောင် က ထပ်ပြောပြလိုက်သည်။
ရွှေပြားအကြောင်း ကြားလိုက်ရသည့် အချိန်၌၊ ထိုဆေးမှာ ဘယ်လောက် အစွမ်းထက်ကြောင်းကို ရှဲ့နျိုရှန်းသိသွားခဲ့လေပြီ။
ရွှေပြားကို ကြိတ်ချေရတာ ဘယ်လောက်ခက်လိုက်သလဲ။ လက်မှုပညာက ရှုပ်ထွေးတော့၊ဈေးမြင့်မှာ ၊ထုံးစံပဲ။
ရှဲ့နျိုရှန်းမှာ နည်းနည်းတော့ စိတ်မလုံမလဲ ဖြစ်သွားခဲ့သည်။
ဒီမိန်းကလေးဟာ အဲဒီလိုအရာမျိူးတွေကို ဘုရားကျောင်းမှာတုန်းကတောင် စားခဲ့ရပြီး၊ အိမ်ပြန်ရောက်ခါမှ အစားကောင်းတွေကို မစားနိုင်ဘူးဆိုရင်အဖေဖြစ်သူက စိတ်ပျက်စရာ တာအို ဆရာကြီးလောက်တောင် မကောင်းဘူးဆိုသလိုမျိူး ဖြစ်မသွားဘူးလား။
•••••••