← Chapters

ဆက်တိုက်ကံဆိုးမှု

Vol. 15 Ch. 279

ဆက်တိုက်ကံဆိုးမှု

Vol. 15 Ch. 279

ညီအစ်ကို နှစ်ယောက်သည် တွေးကြည့်လိုက်သောအခါ၊ ဘာဖြစ်နေသလဲဆိုတာကို သဘောပေါက်သွားခဲ့လေပြီ။

သမီးဖြစ်သူရဲ့ လမ်းညွှန်မှုကြောင့် ဒီ ရှဲ့နျိုရှန်းက သူတို့ကို သဘောမကျတော့ဘဲ ပြဿနာရှာဖို့ လာခဲ့တာပဲ!!!

"ဒုတိယညီလေး၊ မင်း အစ်ကိုကြီးတို့ကို အရမ်းစိတ်ပျက်စေတာပဲ။ အစ်ကိုတို့ဆီကို ပေးခဲ့တဲ့ဟာတွေက အမေ့ကို ရိုသေသမှုပြဖို့ပဲ မဟုတ်ဘူးလား။ အခုမှ မင်းက အဲဒါတွေကို ပြန်လိုချင်နေတယ်။အမေက မင်းကို အသက်တစ်ချောင်းတောင် ပေးထားခဲ့တာ။ အမေသာ စိတ်ကူးပြောင်းသွားခဲ့ရင်၊ သူမင်းကို သတ်လို့ရခဲ့တယ်" ရှဲ့မန်ရှန်းက ပြောလိုက်သည်။

ရှဲ့ချုံရှန်းကလည်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "အမှန်ပဲ။ တိုလီမုတ်စလေး နည်းနည်းလောက်ကို ငွေစ ငါးသောင်း ခြောက်သောင်း တန်တယ်ချည်းပဲ ပြောနေတာ။ ဘယ်သူ့ကို လာလိမ်နေတာလဲ။ မင်း မိသားစုမှာ ပိုက်ဆံဘယ်လောက်ရှိသလဲဆိုတာ ဘေးလူတွေက မင်းထက်ပိုသိတယ်။ မင်းက ညီအစ်ကိုတွေကိုတောင် မလေးမစားပြုမူပြီး လိမ်ညာပြောလိမ့်မယ်လို့ မထင်မိခဲ့ဘူး။"

ထိုစကားများကို ရှဲ့နျိုရှန်း ကြားလိုက်ရချိန် သူ မှင်တက်သွားခဲ့ရသည်။

" ကျွန်တော် ပြောတာ အမှန်တွေချည်းပဲ" ရှဲ့နျိုရှန်း ဒေါသ ထွက်နေလေပြီ။

ဒါပေမဲ့၊ သူ ပြန်ရလိုက်တာကတော့ မျက်လုံးလှည့်ပြလိုက်တာကိုပင်။

" မင်းက ဒီကို မနက်စောစောစီးစီးလာပြီး ရုတ်ရုတ်သဲသဲ ဖြစ်အောင်လုပ်တယ်။ ဘာလဲ အမေက အကြာကြီး အသက်ရှင်ခဲ့ပြီးပြီပဲလေ လို့ မင်းထင်နေတာလား။" ရှဲ့မန်ရှန်းက သူရဲ့ အစ်ကိုကြီးတစ်ယောက်အနေနဲ့ ရပ်တည်ချက်ကို ပြလိုက်သည်။ "ငါတို့မှာ ငွေတွေမရှိဘူး။ ဒီမှာ အသက်တွေတော့ အများကြီး ရှိတယ်။ မင်း မိသားစုရဲ့

အသက်ကိုသာ ယူသွားလိုက်တော့။"

ရှဲ့နျိုရှန်းဟာ အစတုန်းကတော့ ဒီခရီးဟာ ကျိန်းသေပေါက် အကျိုးအမြတ်များ မယ့် ခရီတစ်ခု ဖြစ်လောက်လိမ့်မယ်ဟု ထင်ထားခဲ့သည်။

