လက်ဖွာသော
Vol. 16 Ch. 287
ရှဲ့ချောင်၏ မျက်မှောင့်ကြုတ်သွားပြီး အံ့ဩနေသည်။ “ငွေ ၁၀၀၀၀ ဟုတ်လား။ မုန့်ကျိဖန်က ဘာလို့အဲ့လောက် ချမ်းသာနေရတာလဲ"
သူမ ဆယ်ရက်ကျော် အလုပ်ကြိုးစားလျှင်တောင် ငွေပဲစေ့ ၁၀၀၀ ကျော်သာ ရရှိပြီး ၎င်းကိုတောင် တစ်ဝက်ဖြတ်ခြင်းခံရသေးသည်။
“အော်…သူရှာထားတာမှမဟုတ်ပဲ…မုန့်ကျိဖန်က အရည်ချင်းလည်းမရှိဘူး အမြဲဒီပုံစံပဲကိုနောက်ပြီး သူ့ဟာသူရှာဖို့ဆိုတာ ဝေလာဝေး။ သူ
သုံးတဲ့ ငွေပဲစေ့တွေက သူ့ရှေ့မှောက်လာပေးကြတာတွေကြီးပဲ..အဲ့လိုမှမဟုတ်ရင် ... လောင်းကစားလုပ်ရင်း နိုင်လို့ရတာ။သူပိုက်ဆံလိုတယ်လို့ပြောလိုက်ရုံနဲ့ သူရဲ့နောက်လိုက်အပေါင်းပါတွေက သူ့ကို ငွေလာပေးပြီးသားပဲ” ပြောနေသည့် ချင်လျှို့ကလည်း မကျေမနပ်ဖြစ်နေပုံရသည်။
"ဒီကိစ္စကို ကျောင်းတော်ဘက်က ဘာမှမလုပ်ဘူးလား?" ရှဲ့ချောင်က မေးသည်။
“မဟုတ်ဘူး မုန့်ကျိဖန်က ဉာဏ်ပြေးတယ်။ငွေတွေ ခိုးချင်ရင်တောင် သူကိုယ်တိုင် မလုပ်ဘူး။ သူ့လက်တွေကို အစွန်းအထင်းမခံဘူးလေ..အဲ့တော့ အပြစ်ပေးစရာရှိရင်တောင် အပြစ်ပေးခံရမှာ မဟုတ်ဘူး”
ရှဲ့ချောင်မှာ မနာလိုရုံမှတစ်ပါးမတတ်နိုင်ပါ။
ပွဲကြည့်ချင်ရုံသက်သက် ကျောင်းကို ငွေ ၁၀,၀၀၀ ပေးခဲ့သည်တဲ့လား။
လိုအပ်သည်ထက် လွန်ကဲနေသည်!
"ငွေပေးတုန်းက သူတောင်းဆိုလိုက်တာတွေကို သိလား" ရှဲ့ချောင်က ထပ်မေးသည်။
သူမတစ်ခါမျှ တစ်ယောက်ခြင်းယှဉ်ရသည်ကို မကြောက်ခဲ့ဘူးပေ...
၎င်းက အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်။
ချင်လျှို့က သူမကို အံ့သြစွာ ကြည့်လိုက်သည်။
ရှဲ့ချောင်ကြောက်ရွံ့နေမည် သို့မဟုတ် စိတ်မသက်မသာဖြစ်နေမည်ဟု သူမထင်ခဲ့သော်လည်း ရှဲ့ချောင်၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုကိုသာ သူမမြင်နေရသည်။
"မုန့်ကျိဖန်က တက္ကသိုလ်ရဲ့ ကြီးကြပ်ရေးမှူးကို ငွေ ၅၀၀ က မင်းတို့နှစ်ယောက်အတွက် လွယ်လွန်းတယ်လို့ ပြောတယ်…မင်းက ယှဉ်ပြိုင်ချင်တာဆိုတော့ ပြောတဲ့အတိုင်း စိတ်ရင်းနဲ့ လုပ်ရမယ်…အဲ့အလှူလို့ပြောတာက လူတွေကို ကူညီရမှာတဲ့ မြို့တော်မှာ ဒုက္ခသည်တွေ မကြာခဏလာလေ့ရှိတယ်တဲ့ သူပြောချင်တာက မင်းတို့ မြို့ပြင်ထွက်ပြီး ဒုက္ခသည်အယောက် ၅၀ ကို ကူညီရမယ် ဒါမှ ဒီဒုက္ခသည်တွေက မင်းကို ကျေးဇူးတင်လိမ့်မယ် နောက်ပြီး ကျောင်းတော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းလုပ်ရမယ်ပေါ့။ ဆိုလိုတာက မိသားစုရဲ့ အာဏာနဲ့ စည်းစိမ်ကြွယ်ဝမှုလုံးဝမပါရဘူး လိုအပ်ရင် ငွေပဲစေ့တွေတော့သုံးနိုင်တယ်လို့ပြောတယ်။"
