← Chapters

သိုးသားရေလိပ်

Vol. 15 Ch. 280

သိုးသားရေလိပ်

Vol. 15 Ch. 280

အိမ်တော်ထိန်းက လုသခင်မ ဘက်မှာဖြစ်ခဲ့သမျှ အရာအားလုံးကို ပြောပြလိုက်သည်။ စာရင်းမိတ္တူကိုလည်း ပြလိုက်သည်။

ရှဲ့ချောင် စာရင်းကို ကြည့်ကြည့်လိုက်ရာ၊ သူမ မျက်လုံးတွင် အံ့အားသင့်ခြင်းများနှင့် ပြည့်သွားခဲ့ရသည်။

ဒီပစ္စည်းတွေက သာမန်တန်ဖိုးလောက် တန်တဲ့ဟာတွေ မဟုတ်ဘူး။

အထူးသဖြင့်၊ သူမ ရွှေလင်းယုန်ရုပ်အကြောင်းကိုသိသည်။ ယခင်က၊ သူမ အဖေနဲ့ အစ်ကိုဆီကို စာပို့ခဲ့စဉ်က၊ တန်ဖိုးရှိတဲ့ ဆုတံဆိပ်တစ်ခုရယူထားကြောင်းကို သူမ အဖေ ပြောပြခဲ့ဖူးသည်။ ဤ ရွှေလင်းယုန်ရုပ်သည် ပေါင်တစ်ရာ အလေးချိန်သာ ရှိပြီး စေ့စေ့စပ်စပ် ထွင်းထုပုံဖော်ထားသည်မှာ ပြောစရာတောင်မလို ဟုဆိုပြီး သူမ အဖေ ပြောခဲ့သည်။ ထို့ပြင်၊ လင်းယုန်၏ မျက်လုံးများကို သွေးနီရောင် ကျောက်မျက်ရတနာများဖြင့် ပြုလုပ်ထားသည်။ ၎င်းတို့ဟာ အေးစက်သော အလင်းရောင်ကဲ့သို့

ပင် ကြောက်စရာ ကောင်းသည့်ပုံပေါ်သည်။ တောင်ပံများတွင်တော့ နေရောင်အောက်မှာတောက်ပသည့် အဖြူရောင်ကျောက်များရှိလေသည်။

အဖြူရောင်ကျောက်များမှာ စိန်များဖြစ်၏။

သူတို့ ဘယ်လို အရောင်တင်ပြီး, မြုပ်သွင်း စီခြယ်ထားသလဲဆိုတာ ဘယ်သူမှ မသိခဲ့ပေ။

ရွှေလင်းယုန်၏ ဝမ်းဗိုက်နှင့် ခြေသည်းလက်သည်းများတွင်လည်း ကျောက်မြတ်ရတနာကောင်းများဖြင့် စီခြယ်ထားသည်။

ရွှေတစ်မျိုးတည်းပဲကတောင် ငွေစ တစ်သောင်းတန်နေပြီဖြစ်သည်။ လက်မှုပညာနဲ့ ကျောက်မျက်ရတနာတွေဆိုရင်….

ထို အချိန်က၊ ဒီလို အဖိုးတန်ပြီး အသုံးဝင်တဲ့ ပစ္စည်းကောင်းကို ရရှိခဲ့သည်မှာ အဲဒီရိုင်းစိုင်းတဲ့ လူရိုင်းတွေကြောင့်ဆိုပြီး သူမ အဖေ စိတ်လှုပ်ရှားစွာနှင့် ပြောပြခဲ့သည်။ သူ ဈေးနှုန်းကို ခန့်မှန်းဖို့ အတွက် လူတစ်ယောက်ကို တိတ်တဆိတ်ရှာဖွေခဲ့ပြီး ဒီ ပစ္စည်းတစ်ခုက ငွေစ သုံးသောင်းတန်ကြောင်းကိုလည်း ပြောပြခဲ့သည်။

ထိုစဉ်က သူမအဖေကို အဲဒီ ပစ္စည်းကောင်းကို တိုင်းပြည်ဘဏ္ဍာတိုက်ဆီပို့ဖို့ တောင်းဆိုသည့် ပြန်စာရေးခဲ့သည်။

ပစ္စည်းကောင်းလေလေ၊ သူရဲ့ စိတ်ရင်းအမှန်ကို ပြသနိုင်လေဖြစ်၏။ ထိုမှသာ ဘုရင်မင်းမြတ်က သူရဲ့ ဓားပြဟူသောနာမည်ကို အထင်မသေးတော့မည်သာမက ပိုပြီးလဲ သဘောကျလာပေလိမ့်မည်။