သူနားမလည်နိုင်ခဲ့။ သူအမေနဲ့ ညီအစ်ကိုတွေက ရာထူးအမြင့်ပိုင်းက အရာရှိတွေ မဟုတ်ကြတာကြောင့် သူတို့ ငွေ များများ သုံးကြလိမ့်မည်မဟုတ်ပေ။ လုသခင်မ လှည့်စားတာခံခဲ့ရတဲ့ သူ့ကို ဂရုဏာသက်ပြီးတော့ ပစ္စည်းတွေ ပြန်းပေးလို့မရဘူးလား။

အမှန်တရားကတော့၊ သူတို့ မပေးခဲ့ချေ။

ပစ္စည်းတွေကို ပြန်မပေးခဲ့ချင်ရုံသာမက၊ သူကို မောင်းပါထုတ်ချင်နေခဲ့ကြသည်။

ရှဲ့နျိုရှန်းသည် ဆိုးသွမ်းသော စိတ်အခံ ရှိသူဖြစ်၏။

သူ့ညီအစ်ကိုတွေဆီမှ မလိုမုန်းထားမှုတွေကို ခံစားလိုက်ရသော အခါ၊ သူ ဒေါသထွက်လာခဲ့သည်။

သူချက်ချင်းဆိုသလို ထရပ်လိုက်ကာ၊ ပစ္စည်းများကို ရိုက်ခွဲပစ်တော့သည်။

" ခင်ဗျားတို့တွေ ကျုပ်ရဲ့ ငွေတွေကို အပူကင်းကင်းနဲ့ သုံးခဲ့ကြတယ်မဟုတ်ဘူးလား။ကျုပ်ရဲ့ ဟာတွေကို ပြန်မပေးရင် ခင်ဗျားတို့ကို တကယ် ခုတ်ပစ်မှာ"

သခင်မကြီးသည် သူ့ကိုကြည့်လိုက်ပြီး မြေကြီးပေါ်ထချလိုက်ကာ စတင်ငိုကြွေးတော့သည်။ "ဘုရားရေ၊ ကျွန်မကို မိုးကြိုးသာ ပစ်ချလိုက်ပါတော့။ ဒီလို သားသမီးဝတ်မသိတတ်တဲ့သူကို ဘယ်လိုများ မွေးခဲ့မိပါလိမ့်။ ဒီဘာမှမဟုတ်တာလေးကြောင့် မင်းက ငါ့ကို ဒေါသထွက်ပြီးသေအောင် မင်း ညီအစ်ကိုတွေကို သတ်ပစ်ချင်နေတာ….'

ထိုစကားကို ကြားသောအခါ၊ ရှဲ့နျိုရှန်း ရပ်လိုက်၏။

" ခင်ဗျားတို့တွေက လုသခင်မပေးတာမှန်သမျှကို ယူခဲ့ကြတယ်။ ကျုပ်ဆီကနေ အများကြီး ရပြီးနေပြီ။ ကျုပ်အိမ်ကို လက်ဆောင်တစ်ခုလေးတောင် ပြန်ပို့ခဲ့ဖူးလို့လား။" ရှဲ့နျိုရှန်း ရုတ်တရက် သတိ ရသွားခဲ့ပြီး စိတ်ဆိုးစွာနှင့် ပြောလိုက်သည်။။

သခင်မကြီးမှာ ငိုနေဆဲ ဖြစ်ပေမဲ့၊ သူရဲ့ စကားတွေကိုတော့ သဘောတူခြင်း မရှိခဲ့ပေ။

သားကပဲ အမေဖြစ်သူကို သားသမီးဝတ်ကျေပွန်သင့်တာ!!!!

ရှဲ့နျိုရှန်း အသက်တစ်ချက် ရှူထုတ်လိုက်ပြီး "ကောင်းတယ် ငိုပဲငိုနေလိုက်။ နောင်အနာဂတ်မှာ ခင်ဗျားတို့အတွက် ဘာမှ ကျန်မှာမဟုတ်ဘူး။ ခင်ဗျားတို့ကို ကျုပ်ထပ်ပေးမယ်လို့ မျှော်လင့်နေရင်တော့။ လုံးဝပဲ"

