ဒုက္ခသည်များ
Vol. 16 Ch. 289
တစ်ခါမျှ ကောင်းသောဆောင်ရွက်ချက်များအား ကျောင်းတော်တွင် ရှဲ့ချောင် မလုပ်ဖူးပေ။ သူမက ကွဲပြားသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က ကပ်ဘေးကြီးတစ်ခု ကျရောက်စဉ် သဘာဝဘေး ဒုက္ခသည်များကို ယာဂုဝေရန်အတွက် သူမ၏ မိခင်ဖြစ်သူနှင့်အတူ မြို့ပြင်သို့ လိုက်ပါသွားခဲ့ဖူးသည်။ ထိုလူများ မည့်သည့်အရာလိုအပ်ကြောင်း သူမကောင်းကောင်းသိသည်။
အစားအသောက်၊ စောင်နှင့် ငွေ ဖြစ်သည်!
ယခုတစ်ကြိမ် ဒုက္ခသည်များကို ကယ်တင်ရန် လိုအပ်သောငွေကို ကျောင်းတော်မှ ငွေပဲစေ့များနှင့် လဲလှယ်ရန် လိုသည်။ ထို့အပြင် ကုန်ကျစရိတ်များကိုလည်း ထည့်သွင်းတွက်ချက်ရမည်ဖြစ်သည်။ လိုအပ်သောငွေပမာဏက လဲထားသည့်ငွေပဲစေ့ ပမာဏနှင့် တူနေရမည်။ ရှဲ့ချောင်ဤနေရာသို့ ရောက်နေသည်မှာ ကြာနေပြီ မဟုတ်လော။
ရှားယာ့ယွင်က ရှဲ့ချောင်၏လက်ထဲတွင် ငွေပဲ့စေ့ ၃၀၀ မှ ၅၀၀ ကြားရှိလိမ့်မည်ဟု ခန့်မှန်းထားပြီးဖြစ်သည်။ ၎င်းကပင် အလွန်များနေပြီဖြစ်သည်။
ရှဲ့ချောင်က ရှားယာ့ယွင်ကို လေအကုန်ခံပြီး အဖက်လုပ်ကာပင်စကားမပြောခဲ့ပေ။
ရှားယာ့ယွင်က ဉာဏ်ရည်မပြေးပဲဘာမှမသိလောက်ဟုထင်သောကြောင့်သာ ပြောလိုက်ခြင်းဖြစ်သည်။
ထိုအချိန်၌ နှစ်ဉီးနှစ်ဖက်စလုံးဘက်က ဆန္ဒရှိနေကြသည်။သို့မှသာ ဆရာကြီးလုက စာချုပ်ကို ထုတ်ပေးခဲ့သည်။
ထိုစာချုပ်အပေါ်တွင် မျက်မြင်သက်သေ၊ စီစဉ်သူ၏ အမည်ပင် ပါရှိသေးသည်။ မုန့်ကျိဖန်။
မုန့်ကျိဖန်က လက်မှတ်ကြိုထိုးထားနှင့်ပြီး ဖြစ်သည်။
ရှဲ့ချောင်နှင့် ရှားယာ့ယွင်တို့လည်း လက်မှတ်
ရေးထိုးလိုက်ကြသည်။
ကျောင်းတော်၏ဝေငှလှူမည့်ပွဲက ရက်အနည်းငယ်ကြာပေမည်။ တစ်ချိန်တည်းမှာပင် ရှဲ့ချောင်နှင့် ရှားယာ့ယွင်တို့မှာ စာချုပ်ချုပ်ဆိုထား သည့်အတွက် ဤကာလအတွင်း ကျောင်းတော်တွင်း၌ လွတ်လပ်စွာ သွားလာနိုင်သည်။ မသင်မနေရ အတန်းများကိုလည်း ခွင့်တင်နိုင်သည်။
ဟုတ်ပါသည်။ နောက်ပိုင်းတွင်တော့ အကုန်ပြန်သင်ကြားရမည်ဖြစ်သည်။ သို့သော်လည်းဆရာများက ညွှန်ကြားထားသော အိမ်စာများကိုလည်း အမှီလုပ်ရမည် ဖြစ်ပြီး စာမေးပွဲချိန်တွင် ဝင်ဖြေကြားရမည်ဖြစ်သည်။
မွန်းတည့်ချိန်တွင် ရှဲ့ချောင်က အခြားသူများသတိမထားမိစေရန် အရှေ့နန်းဆောင်ဘက်မှထွက်လာခဲ့သည်။
အိမ်ရှေ့မင်းသားက ကျောင်းတော်တွင် ရှိမနေပါ ။ သို့သော်လည်း အစောင့်များကို ဤနေရာတွင် ချန်ထားခဲ့သည်။ ရှဲ့ချောင်က အရှေ့နန်းတော်တွင် မှတ်တမ်းတင်ထားသည့် စာအုပ်ငယ်ကို ပေးလိုက်သည်။
၎င်းတွင် ပုံများနှင့် အကြောင်းရာများ ပါရှိနေသည့်တွက် ၎င်းတို့ နားလည်လောက်မည်။ ထိုအရာများအပြင် အိမ်ရှေ့မင်းသား ရှာဖွေရာတွင် အဆင်ပြေလောက်မည့် နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီး မကောင်းဆိုးဝါး ဝိဉာဉ်တစ်ယောက်၏ ပုံလည်းပါရှိသည်။
ကျောင်းတော်တွင် အချိန်ကြာကြာ နေချင်သော်လည်း လုပ်စရာများရှိနေသဖြင့် မွန်းတည့်ချိန်လောက်ကတည်းက ရှဲ့ချောင်ပြန်လာခဲ့သည်။