“နောက်ပြီး နောက်ဆုံးရက်က ဒီနှစ်မကုန်ခင် ဖြစ်နေတယ်။ ခုစလုပ်ရင်တောင်တစ်လပဲကျန်တော့တယ်။ နှစ်ကုန်တဲ့ခါကျောင်းတော်က ဒုက္ခသည် အယောက် ၅၀ ကို တိုးတိုးတိတ်တိတ် အဆင့်သတ်မှတ်ခိုင်းလိမ့်မယ်… လူတစ်ယောက်ကို ကြယ်ငါးပွင့်အများဆုံးပေးခွင့်ရှိတယ်။ကြယ်အများဆုံးလူက နိုင်မှာပေါ့” ချင်လျှို့က ဆက်ပြောသည်။
ရှဲ့ချောင်နားထောင်နေစဉ် မုန့်ကျိဖန်မှာ လှည့်ကွက် များစွာရှိကြောင်း သူမတွေးနေမိသည်။
"ငါတို့နိုင်ရင်ရော ဘာရမှာလဲ။ ငွေပဲစေ့ ၁၀၀၀၀ က ဆုကြေးလား" ရှဲ့ချောင်က စိတ်ဝင်တစား မေးသည်။
ချင်လျှို့က သူမအား ထူးဆန်းသောအကြည့်ဖြင့် ကြည့်ပြီး "ကျောင်းတော်ဘက်က ကော်မရှင်ခယူမယ်၊ ဒါပေမယ့် ငွေ ပဲစေ့၁၀၀၀၀ရဲ့ တစ်ဝက်ကို အနိုင်ရတဲ့သူကို ပေးလိမ့်မယ်"
"ကျောင်းတော်က ဘာမှမလုပ်ပဲနဲ့ ငွေပဲစေ့၅၀၀၀ ကိုအလကားရလိုက်တာပေါ့" ရှဲ့ချောင်ပြုံးလိုက်သည်။
သူမ ကျောင်းတော်တွင် အခြေတည်ချင်သည်။
ငွေ ပဲစေ့ ၅၀၀၀ ကို ငွေစအဖြစ်ပြောင်းလျှင် ငွေစ၅၀၀ ပင်ရှိသည်။
အကျင့်ယုတ်လိုက်တာများ။
“ငြင်းလို့ရတယ်သိလား။ ဆရာကြေငြာတဲ့ အခါကျရင် အားနည်းနေတဲ့ပုံသာဟန်ဆောင်လိုက် နင်ကျန်းမာရေးမကောင်းဘူးဆိုတာ ငါတို့တွေအားလုံးသိတာပဲလေ” ချင်လျို့က အမြန်ပြောသည်။
ရှဲ့ချောင်က လေးနက်သောအမူအရာဖြင့် ခေါင်းခါလိုက်သည်။ သူမ၏ မျက်လုံးများ တောက်ပနေသည်။ သူမ၏ ပါးလွှာသော နှုတ်ခမ်းကို အသာအယာဖွင့်ကလိုက်ပြီး “ဒါကငွေ ပဲစေ့၅၀၀၀ ပဲ ရှိတာပါ သေချာတာတစ်ခုက ငါအဲဒါကို ရအောင်ယူနိုင်တယ်”
သူမ စာအုပ်ရှစ်အုပ်တိတိဘာသာပြန်ဆိုခဲ့သည်။ သို့သော် ငွေပဲစေ့ ၁၇၀၀ သာရရှိခဲ့သည်။
ဘာသာပြန်သည့် အလုပ်မှာ လွယ်ကူသည်။ မူရင်းစာအုပ်ကို ကူးချရမည်ဆိုလျှင်တော့….
သို့သော်မှင်တစ်အိုးလျှင် ငွေပဲစေ့ ၃၀မှ ၅၀ အထိသာရနိုင်သည်။ သေချာပေါက် မလွယ်ပါ!
"နင်က ရှားယာ့ယွင်နဲ့ လောင်းကြေးထပ်မလို့လား" ချင်လျို့က အံ့အားသင့်သွားပြီးပြောသည်။ "ရှားယာ့ယွင်က အသက် ၁၀ နှစ်ထဲက ကျောင်းကို ရောက်နေတာ။ သူ့မှာ ငွေပဲစေ့တွေ အများကြီးရှိတယ်။ နောက်ပြီး ရှားယာ့ယွင်အဖေက တတိယအဆင့်အရာရှိ။ နာမည်ကောင်းကြောင့် မိသားစုထဲက အဒေါ်တော်တော်များများက အိမ်တော်ကောင်းတွေမှာ အိမ်ထောင်ကျထားတယ်။သူသာ စျေးမြင့်မြင့်ပေးပြီး ငွေပဲစေ့တွေလိုက်ဝယ်ရင် အခန်း ၁၊၂၊၃၊၄ က လူတွေငြင်းရဲမှာမဟုတ်ဘူး”
ကျောင်းသားများကား ကျောင်းတော်တွင် ၎င်းတို့ မည်သူဖြစ်ကြောင်း ထုတ်ဖော်ပြသခွင့်မရှိပါ။
သို့သော် သူတို့က ထိုပုံစံအတိုင်း မွေးဖွားလာကြသည့်အတွက် ဘယ်လိုနည်းနဲ့မှ အမြတ်မထုတ်၍မရပေ။
ရှားယာ့ယွင်က နောက်ခံမရှိသော ဖေဝမ်ယွဲ့မဟုတ်။
မိဖုရား၏ နန်းတော်မှ နှင်ထုတ်ခြင်းခံခဲ့ရသော်လည်း သူမ၏ရှေ့တွင် ရွဲ့စောင်းခြင်း (သို့)အထင်အမြင်သေးခြင်းကို မည်သူက ပြဝံ့မည်နည်း။
••••••