← Chapters

ရုပ်ပိုင်းဆိုင်ရာချို့ယွင်းသော်ငြား စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ

Vol. 16 Ch. 286

ရုပ်ပိုင်းဆိုင်ရာချို့ယွင်းသော်ငြား စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ

Vol. 16 Ch. 286

အဆောင်ရေးဆွဲခြင်းထက် စာအုပ်များကို ဘာသာပြန်ဆိုခြင်းက သူမအတွက် အလွန်လွယ်ကူပေသည်။ သို့သော်လည်း ဤရက်ပိုင်းအတွင်း သူမ၏လက်ကောက်ဝတ် ကျိုးကျမတတ်ဘာသာပြန်ခဲ့ရ၏။

သူမက ငွေရရန်အတွက် ထိုမျှ အားစိုက်ထုတ်ခဲ့သော်လည်း ဤကဲ့သို့ အနှုတ်ခံရသည်တဲ့လား?

ရှဲ့ချောင်၏ အကြည့်များက ထိုလူအား အနည်းငယ် ရှက်ရွံ့သွားစေခဲ့သည်။

“အင်း… အဆင်မပြေလောက်ဘူးထင်တယ်။ စျေးကို မင်းအတွက် ဆရာကြိုတွက်ထားပေးပြီးပြီ။ ပြီးတော့ ပန်းပင်တွေက ဆရာစန်းဟာလေ ခုသူကခရီးရောက်နေတာ မသွားခင်သေချာမှာသွားတာ သေသေရှင်ရှင် သူ့ခြံထဲမှာ ဒီတိုင်းမြင်ချင်တယ်လို့…ရှင်နေရင်လည်း သေချာဂရုစိုက်ရမယ်…သေသွားရင်လည်း နေရောင်ထဲမှာပဲ အခြောက်ထားရမယ်ဆိုပြီး ပြောသွားတာ..သူပြန်ရောက်ရင် တစ်ပင်ခြင်းလိုက်စစ်မှာမို့ ကျောင်းတော်ဘက်က မင်းတွက်ဖုံးပေးရမှာ…မဟုတ်ဘဲ သူ့ပန်းတွေကပျက်စီးသွားတာသာသိသွားရင်…”

ဆရာက ခပ်ဖျော့ဖျော့ပြုံးကာ “သူ့ပန်းတွေကို သိပ်မြတ်နိုးတော့…မင်းကိုသတ်ပစ်ချင်တောင် သတ်ပစ်လောက်တယ်"

ရှဲ့ချောင် ပြောစရာစကားပင်ပျောက်ရှသွား၏။ အရမ်းကိုရင်နာနေပါပြီနော်။ သူမ စဉ်းစားလိုက်ပြီး “ကျွန်မကြည့်ချင်တယ်၊ ပန်းတွေကိုပြန်ရှင်

အောင်လုပ်ပေးနိုင်ရင် ကျွန်မဆီက ငွေဖြတ်စရာ မလိုတော့ဘူးလေ”

ဆရာက သူမကို အံ့အားသင့်စွာကြည့်ရင်း "အင်းမှန်ပါတယ်"

“အဲဒါဆိုရင် ကျေးဇူးပြုပြီး ရက်နည်းနည်းလောက်အချိန်ပေးပါ။ ငွေတွေကိုလည်း သိမ်းထားပေးပါ။ ပန်းပင်တွေပြန်ရှင်လာရင် ကျွန်မကိုပြန်ပေးပါ”ဟု ရှဲ့ချောင်က အလျင်စလိုပြောလိုက်သည်။ဆရာက ထိုစကားကြားတော့ ဝမ်းသာအားရ သဘောတူလိုက်သည်။

ပန်းတွေကို အသက်ပြန်သွင်းမတဲ့လား?