သူ တော်တော်ကြီးကို ဒေါသထွက်နေခဲ့သည်။

သူရဲ့ ဝတ်ရုံကို ခါကာ ထွက်သွားလိုက်တော့သည်။

အပြန်လမ်း၌၊ သူ မတရားသလို ခံစားလိုက်ရသည်။

သူ တုံးအနေတာ မဟုတ်။ သူရဲ့ ငွေတွေကို ပြန်မရမှာ စိုးရိမ်နေခဲ့သည်။

သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဆီကနေ ပြန်ရရင်တောင်၊ အဲဒါတွေ ပြန်ရပြီးနောက်ပိုင်း ဘာဖြစ်မှာလဲ။ သူရဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးရမှာ မဟုတ်ဘူးလား။

ရှဲ့နျိုရှန်းတစ်ယောက် စိတ်တည်ငြိမ်သွားသည့်အခါ၊ သူရဲ့ နောက်ကျောမှာ တောင်တစ်တောင် ထမ်းပိုးထားရသလို ခံစားလိုက်ရသည်။ အင်မတန် လေးလံလွန်းလှ၏။

သူ ဒုက္ခသုက္ခခံပြီး ဝှက်ထားခဲ့ရသော ရတနာ

အားလုံး ဆုံးရှုံးသွားခဲ့ရလေပြီ။ အကုန်လုံး မရှိတော့ဘူး!!

သူရဲ့သမီးဖြစ်သူ အတွက်က၊ သူမရဲ့ ကျန်းမာရေးကို ထိန်းထားနိုင်ဖို့ရာ ငွေစရာပေါင်းများစွာ တန်သော ဖြည့်စွက်စွာ တွေကို လိုအပ်သည်။

သူ၊ ရှဲ့နျိုရှန်းသည် ဆယ်စုနှစ်ကြာအောင် ဒေါသတကြီး ပတ်ရမ်းခဲ့သူဖြစ်သည်။ သူ့အတွက် အရာရှိတစ်ယောက်ဖြစ်လာဖို့က မလွယ်ကူခဲ့ပေမဲ့၊ ကလေးတစ်ယောက်ကို ပျိုးထောင်ဖို့တောင် မတတ်နိုင်ဘူးတဲ့လား။

ရှဲ့နျိုရှန်းအလွန်ကို ဦးနှောက်ခြောက်နေလေပြီ။

တခြားတစ်ဖက်မှာလည်း အိမ်တော်ထိန်းက အခြေအနေကို ရှဲ့ချောင်အား ရှင်းပြပြီးနေပြီ

ဖြစ်သည်။

အိမ်တော်ထိန်းအသစ်သည် အတော်လေး ထက်မြက်ပြီး ဤမိသားစုမှာ ဘယ်သူ့ဘက်ကနေနေရမလဲဆိုတာကို သိသည်။ အခု၊ သူရဲ့ သခင်ကြီးက ရူးမိုက်စွာ ပြုမူနေတာကြောင့် ကြောက်စရာ ကောင်းလှသည်။

ပထမသခင်မလေးကို တင်ပြပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတာ ပိုကောင်းသည်။

ထို့မျှမက၊ သခင်မလေးဟာ အားနည်းသူတစ်ယောက်ဖြစ်၏။ သူမ အဖေရင်းကြောင့် ကြောက်လန့်ပြီးသေသွားခဲ့တယ် ဆိုပြီးသာ ပြန့်သွားခဲ့ပါက ဆိုးရွားပေလိမ့်မည်။

အိမ်တော်ထိန်းရဲ့ ဇာတ်လမ်းကို နားထောင်ပြီးသွားသည့်နောက်၊ ရှဲ့ချောင် ထိတ်လန့်သွားခဲ့

သည်။

" အဖေ ဒီလောက်ထိ စိတ်ဆိုးသွားတာ ပစ္စည်းကောင်းတွေ ဘယ်လောက်တောင် ဆုံးရှူံးသွားလို့လဲ" သူမရဲ့ အဖေကို ကံဆိုးမှုတွေ ဆက်တိုက်ဖြစ်အောင် သူမ မနေ့က အဆောင်တွေ ဖယ်ပစ်ခဲ့မိလို့လားဆိုတာ သိချင်မိသွားတော့သည်။

••••••

All Chapters