ယူသွားပြီးရောင်းလိုက်
Vol. 16 Ch. 284
ရှဲ့ချောင်က သူမဖခင်၏သိက္ခာကို ပြန်လည်ဆယ်ယူရန် မလိုအပ်ပေ၊ အဘယ်ကြောင့်ဆို
သော် ဆယ်ယူစရာပင် မရှိသောကြောင့် ဖြစ်သည်။
အစကတည်းက ဓားပြဖြစ်ခဲ့သောကြောင့်ဘာမျှ ဖုံးကွယ်ထားစရာမရှိပေ။
“တခြားပစ္စည်းတွေကို အဖေပြန်မရလောက်တော့ဘူး… အထူးသဖြင့် အဖေ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဆီကနေပေါ့.. ပေးပြီးသားဆိုတော့ အဲဒါကို ပြန်မစဉ်းစားနေနဲ့တော့။ ဒါပေမယ့် သခင်မလုကိုတော့ လုပ်လို့ရတာရှိတယ်…” ရှဲ့ချောင်သက်ပြင်းချလိုက်ပြီး ခဏအနားယူပြီးနောက်ပြောသည် “ကွာရှင်းတဲ့ကိစ္စ လုမိသားစုဆီပေါက်အောင်ဖြန့်ရမယ်။ သူတို့ကို စစ်လားဆေးလားလုပ်ဖို့ လူတစ်ယောက်လွှတ်ပါဖေဖေ။ သူက ပါးနပ်ပြီး ကောက်ကျစ်တဲ့သူ ဖြစ်ရမယ်…သခင်မလုက သူ့မိသားစုအုပ်လိုက်ကြီးကို ထောက်ပံ့ပေးနေတာလို့ ပြောခိုင်းပါ … အဟွတ်..အဟွတ်… လုမိသားစုဘက်က မျက်နှာအပျက်မခံနိုင်ရင် အနည်းဆုံးတော့ သခင်မလုပေးလိုက်တဲ့ပစ္စည်းတစ်ဝက် ပြန်လာပေးလောက်တယ်”
လုမိသားစုတွင် မျိုးဆက်သစ်များ ရှိလိမ့်မည်။ သူတို့၏အမည်….ဂုဏ်သတင်းနှင့် အနာဂတ်အတွက် ဤအရာအားလုံးကို သိမ်းထားဝံ့မည် မဟုတ်ချေ။
“ဟုတ်တယ်! သမီးမှန်တယ်။ အဖေချက်ချင်းလုပ်ခိုင်းလိုက်မယ်!" ရှဲ့နျိုရှန်းက အလွန်ပျော်သွားပြီး ပေါင်ကိုပင်အားပါးတရရိုက်လိုက်သေးသည်။
“အဖေ၊ မနေ့ကတင် ဆေးကုန်သွားပြီ။ သမီးအတွက် ဝယ်ခိုင်းပေးပါလား " ရှဲ့ချောင်ကပြောကြည့်လိုက်သည်။
အမှန်က ဆေးအချို့ ကျန်သေးသည်၊ တစ်လစာပင် လုံလောက်ပါသေးသည်။
သို့သော် သူမကအဖေအား စိတ်ပူအောင် လုပ်ချင်သည်။
သေချာပေါက်၊ ရှဲ့ချောင်ပြောပြီးသည်နှင့် ရှဲ့နျိုရှန်းတစ်ယောက်အပြုံးပျောက်ကာ လူကြီးတစ်ယောက်အသွင်ဆောင်သွားပြီး"ဟုတ်ပြီသမီးလေး! အကောင့်ထဲက ပိုက်ဆံထုတ်ဖို့ ပါ အိမ်တော်ထိန်းကို အဖေပြောလိုက်မယ်!”
ရှဲ့ချောင်က အောင်နိုင်သူအပြုံးနှင့် ကျေနပ်စွာ သူမအိမ်ခြံဝင်းထဲသို့ ပြန်သွားသည်။
သူမထွက်သွားသည်နှင့် ရှဲ့နျိုရှန်းက အိမ်တော်ထိန်းအား စိုက်ကြည့်ကာ "ငါတို့ အကောင့်ထဲကငွေစာရင်းပြန်ရှင်းပြီးပြီလား?"
“ဟုတ်ကဲ့ သခင်ကြီး။ ရထားခနဲ့ အချိုရည်ဖိုးက
အစ ဘာမှ မကျန်တော့ပါဘူး…” ဘဏ္ဍာစိုးက အခက်တွေ့နေသည်။
ရှဲ့နျိုရှန်းသည်လည်း အထိတ်တလန့်နှင့် ဒေါသထွက်နေသည်။ သူခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် ရုတ်တရက်သတိရသွားသည်။ “ဖင်းကန်းရဲ့ ခြံထဲကိုသွား သူဟိုနေ့ကဝယ်ထားတဲ့ လှံကြီးရှိတယ်…ရောင်းလိုက်!"
