မြေကြီးပေါ်သို့ကျ
Vol. 15 Ch. 274
ရှဲ့ချောင်က နာခံပြီးလေးနက်သော မျက်နှာထား
နှင့် အမှန်တရားကို ပြောပြလိုက်သည် "ဆိုင်က ဖွင့်ခါစဆိုတော့ အရင်းငွေတောင် ပြန်မရသေးပါဘူး"
" အမှန်ပဲ။ ခုမှ ဖွင့်ခါစပဲ ရှိသေးတဲ့ဟာ။ ပိုက်ဆံ မဆုံးရင် သိပ်မဆိုးပါဘူး" ရှဲ့နျိုရှန်း သက်ပြင်းချလိုက်လေသည်။။
ရှဲ့ချောင်၏ ဆိုင်မှာ တကယ်တမ်းတွင်လည်း စုတ်ပြတ်လွန်းနေတာ မဟုတ်ခဲ့ပေ။
ဆိုင်တွင် လူများများစားစားမရှိ။ဆိုင်ရှင်မှလွဲလျှင်၊ တောက်တိုမရလုပ်သည့် ကောင်လေးနှစ်ယောက်နှင့် သာ့ရှုန်း ကို စောင့်ရှောက်ပေးနေသူတစ်ယောက်သာ ရှိသည်။ ပရိဘောဂများမှာလည်း ရိုးရိုးရှင်းရှင်းသာဖြစ်သည်။ ကုန်ကျစရိတ်အများဆုံးမှာ သစ်ကျပိုးများသာဖြစ်သည်။
အဆောင်များမှာ ရောင်းကုန်သွားပြီဖြစ်ကာ အမြတ်ငွေမှာ တော်တော်များသည်။
သူမ အဖေသာ ဆက်မေးခဲ့လျှင် ငွေ မဆုံးရှုံးဘူးဟုသည့် အချက်ကို ဖုံးကွယ် ထားမိတော့လိမ့်မည်မဟုတ်။
သို့သော်၊ ရှဲ့နျိုရှန်းမှာ ထို ' အကျိုးအမြတ်မရှိ' သည့် ဆိုင်လေးကို စိတ်မဝင်စားသည်မှာ သိသာနေသည်။
" စာရင်းကို အထိန်းတော်ဆီပေးထားခဲ့လိုက်၊ နောင်ကျရင် အဖေ ဒီစာရင်းထဲက အတိုင်း ဝယ်ပေးမယ်။ သမီး ခြံဝန်းထဲက လူတွေကိုသာ ချက်ခိုင်းလိုက်" ရှဲ့နျိုရှန်းတစ်ယောက် နှလုံးသွေးလျှံနေလေပြီ။
သူရဲ့စိတ်ကတော့ သူ့ကိုယ်ပိုင် စုဆောင်းထားသည်များကို တစ်ချက်သွားကြည့်ဖို့ စဉ်းစားပြီးနေပြီဖြစ်သည်။
"ကျေးဇူးပါ အဖေ။ အဖေက အရမ်းကြင်နာတာပဲ" ရှဲ့ချောင်မှာ ချိုသာနေလေသည်။
ထိုသို့ပြောသည်ကို ကြားရသောအခါ၊ ရှဲ့နျိုရှန်း၏ စိတ်အခြေအနေမှာ ပိုပြီး ရွှင်ပြလို့လာခဲ့သည်။
" ကလေးမလေး၊ ဘာလို့ အဖေကို ဒီလောက်ရိုသေနေရတာလဲ။ ဒါတွေက ငွေနဲ့ ဖြေရှင်းနိုင်တဲ့ အရာတွေပဲဟာ။ အရေးမကြီးပါဘူး။ သမီး စောင့်နေ။ အဖေ သမီးကို ထွားပြီး ဝလာတဲ့ အထိ ကျွေးမယ်လို့ ကတိပေးတယ်"
