← Chapters

အရှုံးပေါ်စေခဲ့သောစီးပွားရေး

Vol. 16 Ch. 282

အရှုံးပေါ်စေခဲ့သောစီးပွားရေး

Vol. 16 Ch. 282

အိမ်တော်ထိန်း စကားကြားလိုက်ရာ ရှဲ့ချောင် သီးမတတ်ပင်ဖြစ်သွားသည် ။

အဖေ အလန့်တကြား တစ်ခုခုကိုသိလာသည်ဖြစ်ရမည်။

သို့သော် ရှဲ့ချောင် သူ့ကို မသနားသင့်ပေ။ သူ့

လက်နက်တိုက်ရှိ ပစ္စည်းများကို ရံဖန်ရံခါတောင် မစစ်ဆေးခဲ့သည် မဟုတ်လား။ လုံ့လစိုက်ထုတ်ခဲ့မည်ဆိုလျှင် ထိုအရာများ သူတစ်ပါးလက်ထဲ ပါသွားမည်မဟုတ်ပေ။

ထိုသို့တွေးနေမိသော်လည်း သူက သူမ၏ဖခင်ဖြစ်နေသည်။

လျစ်လျူရှုရုံနှင့် မရပေ။ ဒေါသထွက်လျက်သားနှင့်လည်း မထားခဲ့နိုင်။

ရှဲ့ချောင် အဝတ်အစားလဲပြီး ခြံရှေ့ကို ချက်ချင်းထွက်လာလိုက်သည်။

ရှဲ့နျိုရှန်းက သူ့လူတွေကိုစုပြီးနေပြီ ဖြစ်ပြီး တံမြက်စည်း တစ်ချောင်းစီ တောင်ပေးထားသေးသည်။ ပြသနာရှာတော့မည်ဖြစ်ကြောင်း သိသာသည်။

“အဖေ၊” ရှဲ့ချောင်၏ မျက်နှာသည် ဖြူဖျော့နေပြီး တုန်ရီစွာ ခေါ်လိုက်သည် “လူ သတ်မလို့လား”

ရှဲ့နျိုရှန်းက ထိုစကားကိုကြားစဉ် ခဏတာ အပြစ်ရှိသလိုခံစားလိုက်ရပြီး "မဟုတ်ဘူး၊ ပစ္စည်းသွားတောင်းမလို့..."

"ဘယ်သူလဲ ဘယ်သူယူသွားလို့လဲ" ရှဲ့ချောင်၏အသံမှာ ပျော့ပျောင်းနေသည်။

ရှဲ့နျိုရှန်းမှာ တည့်ပြောဖို့ လည်း ရှက်နေသည် ။

ရှဲ့ချောင်က ရုတ်တရက် ပြုံးလိုက်ပြီး "ဒါတွေ ဖယ်ခိုင်းလိုက်ပါ။ တံမြက်စည်းတွေ အများကြီးပဲလေ။ ဘာကို ရှင်းချင်တာလဲ အဖေက၊ တစ်ခုခု ပျောက်သွားတယ်လို့ ကြားတယ်။"

ရှဲ့နျိုရှန်း အိမ်တော်ထိန်းအား စူးစူးရဲရဲ စိုက်ကြည့်နေသည်။

အိမ်တော်ထိန်းမှာ အပြစ်သားကဲ့သို့ ခံစားနေရသဖြင့် ခေါင်းကို ငုံ့ထား၏။

"ဘာလို့ သူ့ကို စိုက်ကြည့်နေတာလဲ။ ဖျောက်လိုက်တာက အိမ်တော်ထိန်းမို့လို့လား” ရှဲ့ချောင်က အေးဆေးတည်ငြိမ်စွာပြောပြီး ရှေ့သို့ထွက်ကာ ရှဲ့နျိုရှန်းဘေးမှ မြင်းကိုအသာအယာ ပုတ်လိုက်သည်။ မြင်းကချက်ချင်းပင် သူမ၏လက်၌တိုးဝှေ့နေသည်။ အလွန်သိတတ်လိမ္မာသော မြင်းဖြစ်သည်။ ရှဲ့ချောင်က အေးဆေးစွာဖြင့် " ပစ္စည်းက ပေးပြီးရင် အဲ့လိုပြန်တောင်းလို့မရဘူးလေ။ အဖေက ယောက်ျားပါ။ သမာဓိမရှိရင် သိက္ခာရှိရှိဘယ်လိုနေမှာလဲ။”

“ဒီပစ္စည်းကို သခင်မလုပေးခဲ့ရင်တောင် သူက အဖေ့ဇနီးဖြစ်နေလို့ ဒီကိစ္စက အဖေတာဝန်ပဲ။ ဒီမြင်းလည်း ပင်ပန်းနေပြီ…ပေးနားလိုက်ပါအဖေ" ရှဲ့ချောင်က အသက်တစ်ဝရှုကာ အေးဆေးပြောခြင်းဖြစ်သည်။

ရှဲ့နျိုရှန်းကရှဲ့ချောင်ကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေသည်။ ရှက်ရွံ့နေပေမယ့် “ဒီရွှေလင်းယုန်က အရမ်းတန်ဖိုးရှိတယ်၊ မုန့် မိသားစုကို အလကားပေးလို့မရဘူးသမီး…”

"သူတို့ကို အလကားပေးလို့မရဘူး ဟုတ်လား" ရှဲ့ချောင်က သက်ပြင်းချလိုက်သည်"သမီးတို့အတွက် သူတို့လုပ်ပေးစရာရှိသေးတယ်လေအဖေ..အဲ့ဒါကိုသွားယူဖို့ပဲလိုတယ်။"

