← Chapters

အဖိုးမဖြတ်နိုင်သော

Vol. 16 Ch. 281

အဖိုးမဖြတ်နိုင်သော

Vol. 16 Ch. 281

သားရေလိပ်တစ်ခုလုံးကို ဖြန့်ခင်းထားလျက်ရှိပြီး ၎င်း၏အရွယ်အစားမှာ ရှဲ့ချောင်အခန်းထဲရှိ စားပွဲနီးနီး ရှိသည်။ သိုးသားရေကား အလွန်နူးညံ့ပျော့ပျောင်းပြီး အရောင်မှိုင်းကာ ဟောင်းနွမ်းနေဟန်ရှိသည်။

သူမက ၎င်းကို ရေဖြင့်စွတ်ကြည့်လိုက်ကာ ထပ်ကြည့်သည်။

ဘာမှမဖြစ်လာ။ သာမာန် သားရေစ တစ်ခုသာ ဖြစ်သည်။

ထို့နောက် သူမက သားရေစ မီးလောင်မှာစိတ်မပူရလေအောင် ကြေးမီးဖိုဆီ ဂရုတစိုက်သယ်ကာ ကြေးအဖုံးမှတဆင့် အပူပေးလိုက်သည်။

အမှန်တကယ်ပင် သားရေ၌ သံသယဖြစ်ဖွယ်ရာပါရှိနေလျှင် သူမက မီး၊ ရေ သို့ အက်ဆစ်နှင့် အယ်ကာလိုင်းရေကို အသုံးပြုမည်ဖြစ်သည်။ ခါ

တိုင်းလိုပင် သူမဖြေရှင်းနိုင်လိမ့်မည်။

ရှဲ့ချောင်က သေသေချာချာစိုက်ကြည့်နေသည်။

ခဏအကြာ၌ သားရေပေါ်တွင် သဲလွန်စအချို့ရှိနေသည်ကို တွေ့လိုက်ရသည်။

တစ်နှင့်တစ်စ မသိမသာပေါ်လာနေသည်။

သူမအံ့သြမှင်သက်စွာ ကြည့်နေမိသည်။ ၁၅ မိနစ်ခန့် စိုက်ကြည့်ပြီးနောက် ရုပ်လုံးပေါ်လာခဲ့သည်။

၎င်းမှာ မြေပုံတစ်ခုဟုယူဆနိုင်သော်လည်း ရုပ်ပုံမှာအနုစိပ်လှသည်။အနီးကပ်ကြည့်လျှင် အမှန်တကယ်ပင် တိုက်ကြီးပေါ်ရှိ နိုင်ငံပေါင်းစုံနီးပါး ပါဝင်နေသည်။

အထူးသဖြင့် ဝေးလံသည့်နေရာမှ ပြည်နယ်ကြီးများ (သို့) ချိုး နှင့်သုန့်ရဲ့ ပြည်နယ်များကဲ့သို့သော နိုင်ငံကြီးအချို့ကိုလည်း ဂရုတစိုက်နှင့်

သေသပ်စွာရေးဆွဲထားသည်။ မြေပုံ၏နောက်တွင် နိုင်ငံအချို့မှ လူများ၏အကျင့်စရိုက်၊သဘာဝကိုပင် ရေးသားထားသေးသည်။

မြေပုံကြီး၏ ညာဘက်အောက်ထောင့်တွင်၊ လူတစ်ဦး၏အမည် ရှိနေသည်။

ရှဲ့ချောင်တစ်ချက်ကြည့်လိုက်ပြီး လေအေးကို အားပါးတရ ရှုရှိုက်မိလိုက်သည်။

ဤအရာက…

အဖိုးတန်နေသည်!

ယခင်မင်းဆက်ခေတ်၌ ပိုင်လိမိသားစုဟူ၍ ရှိခဲ့ဖူးသည်။ ဤမိသားစုက အထူးသဖြင့် ကျော်ကြားသော တောင်တန်းများနှင့် မြစ်များ အနှံ့ လှည့်လည်ကာ သတင်းကျော်စောသည့်ပန်းချီကားတစ်ချပ်ပြီးတစ်ချပ်ဆွဲတတ်သည်။သူတို့ထံတွင် အနုအစိပ်ဆုံး၊အကြီးဆုံး“ကမ္ဘာ့မြေပုံ”ရှိ

သည်ဟူ၍လည်း ကြားဖူးသည်။

၎င်းအဆိုက ကောလဟာလတစ်ခုမျှသာ။ ယခင်မင်းဆက်၏ နောက်ဆုံးဘုရင်သည် သူ့နာမည်နှင့်အညီ နေထိုင်သော လူမိုက်တစ်ဦးဖြစ်သည်။ ထိုသတင်းကိုကြားလိုက်ရာ၊ ပိုင်လိမိသားစုအား ကမ္ဘာ့မြေပုံကို လွှဲပြောင်းပေးရန် အမိန့်ပေးခဲ့သည်။သို့သော် အဟုတ်ပင် သူတို့တွင် မရှိခဲ့ပေ။

မင်းတရားကြီး၏ အမျက်တော်ရှခြင်းခံလိုက်ရသဖြင့် ပိုင်လိမိသားစု၏ရာဇဝင်မှာ ဇာတ်သိမ်းခဲ့ရလေသည်။