ရှဲ့ချောင် လှောင်ပြုံးခပ်ရေးရေးလေး ပြုံးလိုက်သည်။
ရှဲ့နျိုရှန်း ဆက်ပြီး ထိုင်မနေနိုင်။ စကားနည်းနည်း ပြောပြီးသွားသည့်နောက်၊ သေတ္တာ ဖွင့်ရန် အတွက် သူ့အခန်းဆီသို့ အမြန်ပြန်သွားခဲ့လေသည်။
သို့ပေမဲ့၊ သူ တံခါးဆီကို မရောက်ခင်၊ ဘာမှန်းမသိသည့် အကြောင်းရင်းတချို့ကြောင့်၊ ရှေ့သို့ ခြေတစ်လှမ်းပင် လှမ်းလို့ မရခဲ့ပေ။ သူ့ခြေထောက်များသည် ပျော့ခွေ့သွားခဲ့ပြီး၊ တံခါးခုံနှင့် ခလုတ်တိုက် လဲသွားခဲ့တော့သည်။ သူရဲ့ မျက်နှာတစ်ခုလုံး မြေကြီးပေါ်သို့ ကျသွားခဲ့လေသည်။
' ဘုန်း' ဆိုပြီး ကျယ်လောင်သည့် အသံတစ်ခုကို ကြားလိုက်ရကာ အသံမှာ ကြောက်စရာကောင်း
လှသည်။
ရှဲ့ချောင် မျက်ခွံလှုပ်သွားခဲ့သည်။
ရှဲ့ချောင် ကသိအအောက်နှင့် တခစ်ခစ်ရယ်လိုက်၏ "အဖေ အဆင်ပြေရဲ့လား"
" အဖေ အဆင်ပြေတယ်။ ဒီ တံခါးခုံစုတ်! နောက်မှ ဖျက်ပစ်ဖို့ လူခေါ်ရမယ်"
သူအဆင်ပြေတယ်လို့ ပြောတာ ညာနေတာပဲ!!
ရှဲ့နျိုရှန်းဆိုတာ ဘယ်သူမလို့လဲ။ သူ အကြာကြီး အသက်ရှင်ခဲ့ပြီးပြီ။ ငယ်စဉ်က သူ့အိမ်၌ ခံစားခဲ့ရသော နာကြည်းချက်များက လွဲပြီး တောင်ပေါ်စခန်းကို ရောက်ကတည်းက ကောင်းကောင်းမွန်
မွန်သာ လုပ်လာခဲ့သည်။ အခုမှ၊ တကယ်ကြီး သူ့သမီးရှေ့မှာ မြေကြီးပေါ် လဲကျတယ်တဲ့လား!
ရှဲ့နျိုရှန်းမှာ ထရပ်လိုက်ပြီးသည်နှင့် တံခါးခုံအား ကန်လိုက်လေသည်။
အဆုံးမှာတော့ သူ့ခြေထောက်သူသာ ထိခိုက်စေခဲ့သည်။
နာကျင်မှုကို သည်းခံနေရင်း၊ သူ့မျက်နှာမှာ နီရဲလာခဲ့သည်။
သူ့ပုံမှာ သနားစရာကောင်းနေလေသည်။
ရှဲ့ချောင်က နှုတ်ခမ်းများကိုစုဝိုင်းလိုက်ပြီး 'ဟွန်း'ဟု ခပ်ဖွဖွ သရော်လိုက်၏။
သူမကို အရင်က အနိုင်ကျင့်ဖို့ ဘယ်သူက သူမ အဖေကို ပြောခဲ့တာလဲ။ သူ့အတွက် ဆုံးဖြတ်ချက်ချပေးတဲ့ အစ်ကိုကြီး ကြောင့်သာ မဟုတ်လျှင် ၊ သူမရဲ့ မိုက်မဲတဲ့ အဖေက ဆိုးရွားတဲ့ အမှားတွေကို လုပ်ပြီးနေလောက်ပြီ။!
မနက်ဖြန်တွင် ထပ်ပြီး လာရဦးမည်!!