အခြေအနေတစ်ခုကို အပေးယူအနေနှင့် ပြန်ရနိုင်သော်လည်း ၎င်းကိုတော့သူ ပြန်မရနိုင်ပေ။

ပြန်လိုချင်လျှင်တော့ သူတို့ဘက်ကလည်း လိုလိုလားလားပြန်ပေးချင်အောင် လုပ်ရပေလိမ့်မည်။

သူမစကားကြားပြီးနောက် ရှဲ့နျိုရှန်းက ဇက်ကြိုးကို ချက်ချင်းပစ်ချလိုက်သည်။

“သမီးကြီး၊ ဒါဆို သူတို့လိုချင်တာကို မေးကြည့်ရအောင်။ တန်ဖိုးက ငွေ၃၀၀၀၀ကနေ ၄၀၀၀၀ကြားလောက်တော့ရှိမယ်။မဟုတ်ရင် အဖေသေချာတောင်အိပ်ပျော်မှာမဟုတ်ဘူး!” ရှဲ့

နျိုရှန်းသည် အမှန်တကယ်ကို အရှုံးပေါ်မည့်စီးပွားရေးကို မလုပ်ချင်ပါ။

သွားပြီး အကြွေးတောင်းလျှင်မရနိုင်ကြောင်း သူသိသည်။

ရှဲ့ချောင်လာမတားလျှင်တောင် သူ့တပည့်များကို လမ်းလျှောက်ထွက်ရုံသာ ခေါ်သွားရမည်ဖြစ်သည်။

မုန့်မိသားစုက သူ့ကိုမပတ်သက်ချင်အောင် အိမ်တံခါးရှေ့သို့သွားပြီး အဆင့်မရှိဟန်ဆောင်ရမည်လား။ဒါဆိုရင် ပစ္စည်းပြန်ပေးမည်လား သူမသိ။

မင်းသားမိသားစု၏မျက်နှာကို အိုးမည်းသုပ်ဖို့သူ့ထံ စိတ်ကူးမရှိပေ။

ရှဲ့နျိုရှန်းက ချက်ချင်းပင် တပည့်များကိုပြန်ခိုင်းလိုက်သည်။

ထို့နောက် ရှဲ့ချောင်ကို ခန်းမထဲခေါ်လာပြီး ထိုင်

လိုက်သည်။

“မုန့်မိသားစုထဲက လူကြီးက အောင်သွယ်တဲ့နေရာမှာတော်တယ်လို့ ကြားဖူးတယ်။ အဖေက သခင်မလုကိုလည်း နှင်ချထားတော့ အိမ်ကို စောင့်ရှောက်ဖို့ လူလိုတယ်။နောက်ပြီး အစ်ကိုကြီးလည်း ရှိတယ်။ သူဆိုအသက်နှစ်ဆယ်ထဲတောင်ဝင်နေပြီ…သူအချစ်ရေးရော လက်ထပ်ဖို့ကိစ္စကလည်း ဘာမှမထူးတော့လေ... မုန့် မိသားစုကို အဖေကနေတစ်ယောက်ယောက်ဆီ စကားပါးပြီး.. သခင်မကြီးကိုအကူအညီတောင်းမလားလို့လေ။ အဆင်ပြေတယ်မလားအဖေ” ဟု ရှဲ့ချောင်က ပြောသည်။

"လက်ထပ်မယ်?!" ရှဲ့နျိုရှန်းကြက်သီးထသွားသည်။” ခုပဲ ဖြုန်းတီးတဲ့သူကို နှင်ချလိုက်တာကို အခု ထပ်ပြီးအိမ်ထောင်ပြုရမှာလား ။အခုချိန်မှာ အိမ်ထောင်ရေးအတွက် မိသားစုမှာ အပိုငွေ လည်းမရှိဘူး။ မဖြစ်ဘူး မဖြစ်ဘူး မဖြစ်ဘူး။

“လက်ထပ်ချင်ရင် လူအရင်ရှာ နောက်ပြီးသူက

ရော ဘယ်လိုမျိုးလဲလေ့လာ….မုန့်မိသားစုသခင်မကြီးက ဒီတာဝန်ကို ယူရဲ့ပါ့မလားတောင် မသိဘူးလေ…သခင်မလုနဲ့လည်း ကွဲထားတာ မကြာသေးဘူး။ ကြားလို့လည်းမကောင်းသေးဘူး။ဘယ်သူ့ကိုပဲ မိတ်ဆက်ပေးပေး မုန့်သခင်မကြီးက သူမိန်းမပျိုလေးတွေကို ဒုက္ခပေးတယ်ပဲထင်နေမှာ…ဘာလို့သဘောတူမှာလဲ။ဒါပေမယ့် တွေးကြည့်တော့လည်း သူအခက်တွေ့အောင် လုပ်နေတာမျိုးတော့ မဟုတ်ပါဘူး…သူမကူညီရင် အဓိပ္ပာယ်မရှိဘူးလေ…ရွှေလင်းယုန်ကို ပြန်မပေးပဲ အဖေ့ကိုရှောင်နေရင် ဘယ်လိုလုပ်မလဲ.. ဘယ်သူသိမှာလဲ အဖေ့ဆီကို တောင်းပန်လက်ဆောင် ဘာညာတောင် ပို့ချင်ပို့ဦးမှာနော်။”

•••••••

All Chapters