မွဲတေလုနီးပါး
Vol. 15 Ch. 273
ရှဲ့နျိုရှန်းတစ်ယောက် နှလုံးအောင့်သွားသလို ခံစားလိုက်ရလေသည်။
ကလေးတစ်ယောက်ကို ပျိုးထောင်ရတာ ဒီ
လောက်ဒုက္ခများလိမ့်မည်ဟု သူမထင်ခဲ့။ နောက်ပြီး… သူရဲ့ သားနှစ်ယောက်နဲ့ ကလေးမလေး ရှဲ့ရှီကလည်း စားစရာ နည်းနည်းလေးလောက်နှင့် ကျေနပ်ကြသည်။ဒီလိုဟာမျိုးတွေ သူတို့ ဘယ်လုပ်ပြီး တောင်းဆိုရဲမှာလဲ။
" သမင်သားနဲ့ ဝက်သားနဲ့က အတူတူပဲ မဟုတ်ဘူးလား။ဘာကွာလို့လဲ" ရှဲ့နျိုရှန်း ချောင်းဟန့်လိုက်၏။
" သူတို့က မတူဘူး။ သမင်ကတောတောင်တွေထဲမှာ မွေးပြီးတော့ အဖိုးတန်ဆေးဖက်ဝင် အပင်တွေမျိုးစုံကို စားသုံးတယ်။ မြက်ခြောက်တွေ စားတဲ့ ဝက်နဲ့ ဘယ်လိုလုပ်ပြီး တူနိုင်မှာလဲ။" ရှဲ့ချောင်က ရှင်းရှင်းလင်းလင်း ပြန်ဖြေလိုက်၏။
သမင်က ဒီလောက် နှစ်သက်စရာကောင်းတာ၊ သူမ ဘယ်လို လုပ် မစားဘဲ နေနိုင်မှာလဲ။?!
သူမရဲ့ အရင်ဘဝတွင်သာ ဆိုပါက၊ မွေးမြူထားသော သမင်များကိုသာ စားပေလိမ့်မည်။
ဒီဘဝတွင်တော့ မတူပေ။ အသက်ရှင်ဖို့ တောင် ပြဿနာဖြစ်နေတာကြောင့် သူမရဲ့ ခန္ဓာကိုယ်ကို တတ်နိုင်သမျှ အာဟာရဖြည့်တာက ပိုကောင်းပေသည်။ ဒ့ါအပြင်၊ အမဲလိုက်ခြင်းသည် အခုချိန်၌ နေထိုင်ရှင်သန်နိုင်ရန် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ တောတောင်များ အပေါ်မှီခိုရသည်ဟူသော ဆိုရိုးအရ စားသောက်နေကြသည့် လူတွေ ဘယ်လောက်ရှိသလဲဆိုတာ မသိနိုင်ပေ။
ရှဲ့ချောင်ရဲ့စကားဟာ အဓိပ္ပာယ်ရှိတာကိုတော့ ရှဲ့နျိုရှန်းဝန်ခံရလိမ့်မည်။
" ဒီဟင်းလျာတွေက ရှုပ်ထွေးလွန်းတယ်။
ဘယ်လိုချက်ရမလဲဆိုတာ သိတဲ့ အစေခံရှိရဲ့လား" ရှဲ့နျိုရှန်းက မေးလိုက်ပြန်သည်။
ရှဲ့ချောင် သူမအဖေကို ခေါင်းမာမာနှင့်သာ ကြည့်လိုက်တော့သည်။
" ချွင်းအာနဲ့ အထိန်းတော်အဘွားဝမ်တို့က ဘယ်လိုချက်ပြူတ်ရမလဲဆိုတာ သိပါတယ်။ အဖေ စိတ်မပူပါနဲ့" ရှဲ့ချောင်တည်ငြိမ်စွာနှင့်ပဲ ပြောလိုက်၏။
