ဒါက မလုံလောက်ဘူး
Vol. 15 Ch. 276
ရတနာများကို လက်နက်တိုက်ထဲတွင် သိမ်းထားရသည့် အကြောင်းမှာ ဤနေရာဟာ သိသာ ထင်ရှားတဲ့ နေရာ မဟုတ်တာကြောင့်ပင်။ ပစ္စည်းများကို ဘိုးဘွားပိုင် အမွေ အနေနှင့်သိမ်းထားလို့ရသည်။
ကျောက်စိမ်းလက်ကောက်ဟာ တန်ဖိုးအနည်းဆုံးဟု ယူဆနိုင်သည်။ ၎င်းကို အပိုအနေနှင့်သာ သုံးသော်လည်း ကျောက်စိမ်း၏ အရည်အသွေးမှာ ကောင်းမွန်လှသည်။ ၎င်းက သေးငယ်ပြီး လှပသည်။ လက်မှုပညာမှာ လည်း အံ့ဩဖွယ်ရာပင်။ ၎င်းသည်ပင် ငွေစ နှစ်ထောင်ကနေ သုံးထောင်နီးပါး ထိုက်တန်သည်။
ထိုမျှမက၊ သေတ္တာထဲတွင် ရွှေလင်းယုန် ရှိသေးတာကိုလည်း သူအမှတ်ရသည်။ လင်းယုန်၏ မျက်လုံးများကို ကျောက်မျက်အရိုင်းများဖြင့် ပြုလုပ်ထားသည်။ ၎င်းတို့မှာ
ရွှေသားအတိဖြစ်၏။ အမွှေးအတောင်များကိုလည်း တောက်ပသော ရွှေတုံးအမျိုးအစားတစ်ခုဖြင့် စီခြယ်ထားသည်။ ထိုရွှေတုံးမျိုးမှာ ရှားပါးလှသည်။။၎င်းကို လူရိုင်းများနှင့် တိုက်ခိုက်ခဲ့စဉ်က ရွက်ဖျင်တဲကြီး တစ်ခုမှ ရရှိခဲ့ခြင်းဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင်၊ ထိုပစ္စည်းမျိုးက ဘုရင်မင်းမြတ်ဆီမှာတောင် မရနိုင်ပေ။
အဲဒါကို တကယ်ပဲ အသုံးကြီးတဲ့ မိန်းမက ပေးပစ်လိုက်တယ်တဲ့လား!!
" သူ ဘယ်သူ့ကို ပေးခဲ့တာလဲ" ရှဲ့နျိုရှန်း၏ မျက်လုံးများမှာ နီရဲနေကာ ကြောက်စရာကောင်းလှသည်။
"အဖေဘာလို့ ကျွန်တော့်ကို အော်နေရတာလဲ။
သေတ္တာကို ဖွင့်ကြည့်လိုက်ချိန်၊ ပစ္စည်းတွေ မရှိတော့ဘူးဆိုတာ ကျွန်တော်တွေ့ခဲ့ရုံပဲကို။ ကျွန်တော် တိုးတိုးတိတ်တိတ် စုံစမ်းခဲ့သေးတယ်။၊ တချို့က ကျွန်တော့်အဘွားနဲ့ ဦးလေးတွေ ဆီကို ပေးပစ်လိုက်ပြီးတော့၊ တချို့ကို လုသခင်မဆီနဲ့၊ တချို့ကိုကျတော့ အဖေနဲ့ ဆက်ဆံရကောင်းတဲ့သူတွေဆီကို။ သူက အဲဒါတွေကို ရွေးထုတ်ပြီး သူတို့ဆီ ပို့ခဲ့တာ" ရှဲ့ဖင်းကန်းက ပြောပြလိုက်သည်။
