← Chapters

တရားမျှတစွာဖြင့်လုယက်ခဲ့သည်

Vol. 16 Ch. 283

တရားမျှတစွာဖြင့်လုယက်ခဲ့သည်

Vol. 16 Ch. 283

တောင်းပန်လက်ဆောင်များအကြောင်း ကြားသောအခါ ရှဲ့နျိုရှန်း၏ မျက်လုံးများ တောက်

သွားသည်။သို့သော် “ဒီကိစ္စကဖေဖေတို့ မိသားစုက မတရားလုပ်လိုက်တာလေ အဲ့လိုတောင်းပန်တာတွေကကျတော့ လက်ခံလို့ မကောင်းဘူးလားလို့…”

မုန့်မိသားစုမှာ…. နန်းတွင်းမှကိုယ်လုပ်တော်မိသားစုဖြစ်ပြီး၊ စတုတ္ထမြောက်မင်းသား၏ ပြင်ပမိသားစုဖြစ်သည်။ထို့အတွက် တန်စိုးလက်ဆောင်များက မနည်းမနောဖြစ်လိမ့်မည်!

ရှဲ့ချောင်က သူ့အားမျက်စောင်းထိုးလိုက်သည်။

'ဘာလို့ အားနည်းတဲ့ ယုန်လေးပုံဟန်ဆောင်နေတာလဲ'

ရှဲ့နျိုရှန်းက ကျယ်လောင်စွာရယ်မောလိုက်ပြီး "ဟုတ်ပါပြီ..ငါ့သမီးလေးရယ်.. သမီးပြောတဲ့

အတိုင်းပဲ လုပ်ကြမယ်…ဒါပေမယ့် အဲ့သခင်မကြီးက အောင်သွယ်ကောင်းတယ်လို့ ဖေဖေဘာလို့ မကြားဖူးရတာလဲ”

"သမီးလည်း မကြားဖူးဘူး" ရှဲ့ချောင်က အတည်ပေါက်ဖြေသည်။

‘သူ့ဟာသူ အောင်သွယ်ရတာကြိုက်တော့လည်း ဘာဖြစ်လဲ…ရှဲ့အိမ်တော်က အပိုလုပ်ပြနေသရွေ့ အဆင်ပြေနေမှာပဲလေ။

ရှဲ့နျိုရှန်းက သူ့သမီးကို လှမ်းကြည့်လိုက်ပြီး သူ့သမီးကြီးက အလွန်လိမ္မာပါးနပ်သည်ဟု ခံစားမိသည်။သူမ၏ ရှုပ်ထွေးပွေလီသော ဒေါသကား သူနှင့် လုံးဝမတူ။ ယုတ္တိဆန်စွာပြောရလျှင် ထိုသို့သောလူများနှင့်ဆက်ဆံရန် အကြောက်ဆုံးဖြစ်ခဲ့သော်လည်း၊ သူ့သမီး၏နူးညံ့သိမ်မွေ့ပြီးပျော့ညံ့သောအသွင်ကြောင့် သူအကောင်းမြင်

နိုင်သည်။

စကားအနည်းငယ်ပြောရုံဖြင့် သူ့ဒေါသပြေတတ်သည်။

“သမီး၊ သမီးရဲ့ ဦးလေးတွေက သိပ်ကြောက်ဖို့ကောင်းတယ်… ဒီလောက်အဖိုးတန်ပစ္စည်းတွေကို ဖေဖေကပေးလိုက်တာတောင် ၊ သူတို့က ဖေဖေ့ကိုပြန်မပေးချင်ဘူး!” ရှဲ့နျိုရှန်းက ခါးသီးစွာ ညည်းညူလိုက်သည်။

ရှဲ့ချောင်၏ အကြည့်က ရှဲ့နျိုရှန်းဆီသို့ ရောက်သွားသည် ။

ရှဲ့နျိုရှန်းကချောင်းဟန့်လိုက်ပြီး ခိုကိုးရာမဲ့စွာပြောရှာသည်။ “အဖေ ဓားပြဖြစ်တုန်းက သူများပစ္စည်းတွေကို လုခဲ့တယ်နော်။ ခုချိန် ပြန် လာ

တောင်းရင်ပေးမှာလား။”

"ဘယ်ပေးမလဲ။ တရားမျှတစွာနဲ့ လုထားတာလေ ဘာလို့ပြန်ပေးရမှာလဲ!” ရှဲ့နျိုရှန်းက မျက်ထောင့်နီဖြင့် ကြည့်လိုက်သည်။

ရှဲ့ချောင်က ရယ်မောလိုက်ပြီး "သခင်မလု ကိုယ်တိုင်ပို့လိုက်တဲ့ ပစ္စည်းတွေက အဖေလုယက်ထားတဲ့ ပစ္စည်းတွေထက်စာရင်တော့ တော်ပါသေးတယ်။သူတို့ကရော ဘာလို့ပြန်ပေးရမှာလဲ"

“မတူဘူးလေ အဲ့တုန်းက အဖေကဓားပြမို့လို့ ဓားပြအလုပ်လုပ်တာလေ..ခုအဖေတို့က ညီအကိုတွေလေ ၊ ဒါတောင် အဖေတို့က ကွခြားနေတာလား ? အဖေလိုချင်ရင် ပြန်ပေးရမယ်!" ရှဲ့နျိုရှန်းကပြန်ငြင်းသည်။

