← Chapters

ဆုံးရှုံးခဲ့တာအတွက်ပေးချေမှု

Vol. 16 Ch. 285

ဆုံးရှုံးခဲ့တာအတွက်ပေးချေမှု

Vol. 16 Ch. 285

ရှဲ့ချောင်က သူမဖခင်နှင့် အစ်ကိုဖြစ်သူ၏ ကြမ်းတမ်းသောအပြုအမူကြောင့် စိုးရိမ်နေခဲ့ကာ အဆောင်များကို အသေအချာ ယူဆောင်လာခဲ့သည်။

သူမ အဆောင်များကို ဖယ်ထားခဲ့သည်မှာ ခေတ္တမျှသာ။ သို့ပေသည့် သူမ ဖခင်၏ ကံက အလွန်နိမ့်သွားခဲ့လေသည်။

ဤအတိုင်းသာဆက်သွားနေလျှင်.. သူ့အသက်ကိုပင် ဆုံးရှုံးသွားနိုင်သည်။

“အဲဒီငကြောင်ကောင်ကို ငါမရှုံးလာပါဘူး။ ကံတရားကြီးက ငါ့ဘက်မပါရုံ။ ရန်ဖြစ်နေရင်း ခြေထောက်တွေ ရုတ်တရက် ကိုက်လာလို့ပေါ့ကွာ အဲဒီကောင်လို မဖြစ်စလောက်က ငါ့ကို အနိုင်ပိုင်းနိုင်လိမ့်မယ်လို့ထင်နေတာလား ဟား!" ရှဲ့နျိုရှန်း သည် သူ၏ဂုဏ်သိက္ခာကိုဆယ်မည်ဟု စိတ်ပိုင်းဖြတ်ထားဆဲဖြစ်သည်။

ရှဲ့ချောင်မှာ ပို၍ပင် အပြစ်ရှိသလို ခံစားလိုက်ရ၏။

သူမ အဆောင်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။

“မနက်စောစောလောက် မုန့်မိသားစုဆီ စာပို့ဖို့ လူတစ်ယောက်လွှတ်ထားတယ်။ မင်္ဂလာသတင်းနဲ့ပတ်သက်ပြီး သိပ်မကြာခင် ပြန်စာလာလိမ့်မယ်။ ကျောင်းကိုသာသေချာသွား… ကျန်တာ စိတ်ပူစရာမလိုဘူး!" ရှဲ့နျိုရှန်း က ဆက်ပြောလိုက်သည်။ စကားပြောနေရင်း ရုတ်တရက်ရှုံ့မဲ့သွားရာ ဒဏ်ရာကို မတော်တဆခိုက်မိသွားပုံရသည်။

ရှဲ့ချောင်က သိတတ်စွာ ခေါင်းညိတ်လိုက်ရင်း ပြုံးပင်ပြခဲ့သေးသည်။

သူ့အဖေက သူ့ကြောင့် ကံမကောင်းသည်ဟုသာ သိလိုက်လျှင် သူမကို ဓားနှင့်များခုတ်သတ်မည်လားမသိ။

ရှဲ့ချောင်က ကြောက်လန့်ပြီး ရထားလုံးပေါ် အမြန်ထိုင်လိုက်သည်။

ရက်ပေါင်းများစွာ အနားယူနေရသည်ဖြစ်၍ ရှဲ့ချောင်လည်း ကျောင်းတော်ကြီးကို လွမ်းနေလေပြီ။

သူမ ချုပ်ထားသော အိတ်ထဲတွင် စာအုပ်များအထပ်လိုက်ရှိသည်။ ကျောင်းသို့ရောက်သည်နှင့် ငွေပဲစေ့များနှင့် အလဲထပ်ပြုရန် အတွက်စာကြည့်တိုက်သို့ သွားခဲ့သည်။

စာအုပ်များကို နေ့ရောညပါကူးယူခြင်းက ထိရောက်သည်။ ထိုစဉ် စားပွဲပေါ်သို့ စာအုပ်အချို့တင်လိုက်ရာ ဆရာမှာ အံ့အားသင့်စွာ ခေါင်းပင်မော့ကြည့်လိုက်မိသည်။

"ဒီလောက်အများကြီး?!" ဂရုတစိုက်ရေတွက်ပြီးနောက်၊ စာအုပ်ခုနစ်အုပ်ရှစ်အုပ်ခန့်ပင်ရှိသည်။

ဤကလေးမလေးက ထိုမျှတောင်လုံ့လဝီရိယရှိသည်လား။

ရှဲ့ချောင်က ဟန်လုပ်ပြုံးလိုက်ပြီး "အရည်အချင်းပိုရှိတဲ့သူက ပိုအားစိုက်ရမှာပေါ့ဆရာ"

“မဆိုးပါဘူး” ဆရာက ယူပြီးစစ်ဆေးကြည့်လိုက်သည်။

ဘာသာပြန်များကို ကျိုးလဲ့ စာပေဖြင့် ရေးသားထားသည်။ အချို့သော စာအုပ်များမှာ နက်နဲပြီး နားလည်ရန် ခက်ခဲသည်။ စာကြည့်တိုက်တွင် ရှိ