နောက်ပြီး၊ သူ့မှာ ဓားပြတစ်ယောက်၏ ပင်ကိုစရိုက်သာ မရှိခဲ့လျှင် အောင်ပွဲခံအထ်ိမ်းအမှတ် ပစ္စည်းကောင်းတစ်ခုကို ခိုးယူလာခဲ့မှာ မဟုတ်ပေ။

ထိုပစ္စည်းကို တကယ်ကြီး ချန်ထားခဲ့လိမ့်မည်ဟု သူမ မထင်ခဲ့ချေ။

သူမ အဖေက ပစ္စည်းတွေ ဘယ်လောက်တောင် ယူခဲ့တာလဲ။ တော်တော်များများကို လှူပစ်လိုက်ပြီးတာတောင်မှ တချို့တစ်ဝက် ကျန်နေတုန်းပဲ!!

" အဖေရဲ့ လက်နက်တိုက်ထဲကသေတ္တာက ကြီးလား" ရှဲ့ချောင် မနေနိုင်ဘဲ မေးလိုက်၏။

" ကြီးပါတယ်။ လူအများကြီးတောင် ဆံ့လောက်ပါတယ်" အိမ်တော်ထိန်းက လေးလေးနက်နက်နှင့် ခေါင်းညိတ်ပြလိုက်သည်။

"အဲဒါက ဗလာကြီးလား" ရှဲ့ချောင် ထပ်မေးလိုက်သည်။

" ဟုတ်ပါတယ်။ ကျွန်တော် ခေါင်းဆန့်ပြီးတောင် ကြည့်လိုက်သေးတယ်။ အောက်ခြေမှာ သိုးသားရေ ဟောင်းတစ်ခုပဲ ရှိတယ်။ တခြား ဘာမှ မရှိပါဘူး" အိမ်တော်ထိန်းကလည်း ထပ်ပြောပြလိုက်၏။

သိုးသားရေလား?

ရှဲ့ချောင် တစ်ခဏမျှ ချီတုံ ချတုံ ဖြစ်နေခဲ့ပြီးမှ၊ " ကျွန်မကို ပြကြည့်ပါ"

သူမ အဖေသည် အောက်ခံ အနေနှင့် သိုးသားရေ ထည့်ရလောက်အောင် စေ့စပ်သေချာသည့်သူတစ်ယောက်ဖြစ်သည့် ပုံမပေါ်ပေ။ သိုးသားရေကလည်း သူယူလာတဲ့ ပစ္စည်းတစ်ခုဖြစ်နိုင်ပြီး၊ သူ မကြိုက်တာကြောင့်သာ အောက်ခြေမှာ ထားတာဖြစ်မည်။

ရှဲ့ချောင် ဒီလိုတွေးရသည့် အကြောင်းမှာ ဒီမနက်တွင် သူမ စိတ်အခြေအနေကောင်းနေခဲ့ပြီး ရှေ့ရေးကိုလည်း ကြိုတင်တွက်ချက်ကြည့်ခဲ့တာကြောင့်ဖြစ်၏။

သူမ ယနေ့မနက် အိပ်ရာထတဲ့အချိန်၊ သူမ မျက်နှာပေါ် လေတစ်ချက်ဖြတ်တိုက်သွားခဲ့ရာ၊ သူမ မျက်စိမှေးသွားခဲ့သည်။ ဖြာထွက်နေသော ဆေးဖက်ဝင်ရနံ့တစ်ခု သူမဆီကို တိုးဝှေ့လာခဲ့သည်။ နေမင်းသည် တောက်ပနေကာ အဖက်ဖက်

ကနေ အားအင်များ ပြည့်လို့နေသည်။ သူမ မြန်မြန်ပဲ ရှေ့ရေးကို တွက်ချက်ကြည့်လိုက်ရာ၊ ခြောက်သွေ့သောနှစ်အကုန်တွင် နဂါးတစ်ကောင် မွေးဖွားလာခဲ့သည်။ သိုး၏ ဦးချိုနဲ ပေါင်းစပ်လိုက်ချိန်တွင် ၊ ကြွယ်ဝခြင်းနှင့် ရာထူးတိုးခြင်းတို့ ဖြစ်ပေါ်လာသည် ဟူသောရလဒ်ကို ရရှိခဲ့သည်။