ရှဲ့နျိုရှန်း သူ့နှာခေါင်းကို ကုတ်လိုက်သည်။ " ဝိုင်ရော။ ဘာလို့ ဒီမှာ ဝိုင်ရှိနေရတာလဲ။ ဒီ လေးရာသီဝိုင်ကောင်း ဆိုတာ ဘာလဲ"
" တကယ်လို့ ဝိုင်ကို ပန်းပွင့်တွေ၊ အပင်တွေ၊ သစ်သီးတွေ ဒါမှ မဟုတ် ဂျင်ဆင်းနဲ့ လုပ်ထား
တယ်ဆိုရင်တောင်မှ အဖေ ဆိုင်ကို သွားဝယ်ဖို့ မလိုပါဘူး။ ပါဝင် ပစ္စည်းတချို့ကို ဝယ်ရုံပဲ။ သမီး ချွင်းအာနဲ့ အထိန်းတော် ဝမ်ကို လုပ်ခိုင်းပြီးတော့ ခြံဝန်းထဲမှာ မြှုပ်ခိုင်းလိုက်မယ်။သမီးလိုတဲ့ ဘယ်ချိန်မဆို သောက်လို့ရတယ်။" ရှဲ့ချောင်က စိတ်ရှည်ရှည်နှင့် ရှင်းပြလိုက်သည်။
ရှဲ့နျိုရှန်းမျက်မှောင်ကြုတ်လိုက်၏။
သစ်သီးတွေနဲ့ အပင်တွေလား။
ချိုမနေဘူးလား။ မစပ်ဘူးလား။
ရှဲ့နျိုရှန်း၏ မျက်နှာ အမူအရာမှာ တည်ကြည်လေးနက်နေခဲ့သည်။
ခဏကြာပြီးနောက်၊ အိမ်တော်ထိန်းအသစ်အား ခေါ်လိုက်သည်။
အိမ်တော်ထိန်းအသစ်သည် ရှဲ့မိသားစု၌ အလုပ်လုပ်လာခဲ့သည်မှာ ငါးနှစ် ခြောက်နှစ်လောက်ရှိပြီဖြစ်သည်။ သူသည် တောင်ပေါ်စခန်းမှ လူဟောင်းတစ်ယောက် မဟုတ်သော်လည်း၊ စဉ်းစားချင့်ချိန်တတ်ကာ သစ္စာစောင့်သိသော လူတစ်ယောက်ဖြစ်သည်။
ယခင်က၊ သူသည် ယွမ်ရုန်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသော်လည်း၊ အခုဆိုရင်တော့ သူနာမည်ရအောင် လုပ်နိုင်ပြီဖြစ်သည်။
ရှဲ့နျိုရှန်းသည် အိမ်တော်ထိန်းအား ငွေစာရင်းစာအုပ်ကို ယူခိုင်းလိုက်သည်။
သူ တစ်ရွက်ပြီးတစ်ရွက် လှန်ကြည့်နေခဲ့သည်။
စားစရာများမှာ အေးစက်နေပြီဖြစ်သော်လည်း၊ သူ တစ်ကိုက်လေးတောင် မစားနိုင်ခဲ့ပေ။
ငွေစာရင်းထဲ၌….. ပိုက်ဆံတစ်ပြားမှ မကျန်တော့ပေ။
အနီးကပ်ကြည့်ကြည့်လိုက်ချိန်တွင် တော့၊ လုသခင်မက သူနဲ့ မကွာရှင်းခင်၌ အတော်လေး တန်ဖိုးကြီးသော ပစ္စည်းများကို ဝယ်ခဲ့ကြောင်း တွေ့လိုက်ရတော့သည်။ ထိုပစ္စည်းအားလုံးမှာ ဖေဝမ်ယွဲ့ အတွက် ဖြစ်ကြောင်း သူခန့်မှန်းလို့ရသည်။
အခုချိန်ကျမှ ပိုက်ဆံ ပြန်တောင်းမည်ဆိုလျှင်လည်း သူဟာ လုံးဝ ယောကျာ်းပီသတဲ့သူတစ်ယောက်ဖြစ်မှာ မဟုတ်တော့ပေ။
သူတကယ် ဆင်းရဲသွားပြီ!!