အိမ်တော်ထိန်း၏ရင်တစ်ခုလုံး ကြောက်ရွံ့မှုကြောင့်တုန်လှုပ်သွားသည်။
“သူ့ညီမတောင် ဆေးဝယ်ဖို့ အနိုင်နိုင်ကို ဒင်းကဘာလုပ်ဖို့ လှံကြီးနဲ့ ကမြင်းနေမှာလဲ… သူ့မှာ ဘာလက်နက်မှ မရှိနေတာလည်းမဟုတ်ဘူး!" ရှဲ့နျိုရှန်းက ပြောသည်။
ရှဲ့ဖင်းကန်း၏လှံမှာ ထူးခြားသည်။ မြို့တော်မှ နာမည်ကြီး ပန်းပဲဆရာက ထုဆစ်ထားခြင်းဖြစ်သည်။ လှံကား ငွေရောင်တောက်ပြီး အသွားက ထက်သည်။ ဤကဲ့သို့သော အံ့မခန်းလက်နက်မဖြစ်ခင် ၎င်းကို အကြိမ်မည်မျှ ထုရိုက်ခဲ့ရကြောင်းကို မသိနိုင်ပေ။ အလွန်လည်း ဈေးကြီးသည်။
ဤသားကြီးက သူနှစ်သက်သော လက်နက်များ ဝယ်ရခြင်းကိုနှစ်သက်သည်။
သူ့ထံတွင် လက်နက်မျိုးစုံရှိသည်။ လက်နက်တိုက်ရှိ အရာအားလုံးနီးပါးကို သူဝယ်ထားခြင်းဖြစ်သည်။ သို့သော် ထိုလက်နက်များကိုသူရိုးနေပြီဖြစ်ပြီး..အလှထားနေခြင်းသာဖြစ်သည်…သို့သော်ထိုလှံကတော့မတူ!
“သခင်ကြီး၊ ဒီလိုအလုပ်မျိုး ကျွန်တော့်လို လူရိုး
လေးက မလုပ်ရဲပါဘူး…” အိမ်တော်ထိန်းမှာ ချွေးတွေဝေ့လျက်ပြောရှာသည်။
ဤမိသားစုက သူ့ကိုဝယ်ထားရတဲ့ထိ သူ့ဘဝကဘာလို့ ဒီလောက်သနားစရာကောင်း နေရတာလဲ!
နေ့တိုင်း အလုပ်လုပ်ဖို့အတွက် လိုသည်ထက်ပိုကြောက်နေရသည်။
"ငါကိုယ်တိုင်သွားလိုက်မယ်" ရှဲ့နျိုရှန်းကဂုဏ်ယူနေသည်။
သူ့ပစ္စည်းများ ဆုံးရှုံးသွားသော်လည်း ထိုကလေးက သူ့ကို လှောင်ပြောင်နေသေးသည်။မဖြစ်သင့်ဘူး၊ သူတန်ဖိုးထားသည့်အရာကို ဆုံးရှုံးလိုက်ရသော ခံစားချက်ကို သူပါ သိသင့်သည်။
ရှဲ့နျိုရှန်းက သူပြောထားသည့်အတိုင်း ရောင်းလိုက်သည်။ အိမ်တော်ထိန်းကိုပင် ဝင်မပါဖို့ပြောလိုက်သေးသည်။ သူက ထိုလှံကိုကိုင်ကာ သူ၏လုပ်ဖော်ကိုင်ဖက်ကိုပင် လိုက်ရှာနေသေးသည်။
သူက စစ်တပ်မှအရာရှိများစွာနှင့်သိပြီး ဤအရာကို စစ်စခန်းမှ လူအများက စိတ်ဝင်စားကြသည်။ စျေးနှုန်းခပ်မြောက်မြောက်ဖြင့် တိုက်ရိုက်လေလံတင်ခဲ့သည်။
ငွေစ ၄၀၀ ကျော်မျှတောင်ရရှိခဲ့၏။
ငွေစကို အပိုဝင်ငွေအဖြစ် သတ်မှတ်ခဲ့သည်။ ပေါပေါလောလောပင်သုံးစွဲလိုက်ပြီး ဆေးဖက်ဝင်အပင်များနှင့် အားဆေးများကို ဝယ်ကာရှဲ့ချောင်ကို ပေးလိုက်သည်။
သူ့အဖေပေးသမျှ၊ ရှဲ့ချောင်ယူမည်ပင်။
သူမကဆေးရပြီးသည်နှင့် ချက်ခြင်းကြိုလိုက်သည်။ထို့နောက် ရွှေသတ္တုပါးဖြင့် ရောစပ်ပြီး ဆေးလုံးများတစ်လုံး ပြီးတစ်လုံး လုံးလိုက်သည်။
သို့သော် ညနေဖက် ရှဲ့ဖင်းကန်းပြန်ရောက်လာသည်နှင့် ရှဲ့ မိသားစုတွင် ပြဿနာအကြီးကျယ် ဖြစ်ကြတော့သည်။
အလွန်ကြီးသော ရန်ပွဲပင်။
ခြံဝင်းထဲတွင် ရှဲ့ဖင်းကန်းက ဓားကြီးတစ်ချောင်းကိုင်ကာ သူ့အဖေကို ခုတ်သတ်လုနီးပါးပင်ဖြစ်နေသည်။
ကံမကောင်းစွာပင် ရှဲ့ချောင်က၎င်းကိုမမြင်လိုက်ရချေ။
ရှဲ့နျိုရှန်းကို ပြန်တွေ့သည့်ခါ၌ သူမအဖေ၏ ခါးမှာ ပတ်တီးများပိုထူနေပြီး သွေးများ တဖွဲဖွဲကျနသည်ကိုသာ သူမသိလိုက်ရသည်။
•••••