နက်ရှိုင်းတဲ့အငြိုး
Vol. 16 Ch. 288
ရှဲ့ချောင်သည် ရှားမိသားစုမှာ ရှဲ့ မိသားစုနှင့် မတူကြောင်း သိသည်။
သူမနှင့် ရှားယာ့ယွင်နှစ်ဦးစလုံးက ရိအတန်းတွင်တက်ရောက်နေကြသော်လည်း ရှားမိသားစု၏အနာဂတ်က ပို၍တောက်ပသည်။ နှစ်များတစ်လျှောက် သူတို့စုဆောင်းမိခဲ့သော အခြေခံအုတ်မြစ်နှင့် အဆက်သွယ်များက ရှဲ့ မိသားစုဘက်မှ ယှဉ်နိုင်သည့်အရာများမဟုတ်ပေ။
ထို့အပြင်ရှားမိသားစုမှာ ဓားပြမျိုးရိုးဖြစ်ခဲ့သည့်ရှဲ့ မိသားစုနှင့်မတူဘဲ ကောင်းမွန်သောမိသားစုမှပေါက်ဖွားလာခြင်းဖြစ်သည်။
“နင်ဘာပြောချင်လဲ ငါသိတယ်။ ဒါပေမယ့် မုန့်ကျိဖန်က ငါ့ကို ပြဿနာထဲ ဦးတည်ထားပြီးပြီလေ အိမ်မှာပုန်းပြီး မနေရင် ရှားယာ့ယွင်က ငါ့အပေါ်
ဒေါသပုံချဖို့ အခွင့်အရေးကို တစ်ခုမဟုတ်တစ်ခုရှာနေမှာပဲ… သူနဲ့ရန်ဖြစ်ပြီး လူတွေကိုခေါင်းကိုက်အောင်လုပ်ရမှာထက်စာရင် အတိအလင်းပြိုင်လိုက်တာကမှ ပိုကောင်းဦးမယ် အဟွတ်... နောက်ပြီး ဒုက္ခသည်တွေကို ကယ်တယ်ဆိုတာ ကောင်းတယ်လေ ဆုကြေးငွေလည်း ရမှာဆိုတော့ ဘာမှ မှားတယ်လို့ မခံစားရပါဘူး” ရှဲ့ချောင်က ပွင့်လင်းမြင်သာစွာ ပြောလိုက်သည်။
ငွေပဲစေ့ငါးထောင်၊၊
ပုံမှန်ဆိုလျှင် ၎င်းကိုရဖို့ သူမအချိန်အတော်ကြာယူရလိမ့်မည်။
ကျောင်းတော်မှ ဟင်းလျာများမှာ အပြင်စားသောက်ဆိုင်များကထက် ပိုကောင်းသည်။
နန်းတော်မှ ဘုရင့်စားတော်ကဲက ချက်ပြုတ်ရန် တွက် လစဉ်လာတတ်သည်။ သို့သော် ဟင်းလျာများမှာဈေးကြီးသည်။ ထို့တွက် ၎င်းတို့ကို စားရန် ဝန်လေးနေခဲ့သည်။ ငွေပဲစေ့အလုံအလောက်ရှိနိုင်လျှင်တော့...