ရှဲ့ချောင်ကျောင်းတော်ကို သွာချိန်ကတောင်၊ သူ့ထံ၌ ငွေစတစ်သောင်းကျန်ရှိနေသေးသော်လည်း ဖေ့ဝမ်ယွဲ့က ကျောင်းတော်သွားဖို့ အတွက် ငွေစနှစ်ထောင်တောင် သုံးပစ်ခဲ့သည်။
ဒါ့အပြင်၊ သူ ဒီလ ငွေစတစ်ထောင်တောင် သုံးခဲ့ရသည်။
သူ လုသခင်မကို ပေးခဲ့သည့် ငွေစ ငါးထောင်နှင့်….. လုသခင်မသုံးဆွဲခဲ့သည့် ငွေတွေကို နှုတ်လိုက်လျှင်…
ရှဲ့နျိုရှန်း မှာ မွဲတေလုနီးပါးပင်။
မိသားစုကြီးတစ်ခုအနေနဲ့၊ ငွေစာရင်းစာအုပ်ထဲမှာ ငွေစ ၁၂၀၀ ပဲ ကျန်တယ်တဲ့လား!!
ကျွေးထားရမယ့် များစွာသော အစေခံတွေ၊ ရထားလုံးစရိတ်တွေ၊ သူ သောက်စားဖို့နဲ့ လူမှုရေးအရ သုံးရမယ့်ငွေတွေ….. မလောက်တာ ရှင်းနေတာပဲ!
ရှဲ့နျိုရှန်း၏ မျက်နှာထားမှာ ရှက်နေသည့်ပုံပင်။ ရှဲ့ချောင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သူမက အိမ်တော်ထိန်းကို သူမရဲ့ ခြံဝန်းဆီသွားပြီး၊ ချွင်းအာကို ငှက်သိုက်ယာဂုယူလာဖို့တောင် ခိုင်းခဲ့သေးသည်။
ရှဲ့ချောင်သည် ရှဲ့နျိုရှန်းရှေ့၌ပင်၊ ယာဂုအား သိမ်မွေ့စွာနှင့် သောက်လိုက်သည်။
တကယ်ကို အရသာရှိတာကြောင့် တစ်လုပ်ပြီးတစ်လုပ်သောက်လိုက်သည်။
ရှဲ့နျိုရှန်းတစ်ယောက် မသိစိတ်ကနေ တံတွေးမြိုချမိလိုက်သည်။
သူရဲ့သမီးလေး နာနာခံခံ နှင့် ယာဂုသောက်နေတာကို ကြည့်ပြီး၊ သူမကို ကျွေးဖို့ ပိုက်ဆံ မရှိဘူးလို့ ဘယ်လိုလုပ်ပြီး ပြောရက်တော့မှာလဲ။
ဓားပြခေါင်းဆောင်တစ်ယောက်အနေဖြင့် ထိုသို့သော အရှက်ရစရာ စကားတစ်ခွန်းမှ မပြောခဲ့ဖူးပေ။
"လုသခင်မ သမီးကို အရင်က ငွေစ မပေးခဲဘူးလား။ လိုအပ်တာတွေကို ဘယ်လိုဝယ်လဲ" ရှဲ့နျိုရှန်းက မေးလိုက်၏။
" ပေးခဲ့ပါတယ်။ သမီး အဲဒါကို ကျောင်းတော်ကိုဝင်နိုင်ဖို့၊ ပန်းချီကား မှာ သုံးလိုက်ပေမဲ့၊ သမီး ငွေစာရင်းကနေ ငွေစ ငါးထောင် ရခဲ့ပါတယ်။ဒါပေမဲ့ ၊အဲဒီ ငွေစ ငါးထောင်နဲ့ ဆိုင်ငယ်လေးတစ်ဆိုင် ဝယ်လိုက်တာမလို့…. အကုန် သုံးပစ်လိုက်ပါပြီ။ ဖြည့်စွက်စာဝယ်ဖို့ ငွေက တာအို ဘုရားကျောင်းက ဆရာကြီးက ပေးလိုက်တာပါ" ရှဲ့ချောင် ရိုးရိုးသားသားပဲ ပြောလိုက်၏။
" ဆိုင်လား? ပိုက်ဆံရတယ်မလား" ရှဲ့နျိုရှန်း အလိုလို မေးလိုက်မိသည်။
••••••