လုံးဝမဖြစ်နိုင်တာ။

၎င်းတို့ကို ကြည့်ရန် သူမ ထွက်လာခဲ့သည်။ ပန်းပင်များရဲ့ ပင်စည်များအားလုံး စုတ်ပြဲပြီး ရှုပ်ပွနေသည်။ ကံကောင်းထောက်မစွာ၊ အမြစ်များက မထိခိုက်သေးသောကြောင့် ရက်အနည်းငယ်ကြာသည်ထိ ခံမည်ဖြစ်သည်။

သို့ရာတွင် အရွက်များက အဝါဘက်သန်းနေပြီး ကြွေလုနီးပါး ဖြစ်နေသည့်အတွက် အနှေးနှင့်အမြန် ကြွေကုန်တော့မည်ဟု သူမသိလိုက်သည်။

ရှဲ့ချောင်က ပန်းများကို သွားကြည့်မည်ဟုပြောခဲ့သော်လည်း စာသင်ခန်းသို့ အလျင်စလိုသွားရမည်ဖြစ်သည့်အတွက် မွန်းတည့်မှသာ သွားကြည့်နိုင်ပေတော့မည်။

ရှဲ့ချောင်ကို အံ့သြစေသည့် အရာကတော့ ရှားယာ့ယွင်မှာ ကျောင်းတော်ကို ယခုချိန်ထိ ကြောက်မရွံ့

လာနေခြင်းကြောင့်ပင်။

သူမ၏မျက်နှာပေါ်တွင် အမာရွတ်ပေါ်နေပြီး သေးငယ်သော်လည်း အဝေးကကြည့်လျှင်တောင် မြွေကိုက်ရာမှန်း သိနိုင်သည်။

“တကယ်စိတ်မကောင်းစရာ…ကျောင်းကလူတိုင်း ရှားယာ့ယွင်အကြောင်း ကြားပြီးပြီလေ ကျောင်းကလူတွေအကုန် ဒီနေ့တစ်နေ့လုံး သူ့အကြောင်းပဲပြောနေကြတာ" ချင်လျို့က သက်ပြင်းမှုတ်ထုတ်လိုက်သည် ။

မိဖုရားခေါင်ကြီးကိုယ်တိုင် နန်းတော်မှနှင်ထုတ်လိုက်ပြီး တစ်သက်တာမဝင်ရ အမိန့်ထုတ်ခံထားရသူကို မည်သူကစကားပြောရဲမှာလဲ?

"ဒါမှမဟုတ် ငါနဲ့လောင်းကြေးထပ်ထားတာကြောင့်လည်းဖြစ်မှာပေါ့" ရှဲ့ချောင်က သူမ၏ ခေါင်းမာ

မှုကို ချီးကျူးနေသည်။

သူမကား ရုပ်ပိုင်းဆိုင်ရာချို့ယွင်းသော်ငြား စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူဖြစ်ရမည်။

ထိုမှလွဲ၍ ရှားယာ့ယွင်၏ "သတ္တိ" ကို ဖော်ပြနိုင်မည့် အခြားအသုံးအနှုန်းကို သူမတွေးမရပေ။

ချင်လျှို့ ခေတ္တမျှ တုံ့ဆိုင်းနေပြီး ထိုအကြောင်းကို စဉ်းစားရင်း “ရှားယာ့ယွင်ရဲ့အဒေါ်က မုန့်မိသားစုနဲ့ အကြောင်းပါသွားတယ်ကြားတယ်…သူ့အဒေါ်က သူ့ကိုမုန့်ကျိဖန်နဲ့ ညှိပေးချင်တာထင်တယ် မုန့်ကျိဖန်က နင်တို့ရဲ့ အလောင်းအစားကိုသိတယ်လေ အဲ့တော့ရှား မိသားစုကို ရင့်ရင့်သီးသီးပြောလိုက်တယ် ကြားတယ်…”