ရှဲ့ချောင်ကား သူမ၏ ကံကြမ္မာဆိုးသည် ရှဲ့နျိုရှန်း၏ ယုတ်မာရက်စက်မှုများကြောင့် ဖြစ်လာရ

ခြင်း ဖြစ်နိုင်သည်ဟု ရုတ်တရက် ခံစားမိလိုက်သည်။

ရှဲ့မန်ရှန်း နှင့် ရှဲ့ချုံရှန်း တို့မှာ လူကောင်းများမဟုတ်ကြသော်လည်း သူမ၏ဖခင်သည်လည်းထူးမခြားနားပါ။

သူတို့အကုန်လုံးတူနေသည်ကို… မကဲ့ရဲ့သင့်ပေ။

“အဖေ၊ ဓားပြဖြစ်တုန်းကလေ လူတွေကို မြင်းတွေလို့သဘောထားပြီး သတ်ခဲ့သေးလား။” ရှဲ့ချောင်က စိတ်ဝင်တစား မေးသည်။

တောင်ပေါ်စခန်းမှဓားပြမှုအကြောင်း အဖေနှင့်သားနှစ်ယောက်စလုံးက သူမကို တစ်ခါမှမပြောပြဖူးသဖြင့် သူမသိပ်မသိပါ။

"မဟုတ်သေးဘူးသမီး။ လူသာသေရင် လူတွေကညည်းမှာပေါ့ ဒါဆိုအစိုးရက ဓားပြတွေကို နှိမ်နင်းမှာပေါ့” ဟု ရှဲ့နျိုရှန်းကပြောလိုက်သည်။ “တောင်ပေါ်မှာ မြေရှိတယ်။ ညီအစ်ကိုတွေ အဲ့မှာ စားဖို့ စိုက်ပျိုးကြတယ်။ရိက္ခာ အလုံအလောက်ရှိခဲ့တယ် ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အဲ့တောင်ကို တို့ ညီအစ်ကိုတွေက ဝန်းရံထားတာလေ။ အဖေတို့တောင်တန်းရဲ့ ဂုဏ်သိက္ခာတွက်တော့ ဖြတ်သွားဖြတ်လာတွေက တစ်ခုခုချန်ထားခဲ့ရမှာပဲ။ အဖေတို့ ငြိမ်နေရင် တခြားရွာတွေက အဖေတို့ကို ဇွတ်တရွတ်တွေလို့ ထင်နေမှာပေါ့”

အတိအကျ ပြောရလျှင် ကိုယ့်လုပ်သည့်အလုပ်နှင့် ဝါသနာထပ်တူကျခဲ့သလိုပေါ့။

ထို့အပြင် လုပ်ငန်းခွင် ပြိုင်ဆိုင်မှုများလည်း ရှိခဲ့သည်။

ဓားပြ အများပြားရှိခဲ့သည်။ သူတို့နယ်မြေအတွက် မတိုက်ယူလျှင် အခြားသူများရောက်လာကြလိမ့်မည်။လူတိုင်း ဓားပြတွေဖြစ်ခဲ့ကြသည်။ ဓားပြများထဲတွင် တစ်ယောက်တည်း အကောင်းလွန်ပြီး ကြင်နာလွန်းပါက အခြားသူများ၏ အနိုင်ကျင့်ခြင်းကို ခံရလိမ့်မည်။

သေလုမြောပါးဖြစ်ကြတော့မှ ညီအစ်ကိုများက ထိုတောင်ပေါ်စခန်းသို့ ဝင်ခဲ့ကြခြင်းဖြစ်သည်။ ရှင်သန်ဖို့အတွက် သူတို့ထံရွေးချယ်စရာမရှိချေ။

အဓိကလိုအပ်ချက်မှာ ပစ္စည်းဥစ္စာခိုးယူရန်ဖြစ်သည်။ လူသတ်ရန်တော့ မလိုအပ်။ နောက်ဆုံးမှာတော့…

အသက်မွေးဝမ်းကြောင်းအတွက် လူများကို အားကိုးရသည်။ သို့သော်လူများသည် မကြာခဏသေတတ်သည်မို့ မည်သူကစည်းကျော်ဝံ့မည်

နည်း။

ရှဲ့ချောင်က သက်ပြင်းချလိုက်သည်။ "လူတွေရဲ့ ပစ္စည်းတွေကို လုရမယ်ဆိုရင်တောင် ဒါကတော့ မမှန်ဘူးလေ။ ဘယ်မိသားစုရဲ့ ပိုက်ဆံက သစ်ပင်ပေါ်မှာ ပေါက်နေလို့လဲ။ ကံကောင်းထောက်မလို့ သာ အဖေ့ဆီမှာ စွမ်းဆောင်ရည်ကျန်နေသေးတာ။ အဖေက လူရိုင်းတွေကို သတ်ပြီး လှူတာတွေလုပ်ခဲ့လို့… မဟုတ်ရင်... အဖေတော့မလွယ်ဘူး"

ယုတ်မာသည့် ဓားပြများက နောက်ဘဝတွင် ဘယ်လို ပြန်ဝင်စားနိုင်မည်လဲ။

••••••

All Chapters