ရှားယာ့ယွင် လည်း အစောကြီး ပြန်သွားနှင့်ပြီဖြစ်သည်။
ရှဲ့ချောင်မှာမြို့တော်မှထွက်သွားဖို့ အလျင်မလိုပါ။ ထိုအစား ရှီးဖန်မြို့ဘက်သို့ ဝင်ခဲ့သည်။
ဆိုင်ရှင်ချန်း က မော့ချူးရှန်၏ အသွင်အပြင်ကိုသာ မှတ်မိသော်လည်းမော့ချူးရှန်း တွင် သူမအလွန် ကာကွယ်ပေးပြီးချစ်ခင်ရသည့် တပည့် “သခင်မလေးရှဲ့” ရှိကြောင်းသိသည်။ ထို့ကြောင့် ရှဲ့ချောင်ရောက်သည့်ခါ ဆိုင်ရှင်က ချက်ချင်းဆိုသလို လက်ဖက်ရည်နှင့် အဆာပြေမုန့်များကျွေးပြီး ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ရှာသည်။
"ဆရာမော့က ကမ္ပည်း တွေကို ပို့ခိုင်းထားလို့လာပို့တာပါ"ပြောရင်းဆိုရင်း သူမ၏ အိတ်ထဲမှ ပစ္စည်းများကိုထုတ်လိုက်သည်။
ဆိုင်ရှင်က ၎င်းတို့ကို ဝမ်းသာအားရ လက်ခံပြီး "လာပေးတဲ့တွက် ကျေးဇူးတင်ပါတယ် မိန်းကလေးရှဲ့ရယ် ခုတစ်လော ကုန်တွေကပျက်နေတာနဲ့လေ ဖောက်သည်တွေဆိုတာလည်း စိတ်ပျက်လက်ပျက် ပြန်သွားရတာ မနည်းပါဘူး”
ရှဲ့ချောင်ကြည့်လိုက်သည့်အခါ ထပ်ဖြည့်ထားသည့် ပညာရေးဆိုင်ရာ ထူးချွန်စေသည့် အဆောင် များမရှိတော့ကြောင်း တွေ့လိုက်ရသည်။
“ပညာရေး ထူးချွန်တဲ့ အဆောင်တွေ ဒီလောက် မြန်မြန်ရောင်းရတယ်လား” ရှဲ့ချောင်က မေးသည်။
"ဟုတ်တယ် ဒီတစ်ခါက ဆရာရှောင် ဝယ်သွားတာလေ သူတော်တော်လေးကုန်သွားတယ်” ဟု ဆိုင်ရှင်က ဆက်ပြောသည်။
ရှဲ့ချောင်က မျက်မှောင်ကြုတ်လိုက်ပြီး “သူအဲ့လိုလုပ်လို့မရဘူးလေ ဒီတစ်ခါသူပြန်လာရင် အများဆုံး သုံးခုပဲ ဝယ်ခိုင်းပါ”
ဆိုင်ရှင်က အံ့ဩသွားသည်။
သခင်မလေးရှဲ့မှာ ရှီဖန်းမြို့မှ အကြောင်းကိစ္စများကို ဝင်ပါ၍ရသည့် အနေထားတွင် မရှိပေ။ သို့သော် သူမက သူဌေးအားပြန်တိုင်ကြားနိုင်သဖြင့် အသိစိတ်ပြန်ဝင်လာပြီး ဆိုင်ရှင်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။”ဟုတ်ပြီ”
"ဆိုင်ရှင် ချန်း၊ မြို့ပြင်က ဒုက္ခသည်တွေအကြောင်း ရှင်သိထားတာရှိလား" ရှဲ့ချောင်ကမေးလိုက်သည်။
"ဒုက္ခသည်? အော် ဟိုတစ်လောက ရောက်လာတဲ့သူတွေလား?” ဆိုင်ရှင်က “ကျုပ်ကြားတာတော့ နွေရာသီလောက်တုန်းကဒေသတစ်ခုမှာ ကြွက်ဘေးစိုက်လို့တဲ့ ကြွက်ကြီးတွေက တစ်ကောင်နဲ့တစ်ကောင် လူလက်မောင်းလောက်ရှိတယ်တဲ့ ကောက်ပဲသီးနှံတွေလည်း ဖျက်စီးပစ်ပြီး လူတွေကိုလည်း သေတဲ့အထိ ကိုက်ဖြတ်သတ်လို့တဲ့”
ရှဲ့ချောင်မျက်နှာပျက်သွားသည်။
“ဒါပေမယ့် ဒီတစ်ကြိမ် ကြွက်ဘေးက သိပ်တော့မကြီးဘူး ခရိုင်နှစ်ခု သုံးခုလောက်ပဲထိတာ တချို့လူတွေကလည်း တိမ်းရှောင်သွားတယ်… အခုက
ဆောင်းတွင်းဆိုတော့ ကြွက်တွေလည်းအေးပြီး ဗိုက်ဆာနေလောက်ပြီ အများစုလည်း သေနေလောက်ပြီ… ဒါပေမယ့် ဆောင်းတွင်းဆိုတော့ ရွေ့ပြောင်းရမလွယ်ဘူးလေ အဲ့တော့ ဒုက္ခသည်တွေက အိမ်ပြန်ချင်ရင်တောင် ဆောင်းအကုန်လောက်မှ ပြန်လို့ရမယ်ဟု ဆိုင်ရှင် ချန်က ဆက်ပြောလိုက်သည်။
••••••