ရှဲ့ချောင်က သူမကို သံသယမျက်လုံးနှင့် ကြည့်လိုက်မိ၏။

ချင်လျှို့က သူမကို စိတ်ပူနေပုံပေါ်သည်။

ရှားယာ့ယွင်ရဲ့ ကိစ္စက သူမနှင့် မည်သို့ဆက်စပ်သွားရတာလဲ။

"မုန့်ကျိဖန်က ဂရုမစိုက်ဘူးနော်… သူက နင့်ကိုနိုင်ရင် ရှားယာ့ယွင်ကို ယူမယ်လို့တောင် ပြောထားတာ” ဟု ချင်လျှို့က ဆက်ပြောသည်။

ထို့နောက် သူမက ရှဲ့ချောင်ကို စိတ်သက်သာရာရအောင် ပြောရှာသည်။

ရှဲ့ချောင်က မျက်မှောင်ကြုတ်ကာ "သူက ငါ့ကို ဘာလို့ လာအသုံးချနေတာလဲ"

"အဲ့ဒါတော့မသိဘူး..ခုနောက်ပိုင်း ရှားယာ့ယွင်က နင်လုပ်သမျှကို အကန်တွေ လိုက်လုပ်နေတာလေ မုန့်ကျိဖန်က ပွဲကြည့်ချင်တာထင်တယ် သူက ဒေါသလည်းကြီးတယ်လေ ကျောင်းမှာ သူ့

ကိုဘယ်သူက သွားရှုပ်ရဲမှာလဲ” ပြောရင်း ချင်လျှို့သက်ပြင်းချလိုက်ပြန်သည်။

ဒါက ရှဲ့ချောင်အတွက် ပြိုင်စရာတစ်ခုဖြစ်နေသေးသော်လည်း ရှုံးသွားခဲ့လျှင် သူမအရှက်ရမည်ဖြစ်သည်။

ရှဲ့ချောင်ကား မုန့်ကျိဖန်နှင့်တွေ့ဖူးသည်။ ထိုလူအကြောင်းသူမသိသည်...အမှန်တကယ်ကို တုံးအသူဖြစ်၏။

လောကကြီးအပေါ် ထွက်နေသည့် ဒေါသကား အမှန်တကယ်ပင် ကြောက်စရာအတိ။

“ဒါဆို ပြိုင်ပွဲတစ်ခုလုပ်ရုံပေါ့။ အစတည်းကအလောင်းအစားတစ်ခုပဲဆိုပေမယ့်… သူတို့အိမ်ထောင်ရေးကိစ္စမှာ ငါမပါချင်ဘူး။ အဲ့ဒါက

သူတို့အပေါ်မှာပဲ မူတည်တာ” ရှဲ့ချောင်က ဆက်ပြောသည်။

"မတူဘူးလေ" ချင်လျှို့က စိုးရိမ်တကြီးကြည့်ရင်း "ငါတို့တော့ နင်အနိုင်ရလိမ့်မယ်လို့ ယုံကြည်တာပေါ့ ဒါပေမယ့် မုန့်ကျိဖန်က ကျောင်းကို ငွေ ၁၀,၀၀၀ ပေးပြီးတောင်းဆိုထားတယ်…နင်တို့နှစ်ယောက်သားကို တစ်ယောက်ချင်း ယှဉ်လို့ရအောင် လုပ်ပေးဖို့ ပြောထားတာ။ ပြိုင်ပွဲကတော့ အလှူတစ်ခုလိုဖြစ်မှာပေါ့ ဒါပေမယ့် ငွေစလေးငါးရာလောက်လှူလိုက်သလို မရိုးရှင်းဘူး…တခြားအခြေနေလေးတွေ စည်းမျဉ်းလေးတွေရှိနေတယ်”

၎င်းကို မကြေညာရသေးသော်လည်း ကျောင်းတွင် အဆက်သွယ်ကောင်းများရှိနေသည့် အတွက် ချင်လျို့ကသိနေခြင်းဖြစ်သည်။

ရှဲ့ချောင်ကို အရင်သတိပေးရုံကလွဲပြီး သူမမတတ်နိုင်ပေ။

••••••

All Chapters