← Chapters

လောကီစည်းစိမ်တွေကို ဆုံးရှုံးသွားတာက အရေးမဟုတ်ဘူး

Vol. 15 Ch. 275

လောကီစည်းစိမ်တွေကို ဆုံးရှုံးသွားတာက အရေးမဟုတ်ဘူး

Vol. 15 Ch. 275

လက်နက်တိုက်ထဲတွင် လက်နက်အမျိုးအစား၁၈မျိုးလောက်ရှိသည်။

ရှဲ့နျိုရှန်းက အရင်ဆုံး သူရဲ့ လက်နက်တိုက်ကို ကျေနပ်အားရမှုနှင့် ကြည့်လိုက်သည်။ ထို့နောက်၊ သတ္တုသေတ္တာဆီသို့ လျှောက်သွားလိုက်ပြီး၊ သော့ကို ဖြုတ်ကာ သေတ္တာကို ဖွင့်လိုက်သည်။

အထဲမှ ပစ္စည်းများမှာ သူ ဓားပြလုပ်ခဲ့စဉ်ကနှင့် လူရိုင်းများကို တိုက်ခိုက်ခဲ့သည့် နှစ်များအတွင်း ရရှိခဲ့သော အရာများဖြစ်သည်။ တစ်ခုချင်းစီတိုင်းက တန်ဖိုးများစွာ ထိုက်တန်သည်။

ရှဲ့နျိုရှန်းပြုံးလိုက်ရင်း သေတ္တာကို နည်းနည်းစီဖွင့်လိုက်သည်။

ရုတ်တရက်၊ ရှဲ့နျိုရှန်းရဲ့ အပြုံးမှာ တောင့်တင်းသွားခဲ့သည်။

သူရှေ့မှာရှိနေတဲ့ သတ္တုသေတ္တာထဲမှာ….. ဘယ်လိုလုပ်ပြီး….. ဗလာကျင်းနေရတာလဲ!!

" လာကြစမ်း" ရှဲ့နျိုရှန်း အော်ခေါ်လိုက်သည်။ "ငါရဲ့ ရတနာတွေ ဘယ်မှာလဲ"

အိမ်တော်ထိန်း အသစ်မှာ ချက်ချင်း အခေါ်ခံလိုက်ရသည်။ သူခမျာ ရှဲ့နျိုရှန်း၏ ညိုမည်းနေသော မျက်နှာကြီးကို မြင်တွေ့လိုက်ရ၍ အခက်တွေ့နေလေပြီ။ သူကြောက်လည်း ကြောက်နေခဲ့သည်။

" သခင်ကြီး၊ ဘယ်ရတနာတွေကို ပြောတာလဲ။ ကျွန်တော် အခုမှ အိမ်တော်ထိန်းဖြစ်ခါစပဲရှိသေးတာ၊ သခင်ကြီး မသိဘူးလား" အိမ်တော်ထိန်းက ကူကယ်ရာမဲ့စွာနှင့်ပြောလိုက်သည်။

သူ ရှဲ့အိမ်တော်ကို ရောက်လာခါစက၊ သူ့ကို အရေးပါသော နေရာတွင် ထားပေးလောက်သည် ဟု ထင်ခဲ့မိသည်။ ဘယ်သူသိမှာလဲ၊ နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရမယ်လို့။ သူ အခု ခက်ခက်ခဲခဲနှင့် တက်လာနိုင်ရုံရှိသေး၊ သူရဲ့ သခင်ကြီးကို စိတ်ကျေနပ်စေဖို့က ခက်ခဲတယ်ဆိုတာကို သဘောပေါက်သွားခဲ့တော့သည်။

"အဲဒီ ကောင်စုတ် ရှဲ့ဖင်းကန်းကို ခေါ်လိုက်" ရှဲ့နျိုရှန်း၏ အသံမှာ လူများ ခေါင်းကျိန်းသွားရလောက်အောင် တစ်စစီ စုတ်ဖြဲပစ်တော့မည် လေသံမျိုး ဖြစ်နေလေသည်။

အဲဒီ ကောင်စုတ် ယူသွားတာနေမှာ!!