ထိုသေတ္တာထဲတွင် ရွှေလင်းယုန်ရုပ် တစ်ခု ရှိကြောင်းကို သူသိထားသည်။
နောက်တော့၊ သူစုံစမ်းစစ်ဆေးခဲ့သည်။ လွန်ခဲ့တဲ့ နှစ်နှစ်က၊ မုန့်မိသားစုမှာ မွေးနေ့ပွဲကျင်းပတဲ့ လူကြီးတစ်ယောက်ရှိခဲ့တယ်။ မြို့တော်ထဲက မိသားစုတော်တော်များများက လက်ဆောင်တွေ ပို့ပေးခဲ့ကာ၊ လုသခင်မက လည်း ဒါကို ဂရုစိုက်ခဲ့သည်။
သူမ မုန့်မိသားစုအား ရွှေလင်းယုန်ရုပ်ကို ပေးခဲ့သည်။
လွန်ခဲ့တဲ့နှစ်နှစ်က၊ ရှဲ့မိသားစုမှာ ဘာမှ ကြီးကြီးမားမား ဖြစ်ပျက်သွားတာ မရှိတာကြောင့် မုန့်မိသားစုက လက်ဆောင်ကို ပြန်မပေးခဲ့ပေ။
ဒါပေမဲ့၊ သူသာ မုန့်မိသားစုဝင်တစ်ယောက်ဖြစ်ပြီး၊ ဒီလို တန်ဖိုးကြီး လက်ဆောင်ကို ရခဲ့တယ်ဆိုရင်၊ ရှဲ့မိသားစုက အရှက်ရစရာ တစ်ခုကို လုပ်ခဲ့တာကြောင့် သူတို့ကို ပြဿနာကူရှင်းပေးဖို့တောင်းဆိုတာဆိုပြီး တွေးမိမှာ ဖြစ်သည်။
ဒီလို တန်ဖိုးကြီး လက်ဆောင်မျိုးကို လူတွေက ဒီတိုင်း ပေးပစ်တတ်လို့လား!
သူတို့ ဘာမှတောင်မလုပ်ခဲ့ရဘဲနဲ့ ရုတ်တရက်ကြီး ရွှေလင်းယုန်ရုပ်ကြီးကို လက်ဆောင်ရလိုက်တာ!??
ဒီကိစ္စကို သူရှာတွေ့လိုက်ချိန်က၊ လုသခင်မဟာ တစ်ယောက်ယောက်ကို သွားကြိုဖို့ လောင်ကျိုးကိုသွားတဲ့လမ်းမှာ ရောက်နေပြီဖြစ်တဲ့ အတွက် သူမနှင့် ပြဿနာကို ဖြေရှင်းဖို့ အချိန်မရှိခဲ့ပေ။
နောက်ပိုင်း၊ သူရဲ့ အစ်မကြီး ရောက်လာခဲ့သည်။ သူအနေနှင့် ပြဿနာဟောင်းနှင့်ပတ်သက်ပြီး မီးထဲကို လောင်စာထည့်ဖို့ မသင့်ပေ။ သို့မဟုတ်ပါက သူ့မိသားစုက အနိုင်ကျင့်တယ်ဆိုတဲ့ပုံ ပေါက်သွားပေလိမ့်မည်။။
ရှဲ့နျိုရှန်းမှာတော့ သူ့တစ်ကိုယ်လုံး အားလျော့သွားသလို ခံစားလိုက်ရသည်။
ဒီသေတ္တာကို သေချာ ဝှက်ထားခဲ့သည်။ လက်နက်တိုက်ထဲတွင်ဆိုပေမဲ့၊ အတွင်းဘက်အကျဆုံး အခန်းထဲမှာ ထားထားတာဖြစ်ပြီး ပုံမှန်ဆိုလျှင် သတိထားမိမှာ မဟုတ်ပေ။
ဒီ မိန်းမ ဘယ်လိုများ ဗလာဖြစ်အောင်လုပ်ဖို့ တွေးနိုင်ရတာလဲ။
သူ့ငွေတွေ!!
သူ့ရတနာတွေ!!
