ဈေးမြှင့်ခြင်း
Vol. 15 Ch. 278
ရှဲ့မန်ရှန်းက ရှဲ့ချောင်ကို ပြောဆိုဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း ရှဲ့နျိုရှန်းကတော့ ဖုံးကွယ်ထားတဲ့ အဓိပ္ပာယ်ကို နားမလည်နိုင်ခဲ့ပေ။
သူရဲ့ အစ်ကိုကြီးက လုသခင်မကို အမွှမ်းတင်နေတယ်လို့သာ သူခံစားရသည်။ သူ နဂိုကတည်းကဒေါသထွက်နေတာကြောင့် သွယ်ဝိုက်မနေဘဲ ပြောချလိုက်သည်။ "သူက တော်တော်လေးကောင်းတယ်တဲ့လား။ ကျွန်တော် ဝှက်ထားတဲ့ပိုင်ဆိုင်မှုတွေ အကုန်လုံးကို ပေးပစ်လိုက်ပြီး။ သားရဲတစ်ကောင်ထက်တောင် ပိုပြီး အစွမ်းထက်သေး။ သူ ကျွန်တော်ဆီကနေ တစ်ခါတည်းနဲ့ ငွေစ နှစ်သိန်းနီးပါး ယူသွားခဲ့တာ!"
"ငွေစ နှစ်သိန်း"။ ရှဲ့မန်ရှန်း မယုံကြည်နိုင်စွာနှင့် နှလုံးတောင်အောင်သွားခဲ့သည်။
သူရဲ့ ဒီညီလေးမှာ ငွေ အဲဒီလောက်မရှိဘူး၊ မဟုတ်လား။
ရှဲ့နျိုရှန်း ပြောပြီးသွားချိန်မှ သူ အနည်းငယ် ရှက်သွားခဲ့သည်။
အပြင်ကသူတွေကိုဆိုရင် သူက ဆင်းရဲတယ်လို့သာ အမြဲတမ်း ညည်းညူပြောဆိုနေခဲ့သည်။
ဒါပေမဲ့၊ ထို ပစ္စည်းတွေက မိသားစုပိုင်ဆိုင်မှုထဲ မပါဝင်ခဲ့။ သူတိတ်တဆိတ် ဖွက်ထားခဲ့သည်များသာဖြစ်၏။
အရင်က၊ သူ ဒီအရာရှိရာထူးကို ရဖို့ အတွက် မိသားစု စည်းစိမ်အများစုကို လှူဒါန်းပစ်ခဲ့သည်ဟု အပြင်လူများကို ပြောထားခဲ့သည်။ ကျန်သည့်အရာများကိုတော့ အိမ်နှင့် ဥစ္စာပစ္စည်းတချို့ဝယ်တဲ့ ငွေအဖြစ်သုံးပစ်ခဲ့သည် ဟူ၍။
စင်စစ်၊ သူ ရတနာတချို့ကို ကျိန်းသေ သိမ်းထားခဲ့သည်။ သူရဲ့ နောက်မျိုးဆက်တွေ လိုအပ်တဲ့အခါကျရင်၊ ပိုက်ဆံရဖို့အတွက် ရောင်းချပေလိမ့်မည်။
ဒါပေမဲ့၊ လုသခင်မက လှည့်စားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။။
"အဲဒါတွေက ကျွန်တော် လူရိုင်းတွေ ဆီကနေ ယူလာခဲ့တဲ့ ရတနာ အကုန်ပဲ။ အဲ့ဒါတွေကိုသာ ရောင်းလိုက်မယ်ဆိုရင်၊ ဒီလို ငွေ အများကြီး တန်
တယ်။ အစ်ကိုကြီး၊ ကျွန်တော် ဒီကိစ္စကြောင့် အစ်ကိုကြီးကို ရှာဖို့ လာခဲ့တာ။ အရင်က၊ လုသခင်မ အစ်ကိုကြီးကို ပစ္စည်းတွေ အများကြီး ပေးခဲ့တယ်။ အစ်ကိုကြီး အဲ့ဟာတွေကို ကျွန်တော့်ဆီ ပြန်ပေးရမယ်" ရှဲ့နျိုရှန်းက ပြောရင်းနှင့် စာရင်းတစ်ခု ယူထုတ်လိုက်သည်။
"တစ်ခုက အနီရောင်နဲ့ အပြာရောင်ကျောက်တွေပါတဲ့ လက်ဖက်ရည်ပန်းကန်ခွက် တစ်စုံ။ တခြားပစ္စည်းနည်းနည်းလည်း ပါတယ်။ ရွှေနဲ့ကျောက်စိမ်း ဆင်ရုပ်တစ်စုံရယ်။ အဲဒါတွေက သေးသေးလေးတွေပါ။ ပြီးတော့၊ ကျောက်မျက်ရတနာ သရဖူနဲ့….."