နေသည်မှာ ကြာပြီဖြစ်သော်လည်း မည်သူမျှ အပြည့်ဘာသာပြန်ထားခြင်း မရှိချေ။ ၎င်းကို ရက်အနည်းငယ်ဖြင့် ရှဲ့ချောင်က ဖြေရှင်းပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

စာအုပ်ပါ အကြောင်းအရာများကို စီစစ်ရန် လိုအပ်နေသေးသော်လည်း စာအရေးသားက သေသပ်နေသည်။ အလျင်စလို လုပ်ထားသည်နှင့်မတူ၊ ကလေးမ၏ စိတ်အခြေနေမှာ တည်ငြိမ်ကြောင်း ထင်ရှား၏။

“ဒီစာအုပ်တွေထဲမှာ တစ်အုပ်က ငွေပဲစေ့ ၃၀၀ တန်တယ်၊ နောက်ကျန်တာတွေက ငွေပဲစေ့ ၂၀၀ဆီ တန်တယ်။ပြောရရင်…” ဆရာက ပေသီးကို ခေါက်လိုက်ရင်း “ငွေပဲစေ့ ၁၇၀၀ လောက်ရှိတယ်ပေါ့”

ရှဲ့ချောင်ကချက်ချင်း ခေါင်းညိတ်လိုက်သည်။

“ဒါပေမယ့် ဒီငွေတစ်ဝက်ကို... နှုတ်မယ်” ဆရာက ပြောသည်။

"ဘာဖြစ်လို့လဲဆရာ" ရှဲ့ချောင်မျက်မှောင်ကြုတ်လိုက်သည်။

"ဆောင်းရာသီအဝတ်အထည်နေ့တုန်းက မြင်းစီးပြိုင်ဖို့ ကျောင်းလာတယ်လို့ ဘဏ္ဍာစိုးဆီကကြားထားတယ် အဲ့နေ့က မင်းစီးခဲ့တဲ့မြင်းက ဘာလို့မှန်းမသိ ပြန်ရောက်တော့ ထိန်းမရဘူး။ ဘဏ္ဍာစိုးလည်း တားမရပဲ နောက်ခြံကို ပြေးသွားတာ စျေးကြီးတဲ့အပင်တွေကို နင်းမိသွားလို့…” ထို့အတွက် ငွေနှုတ်ယူရခြင်းသာ။

ရှဲ့ချောင် စကားပင်မပြောနိုင်။ သူမ အံ့အားသင့်နေမိသည်။

သူမ၏ နှုတ်ခမ်းဆူထွက်လာပြီး မတရားခံလိုက်ရသလိုခံစားမိနေသည်။“မြင်းကို ကျွန်မပြန်လာအပ်ထားတာပဲလေ…ဘာလို့ကျွန်မကတာဝန်ယူရတာလဲ”

"မင်းနားမလည်ဘူးလား? မြင်းကို ငှားပြီး မင်းထွက်သွားတာ ဆယ့်နှစ်နာရီ ကြာတယ်…အဲဒီနေ့ကမြင်းနဲ့ပတ်သက်တာမှန်သမျှ မင်းနဲ့ပဲဆိုင်တာပေါ့” ဟု ဆရာက အတည်ပေါက်ပြောနေခြင်းဖြစ်သည်။ “မင်းဒီမှာစာအုပ်တွေ ဘာသာပြန်နေတာကြားတော့ ဘဏ္ဍာစိုးက ငါ့ကို ပိုက်ဆံဖြတ်ပေးဖို့ သေချာလာပြောထားတာ…မင်းလည်း ဒီလောက် ဝီရိယရှိဖို့ဆိုတာ မလွယ်လောက်ဘူး ငါထင်တယ် ဒါပေမယ့်..သူလည်း တော်တော်ကိုပြောလာလို့ ဒါတောင်တစ်ဝက်ပဲနှုတ်တာ။ ပန်းတွေနဲ့ အပင်တွေရဲ့ တကယ့်တန်ဖိုးအတိုင်းသာနှုတ်ရရင် တစ်ဝက်မကဘူး အပြည့်ဆိုရင်တောင်

မကာမိဘူး..."

ဆရာပြောလိုက်သည့်စကားကြောင့် ရှဲ့ချောင် အလွန်ဝမ်းနည်းသွားသည်

ကြီးနိုင်ငယ်ညှင်းတာ။

ဤကျောင်းက ကြီးနိုင်ငယ်ညှင်း သိပ်လုပ်၏။

ကျောင်းသားများဆီက ငွေရရန်အတွက် ဘာမဆို ကြိုးစားကြသည်။

"ဘယ်လို ပန်းပင်တွေမို့လို့လဲ ကျွန်မကြည့်လို့ရမလား? နောက်ပြီး အလျော်အနေနဲ့ ကျွန်မရဲ့ ငွေတွေလည်း သုံးပြီးပြီဆိုတော့လေ သူတို့သေသေရှင်ရှင် ကျွန်မအနေနဲ့ ယူသွားပိုင်ခွင့်ရှိတယ်မလား

ဆရာ?" ရှဲ့ချောင်ကား အနည်းငယ် ဒေါသထွက်နေပြီပင်။

•••••••

All Chapters