ကျောင်းသည် မနက်ဖြန်မှ စမည်ဖြစ်၏။ယနေ့တွင်၊ သူမ အိမ်မှာနေဖို့သာ ပြင်ဆင်ခဲ့ပြီး ဘယ်နေရာကိုမှ မသွားခဲ့ပေ။

ကြွယ်ဝခြင်းနဲ့ ရာထူးတိုးတာက ဘယ်လိုလုပ်ပြီး ကြုံနိုင်မှာလဲ။

သူမ ပဟေဠိဖြစ်နေတုန်းမှာပင်၊ အိမ်တော်ထိန်းက ရောက်ချလာခဲ့လေသည်။သူ ခြံဝန်းထဲကို ခြေချလိုက်သည်နှင့် ယန် စွမ်းအင်တစ်စုက သူ့

ခြေထောက်ပေါ် ကျရောက်လာခဲ့သည်။ အမှောင်စွမ်းအင်သည် နေရာမျိုးစုံက်ု ပျံ့နှံ့သွားခဲ့ပြီး၊ သူ ရပ်လိုက်သည်နှင့် သူ မတ်တပ်ရပ်နေသော နေရာသည် နဂါးရှိသည့်နေရာဖြစ်လေသည်။

သို့ဖြစ်တာကြောင့်၊ ကြွယ်ဝခြင်းနှင့် ရာထူးတိုးခြင်းသည် သူမ အိမ်တော်ထိန်းပြောသည့် အရာကနေ ဖြစ်လာလိမ့်မည်ဟု သူမ ခန့်မှန်းခဲ့သည်။

အိမ်တော်ထိန်းက ရှဲ့ချောင်ကို လက်နက်တိုက်ဆီသို့ ခေါ်သွားပေးခဲ့သည်

သူမ ဒီထဲကို ဝင်တာ ပထမဆုံး အကြိမ် ဖြစ်တဲ့ အတွက် အတော်လေး ကြုံတောင့် ကြုံခဲ့ပင်။

၎င်းဟာ တကယ်ကို ကြီးမားလှသည်။ ၎င်းသည် သော့ပါသော သတ္တုသေတ္တာတစ်လုံးဖြစ်ပြီး၊

ပြုလုပ်ဖို့အတွက် သူမ အဖေ တစ်ယောက်ယောက်ကို ငှားရမ်းခဲ့လောက်သည် ဟု သူမ ခန့်မှန်းလိုက်သည်။ သို့ပေမဲ့၊ အထဲမှာ ဘာတစ်ခုမှ ရှိမနေတာကြောင့် ယခုအချိန်၌ သော့ခတ်ထားခြင်း မရှိခဲ့ချေ။

သေတ္တာမှာ အင်မတန် လေးလံလွန်းသည်။ အိမ်တော်ထိန်းအား သူမကို ကူညီဖို့ ရှဲ့ချောင်တောင်းဆိုခဲ့ပြီး၊ သေတ္တာကို ဖွင့်ဖို့ သူ အားတော်တော်စိုက်ထုတ်လိုက်ရသည်။

ထိုသေတ္တာထဲ၌ တကယ်ကို သိုးသားရေပိုင်းတစ်ခုသာ ရှိနေခဲ့သည်။

ရှဲ့ချောင် ကုန်းလိုက်ပြီး သေတ္တာရဲ့ အောက်ခြေကို မရောက်ခင် သေတ္တာထဲကို ကျလုနီးပါးပင်။

သိုးသားရေမှာ ဟောင်းနွမ်းလွန်းနေပြီဖြစ်သည်။

အပေါ်ပိုင်းတွင် သန့်ရှင်းနေပြီး၊ ဘာတစ်ခုမှ ရှိမနေခဲ့ပေ။

သို့ပေမဲ့၊ သိုးသားရေဟာ ကြီးလွန်းနေခဲ့ပြီး၊ သူရဲ့ ပုံသဏ္ဍာန်မှာလည်း အလွန် ညီညာနေခဲ့သည်။ ၎င်းက နည်းနည်း ထူးဆန်းသည့်ပုံပေါ်နေဆဲ ဖြစ်၏။

ရှဲ့ချောင် သိုးသားရေကို လိပ်လိုက်ပြီး၊ တွက်ချက်မှန်းဆကြည့်ဖို့ အတွက် ယူသွားခဲ့လေသည်။

••••••

All Chapters