ရှဲ့နျိုရှန်း ပစ္စည်းတချို့ကို ရွတ်ပြသွားခဲ့သည်။
အခုဆိုလျှင်၊ သခင်မကြီးနှင့် တခြားသူများမှာ ဂယက်ရိုက်နေကြပြီဖြစ်သည်။
" အဲ-အဲဒါတွေက ဘယ်လောက်တန်လဲ" ရှဲ့မန်ရှန်း ရုတ်တရက်မေးလိုက်သည်။
" ဒီပစ္စည်းနည်းနည်းက ငွေစ ၆၀၀၀၀ လောက်တန်တယ်။" သူ့မိသားစုကိုတော့ မဖုံးကွယ်ခဲ့ပေ။
ထိုစကားကို ကြားသောအခါ၊ ရှဲ့မန်ရှန်းနှင့် ရှဲ့ခုန်ရှန်းတို့၏ မျက်နှာထားမှာ ပြောင်းလဲသွားခဲ့ကြသည်။
ငွေစ ၆၀၀၀၀တောင်လား။
ထိုပစ္စည်းများကို အပေါင်ဆိုင်တွင် အပ်နှံထားသည်မှာ ကြာပြီဖြစ်သည်။ တော်တော်များများ ထပ်ပေါင်းထည့်ပြီးတာတောင်မှ ငွေစ ငါး
ထောင် ခြောက်ထောင်လောက်ပဲ တန်ခဲ့တာ!!
သူ အလိမ်ခံလိုက်ရပြီလား။
" ဒုတိယ ညီလေး၊ အမှန်တိုင်းပြောရရင်၊ အစ်ကိုကြီးတို့ မိသားစုက ပိုက်ဆံပြတ်လပ်နေတယ်။ အဲဒါတွေကို ပေါင်တောင်ပေါင်ထားပြီးသွားပြီ။ နောက်ပြီး၊ အဲဒါတွေကို ရောင်းလည်း ငွေသိပ်မရဘူး။ ပေါင်တာတောင်မှ ငွေစ ငါးထောင် ခြောက်ထောင်လောက်လားပဲ ရတယ်။ မင်း မှားများ တွက်ထားတာလား။ တိုင်းတစ်ပါးက ပစ္စည်းတွေဆိုတော့ သိပ်တန်မှာ မဟုတ်ပါဘူး။ "
" တိုင်းတစ်ပါးက ဖြစ်လို့ပဲ အများကြီးတန်နေတာ။ ကျွန်တော် အဲ့ဟာတွေကို ရန်သူ့စခန်းကနေ ယူလာခဲ့တာ။ စစ်သူကြီး ခန်း ရဲ့ လျို့ဝှက်ပစ္စည်းတွေက ဘယ်လိုလုပ် ဈေးပေါနိုင်မှာလဲ။ "
ထိုစကားကြောင့် ရှဲ့မန်ရှန်းနှင့် ရှဲ့ချုံရှန်းတို့၏ မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့ကြသည်။
" တကယ် အဲ့လောက်ငွေ အများကြီးနဲ့ မရောင်းရခဲ့တာ…."