အခုချိန်၌ ရှဲ့နျိုရှန်းတစ်ယောက် တကယ်ကြီး သွေးအန်ချင်နေခဲ့သည်။
သေတ္တာထဲတွင် ဘာတစ်ခုမကျန်တော့။ ကျန်ခဲ့တာဆိုလို့…. အောက်ခြေကို ခြောက်နေအောင်လုပ်ဖို့ ထားထားသည့် သိုးသားရေလိပ်တစ်ခုသာ……
ရှဲ့နျိုရှန်း လုံးဝကို အားနည်းပျော့ခွေသွားခဲ့သည်။ သူ မြေကြီးပေါ်တွင် ထိုင်ချလိုက်ပြီး ပြောလိုက်၏ "အဖေ့မှာ ငွေတစ်တုံးမှ မရှိတော့ဘူး။ သမီးကြီးရဲ့ ကျန်းမာရေးက ချို့တဲ့နေတာမလို့ သူ့ကို စောင့်ရှောက်ရမယ်။ အခု၊အဖေ့မှာ…. ငွေစ တစ်ထောင်ကျော်ကျော်လေးပဲကျန်တော့တယ်။ ဒါက ဘယ်လိုမှ မလောက်ဘူးလေ!"
သူရဲ့ ရွှေလင်းယုန်လေး……
ရှဲ့နျိုရှန်းမှာ တစ်ခဏတော့ စိတ်ဓာတ်ကျသွားခဲ့သည်။ သူ ရေရွတ်လိုက်ပြီးနောက် ရုတ်တရက် ထရပ်လိုက်သည်။ ရုတ်ချည်းဆိုသလို၊ သူ လက်နက်
စင်ဆီကို လက်လှမ်းလိုက်ပြီး၊ ဓားရှည်တစ်လက်ကို ယူထုတ်လိုက်သည်။
သူ ခြေလှမ်းကာ ထွက်သွားတော့မည်ဖြစ်သည်။
" အဖေ ဘယ်သွားမလို့လဲ။ အဖေ လုသခင်မကို…. သတ်ချင်တယ်လို့တော့ မပြောနဲ့နော်" ရှဲ့ဖင်းဟွိုက် ထိတ်လန့်သွားခဲ့သည်။
" အဖေ့ပစ္စည်းတွေကို ပြန်သွားယူမလို့။ လုသခင်မကို ရှာပြီးတော့ အဲဒီပစ္စည်းတွေကို ဘယ်သူ့ဆီ ပေးပစ်တာလဲ မေးရမယ်။အဖေ့ဆီကနေ ယူရဲတဲ့သူမှန်သမျှ၊ သတ်ပစ်မယ် " ရှဲ့နျိုရှန်း တော်တော်ကြီးကို စိတ်လှုပ်ရှားနေခဲ့သည်။
သေတ္တာထဲက ပစ္စည်းတွေက သူ့ဘဝရဲ့ လုပ်အားလို့ ပြောလို့ရသည်။
ဓားပြတစ်ယောက်ဖြစ်ခဲ့ပြီး လူရိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ရတာရဲ့ အကြောင်းကဘာလဲ! ပစ္စည်းကောင်းတွေ ရဖို့ပဲ မဟုတ်ဘူးလား!!
သူ လုသခင်မကို ငွေစ ငါးထောင်ပေးဖို့ ဆန္ဒရှိခဲ့တာက သူရက်ရောလို့ မဟုတ်ဘဲ သူ့မှာ ငွေတွေ အများကြီး ရှိတယ်လို့တွေးခဲ့တာကြောင့်ပဲ!
သေတ္တာထဲက ပစ္စည်းတွေ ရှိနေဦးမည်ဆိုလျှင် ငွေစ ငါးထောင် မဆိုထားနှင့် နောက်ထပ်ငွေစ ငါးထောင်ပေးရမယ်ဆိုရင်တောင် သူ့နှလုံးနာကျင်မှာ မဟုတ်ဘူး။!
သို့ပေမဲ့၊ အမှန်တရားကတော့….
အဲဒီ အသုံးကြမ်းတဲ့ မိန်းမ!!!
ရှဲ့နျိုရှန်းသာ လုပ်ချင်မည်ဆိုလျှင် သူ့ကို ဘယ်သူတားလို့ရမည်နည်း။
သူ အိမ်တော်ထိန်းကို ခေါ်လိုက်ပြီး၊ မြင်းစီးလျက် လုသခင်မရှိရာကို တန်းတန်းမတ်မတ် ထွက်သွားတော့သည်။
••••••