၎င်းအတွက် သုံးရန် လစဉ်တိုင်း စားပွဲနေရာဦးထားနိုင်မည်။
ချင်လျို့က သူမကို ဆွဲဆောင်ချင်သေးသော်လည်း ရှဲ့ချောင်စကားကြားပြီးနောက် အဓိပ္ပာယ်ရှိကြောင်းလက်ခံလိုက်သည်။
ရှားယာ့ယွင်က ရှဲ့ချောင်နားတွင် အတင်းအကြပ် ကပ်နေသော ခွေးသန်းနှင့်တူသည်။ မည်မျှပင် ကြိုးစားနေပါစေ သူမကို မခါထုတ်နိုင်ပေ။
အကယ်၍ ရှဲ့ချောင်ဘက်က ပြိုင်ပွဲကို ငြင်းဆန်ခဲ့ပါက ရှားယာ့ယွင်ဘက်မှ ပြဿနာကို နှိုးဆော်မည်မှာ သေချာသည်။ သူမကို ကြောက်ပြီး ရှုံးနိမ့်ကြောင်း ဝန်ခံရန် အစပြုခဲ့သည်ဖြစ်ကြောင်း လုပ်ကြံကာ တစ်ကမ္ဘာလုံးကို ပြောပြပေဉီးမည်။
၎င်းကိုတွေးရင်း ချင်လျို့က ရှဲ့ချောင်အတွက် အနည်းငယ် စိတ်မကောင်းဖြစ်နေမိသည်။
"လောင်းမယ်! နင်မှန်တယ်!သူ့ကိုကြောက်ဖို့မလိုဘူး…ဒုက္ခသည် အယောက် ၅၀ ပဲ မဟုတ်လား။ ငါ့တို့မှာလည်း သူငယ်ချင်းတွေရှိတာပဲ။ နောက်ကျရင် အခန်း၁၊၂၊၃၊၄ က လူတွေကိုလိုက်တောင်းပေးမယ် ငါတို့မိသားစုလည်း ချမ်းသာတာပဲ…ငါတို့လည်းစျေးမြင့်မြင့်ပေးပြီး လိုက်ဝယ်ပေးမယ်!" ချင်လျို့က ရဲတင်းစွာပြောလိုက်သည်။
ရှဲ့ချောင်က မထိန်းနိုင်ဖြစ်ကာရယ်လိုက်မိသည်။
ချင်လျို့က စိတ်ထဲမှအမှတ်တမဲ့ ပြောထွက်သွားသည်။ "ရှဲ့ချောင်၊ နင်ပြုံးလိုက်တဲ့အခါ သိပ်လှတာပဲ"
ရှဲ့ချောင်၏ နှုတ်ခမ်းထောင့်က တောင့်တင်းသွားပြီး စကားမပြောတော့ပေ။
ချင်လျို့ လည်း ရှက်ရွံ့စွာဖြင့် ခေါင်းကို ချက်ချင်းပင် အောက်ငုံ့လိုက်သည်၊၊
သူမ ရှဲ့ချောင်ကို သဘောကျသည်။ ပထမအချက်မှာ ရှဲ့ချောင်က သူမအပေါ်ကျေးဇူးရှိသောမိသားစုဖြစ်သည့် ရှဲ့ မိသားစုဝင် ဖြစ်သောကြောင့်ဖြစ်သည်။ ဒုတိယအချက်က ရှဲ့ချောင်၏ ပြောပုံဆိုပုံ ဆက်ဆံပုံမှာ သက်တောင့်သက်သာဖြစ်စေသောကြောင့်ဖြစ်သည်။
သူမက ရန်မလိုတတ်သော်လည်း ကြောက်လန့်ခြင်းလည်းမရှိ၊ မပျော့ညံ့ပေ။ သူမက ဆောင်းရာသီတွင်ပူနွေးပြီး နွေရာသီတွင် အေးမြသော ကျောက်စိမ်းတုံးတစ်တုံးနှင့်တူသည်။ သူ့ကိုကြည့်ရုံနှင့် စိတ်အေးလက်အေးဖြစ်သွားတတ်သည်။
ချင်လျို့နှင့် ရှဲ့ချောင်စကားပြောပြီး သိပ်မကြာခင် ဆရာကြီးလုရောက်လာသည်။
ဆရာက ကျောင်းတော်ထဲသို့ဝင်လာသည်နှင့်ရှဲ့ချောင်ကို ရှာနေခဲ့ခြင်းဖြစ်သည်။
ခဏကြာပြီးနောက် သူတို့ကို ပြိုင်ပွဲအကြောင်းအမှန်တိုင်းပြောပြခဲ့သည်၊
"မင်းတို့နှစ်ယောက်သဘောမတူရင် မသိချင်ယောင်ဆောင်လိုက်လို့ရတယ်" ဟု ဆရာကြီးက က ဆက်ပြောသည်။
ရှားယာ့ယွင်ရုတ်တရက်ထရပ်လိုက် ပြီး " ရှဲ့ချောင် တရားမျှတတဲ့ပြိုင်ပွဲတစ်ခု ပြိုင်ရအောင်!"