" အစ်ကိုကြီးတို့တွေ အဲပစွည်းတွေကို ကျွန်တော့်ဆီ ပြန်မပေးချင်ကြဘူးလား။" ရှဲ့နျိုရှန်း စိတ်မချမ်းမသာ ဖြစ်နေခဲ့သည်။
ဒီ အဖိုးတန်ရတနာတွေတင်မက၊ သူ့ညီအစ်ကိုတွေကို တခြားဟာတွေ တော်တော်များများကိုလည်း ပေးခဲ့ပြီးပြီဖြစ်သည်။ သူ သဘောကျတဲ့ဟာကို ပြန်ယူတာက ဘာများမှားနေလို့လဲ။
"အစ်ကိုကြီး အဲ့သဘောပြောတာ မဟုတ်ဘူး။ ဒုတိယညီလေး အစ်ကိုကြီးကို မယုံဘူးလား။" ရှဲ့မန်ရှန်း ငိုချင်နေသော်လည်း ငိုလို့ မရခဲ့ပေ။
တကယ်တော့၊ သူ အဲဒါတွေကို မရောင်းပစ်ခဲ့ဘူးဆိုရင်တောင် ပြန်တော့ မပေးချင်ဘူး။။
ဒီမတိုင်ခင် သူပြန်ပေးခဲ့မယ်ဆိုရင်၊ သူ ဘာအကျိုးအမြတ်ရမှာလဲ။
ဒါပေမဲ့၊ သူ့ နှလုံးမှာတော့ အင်မတန် နာကျင်နေပြီဖြစ်ပြီး စိတ်ထဲ တထင့်ထင့် ခံစားနေရသည်။ ငွေစ ငါးသောင်း ခြောက်သောင်းလောက်တန်တဲ့ ပစ္စည်းကို ငွေစ ငါးထောင် ခြောက်ထောင်လောက်နဲ့ ရောင်းပစ်ခဲ့ရတယ်!!!
သူ့မှာသာ အဲဒီ ငွေစ တစ်သောင်းလောက်ရှိနေလို့
ကတော့ သူ့ဘဝကြီးက ဘယ်လောက်တောင် သက်တောင့်သက်သာ ဖြစ်နေလိုက်မလဲ။
ညီအစ်ကို နှစ်ယောက်မှာ အတိတ်က လုပ်ခဲ့တာနှင့် ပတ်သက်ပြီး နောင်တ ရနေကြသည့် ပုံပင်။
ရှဲ့နျိုရှန်းကတော့ ပိုပိုပြီး ဒေါသထွက်လို့နေလေပြီ။
" အစ်ကိုတို့က ကျွန်တော့်ရဲ့ ညီအစ်ကိုတွေ။ ကျွန်တော့်မှာ ငွေရှိတဲ့ အခါတိုင်း၊ အစ်ကိုတို့ကို ထည့်စဉ်းစားပေးခဲ့တယ်။ ဒါပေမဲ့ အခု၊ အစ်ကိုတို့ ကျွန်တော့်ပစ္စည်းတွေကို ပြန်ပေးရမယ်လေ။ ကျွန်တော့်မိသားစု မှာ စားစရာ မရှိအောင်ကို မွဲနေပြီ။ ကျွန်တော့်ကလေးတွေကို ပျိုးထောင်ဖို့အတွက် အဲဒီပစ္စည်းတွေ လိုတယ်" ရှဲ့နျိုရှန်းက လေးလေးနက်နက်နှင့် ပြောလိုက်သည်။
ရှဲ့မန်ရှန်းနှင့် ရှဲ့ချုံရှန်းတို့က သူ့ကို လုံးဝ မယုံကြည်ခဲ့ပေ။
သူတို့ရဲ့ အမြင်တွင်၊ ရှဲ့နျိုရှန်းက ဒီကို ပြဿနာရှာဖို့ ရောက်လာတယ်လို့သာ မြင်ကြသည်။
အမှန်ပင်၊ စကားလုံးတိုင်းက အမှန်မဟုတ်နိုင်။ ပစ္စည်းတွေသာ ဒီလောက် အဖိုးတန် နေတယ်ဆိုရင်၊ လုသခင်မက ပေးပစ်မှာတဲ့လား။
သူ့ဇနီးက ပစ္စည်းတွေကို ဒီထက်ပိုပြီး မလိုချင်တော့ဘူး။ အခု၊ ရှဲ့ချောင်ရဲ့ တိုက်တွန်းမှုကို နားထောင်ပြီး၊ ဈေးတင်ပြီးတော့ ပစ္စည်းကို ပြန်လိုချင်နေပြီပေါ့။ ?
ဟမ့်!!!
•••••