အိမ်တော်ထိန်းက ချက်ချင်းဆိုသလို ရှဲ့ဖင်းကန်းကို ခေါ်ဖို့ သွားလိုက်သည်။ ရှဲ့ဖင်းကန်း

ရောက်လာရုံသာ မက၊ ရှဲ့ဖင်းဟွိုက်နှင့် ရှဲ့ရှီလည်း ဇဝေဇဝါဖြစ်ကာ ရောက်လာခဲ့ကြသည်။

"အဖေ ဘာလို့ စိတ်ဆိုးနေရတာလဲ။ ကျွန်တော်တို့ မဟုတ်တာ တစ်ခုမှ မလုပ်ထားပါဘူး" ရှဲ့ဖင်းဟွိုက်က ရောက်လာသည်နှင့် တော်တော်လေး စိတ်ဓာတ်ကျစရာကောင်းသော စကားကို ပြောတော့သည်။ "အဖေ ကြောက်စိတ်ဝင်နေတာ အမေဒီမှာ မရှိလို့လား။ ဘာလို့….. ပြန်မခေါ်တာလဲ။အားး!"

ရှဲ့ဖင်းဟွိုက်တစ်ယောက် စကားမဆုံးခင်မှာပင်၊ ရှဲ့ဖင်းကန်းက သူ့ကို ရိုက်ချပစ်လိုက်သည်။

ရှဲ့ဖင်းကန်းမှာ မတရားခံရသလို ဖြစ်တာကြောင့် နှုတ်ခမ်းဆူနေခဲ့သည်။

သူရဲ့ အစ်မကြီးက သူ့မိသားစုဝင်ဆိုပေမဲ့၊ လုသခင်မကလည်း သူ့ကို နှစ်ပေါင်းများစွာ ပျိုးထောင်လာပေးခဲ့တာ……

အရင်က၊ လုသခင်မ သူ့အနားမှာ ရှိစဉ်၊ သူ့ဘဝဟာ ကောင်းကောင်းမွန်မွန်နေခဲ့ရသည်။ သူ ဘယ်တော့မှ ငွေကြေး ပြတ်လပ် မနေခဲသလို အရသာရှိတဲ့ မုန့်တွေ ပြတ်လပ်နေတာမျိုးလည်း မရှိခဲ့ပေ။ အခုတော့… သူ သစ်အယ်သီး မစားရတာတောင် ရက်အနည်းငယ်လောက်ရှိနေလေပြီ။

" ငါ့သေတ္တာထဲက ပစ္စည်းတွေကို ဘယ်သူတွေယူသွားတာလဲ။ ငါ့ဆီ မြန်မြန်ပြန်ပေး" ရှဲ့နျိုရှန်းက ဒေါသတကြီးနှင့် ပြောလိုက်သည်။

ထိုစကားကို ရှဲ့ဖင်းကန်းကြားသောအခါ၊ အေးစက်စွာနှင့် လှောင်ပြုံးပြုံးလိုက်သည်။ " အဖေ

အခုမှ သေတ္တာထဲက ပစ္စည်းတွေကို သတိရတာလား"

" မင်း ဘာကို ပြောချင်တာလဲ"

ရှဲ့နျိုရှန်း စိတ်မချမ်းမသာ ဖြစ်နေခဲ့သည်။

" အဖေ့သေတ္တာထဲကဟာတွေက ဟိုးအရင်ကတည်းက မရှိတော့တာ။ အဖေသိမယ်လို့ သားထင်ခဲ့တာ" ရှဲ့ဖင်းကန်းက သာမန်ကာလျှံကာပဲ ပြောလိုက်၏။ "လောကီစည်းစိမ်တွေကို ဆုံးရှုံးသွားတာက အရေးမဟုတ်ဘူးဆိုပြီး၊ အဖေပဲ အရင်က ပြောခဲ့တာလား။ ဘာလို့ အခုမှ စိတ်ဆိုးမာန်ဆိုးဖြစ်နေရတာလဲ"