ရှဲ့ချောင်၏ မျက်နှာမှာ လေးနက်နေခဲ့ကာ သူမ စားစရာတချို့ကိုသာ စားပြီး ပြန်သွားခဲ့သည်။
အပြန်လမ်းတွင် ရှဲ့ဖင်းကန်းနှင့် အတူ အငယ်မောင်နှမနှစ်ယောက်ကို တွေ့လိုက်ရသည်။ သူ သူမကို အဝေးကနေကြည့်နေခဲ့ပြီးနောက် သေးငယ်သော အရာနှစ်ခုကို သယ်လို့လာခဲ့သည်။
ရှဲ့ချောင် စိတ်မချမ်းမသာဖြစ်နေခဲ့ခြင်းမဟုတ်။ သူမရဲ့ ဘယ်တုန်းကမှတာဝန်ယူမှုမရှိတဲ့ အဖေကို အနိုင်ကျင့်ချင်ရုံ သက်သက်သာ ဖြစ်သည်။ သူမရဲ့ မောင်နှမတွေကို မထိခိုက်စေချင်ခဲ့တာကြောင့် သူမ ဝေးဝေးကနေတာ ပိုကောင်းသည်။ သူမရဲ့ အမှောင်စွမ်းအင်တွေ လျော့ကျသွားချိန်ရောက်မှ သူတို့နဲ့ ထပ်ပြီး ကစားရမည်။
တစ်ဖက်မှာလည်း၊ ရှဲ့နျိုရှန်းဟာ သုန်မှုန်နေသော မျက်နှာနှင့် သူ့အခန်းကို ပြန်သွားခဲ့သည်။ အခန်းထဲကို ဝင်လိုက်ပြီးနောက် တံခါးကို ပိတ်လိုက်သည်။ ထို့နောက်၊ သူရဲ့ ခြေထောက်တစ်ဖက်ကို မ ကာ ခုတင်ပေါ်ကို ခုန်လိုက်သည်။ သူရဲ့ ဖိနပ်နှင့် ခြေအိတ်ကို ချွတ်ပြီးသွားသောအခါ၊ သူရဲ့ ခြေမဟာ ပွန်းပဲ့နေတာကို တွေ့လိုက်ရသည်။
ရှဲ့နျိုရှန်းမှာ မျက်နှာရှုံ့မဲ့သွားခဲ့သည်။ သူ ဆေးအမြန်လိမ်းလိုက်ပြီး သေတ္တာကို ဖွင့်ဖို့ နာကျင်မှုကို
ကျိတ်မှတ်သည်းခံနေခဲ့သည်။
သေတ္တာကို ဖွင့်လိုက်ချိန်၌ သူရဲ့ မျက်နှာထားမှာ တင်းမာသွားခဲ့လေသည်။
သူ့တွင် အဖိုးတန်သေတ္တာ အနည်းငယ်ရှိခဲ့သည်။ အခန်းထဲမှာ တစ်လုံးမှာ လုသခင်မ ပစ္စည်းဝယ်ဖို့ ဖြစ်သည်။ ဒီလိုလုပ်ဖို့ မလိုတော့တာကြောင့် သေတ္တာထဲရှိ ပိုက်ဆံမှာ ဒုက္ခရောက်ချိန်အတွက် စုထားနိုင်ခဲ့လောက်သည်ဟု သူထင်ခဲ့မိသည်။
သို့သော်…. သေတ္တာထဲ တွင် ဗလာကျင်းလို့နေလေသည်။
မေ့လိုက်တော့၊ လုသခင်မကို ယူသွားခွင့်ပြုတဲ့လူက သူပဲ။ ယောကျာ်းတစ်ယောက်က ရက်ရောသင့်တယ်။
သူလှည့်လိုက်ပြီး သေတ္တာဖွင့်ဖို့ အတွက် လက်နက်တိုက်ဆီသို့ သွားလိုက်သည်။
သူရဲ့ အဖိုးတန် ရတနာတွေ ကို အဲဒီမှာ သိမ်းထားတာ!
••••••