"ငါတို့ပြိုင်လို့ရပါတယ် ဒါပေမယ့် မိန်းကလေး ရှား၊မင်းနဲ့တို့မှာ ဘာအငြိုးမှမရှိဘူး။ ဘာလို့ ဒီလောက်ရက်စက်ပြီး စိတ်မလျော့တာလဲ သိချင်မိတယ်။ဘာအတွက်လုပ်နေတာလဲလို့ မေးလို့ရလား" ပြောရင်းရှဲ့ချောင်ရယ်မောလိုက်သည်။
ရှားယာ့ယွင်၏ အကြည့်များ ကျဉ်းမြောင်းသွားသည်။
ဘာကြောင့်လဲ…
သူမတွင် ရှဲ့ချောင်နှင့် အငြိုးတေးမရှိပါ။သို့သော်….အစက…
ရှဲ့ချောင်မှာ ရှဲ့ မိသားစု၏သမီးဖြစ်သည်ဟုသာတွေးထားခဲ့သည်။ ထို့ကြောင့်သူမကိုမုန်းတီးခဲ့သည်။အဘယ်ကြောင့်ဆိုသော် ထို မိသားစုတွင် အမြဲတစေ ကျီစယ်တတ်သော ရှဲ့ဖင်းကန်းပါနေ၍ဖြစ်သည်…ညီအစ်မသုန့်အတွက် အစားစိတ်ဆိုးနေခြင်းဟု ပြောနိုင်သည် ။
နောက်ပိုင်းမှာတော့…
ရှဲ့ချောင်ကို ကြည့်လေ၊ ပိုမုန်းလေဖြစ်နေသည်။ အထူးသဖြင့် သူမ၏ စိတ်နေသဘောထား၊ လျစ်လျူရှုဟန်ဆောင်ပြီးဘာမှမဖြစ်သယောင်
နေတတ်ခြင်းကိုပင်။
ယခုလည်းအရှေ့နန်းဆောင်တွင် ဖြစ်ခဲ့သည့် ကိစ္စရပ်ကြောင့် အလောင်းစားပြုနေခြင်းဖြစ်သည်။
သူမတစ်သက် ဤသို့အရှက်တကွဲ အကျိုးနည်းမဖြစ်ခဲ့ဖူးပေ ။
သို့သော် ရှဲ့ချောင်စကားကြားပြီးနောက် ရှားယာ့ယွင်က သူမ၏ ကနဦးရည်ရွယ်ချက်ကို တွေးမိပြီး သူမ ယခု လုပ်နေသောအရာများက မတန်ကြောင်း ခံစားနေမိသည်။
သို့သော် သူမ နောက်ပြန်မဆုတ်နိုင်။ ရှဲ့ချောင်က သူ့ကိုလှောင်ရယ်စရာအဖြစ် အထင်မခံနိုင်ပါ။
"ဒီတစ်ခါ ငါနင့်ကိုရှုံးရင် ဒီကျောင်းတော်မှာ
ဘယ်တော့မှ ခြေမချတော့ဘူး!" ရှားယာ့ယွင်ကပြောလိုက်သည်။ "ဒါပေမယ့်... ငါ ရှားယာ့ယွင်က နင့်ကို ထပ်ပြီး အရှုံးမပေးတော့ဘူးဆိုတာသိထား။ နင့်ရဲ့သနားစရာကောင်းတဲ့ပုံစံနဲ့ ဒုက္ခသည်တွေကို ကယ်ချင်နေသေးတာလား? အဆင်မပြေလောက်ဘူးထင်ပါရဲ့နော်!”
•••••