ပိုင်လိ မိသားစုမှာ အမျိုးအဆွေတောင့်တင်းသော်လည်း ၎င်းတို့အားလုံးနီးပါး အသတ်ခံခဲ့ရသည်။ ဤကိစ္စကြောင့် တစ်တိုင်းပြည်လုံး တုန်လှုပ်သွားခဲ့ကြဖူးသည်။ နိုင်ငံတစ်ဝှမ်းမှ တော်လှန်ရေးတပ်များလည်း အချင်းချင်း တိုက်ခိုက်ခဲ့ကြသည်၊၊ထို့နောက် မင်းဆက်များ ပြောင်းလဲသွားခဲ့သည်။

နောက်ပိုင်းတွင် ပိုင်လိမိသားစု၌ သားစဉ်မြေးဆက်များ ရှိနေသေးကြောင်း ကောလာဟလများ ထွက်ပေါ်လာခဲ့သော်လည်း ရန်ကိုရှောင်ရှားရန် အဝေးဆုံးနေရာများသို့ ထွက်ပြေးသွားခဲ့ကြသည်။

ကမ္ဘာ့မြေပုံနှင့်ပတ်သက်၍လည်း အလွန်အံ့ဖွယ်ဖြစ်ကြောင်း ပါးစပ်ရာဇဝင်များ ထွက်ခဲ့သည်။ ကြီးမြတ်သောရတနာတစ်ခုဟု ပြောသည့်သူများပင် ရှိခဲ့သေးသည်။

သူမလက်ထဲက အရာ...

၎င်းက ထိုကမ္ဘာ့မြေပုံဟုတ်နေသည်။

သူမအဖေ... ဘယ်လိုပြောရမလဲ...

သူက အနည်းငယ်ထုံအ သော်လည်း ကံကောင်းလိုက်ပုံများတော့ ကြောက်ခမန်းလိလိ …။

ဤအရာကို တန်ဖိုးဖြတ်ရန် အလို့ဌာ ရွှေငွေကို အသုံးချရမယ်ဆိုလျှင်တောင်…

ယခုအချိန်တွင် ရှဲ့ချောင် ဈေးကို မမှန်းဆတတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ပိုင်လိမိသားစုမှ လူတစ်ဉီးမျှ မပေါ်လာခဲ့။ ၎င်းတို့ အကုန်သေဆုံးသွားသကဲ့သို့ ထိုစဉ်ခါက ပိုင်လိမိသားစုမှ ရေးဆွဲခဲ့သည့်နာမည်ကြီး ပန်းချီကားများကို ထိုဘုရင်အရူးက အကုန်မီးရှို့ခဲ့ခြင်းလည်းဖြစ်နိုင်သည်။

ထို့ကြောင့် ၎င်းက သာမန်ရှုခင်းပန်းချီတစ်ခုဖြစ်လျှင်တောင် ၎င်း၏တန်ဖိုးကား ငွေစထောင်ပေါင်းများစွာဖြင့် ရောင်းထွက်နိုင်သည်။

သို့သော် ဤအရာကား…

တစ်ခုတည်းသော “ကမ္ဘာ့မြေပုံ” ဖြစ်ပြီး ၎င်းကိုပြုလုပ်ရန်တွက်ပင် အနှစ် ရာဂဏန်းမျှ အချိန်ကုန်ခဲ့ပေလိမ့်မည်။လိုအပ်သော လုပ်အားကား မိသားစုတစ်ခုလုံးရှိမျိုးဆက်များ ၏ ကြိုးစားအားထုတ်မှုဖြစ်ပြီး မိသားစုဝင်အများစုမှာ ကျော်ကြားသော ပညာရှင်များ ဖြစ်ကြသည်။

ဘယ်လောက်တန်မလဲ။

အဖိုးမဖြတ်နိုင်ပေ။

သို့သော်၊ ဤအရာကား ရှဲ့မိသားစုအတွက်တော့ အသုံးမဝင်ပေ။ ရောင်းမထွက်နိုင်ပေဘူးလေ။

ပထမဆုံးအချက်က မည်သူမှ မတတ်နိုင်ကြ။ ဒုတိယအချက်က မည်သူမှ မဝယ်ရဲကြ။ ဝယ်ဝံ့သောသက်ဦးဆံပိုင်ဘုရင်မှလွဲ၍ အခြားမည်သူမဆို လက်ထဲတွင်ကိုင်မိလျှင်တောင် ဘုရင်မင်းတရားကြီး၏မျက်နှာတော်ကို ပါးတက်ရိုက်သည်နှင့်တူနေပေလိမ့်မည်။

ဤအရာအတွက် ယခင်ဧကရာဇ်မင်းက ၎င်း၏ မင်းဆက်ကို စွန့်လွှတ်ခဲ့ရသည်။ ထို့ကြောင့် ဤပစ္စည်းကို ကိုင်ဆောင်သူတိုင်း ဆက်သရပေလိမ့်မည်။

ရှဲ့ချောင်က သိုးသားရေစာလိပ်ကို တည်ငြိမ်စွာ ဖယ်လိုက်သည်။

ထိုအချိန်တွင် ရှဲ့နျိုရှန်း ပြန်ရောက်လာသည်။

ဒေါသထွက်ပုံပေါက်နေသဖြင့် သူစိမ်းများကသူ့ကို မချဉ်းကပ်ရဲကြပေ။

သို့သော် သူပြန်ရောက်လာသည်နှင့် သူ၏လူများကို လာပြန်ခေါ်ပုံရသည်။ အိမ်တော်ထိန်းက ရှဲ့ချောင်ထံ အမြန်ပြေးပြီး "သခင်မလေး၊ ကျေးဇူးပြုပြီး သခင်ကြီးကို တားပေးပါဦး! မုန့်အိမ်တော်ကို ပစ္စည်းတောင်းဖို့သွားတော့မယ်တဲ့!"

•••••••

All Chapters