သူ့ စကားဆုံးသည်နှင့် သရော်လိုက်၏။

ရှဲ့နျိုရှန်းမှ ထိုစကားများကို ကြားရချိန် ဒေါသူပုန်ထလုနီးပါးပင် "ငါ ဘယ်တုန်းက ပြောခဲ့ဖူးလို့လဲ"

"အရင်တုန်းက လုသခင်မ အိမ်တော်ထဲ စရောက်ချိန် သူရဲ့ တူမလေးမှာ ကလေးရှိနေပြီဆိုပြီး ပြောခဲ့တယ်လေ။သူ အဖေရဲ့ အမြင်ကိုမေးပြီး သေတ္တာထဲကနေ ကျောက်စိမ်းလက်ကောက်ကို ယူသွားခဲ့တာလေ။ အဖေ မှတ်မိရဲ့လား။" ရှဲ့ဖင်းကန်းက အေးအေးဆေးဆေးနှင့်ပဲ ပြောလိုက်သည်။

ရှဲ့နျိုရှန်း မနည်းကြိုးစားပြီး စဉ်းစားကြည့်ရသည်။

သူ မှတ်မိသွားခဲ့လေပြီ။

" ဟုတ်တယ်လေ၊ အဲလို ဖြစ်ခဲ့တာ။ငါခွင့်ပြုခဲ့တယ်လေ" ရှဲ့နျိုရှန်းက ပြောလိုက်၏ "သူ ပထမအိမ်ထောင်ကွာရှင်းပြီးတော့ သူမရဲ့ မိသားစုနဲ့ နှစ်အနည်းငယ်လောက် နေနေခဲ့တာ။ ငါက သူ့ကို လက်ထပ်မှတော့ သူ မျက်နှာရအောင် လုပ်ပေးရမှာ ထုံးစံပဲ။ ငါ သူ့ကို ဘယ်လောက်တန်ဖိုးထားသလဲဆိုတာကို ပြဖို့ တန်ဖိုးကြီး လက်ဆောင်တွေ ပို့ခွင့်ပေးခဲ့တာ။ ဘာမှားလို့လဲ။"

" အဲဒီ အချိန်တုန်းက ကျွန်တော်ပြောခဲ့တယ်၊ တကယ်လို့ လုသခင်မ သုံးချင်တယ်ဆိုရင် ငွေစာရင်းထဲကနေ ယူသုံးလို့ရတယ်လို့။ တကယ်လို့ သူ တစ်ခုခုဝယ်ချင်တယ်ဆိုရင်လည်း ပိုက်ဆံထုတ်ပြီး ဝယ်လိုက်ရုံပဲလေ။ သေတ္တာထဲက ပစ္စည်းတွေကို မထိတာပိုကောင်းတယ်လို့လည်း ပြောခဲ့တယ်။ အဖေက ကျွန်တော့်ပြောတာကို နားလည်းမထောင်ဘူး၊ အလေးလည်း မထားခဲ့ဘူး။ ဒီနှစ်တွေမှာ၊ လုသခင်မက နေရာတိုင်းကို လက်ဆောင်တွေ ပို့ပေးနေခဲ့တာ။ သူ ဘယ်ကဟာကို ပို့နေခဲ့တယ်လို့ အဖေထင်

လဲ။" ရှဲ့ဖင်းကန်းက ထပ်ပြောလိုက်၏။

ရှဲ့နျိုရှန်း နည်းနည်းတော့ အံ့ဩလွန်း၍ စကားမပြောနိုင်ဖြစ်သွားခဲ့သည်။ "မင်း ဆိုလိုတာက၊ သူက သေတ္တာထဲက ပစ္စည်းတွေ အကုန် ပို့ပစ်နေခဲ့တယ်လို့လား။ မဖြစ်နိုင်တာ၊ ဒီလောက် အများကြီး ရှိတဲ့ဟာ။ သူက အဲဒါတွေကို ဘယ်သူ့ဆီ ပေးမှာလဲ။"

သူ့သေတ္တာထဲက ရတနာတွေက တကယ်ကို အဖိုးတန်တာ!!

ဘယ်လိုတောင် သူမ ဒီတိုင်း ပေးပစ်နိုင်ရတာလဲ။

••••••

All Chapters